ဒုတိယမြောက် ကိုယ်ဝန် လွယ်ထားရတဲ့အတွက် ဖျော်ဖြေပွဲတွေ ရပ်နားတော့မယ့် ဆုန်သင်းပါရ်

ဒုတိယမြောက် ကိုယ်ဝန် လွယ်ထားရတဲ့အတွက် ဖျော်ဖြေပွဲတွေ ရပ်နားတော့မယ့် ဆုန်သင်းပါရ်
January 23, 2018 Leanne Win
ဒုတိယမြောက် ကိုယ်ဝန် လွယ်ထားရတဲ့အတွက် ဖျော်ဖြေပွဲတွေ ရပ်နားတော့မယ့် ဆုန်သင်းပါရ်

ဆုန်သင်းပါရ်က ဒုတိယမြောက် ကိုယ်ဝန်လွယ်ထား ရပြီဖြစ်ပြီး အခုလက်ရှိအချိန် မှာတော့ ကျန်းမာရေးကိုပိုဂရုစိုက် ဖြစ်နေတယ်လို့ သူကပြောပါတယ်။ ကိုယ်ဝန်ကတော့ ၅လကျော်ထဲကို ရောက်ရှိနေပြီဖြစ် ပြီး မေလထဲမှာ မွေးဖွားမှာဖြစ်တယ်လို့ သိရပါတယ်။ သားယောက်ျား လေးရရှိထားပြီးပြီဖြစ်တဲ့အတွက် ဒုတိယမြောက်ကိုယ်ဝန်ကိုတော့ မိန်းကလေးတော့ပိုလိုချင်မိပေမယ့် ဘာလေးပဲရရကိုယ့်သားသမီးပဲ ဖြစ်တဲ့ အတွက် ချစ်ပါတယ်လို့ သူကပြောပါတယ်။

“အခုအချိန်ကတော့များများစားတယ်။ များများအိပ်တယ်။ အစ်မက တော့အများဆုံး၃ယောက်၊အနည်းဆုံး ၂ ယောက်တော့ လိုချင်တယ်။ တကယ်လို့များ ဘုရားပေးသေးတယ်ဆိုရင် တော့ ၃ယောက် လောက်ယူချင်တာပေါ့နော်။ ဒါပေမဲ့ လည်းမရတော့ဘူးဆိုရင်လည်း ၂ ယောက်နဲ့လည်း ကျေနပ်ပါပြီ” လို့မိသားစုအနာဂတ် plan နဲ့ ပတ် သက်လို့ဆုန်သင်းပါရ်က ပြောပါတယ်။

ဆုန်သင်း ပါရ် က ဖေဖော် ဝါရီလ ၃ရက်နေ့၊ The Power of 4 ဖျော်ဖြေပွဲမှာ ကော်နီ၊ သျှီ၊ ဖြူဖြူ ကျော်သိန်း တို့နဲ့ အတူဖျော်ဖြေမှာလည်းဖြစ်ပါတယ်။ဒီဖျော် ဖြေပွဲပြီးရင်တော့ သူ့အနေနဲ့ ကိုယ်ဝန် အတွက် အနားယူတော့မှာလည်းဖြစ်ပါတယ်။ “ကလေးမွေးပြီးရင်လည်း နားရဦးမှာဆိုတော့ တော်တော်လေးကို တော့နားဖြစ်မှာပါ။ တစ်နှစ်ခွဲ လောက်တော့နားရမယ်။နားတဲ့ အချိန်မှာတော့ အခွေ လေးတွေ ထွက်ဖြစ်မှာပါ။ အခုလည်း Own tune အခွေ အတွက် သီချင်းလေးတွေ ရွေးနေတယ်။ ရက်ကောဒင်းမှာ ဆိုတာတို့ကကြတော့ ပြဿနာမရှိလောက်ဘူးဆိုတော့ အဲဒီ့အလုပ်တွေတော့ လုပ်နေမှာပါ” လို့ ဆုန်သင်းပါရ် ကပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*