ပိတ်ပင်မှုတွေ ကြားထဲကနေ ရုပ်ရှင်ကို ဆက်လက်ရှင်သန်အောင်ကြိုးစားခဲ့တယ် ဦး ညွန့်ဝင်း

ပိတ်ပင်မှုတွေ ကြားထဲကနေ ရုပ်ရှင်ကို ဆက်လက်ရှင်သန်အောင်ကြိုးစားခဲ့တယ် ဦး ညွန့်ဝင်း
January 24, 2018 Leanne Win
ပိတ်ပင်မှုတွေ ကြားထဲကနေ ရုပ်ရှင်ကို ဆက်လက်ရှင်သန်အောင်ကြိုးစားခဲ့တယ် ဦး ညွန့်ဝင်း

အကယ်ဒမီဦးညွန့်ဝင်းက မြန် မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီ ထူးချွန်ဆု ၇ဆုရရှိထားတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ အကယ်ဒမီဆုပေးပွဲကို နှစ်စဉ် နှစ်တိုင်း တက်ရောက်နိုင်အောင်ကြိုးစားလေ့ရှိပြီး ဒီနှစ်မှာ လည်း ကျန်းမာရေးကောင်းရင်တော့ အကယ်ဒမီပွဲ တက်မယ်လို့ သူကပြောပါတယ်။

“နှစ်စဉ်တော့တက်ရောက်နိုင်အောင် ကြိုးစားတယ်။ မနှစ်ကတော့တက် ဖြစ်ပါတယ်။ ခဏပါပဲ။ စပီကာတွေ က ကျွန်တော်ထိုင်တဲ့နေရာနဲ့နီးနေတော့ အဲဒီအသံတွေ ကြောင့် လူကမခံနိုင်တော့ဘူး။ အဲဒါနဲ့ပဲ ကျွန်တော်လည်း နှုတ်ဆက်ပြီးတော့ ပြန်လာခဲ့ လိုက်တော့တာ။ ဒီနှစ်လည်း ကျွန်တော် ကျန်းမာရေးကောင်းရင်တော့တက်ဖြစ်မှာပါ” လို့ အကယ်ဒမီပေးပွဲနဲ့ပတ်သက်လို့ ဦးညွန့်ဝင်းက ပြော ပါတယ်။ သူတို့ခေတ်ကာလက အခက် အခဲတွေအများကြီး ကြားထဲကနေ ရုပ်ရှင်လောကကို ရှင်သန်အောင် အတတ် နိုင်ဆုံး ကြိုးစားထိန်းသိမ်းခဲ့ကြတာဖြစ်ကြောင်းလည်း သူက ပြောပြပါတယ်။

“ကျွန်တော်တို့ကို အဘက်ဘက်က ပိတ်ပင်ထားတာ တွေအများကြီးပဲ။ ဘာမလုပ်ရညာမလုပ်ရတွေက အများကြီးပဲ။ အဲဒါကိုအရှုံးမပေးဘဲနဲ့ ရုပ်ရှင်ကိုမဖြစ်မနေ ထိန်းသိမ်းခဲ့တယ်။ ရုပ်ရှင်ကို ဆက်သွားနိုင်အောင် ကျွန် တော်တို့တွေလုပ်ကိုင်ခဲ့ကြတယ်။ အခုခေတ်ကလေးတွေ အလှည့်ရောက်ပြီ။ ကလေးတွေကဆက်ပြီးတော့ သွား ရတော့မှာပါ။ သူတို့ကံကောင်းတယ်။ အခုကခေတ်ကြီးက တအားတိုးတက်နေပြီ။ တို့တွေ ပင် ပန်းရကျိုးနပ်သွားပြီ။ တို့တွေ ထိန်း သိမ်းရကျိုးနပ်သွားပြီ။ အဲဒီလိုခံစား မိတယ်။ အောင်မြင်ကြမှာပါ။ ကလေးတွေကလည်း အလားအလာ ရှိတဲ့ကလေးတွေပါ။ ကျွန်တော်က နဂိုကတည်းက သိပ်အပြစ်မမြင်တတ် ဘူး။ ကောင်းစေချင်တဲ့ဆန္ဒပဲရှိတော့ ကြည့်လိုက်ရင် ကျွန်တော်ကတော့ ကြိုက်နေတာချည်းပဲ” လို့ လက်ရှိလူငယ်မျိုးဆက်သစ်တွေနဲ့ ပတ်သက်လို့ အကယ်ဒမီမင်းသားကြီး ဦးညွန့် ဝင်းကပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*