တိမ်တွေစီးတဲ့ တောင်

တိမ်တွေစီးတဲ့ တောင်
January 23, 2018 Leanne Win
တိမ်တွေစီးတဲ့ တောင်

ခုလို မိုးလေကင်းစင်တဲ့ ဆောင်းဦးကာလပါပဲ။ တိမ်တိုက်တွေ ရဲ့အပေါ်မှာ ထိုးထိုးထောင်ထောင်၊ တောင်တန်းကြီးတွေက တစ်ဝက် တစ်ပျက်နဲ့။ တိမ်တွေကို ခွစီးနေသ လိုပဲ။ မခို့တရို့ တိမ်တွေရဲ့ ခါးဝတ် လွှာဟာ တောင်တန်းပြာတန်းကြီးကို ရစ်ပတ်လို့၊ လှလိုက်တာ။ ရုတ်တ ရက် ၇နှစ်အရွယ် ကလေးမလေး  ဘဝကို ပြန်ရောက်သွားသလို ခံစား လိုက်ရတယ်။ ခုလို မိုးလေကင်းစင်တဲ့ ဆောင်းဦးကာလပါပဲ။ တိမ်တိုက်တွေ ရဲ့အပေါ်မှာ ထိုးထိုးထောင်ထောင်၊ တောင်တန်းကြီးတွေက တစ်ဝက် တစ်ပျက်နဲ့။ တိမ်တွေကို ခွစီးနေသ လိုပဲ။ မခို့တရို့ တိမ်တွေရဲ့ ခါးဝတ် လွှာဟာ တောင်တန်းပြာတန်းကြီးကို ရစ်ပတ်လို့၊ လှလိုက်တာ။ ရုတ်တ ရက် ၇နှစ်အရွယ် ကလေးမလေး  ဘဝကို ပြန်ရောက်သွားသလို ခံစား လိုက်ရတယ်။

အိမ်။ နန်းရဲ့အိမ်။

ဖေဖေ၊ မေမေရဲ့အိမ်။

အိမ်ရှေ့ဘေးတစ်ဖက်၊ တစ် ချက်မှာ ရောင်စုံပန်းခင်းတွေရှိ တယ်။ ပန်းခင်းလေးကို ဖြတ်သွား ရင် အိမ်ကိုရောက်ပြီ။ ခြံအကျယ် ကြီးထဲမှာ သီးပင်၊ စားပင်တွေ အပြည့်။ စားပွဲတင် တင်းနစ်လည်း ရှိတယ်။ မေမေနဲ့ ပင်ပေါင်ရိုက်ရ တာပျော်တယ်။ ဖေဖေနဲ့ ပန်းပင်ရေ လောင်းရတာပျော်တယ်။ ဘဲလေး တွေ၊ ကြက်ကလေးတွေ၊ ငှက်ကလေး တွေ အစာကျွေးရတာ ပျော်တယ်။ ယုန်လေးတွေစားဖို့ အရွက်တွေခူး ရတာပျော်တယ်။ မန်ကျည်းပင် အောက်က ကွပ်ပျစ်ပေါ်မှာ သူငယ်ချင်းတွေနဲ့ မန်ကျည်းစေ့ ကောက်ရတာပျော်တယ်။ နန်းရဲ့ ခွေးလေးရန်လုံနဲ့ ဆော့ကစားရတာ ပျော်တယ်။ ရန်လုံက နန်းအမိန့်ကို အမြဲနာခံတယ်။

နန်းမပျော်တာတစ်ခုပဲရှိတယ်။ မနက်အစောကြီးထပြီး ဖေဖေနဲ့ ကာယလေ့ကျင့်ခန်းလုပ်ရတာ။ အိပ် ရေးပျက်တယ်၊ ချမ်းတယ်။ ဖေဖေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရတာ အရမ်းပင်ပန်းပါ တယ်။ အသက်နည်းနည်းကြီးလာ တော့ ဖေဖေ့အုပ်ချုပ်မှုက အာဏာ ရှင် ဆန်တယ်လို့ ယူဆမိတယ်။  ဒီနေ့မနက် အိမ်မှာဧည့်သည် နှစ်ယောက်ကို ထမင်းဖိတ်ကျွေးမယ် ဆိုလို့ နန်းပျော်နေတယ်။ ဧည့်သည် လာရင် ဟင်းကောင်းစားရမှာလေ။ ကံကောင်းရင် မုန့်ပါစားရမှာ။ ပြီး တော့ ဒီနေ့မနက် နန်းရဲ့ဘဲလေး တစ်ကောင် သေသွားတာကိုလည်း ဧည့်သည်ကို ပြောပြရဦးမယ်။ ဧည့် သည်နှစ်ယောက်က နန်းရဲ့ဦးလေး တော်တယ်လို့ ဖေဖေက ပြောပြထား တယ်။ ဒါပေမဲ့ ဧည့်သည်နား မကပ် ရဘူးတဲ့။ အမိန်မရဘဲ စကားမပြောရ ဘူးတဲ့။

ဖေဖေစည်းကမ်းတင်းကျပ်တာ လွန်သလိုပဲ။ ဖေဖေက ကျောင်း ဆရာ။ မေမေက ကျောင်းအုပ်ဆရာ မကြီး။ ဖေဖေက မေမေထက် စည်း ကမ်းကြီးတယ်။ နန်းတစ်ခါတလေ စိတ်ညစ်ရတယ်။ ဖေဖေကရိုက်တတ် သေးတယ်။ မေမေက မရိုက်ဘူး။ ချော့ပြောတယ်။ ပုံပြင်လေးတွေနဲ့ ဆုံးမတယ်။ ဒါကြောင့်နန်းကတော့ မေမေ့ကိုပိုချစ်တယ်။  ဧည့်သည်နှစ်ယောက်က အရေးကြီးပုံရတယ်။ ညညဆို မေမေ နဲ့ဖေဖေ တိုးတိုးတိုးတိုး ပြောနေကြ တာကြာပြီ။ မေမေက ကြောက်တယ် လို့ ပြောသံကြားမိတယ်။ မျှော်နေ တဲ့ဧည့်သည်နှစ်ယောက် ရှေ့ဆင့်၊ နောက်ဆင့် ရောက်လာကြပြီ။ ဦးဦး တစ်ယောက်က အင်္ကျီအနွေးထည် အဟောင်းကြီး ဝတ်ထားတယ်။ မျက်နှာလေးက ပြုံးနေတာပဲ။ နန်းလို ပဲ ကွင်းထိုးဖိနပ်စီးတယ်။ သူ့ဖိနပ်ကို ထောင့်လေးမှာ ချွတ်ထားတယ်။  နောက်ဦးဦးတစ်ယောက်က ဘောင်းဘီ၊ အင်္ကျီဆင်တူနဲ့။ အသစ် ကြီးဝတ်လာတယ်။ ဖိနပ်ကလည်း ကြိုးတွေနဲ့။ မေမေကပြောတယ်။

“ချွတ်ရခက်ရင် မချွတ်ပါနဲ့”တဲ့။ ဒါပေမဲ့ စည်းကမ်းတင်းကျပ်လွန်းတဲ့ ဖေဖေက

“အိမ်ပေါ်တက်ရင် ချွတ်ရ မယ်။ ဘုရားစင်ရှိတယ်”လို့ ပြော တယ်။ ဦးဦးက ချွတ်ပြီး တစ် ဖက် ထောင့်မှာထားတယ်။ ဒီဦးဦး မျက်နှာကြီးက မပြုံးဘူး။ ဖေဖေနဲ့ တူ တယ်။ ထိုင်တော့လည်း မတ်နေ တာပဲ။ ဖေဖေပြောတဲ့ မတ် မတ်ရပ်၊ မတ်မတ်ထိုင်၊ ရင်ကော့ ထား၊ စကား ပြောရင်၊ နားထောင်ရင်၊ မျက်နှာကို တည့်တည့်ကြည့်ဆိုတာ တွေ။ အဲဒီ ဦးဦးကိုလည်း ဖေဖေ သင်ပေးထား တာလားမသိဘူး။ ဧည့် ခန်းစားပွဲမှာ အားလုံးထိုင်ကြပြီး တော့ အင်္ကျီ အဟောင်းနဲ့ ဦးဦးက …

“ကလေး ရော့၊ သမီးအတွက် မုန့်”တဲ့။ နန်း ဖေဖေ့မျက်နှာကို မော့ကြည့်လိုက် တော့ဖေဖေကခေါင်းညိတ်ပြလို့ သွား ယူလိုက်တယ်။ မုန့်ရသွားလို့ ပျော် သွားတဲ့နန်းကတစ်ဆက်တည်း …

“ဦးဦး၊ ဒီမနက်ပဲနန်းရဲ့ဘဲလေး သေသွားပြီ။ ခဏနေရင် နန်းပြမယ် နော်++လို့ ပြောလိုက်တယ်။  ==အေးအေး ပြီးရင်ကြည့်မယ် နော်။ သွား ဟိုနားမှာသွားထိုင်၊ မုန့် သွားစားနော်++တဲ့။ ခေါင်လေးပုတ်ပြီး ပြောတယ်။ အင်္ကျီအသစ်နဲ့ဦးဦးက

“သေရင် ကင်စားလိုက်ပေါ့”တဲ့။  ဟွန်း မုန့်လည်းမပါဘဲ သူများဘဲကို ကင်စားခိုင်းတယ်လို့ နန်းစိတ်ထဲက ပြောပြီး နှုတ်ခမ်းစူထားလိုက်တယ်။  ဖေဖေက  …

“ခင်ဗျားတို့သေနတ်တွေပါရင် တစ်နေရာရာမှာ တင်ထားကြဗျာ။ အေးအေးချမ်းချမ်း ပြောရအောင်” လို့ ခပ်တိုးတိုးပြောလိုက်တယ်။  အင်္ကျီအဟောင်းနဲ့ဦးဦးက သူ့ သေနတ်တိုတိုလေးကို စာအုပ်ဗီရို လေးပေါ် သွားတင်လိုက်တယ်။ အင်္ကျီအသစ်နဲ့ ဦးဦးက သူ့သေနတ် ကို သူ့နားက ဘုရားစင်ပေါ်တင်လိုက် တယ်။ ကြည့်ပါလား။ သေနတ်ကို ဘုရားစင်ပေါ်ထားတာ ဖေဖေက ဘာဖြစ်လို့ မဆူတာလဲ။ နန်း ဒိုးပြား လေးတင်တုန်းကတော့ တအားဆူပြီး တော့။ ပြီးတော့ သေနတ်က လှလည်းမလှဘူး။  အဲဒီဦးဦးနှစ်ယောက်က စကား လည်းမပြောကြဘူး။ ရန်ဖြစ်ထားကြ လို့ မခေါ်ကြဘူးထင်တယ်။ ဖေဖေနဲ့ မေမေကပဲ ပြောပေးနေကြတယ်။

သူတို့တစ်ခါတစ်ခါ ပြန်ပြောကြရင် လည်း ရန်ဖြစ်နေကြသလိုကြီး။ အင်္ကျီအသစ်နဲ့ ဦးဦးက ပိုပြီးရန်လို တယ်။ ဖေဖေနဲ့ မေမေက မျက်နှာ မကောင်းဘူး။ ခဏနေတော့ မေမေ က ထမင်းစားဖို့ သွားပြင်လိုက်ဦးမယ် ဆိုပြီး မီးဖိုထဲ ဆင်းသွားတယ်။ အဲဒီအချိန်မှာ အင်္ကျီအသစ်နဲ့ဦးဦးက ဘုရားစင်ပေါ် က သေနတ်တိုတို လေးကို ထယူပြီး အင်္ကျီအဟောင်းနဲ့ ဦးဦးရဲ့ မျက်နှာကို ချိန်လိုက်တယ်။

ဟိုဦးဦးက ဘာမှ ပြန်မလုပ်။ ဘာမှ လည်း ပြန်မပြောဘူး။ သေနတ်နဲ့ ဦးဦးကိုပဲ စိုက်ကြည့်နေတယ်။  အဲဒီအချိန်မှာပဲ နန်းက ဗီရို ပုလေးပေါ်က သေနတ်ကိုခြေဖျား ထောက်ယူပြီး အင်္ကျီအသစ်နဲ့ဦးဦးရဲ့ ရင်ဘတ်ကို ချိန်ထားလိုက်တယ်။ ဖေဖေကရုတ်တရက် အင်္ကျီအ ဟောင်းနဲ့ဦးဦးရဲ့ရှေ့မှာ ကာရပ်လိုက် တယ်။ အားလုံးတိတ်ဆိတ်သွား တယ်။ ကြက်တွေ၊ ဘဲတွေ၊ ငှက်တွေ၊ အော်သံတောင် မကြားရတော့သလို ပဲ။ နန်းရဲ့ခွေးလေးရန်လုံက နန်း မျက်နှာကိုပဲ ကြည့်နေတယ်။

နန်းရဲ့ လက်ညှိုးသေးသေးလေးက သေနတ် ခလုတ်ပေါ်တင်လို့။ အင်္ကျီအသစ်နဲ့ ဦးဦးကို ချိန်ထားဆဲပဲ။  ထမင်းစားလို့ရပြီလို့ မေမေက လာပြောရင်း လန့်အော်တော့မှ အင်္ကျီအသစ်နဲ့ ဦးဦးဟာ သူ့သေနတ် ကို ခါးကြားထိုး၊ အိမ်အောက်ဆင်းပြီး ပြန်သွားတယ်။ ထမင်းလည်း စားမ သွားဘူး။ ကျန်ခဲ့တဲ့ဦးဦးက နန်းလက် ထဲက သေနတ်ကိုအသာယူပြီး

“ကျွန်တော်ကျည်ဆန်ထုတ်ထားပါ တယ်ဗျာ။ ထမင်းဆာပြီ အစ်မရာ”လို့ မေမေ့ကို ပြောပြီး ထမင်းသွားစားကြ တယ်။ စားပြီးတော့ နန်းရဲ့ဘဲသေလေး ကို ကြည့်တယ်။ ခြံထောင့်တစ်နေရာ မှာ မြှုပ်ပေးတယ်။ ကြက်ခြေခတ် သစ်သားလေးလုပ်ပေးတယ်။

နန်းက စာရွက်ပေါ်မှာ ဘဲလေး၊ အသက် ၇ ရက်လို့ ရေးကပ်လိုက်တယ်။ နန်းငို တော့ ဦးဦးကချော့တယ်။  ပြီးတော့ အဲဒီဦးဦးပြန်သွား တယ်။ နောက်ဘယ်တော့မှ မတွေ့ရ တော့ဘူး။ အဲဒီဦးဦးနှစ်ယောက်ဟာ ညီအစ်ကိုဆိုတာရယ်၊ မတူကွဲပြားမှု ရှိကြတယ်ဆိုတာရယ် နန်းကြီးလာမှ သိရတယ်။

နန်း အရွယ်ရောက်လာတော့ အဲဒီတုန်းက ဖေဖေက အင်္ကျီအ ဟောင်းနဲ့ဦးဦးကို ဘာဖြစ်လို့ကာ ကွယ်ပေးခဲ့လဲဆိုတာ နန်း ဖေဖေ့ကို မမေးခဲ့သလို၊ နန်းက အင်္ကျီအသစ် နဲ့ဦးဦးကို ဘာကြောင့် သေနတ်နဲ့ ချိန်ခဲ့လဲဆိုတာ ဖေဖေကလည်း နန်း ကိုမမေးခဲ့ဘူး။ ဒါပေမဲ့ သေချာတာက တော့ နန်းဟာ ငယ်ငယ်ကတည်းက တစ်ဖက်သတ် အနိုင်ယူတာကို မကြိုက်ဘူး။ အာဏာရှင်ဆန်တာကို ရွံ့မုန်းတယ်။

မှန်တယ်ထင်ရင် ကိုယ် ထင်ရာကိုယ်လုပ်တတ်တယ်ဆိုတာပါ ပဲ။  အဲဒီတုန်းက သေးပေမယ့် အေး စက်ပြီး၊ လေးလံတဲ့သေနတ်တိုတို လေးကို တည်တည်ငြိမ်ငြိမ်ကိုင်နိုင်ခဲ့ တာကိုတော့ နန်းအခုထိသိနေခဲ့ တယ်။ အင်္ကျီအသစ်နဲ့ဦးဦးလည်း ဘယ်တော့မှ လာတာမတွေ့ရတော့ ဘူး။

ဖေဖေနဲ့ မေမေလည်း သူတို့ အကြောင်း ပြောသံမကြားရတော့ ဘူး။  ခု အရွယ်လေးရလာပြီဆိုတော့ ငြိမ်းချမ်းမှုကို လိုချင်တယ်လေ။ လက်နက်ကိုင်တာတွေကို ရွံမုန်းလာ တယ်။ ခိုက်ရန်ဖြစ်ပွားတာတွေကို မလိုလားတော့ဘူး။ ရခဲလှတဲ့ လူ့ဘဝ က တိုတောင်းလှပါတယ်။ လူဖြစ်ရ စဉ် မသေခင်လေးမှာ တစ်ဦးနဲ့တစ် ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အာဃာတတွေ၊ မာန်မာနတွေ မထားကြရင် အကောင်းဆုံးပဲလေ။

ရှမ်းတောင်တန်းကြီးတွေက မ ပြောင်းလဲဘဲ တိတ်တွေလို စီးလို့ ကောင်းတုန်း။ နန်းတို့ဘဝတွေ ကတော့ တချို့တစ်ဝက်ပြောင်းလဲခဲ့ပါ တယ်။ လှပတဲ့ရှမ်းပြည်နယ်က တည်ငြိမ်ရင့်ကျက်လို့ပါပဲ။ ချစ်စရာ တိုင်းရင်းသား၊ လူမျိုးစုတွေနဲ့ တစ်ပေါင်းတစ်စည်းတည်းလေ။

နန်းခင်သန္တာဦး (တောင်ကြီး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*