အောင်မြင်မှုကို ရေရှည် ထိန်းထားနိုင်ဖို့ ဆိုရင် ဘာတွေလိုအပ်မလဲ တင်ဇာမော်

အောင်မြင်မှုကို ရေရှည် ထိန်းထားနိုင်ဖို့ ဆိုရင် ဘာတွေလိုအပ်မလဲ တင်ဇာမော်
January 17, 2018 AsianFame MediaGroup
အောင်မြင်မှုကို ရေရှည် ထိန်းထားနိုင်ဖို့ ဆိုရင် ဘာတွေလိုအပ်မလဲ တင်ဇာမော်

Myanmar Idol Season 3 ပြိုင်ပွဲမှာတင်ဇာမော်က ဒိုင်အဖြစ်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါ တယ်။ ပြိုင်ပွဲကိုလာရောက် ယှဉ်ပြိုင်ကြမယ့်ပြိုင်ပွဲဝင်လူငယ်တွေအနေနဲ့ သီချင်းတွေကိုအများကြီး နားထောင်ထားစေချင်သလို၊ အသံပိုင်း ဆိုင်ရာ လေ့ကျင့်ခန်းတွေကိုလည်း လက်လှမ်းမီသလောက် လေ့ကျင့်ထားစေချင်ကြောင်းအချိန်တွေကို တန်ဖိုးရှိရှိနဲ့ အသုံးချထား စေချင် ကြောင်း တင်ဇာမော်က အကြံပြု စကားဆိုပါတယ်။

”ပြိုင်ပွဲဆိုတာကအရည်အချင်း ရှိတဲ့သူတွေရဲ့ရှေ့မှာ ကိုယ့်ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသရတဲ့ပွဲပါ။ နားလည်တတ် ကျွမ်းတဲ့သူတွေ အရည်အချင်းရှိတဲ့သူတွေက နားထောင်ပြီးတော့မှ ရွေးမယ်မရွေးဘူးဆိုတာကို ဆုံးဖြတ်ရတဲ့ပွဲပါ။ ပရိသတ်တွေကလည်း ဝင်ပြီးတော့မှ နားထောင်ခံစားပြီးတော့ ဆုံးဖြတ်ရတဲ့ပွဲမျိုးတွေအခုနောက်ပိုင်းဖြစ် လာပြီ။ ဒါကြောင့် ကိုယ်သာတစ်ကယ်အရည်အချင်းရှိတယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကမဝေးပါဘူး။ စိတ်ရှည်ဖို့နဲ့ အမြဲတမ်း ကြိုးစားလေ့လာနေဖို့တော့ လိုအပ်ပါတယ်” လို့သီချင်းဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်လို့ တင်ဇာမော်ကပြော ပြပါတယ်။ သီချင်းဆိုပြိုင်ပွဲနဲ့ ပတ်သက်လို့ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့အခါ ပြိုင်ပွဲဆုံးခန်းတိုင်အောင် ဝင်ရောက်ယှဉ်ပြိုင်စေချင်ပြီး ကိုယ်ကဒီအလုပ်ကိုစပြီဆိုရင် ဘယ် အလုပ်မျိုးမဆို ဆုံးခန်းတိုင်အောင် အတတ်နိုင်ဆုံး အကောင်းဆုံးကြိုး စားပြီးတော့ လုပ်စေချင်ကြောင်း သူကဆက်ပြောပါတယ်။”အားလည်းမလျှော့နဲ့၊ ဇွဲလည်းမလျှော့ပါနဲ့။ အစ်မပြောခဲ့သလိုပါပဲ။ ပထမဆုရသွားတဲ့သူတိုင်းအောင်မြင်မှုကို အဆုံးတိုင်ရတာမှမဟုတ်ဘဲ။ အောင်မြင်တဲ့အနုပညာရှင်တိုင်း ပထမဆု ရထားကြတဲ့သူတွေမှမဟုတ်ဘဲ။ ကိုယ်ကဒီပြိုင်ပွဲကိုဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် ကြိုးစားပါ။စိတ်လည်း မလျှော့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲအမြဲတမ်းအားတင်းပါ။ ကြိုးစားပါလို့ပြောချင်ပါတယ်” လို့ တင်ဇာမော်ကပြောပြ ပါတယ်။

အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့မလွယ်ဘဲ အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင်လည်း အောင်မြင် မှုကို ဘယ် လောက်အထိထိန်းသိမ်းထားနိုင်မလဲဆိုတာပိုပြီးတော့မလွယ်ကူကြောင်း၊ ရေရှည်အောင်မြင်မှုကို ထိန်းထားနိုင် တဲ့ အနုပညာရှင်တစ်ဦးဖြစ်ဖို့ဆိုတာ ထောင့်ပေါင်းစုံနေရာပေါင်းစုံကနေ ပြီးတော့လိုအပ်ချက်တွေအများ ကြီးရှိကြောင်း၊ အဲဒီ့လိုအပ်ချက် တွေကို ကိုယ့်ရဲ့လေ့လာအားထုတ်မှုတွေနဲ့ ဘေးကသိတဲ့နားလည်တဲ့ လူတွေရဲ့ ပြောတဲ့စကားတွေကို အမြဲ တမ်းနားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဆင်ခြင်ဖို့တွေ လိုအပ်ကြောင်း၊ သီချင်းကောင်းကောင်းတွေကို ထုတ်လုပ်နိုင်ပြီး ကိုယ့်ပန်းတိုင်ကို ကိုယ်ထူထောင်နိုင်ဖို့ အရေးကြီးပါကြောင်း တင်ဇာမော်က အကြံပြုစကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*