မြက်ဖျားပေါ်က နှင်းစက်ကလေး

မြက်ဖျားပေါ်က နှင်းစက်ကလေး
January 17, 2018 AsianFame MediaGroup
မြက်ဖျားပေါ်က နှင်းစက်ကလေး

နှင်းများ တဖြောက်ဖြောက်ကြွေနေသည်။ သစ်ပင်ပေါ်မှာ မြက် ခင်းပေါ်မှာ နှင်းရည်စက်တို့ ရှိနေ ကြသည်။ ကျွန်တော်သည် ကုတ် ကုတ်ကုတ်ကုတ်ဖြင့် အဖေ၊ အမေနှင့် အတူ ဘုန်းကြီးကျောင်းသို့သွားနေ သည်။ အဖေ၊ အမေမှာလည်း အနွေးထည်တွေနှင့် ကျွန်တော့်ကို ကြည့်ပြီး အမေကပြောသည်။ အဘိုးကြီးလေးကျနေတာပဲတဲ့။ ကျွန် တော်သုံးလေးတန်းအရွယ်က ပြောခဲ့ ခြင်းဖြစ်သည်။ ဆောင်းကိုနင်းနှင်း၊ နှင်းကိုနှင်း ကျွန်တော်မှတ်မှတ်ထင် ထင် သိမြင်စဉ်ကဟု ယူဆလို့ရပါ သည်။ ယခုအခါ နှင်းတောထဲမှာအတူ လမ်းလျှောက်ခဲ့ရသည့် အဖေနှင့် အမေ မရှိတော့ပါ။

တောင်တွင်းကြီးနေစဉ်က ကျွန်တော်နေသော ရပ်ကွက်မှာ မောင်း တိုင်းရပ်ကွက်ဖြစ်ပါသည်။ မြို့၏အရှေ့မြောက်ထောင့်တွင် ရှိပါသည်။ မြို့၏အရှေ့ဘက်တွင်ရှိသော ကန်တော်ကြီးနှင့် ကပ်လျှက်ဖြစ်ပါသည်။ ကျွန်တော်တို့သူငယ်ချင်းတွေ ၁ဝ ယောက်၊ ၁၅ ယောက်လောက် နံနက်စောစော ကန်တော်ကြီးပေါ် မှာ ပြေးကြပါသည်။ နှင်းကတဖွဲဖွဲကျ နေပါသည်။ တစ်ယောက်အသံ တစ်ယောက်ကြားရ၏။ မမြင်ရချေ။ ဘောလုံးကန်အင်္ကျီလေးတွေနှင့် ဆိုတော့ ချမ်းလည်းချမ်းသေးသည်။ ကန်တော်ကြီးပေါ်မှာ နှင်းတောထဲမှာ ပြောခဲ့ကြသည့် သူငယ်ချင်းတချို့ သေ ဆုံးကုန်ကြပါပြီ။ တချို့လည်း ဘယ် ဆီရောက်နေလည်းမသိတော့။ တောင် တွင်းကြီးမှာ ကျန်ရစ်သူတချို့ကတော့ ကျွန်တော့်ကို မန္တလေးမှာနေသည် ဟုပဲသိကြသည်။ လိပ်စာတိတိကျကျ မသိပါ။

နှင်း၏ အချမ်းဒဏ်ကို မိမိရရ ကြီး ခံစားလိုက်ရတာကတော့ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်ဖြစ်ပါ သည်။ ကျောင်းသားတွေ အစီးအနင်း ခံလိုက်ရသော ဦးသန့်အရေးအခင်း ၏ နောက်ဆုံးညလည်းဖြစ်ပါ သည်။ အဲသည်ညက ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း၊ နောက်ပြီး အထက်တန်း ကျောင်းသားလေးတွေဟာ လုံခြုံရေး တာဝန်ဖြင့် ဂျပ်ဆင်ဘက်မှာ ရှိနေပါ သည်။ နှင်းသည် ဂျပ်ဆင်ရိပ်သာ ပေါ်သို့ နင်း ကံ့ကော်ပင်ဖျားပေါ် သို့နင်း၊ အဓိပတိလမ်းပေါ်သို့နင်း မဟာဘွဲ့နှင်းသဘင် ခန်းမပေါ်သို့ နှင်းတဖြောက်ဖြောက်နှင့် ကျဆင်း နေခဲ့ပါသည်။ ကျွန်တော့်မှာ အညာ ဖျင်ကြမ်းတိုက်ပုံတစ်ထည်တည်းသာ ပါပါသည်။ ဒီဇင်ဘာလ ၁၂ ရက် နေ့ နံနက်စောစောတွင် လုံထိန်းရဲတပ် ဖွဲ့ဝင်နား ဂျပ်ဆင်တံခါးကိုဖျက်ပြီး ဝီစီသံတညံညံနှင့် အတင်းဝင်ရောက် ပြီး ကျောင်းသားတွေကို ဖမ်းဆီးပါ တော့သည်။ သူတို့လက်ထဲမှာ ဒိုင်း တွေနဲ့၊ နံပါတ်တုတ်တွေပါပါသည်။ ကျောင်းသားတွေလက်ထဲမှာ ဘာမှ မရှိပါ။ သိပ်မကြာခင်မှာပင် ကျွန် တော်တို့တစ်တွေ အဖမ်းခံလိုက်ရပါ သည်။ ကျွန်တော်တို့တစ်တွေကို ဖမ်းခေါ်သွားသည့်အခါ အဓိပတိလမ်း ပေါ်မှာလည်း အဖမ်းခံကျောင်းသား များ အများအပြားကို တွေ့ပါသည်။ နှင်းမှုန်အောက်တွင် ဘယ်သူဘယ်ဝါ သဲသဲကွဲကွဲ မသိရပါ။ ကျွန်တော် တို့တစ်တွေကို အင်းစိန်ထောင်သို့ ကားကြီးအတွင်းတင်ပြီး ခေါ် ဆောင်သွားပါသည်။

နံနက်မိုးလင်းသောအခါ ကျွန်တော့်ကိုထားသောအဆောင်မှာ တွဲဖက်အဆောင်ဟုသိရပါသည်။ လင်းလင်းချင်းချင်း မြင်ရသည့်အခါမှာ ကျွန်တော်တို့၏ မိတ်ဆွေများ အများ အပြားဖြစ်နေတာကို တွေ့ရပါသည်။ တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း အဖိနှိပ်စက်ခံရသည့် အတွက် သွေးမြေကျခဲ့ရကြောင်း စုံစုံလင်လင် ကြားသိခဲ့ရပါသည်။ တက္ကသိုလ်ကျောင်းသားအနေနှင့် လည်းကောင်း၊ အဲသည်အရေးအခင်းမှာ အတူပါဝင်ခဲ့တဲ့သူတွေနှင့်လည်း ကောင်း၊ တချို့တလေကိုသာ ပြန် လည်တွေ့ဆုံဖြစ်ပါသည်။ တချို့ သော သေဆုံးသွားပြီလို့ ကြားသိရ ပြီး တချို့က သတင်းစကားလောက် သာ သိရပါသည်။ ကံ့ကော်ဆောင်မှာ ဆုံခဲ့ကြသော်လည်း ကံကြမ္မာစီမံရာနေ ကြရပြီး ဆုံတွေ့ဖို့ ခဲယဉ်းခဲ့ကြပါ၏။

လွမ်း
မြက်ဖျားပေါ်က နှင်းစက်ကလေး
နေရောင်ထုတ်လို့ လွင့်ကာပြေး
သဘာဝရဲ့ အလွမ်းတေး…။

မြက်ဖျားကလေးပေါ်သို့ နှင်း စက်ကလေး ကျရောက်လာပါသည်။ များမကြာမီ နေထွက်လာတော့ နေရောင်ခြည်က နှင်းစက်ကလေး ကို ဖယ်ရှားလိုက်ပါသည်။ ဘဝကို တပ်မက်ခဲ့ငြားလည်း ပျောက်ဆုံး ကွယ်လွန်ခဲ့ရပေသည်။ သဘာဝ တရား၏ လက်ထဲ၌ အဖိခံလိုက်ရတဲ့ နှင်းစက်ကလေးဟာ ကျွန်တော် တစ်ယောက်တည်းပါလား။ ဒါမှ မဟုတ် . . .

မောင်ကြည်သာ (တောင်တွင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*