Robert Pattinson နဲ့ Emma Watson တို့ Date နေကြပြီလား

Robert Pattinson နဲ့ Emma Watson တို့ Date နေကြပြီလား
January 10, 2018 Asian Fame
Robert Pattinson နဲ့ Emma Watson တို့ Date နေကြပြီလား

Robert Pattinson နဲ့ Emma Watson တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် SMS တွေပို့တာမျိုး၊ LA မှာရော London မှာပါ အတူညစာစားကြတာမျိုးတွေ ရှိနေပါတယ်.. မင်းသား နဲ့ မင်းသမီးဟာ ၂၀၀၅ ခုနှစ်က “Harry Potter and the Goblet of Fire” ရုပ်ရှင် ရိုက်ကူးကတည်းက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးခဲ့ကြတာဖြစ်ပြီး အဲ့ကားထဲမှာ Robert Pattinson ဟာ Cedric Diggory အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူတို့ တွဲပြီး Presenter အဖြစ်တင်ဆက်ပုံကို သတိထား ကြည့်မိရင် သူတို့ ၂ယောက်အရမ်းပူးကပ်နေတဲ့အတွက် ခုလို သို့လော သို့လေ သတင်းတွေ အများကြီး ထွက်လာတာပါ။

တချိန်က Emma ပြောဖူးသလို “ကျွန်မတစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖို့ တော်တော်လေး ဝန်လေးမိပါတယ် ဘာလို့ဆို ကျွန်မနဲ့အတူတွဲပြီး ဓာတ်ပုံရိုက်ခံလိုက်ရတဲ့ သူတိုင်းကို ကျွန်မရည်းစားပါလို့ သမုတ်ခံရတာကိုး အဲ့လိုဆိုတော့ တွေးကြည့်ရင် ကျွန်မမှာ ရည်းစားအယောက် ၆၀၀၀ လောက်ရှိနေသလိုကိုဖြစ်လို့” ဆိုတဲ့အတိုင်း လူတွေကပဲ အတွေးလွန်သလား.. တကယ်ပဲ သူတို့ Date ဖြစ်နေလားဆိုတာကတော့ ဆက်စောင့်ကြည့်ရဦးမယ့်ပုံပါပဲ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*