ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်လို့မို့ ချစ်တဲ့ပရိသတ်တွေ ပိုများလာမယ် သရုပ်ဆောင် ထက်ထက်ထွန်း

ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်လို့မို့ ချစ်တဲ့ပရိသတ်တွေ ပိုများလာမယ် သရုပ်ဆောင် ထက်ထက်ထွန်း
January 15, 2018 Asian Fame
ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်လို့မို့ ချစ်တဲ့ပရိသတ်တွေ ပိုများလာမယ် သရုပ်ဆောင် ထက်ထက်ထွန်း

အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ အခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုပါ ကြိုးစားလုပ်ကိုင်လာ ပြီးဖြစ်ပါတယ်။ လတ်တလောမှာ သူမကတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမယ့် ‘လူကြီးလူကောင်းများ’ ရုပ်ရှင် ဇာတ်ကားမှာ လွင်မိုး၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ စိုးမြတ်သူဇာစတဲ့ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင် မှာဖြစ်ပါတယ်။ သူမအနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာနဲ့ ပတ်သက်ပြီး-

”ထက် ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူ ပါဝင်ရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပညာတွေလည်းအများကြီးရ မယ်။ ဝါရင့်သရုပ်ဆောင်တွေ အများကြီးနဲ့အတူ ပါဝင် သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ ဂရုစိုက်မှုတွေ လည်းခံရမယ်ပေါ့နော်။ အဲဒီအတွက်လည်း ထက်ကိုချစ် လာမယ့်သူတွေလည်း များလာမယ်လို့ထင်ပါတယ်။ အဲဒါ ကြောင့် ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရမှာဖြစ်တဲ့အတွက် ထက်တအားလည်း ပျော်နေပါတယ်။ ထက်ကိုယ်တိုင် ဝါသနာပါလို့ ဒီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန် မှာ ဒီလို ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ပညာတွေလည်းရမယ်လို့ထင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ကတော့ ထက်မဟော်ဂနီ ရဲ့ ရည်စားဦးဇာတ်ကားမှာ နည်းနည်းလေးပါဖူးပါ တယ်။ ပြီးတော့ ဒီလူကြီးလူကောင်း မရိုက်ခင် ညစ်တွန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးမယ်။ ညစ် တွန်းဇာတ်ကားမှာတော့ ထက်က ပိုက်ဆံမက် တဲ့ ခေတ်လူငယ်တစ်ယောက်ပေါ့။ ကိုပြေတီဦးရဲ့ ရည်စားပေါ့။ ကိုပြေတီဦးကို ပိုက်ဆံမက်လို့ ကြိုက်တာ။ ပိုက်ဆံမရှိတော့တဲ့အခါကျရင် ခွာသွားတဲ့ပုံစံလေးပါ့။ နည်းနည်းတော့ ဗီလိန်ဆန်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

သူကတော့ လက်ရှိမှာ ဒါရိုက်တာ လွင်ဗို ရိုက်ကူးတဲ့ ‘ချစ်ခြင်းစတုဂံ’ ရုပ်သံဇာတ်လမ်း တွဲမှာ သရုပ်ဆောင် ခါရာနဲ့အတူ ပါဝင်သရုပ် ဆောင်နေပါတယ်။ လက်ရှိမှာ သရုပ်ဆောင် ဘက်ကို အားစိုက်လုပ်ကိုင်နေတဲ့အတွက် သူမ ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးလည်းခုလို ပြောပြခဲ့ပါတယ်။ ”ထက်က သရုပ်ဆောင်သင်တန်း မတက်ဖူးဘူး။ ဒါပေမဲ့ ဇာတ်လမ်းတွဲ ၅ လလောက် ရိုက်ကူးလိုက်တဲ့အချိန်မှာ သင်တန်းမှာ သင်နေရသလို ပါပဲ။ ကိုယ်တိုင်ကလည်းကြိုစားပြီးတော့ သရုပ်ဆောင် နေတယ်။ ဒီနေ့လုပ်တာအားမရဘူးဆိုရင်နောက်နေ့ နောက်တစ်မျိုးလုပ်တယ်။ နေ့တိုင်း သင်တန်းတက် နေသလိုဖြစ်နေတဲ့အတွက် အခုဇာတ်ကားကြီးမှာနဲ့ ဆိုရင်တာ့ မစိမ်းဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ ဝါရင့် သရုပ်ဆောင်ကြီးတွေနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်တာ မို့ နည်းနည်းရှိန်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး တွေနဲ့ သရုပ်ဆောင်ရင်တော့ လိုအပ်ချက်တွေက ပေါ်လာမှာ အဲ့ဒီအခါကျရင်တော့ တစ်ခုခုမှားသွားမှာ ကို အားနာပါတယ်” လို့ပြောပြခဲ့ပါတယ်။

သတင်း/ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*