ဇန်နဝါရီလ ၁ဝရက်နေ့က မွေးဖွားခဲ့တဲ့ R ဇာနည်နဲ့ ဝမ်းတို့ ဒုတိယမြောက် သားလေး ချစ်ချစ်တုန်

ဇန်နဝါရီလ ၁ဝရက်နေ့က မွေးဖွားခဲ့တဲ့ R ဇာနည်နဲ့ ဝမ်းတို့ ဒုတိယမြောက် သားလေး ချစ်ချစ်တုန်
January 24, 2018 Leanne Win
ဇန်နဝါရီလ ၁ဝရက်နေ့က မွေးဖွားခဲ့တဲ့ R ဇာနည်နဲ့ ဝမ်းတို့ ဒုတိယမြောက် သားလေး ချစ်ချစ်တုန်

 

အဆိုတော် R ဇာနည်နဲ့ဝမ်းတို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကိုတော့ ဇန်နဝါရီလ ၁ဝရက်နေ့က ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ မြောက်သားလေးကတော့ မွေးဖွား ချိန်မှာ ၆ပေါင်နဲ့ ၁၄ အောင်စရှိပြီး ကလေးအမည်ကို ‘ချစ်ချစ်တုန်’ လို့ ပေးထားပါတယ်။ မွေးဖွားတာရက် ပိုင်းပဲရှိသေးတဲ့ ဒုတိယမြောက် သားငယ်လေးအပေါ် မိခင်ဖြစ်သူ ဝမ်းရဲ့ ရင်ခုန်သံက”ကလေးကတော့ ဇန်နဝါရီလ ၁ဝ ရက်နေ့ကမွေးတယ်။ မွေးတုန်း က ၆ပေါင်နဲ့ ၁၄အောင် စရှိပါတယ်။ ဒုတိယကိုယ်ဝန်လွယ် တော့ အခက်အခဲကတော့ မရှိခဲ့ပါ ဘူး။ ဒါပေမဲ့ သားကြီးမွေးတုန်းကနဲ့ အချိန်က တော်တော်ကြာသွားတော့ အသစ်လိုပဲပြန်ဖြစ်သလို အစ်မ ခံစားရတယ်။

 

ကျန်တာတော့ အခက် အခဲ ကြီးကြီး မားမားမဖြစ်ပါဘူး။ ဖစ်ဖစ်တုန်နဲ့လည်း ၈နှစ်ခွဲကွာ တယ်။ စစတုန်းကလည်း အစ်မတို့က နောက်ထပ် ကလေးမယူတော့ဖို့ ဆုံးဖြတ်ထားတာပါ။ ဖစ်ဖစ်တုန်က နည်းနည်း အသက်ကြီး လာတော့ အဖော်လိုချင်ပြီး မွေးခိုင်းတာနဲ့ပဲ အခုလိုနောက်ထပ် ကလေးယူဖြစ် တယ်။ အခုတော့ သားကြီးအတွက် အဖော်ရတာပေါ့။ ကိုယ့်အတွက် လည်းကလေးသေးသေးလေး နောက်တစ်ယောက်ထပ်ရတယ်ပေါ့ နော်။ သားနှစ်ယောက်လုံး ကိုလည်း ချစ်ပါတယ်။ အခုတော့သား အငယ် လေးက ရက်ပိုင်းပဲရှိ သေးတယ်။ သူ့ကိုတော့ အခု သေသေချာချာလေး ကိုဂရုစိုက်နေပါတယ်” လို့ ပြောပြ ပါတယ်။

ဓါတ်ပုံ- အေးဇော်မိုး(စက်မှု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*