ဖုန်း လူငယ်နှင့် အတွေးအမြင်

ဖုန်း လူငယ်နှင့် အတွေးအမြင်
January 15, 2018 Leanne Win
ဖုန်း လူငယ်နှင့် အတွေးအမြင်

ကျောင်း ဘောလုံးကွင်းကြီးက စည်ကားသိုက်မြိုက်လျက်ရှိသည်။ ယနေ့ အပြာအသင်းနှင့် လိမ္မော် အသင်းတို့ ဗိုလ်လုပွဲဖြစ်၍ မိဘများ ပင် လာရောက်အားပေးလျက် အားရ စရာကောင်းလှသည်။ ကျွန်တော်တို့ အသင်းမှာမူ ပြိုင်ပွဲမှ  ထွက်ခွာခဲ့ရပြီ ဖြစ်ကြရာ သောင်းသောင်းဖြဖြ အား ပေးနေကြသော အားကစားကွင်းကြီး သို့ စိတ်မရောက် လာရောက်အား ပေးကြည့်ရှုကြသော ရွာကာလသား များနှင့်ရောကာ ကျွန်တော်နှင့် တိုးကြီးမှာ ကျောင်းသူကလေးများ အား လှောင်ပြောင်လျက် စနေကြ ၏။

ထိုအထဲတွင် ကျွန်တော်တို့နှင့် အတန်းတူ ကျောင်းနေဖက်၊ ယခုမူ ကျောင်းထွက်ကာ အလုပ်လိုက်လုပ် နေသော ဘသိုက်လည်းပါသည်။ တစ်ခုသတိပြုမိသည်မှာ ရွာ ကာလ သားကြီးများနည်းတူ သူ့ခါးတွင် လည်း ဖုန်းအကောင်းစား တစ်လုံး ထိုးထားခြင်းပင်။ အဝတ်အစား သန့်သန့်နှင့်မို့ ကျောင်းသူလေးများ ပင် ကွက်ကြည့်ကွက်ကြည့်နှင့် လုပ် နေသည်။ ဘသိုက်က ရှစ်တန်းနှစ် ကကျောင်းထွက်သွားခဲ့ခြင်းသာ။ ကျောင်းစာ မလိုက်နိုင်တာလည်းပါ မည်။ ယခုခေတ်က အွန်လိုင်းခေတ် ဖြစ်ရာ စာသင်နေသောဆရာမများ ပင် ဆဲလ်ဖီဆွဲလျက်ရှိရာ ကျွန်တော့် မှာ ဖုန်းကိုင်ချင်စိတ် မူနဂိုကပင် များစွာ တောင့်တနေမိသည်ဖြစ်ရာ။ ဘသိုက်တောင် ဖုန်းကိုင်နိုင်မည်ဆို လျှင်၊ အတွေးထဲမှာ ပိုက်ဆံအိတ်နှင့် ဖုန်းကို ခါးထိုးထားသော ကိုယ့်ပုံရိပ် ကို ပြန်မြင်ယောင်ကြည့်နေမိသည်။ ကိုယ်လည်းသူ့လို ကျောင်းထွက်၍ အလုပ်လုပ်လျှင်ဆိုသော အတွေးက၊ ကျွန်တော့်အား မြေတောင်မြှောက် ပေးလျက်၊ စီးကရက်အဖြူလေးခဲကာ လူပျိုများနှင့် ဟန်ပါပါ စကားပြောနေ သော ဘသိုက်အား အားကျစိတ်က ဝင်လာလျက်ရှိသည်။

ကျွန်တော်အခုဆိုရင် အသက် က ဆယ့်ငါးနှစ်၊ ကိုယ်လုံးကိုယ် ပေါက်က အရပ်ရှည်သော်လည်း ဘသိုက်ကဲ့သို့ လူပျိုဆိုက်မပေါက် သေးပေ။ အလုပ်လုပ်လိုက်ရင် သူ့လို ဖြစ်လာမှာပဲဟု တွေးနေမိသည်။ ဘသိုက်ကိုမေးပြီး သူလုပ်နေသော နေပြည်တော်ဆိုသော နေရာတွင် အတူလိုက်လုပ်လိုသောအကြောင်း ပြောဆိုထား၍ အိမ်ကမသိအောင် လိုက်၍သွားရလျှင်  ဖုန်းကိုင်နိုင်မည်။ မိမိဘာသာကြိုက်သော အဝတ်အစား များလည်း ဝယ်နိုင်မည်။ ရွာရှိအဝေး ကပြန်လာသော ကာလသားကြီးများ နှင့်ရောပြီး  ဟန်ကျပန်ကျ ဖြစ်ကာ၊ ရွာရှိလူများ အထင်ကြီးလာလိမ့်မည် ကား မလွဲပင်။  စိတ်ကို ဒုန်းဒုန်းချ လိုက်သည်။  ဘသိုက်နောက်သို့ အိမ် မှမသိအောင် လိုက်သွားတော့မည်ဟူ ၍။ တိုးကြီးအားခေါ်ကာ ကျွန်တော် ၏ စိတ်ကူးအား ပြောပြပြီး နှစ် ယောက်အတူ ကျောင်းထွက်၍အလုပ် လုပ်လိုက်ရန် အဖော်ညှိမည်ဟု တွေး ကာ တိုးကြီးအားလက်တို့လိုက်သည်။

  ထိုအချိန်တွင် ဘောလုံးကွင်း ကြီးရှိရာသို့ ကျွန်တော်တို့ရွာမှာ မြင်ဖူးသည်ဟုထင်မိသော အစ်မကြီး တစ်ယောက် ဝင်၍လာရာ၊ ရွာမှ ဘောလုံးပွဲလာကြည့်နေသော မိန်းမ ကြီးများ၊ ကလေးများပါမကျန် လာ ရောက် ဝိုင်းအုံနေသဖြင့် ဘာပါလိမ့် ဟု သိချင်လာကာ၊ ထိုအဖွဲ့ နားကပ် ၍ သွားကြည့်ရာ နေကောင်းလား။ င့ါတူမကြီးက ဖြူလို့၊ မတွေ့ရကြာလို့ ချောတယ်အေ။ ဝိုင်းတွေ၊ ကျူရှင် ပြန်ပြနေတာဆို၊ အဆင်ပြေတယ်မို့ လား။ ဆရာဝန်မကြီး ဘယ်တော့ ဖြစ်မှာလဲ၊ ရွာမှာလည်း အထက်တန်း ကျောင်းဖွင့်ပြီ။ ကြိုးစားတူမ ကြီးရေ။ ရွာဂုဏ်ဆောင်နိုင်အောင်လုပ် ကြား လား++ စသည်ဖြင့် ဘယ်အိမ်က ထမင်းစားလာပါဦး။ ဒီအိမ်က ထမင်းစားလာပါဦးဖြင့် ဝိုင်းဝန်းချီး ကျူးနေကြတော့သည်။ ကျွန်တော် လည်း ဘသိုက်အား လှမ်းကြည့်လိုက် ရာ ခပ်ဝေးဝေးတစ်နေရာတွင် သူ လည်း အားကျငေးမောနေသည်ကို တွေ့ရသည်။ ထိုအစ်မကြီး၏နာမည် မှာ မထက်ဝေဝေဖြစ်ပြီး၊ ခါးတွင်ဖုန်း လည်းမပါ။ ဝတ်လာသော အဝတ် အစားမှာ ခပ်နွမ်းနွမ်းပင်ဖြစ်သည်။ ကော်လာအထောင်နှင့် မာဒီးနီဖိနပ် စီးနိုင်သော ဘသိုက်အား အတုခိုး မှားစိတ်ဝင်မိသည့် ကိုယ့်ကိုယ်ကိုယ် ပင်ရှက်မိသွားသည်။ မထက်ဝေဝေ မိဘများမှာ အဆင်မပြေကြပါ။ ရွာကျောင်း ဆရာတော်ကြီးကကြီးမှူး၍ ပညာရေး ထောက်ပံ့ကြေး အလှူငွေကောက်ခံ ၍ ကျောင်းထားပေးခဲ့ကြခြင်းဖြစ် သည်။ ငါးဘာသာ ဂုဏ်ထူးဖြင့် ဆေး ကျောင်းအမှတ် မီခဲ့သော်လည်း၊ မိမိ ဝန်တာကို တစ်ဖက်မှ တာဝန်ယူ လျက်ရှိပြီး၊ ငါပညာတတ်ဟူသော မာန်လည်းမရှိ၊  ဟန်လည်းမရှိ ပြည့်ဝသော အပြုံးပိုင်ရှင်အား ငေး မောအားကျရင်း၊ လမ်းလွဲသို့ ခြေဦး တည်မိသော မိမိအတွေးကား ရှက် ဖွယ်ပင်ကောင်းနေပါသည်။ တကယ် တော့ အတုမြင်အတတ်သင်ရာတွင် ခေတ်အခြေအနေအရ   ကျွန်တော် အတုယူမှားမိတော့မလိုဖြစ်ခဲ့ပါတော့ သည်။ ဘေးနားမှ သွားကြီးဖြဲကာ ငေးမောလျက်ရှိသော တိုးကြီးအား ‘စာသွားကျက်အောင်’ ဟု ပြောလိုက် ရာ အူကြောင်ကြောင်ဖြစ်သွားသော တိုးကြီးအားကြည့်ပြီး ကျွန်တော် အော်ဟစ်ရယ် မောပစ်လိုက်လေ တော့သည်။

   နေခြည်(ကြီးနီ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*