လူးလွန့်သံ

လူးလွန့်သံ
January 10, 2018 Leanne Win
လူးလွန့်သံ

နှစ်သစ်ကူးပြီး နောက်တစ်နေ့ ၏ ညသည် ယမန်နေ့ညက အစွမ်း ကုန် ပျော်ရွှင်မြူးထူးခဲ့သဖြင့် ပင်ပန်း နွမ်းနယ် အိပ်ရေးပျက်ခဲ့ရသည်တို့ကို ပြန်လည် အစားထိုးရယူနေသည့်နှယ် မနေ့ကနှင့် လားလားမျှမတူစွာ တိတ် ဆိတ်ခြောက်ကပ်နေလင့် ကစား ည ပိုးမွှားများ၏ အော်မြည်သံ၊ အိမ် တံစက်မြိတ်မှ နှင်းရည်စက်ကလေး များ  သစ်ရွက်ပေါ်ကျသံ၊ ခပ်ဝေးဝေး တစ်နေရာမှ ရံဖန်ရံခါ ထွက်ပေါ်လာ တတ်သည့် ခွေးဟောင်သံနှင့် ကြောင်တစ်ကောင်၏ ဖိုသံပေးနေ ခြင်းတို့က ည၏တိတ်ဆိတ်မှုကို ချိုးဖျက်နေသော်ငြားလည်း သူ့အခန်း တံခါးအပြင်ဘက်မှ ခြေသံခပ်ပြင်း ပြင်းကို မကြားမီ အထိတော့ သူနှစ် ခြိုက်စွာ အိပ်ပျော်နေခဲ့ပါသည်။နှစ်သစ်ကူးပြီး နောက်တစ်နေ့ ၏ညသည် ယမန်နေ့ညက အစွမ်း ကုန် ပျော်ရွှင်မြူးထူးခဲ့သဖြင့် ပင်ပန်း နွမ်းနယ် အိပ်ရေးပျက်ခဲ့ရသည်တို့ကို ပြန်လည် အစားထိုးရယူနေသည့်နှယ် မနေ့ကနှင့် လားလားမျှမတူစွာ တိတ် ဆိတ်ခြောက်ကပ်နေလင့် ကစား ည ပိုးမွှားများ၏ အော်မြည်သံ၊ အိမ် တံစက်မြိတ်မှ နှင်းရည်စက်ကလေး များ  သစ်ရွက်ပေါ်ကျသံ၊ ခပ်ဝေးဝေး တစ်နေရာမှ ရံဖန်ရံခါ ထွက်ပေါ်လာ တတ်သည့် ခွေးဟောင်သံနှင့် ကြောင်တစ်ကောင်၏ ဖိုသံပေးနေ ခြင်းတို့က ည၏တိတ်ဆိတ်မှုကို ချိုးဖျက်နေသော်ငြားလည်း သူ့အခန်း တံခါးအပြင်ဘက်မှ ခြေသံခပ်ပြင်း ပြင်းကို မကြားမီ အထိတော့ သူနှစ် ခြိုက်စွာ အိပ်ပျော်နေခဲ့ပါသည်။

သူ့အိပ်ခန်းရှိရာ အပေါ်ထပ်သို့ လေးလေးဖင့်ဖင့်ဖြင့် လှေကားကို ခပ်ပြင်းပြင်းနင်း၍တက်လာသည့် ခြေသံကြောင့် မျက်လုံးကို အသာ မှေး၍ ဖွင့်ကြည့်လိုက်သည်တွင် မတော့ အခန်းတံခါးရွက်ကြားမှ ပြူ ထွက်နေသည့် အလင်းရောင်မှိန်မှိန် မျဉ်းကြောင်းလေးကို အရိပ်တစ်ခု ကွယ်သွားခြင်းအား တွေ့လိုက်ရ၏။ ထို့နောက် အခန်းတံခါးသည် အသံ မမြည်ဘဲ ဖြည်းဖြည်းချင်း ပွင့်လာကာ လေးလံသောအရာ တစ်စုံတစ်ခု   ကို ဒရွတ်တိုက်ဆွဲလာသူတစ်ဦး၏ သဏ္ဌာန်သည်လည်း အခန်းတွင်းသို့ ဝင်ရောက်လာတော့သည်။ ထိုသူသည် မနိုင့်တနိုင် တရွတ် ဆွဲလာသည့်အရာတို့ကို အခန်းထဲရှိ ထိုင်ခုံများပေါ်မတင်မီတွင် အခန်း နံရံဝယ် သူ့လက်ညှိုးဖြင့် စာအနည်း ငယ်ကိုရေးလိုက်၏။ ထို့နောက်တွင်မှ တရွတ်တိုက်ဆွဲလာသည့်အရာတို့ကို အခန်းတွင်းရှိ ဆိုဖာထိုင်ခုံရှည်ပေါ် တွင် မှီ၍တင်ထားလိုက်ပြီး နောက် သူအိပ်နေသည့် ခုတင်အောက်သို့ မြွေ တစ်ကောင်ပမာ လျှောခနဲ ဝင် ရောက်လိုက်လေတော့သည်။  အခန်းတွင်းဝယ် တိတ်ဆိတ် ခြင်း၏ အသံပြန်လည်လွှမ်းမိုးသွား သော်လည်း သူ့စိတ်ထဲဝယ် ထိတ် လန့်ခြင်းတို့ဖြင့် ဆူညံနေလေပြီ။ နံရံ တွင်ရေးထားသော စာတို့ကိုလည်း သဲသဲကွဲကွဲမမြင်ရ။ ထို့ကြောင့် ဘာ ရေးထားမှန်းကိုလည်းမသိရ။ ဆိုဖာ ပေါ်ဝယ် တင်ထားသည့်အရာတို့ကို လည်း ကောင်းကောင်းမမြင်ရ။ မီး ခလုတ်ကို ထဖွင့်ကြည့်ဖို့ဆိုသည်မှာ တော့ ဝေလာဝေး။ သို့ရာတွင် သူနှင့် အနီးဆုံးဖြစ်သော ခုတင်အောက်ဝယ် လူတစ်ယောက် ရောက်နေပြီဆိုတာ ကတော့ သေချာ၏။ အသံကုန် အော်လိုက်ရလျှင် ကောင်းလေမလား။ ဖြစ်နိုင်တာ ကတော့ သူ့အော်သံဆုံးသည်နှင့် သူ့ ခုတင်အောက်မှလူက သူ့ကို တစ်စုံ တစ်ခုလုပ်မှာကတော့ သေချာသည်။ သူ့အသံကိုကြားကြသည့် အိမ်နီးနား ချင်းများက ထုံးစံအတိုင်းပင် နောက် ကျပြီးမှရောက်လာမည်က ပို၍ သေချာသည်။

ထို့ကြောင့် အော်ဖို့ ဝေးစွ မိမိနိုးနေသည်ကို ခုတင် အောက်ကလူ သိမှာစိုးသဖြင့် နံဘေး တွင်ချထားသည့် ဖုန်းကိုပင် မထိဝံ့။ အသက်ကိုပင် ရဲရဲမရှူဝံ့။ သူကသာ အသက်ကိုရဲရဲ မရှူဝံ့တာ ခုတင် အောက်က လူ၏ အသက်ရှုသံ ကတော့ ပြင်းလှ၏။ တစ်နာရီခန့်ကြာသွားပြီး နောက် မြင့်တက်လာသည့် လရောင် က ပြတင်းပေါက်မှ ဝင်လာသဖြင့် ဆိုဖာထိုင်ခုံပေါ်မှအရာတို့မှာ ပျော့ ခွေ ငြိမ်သက်နေသော လူနှစ်ယောက် ဖြစ်နေကြောင်းကို မြင်လာရပြီ။ ထို သူတို့၏ အင်္ကျီများတွင် စွန်းနေသော သွေးကွက်များကိုပါ မြင်လာရပြီ။ ထိုသူနှစ်ဦးမှာ မလှုပ်မယှက် ဇက် ကျိုးခေါင်းငိုက်စိုက်ကျနေသည်ကို လည်း တွေ့လာရပြီ။ သူတို့ဝတ်ထား သည့် အဝတ်အစားများမှာလည်း အောက်ထပ်မှာအိပ်ကြသည့် အဖေနှင့် အမေတို့နှင့်တောင် တူနေသလိုလို။ သူ့စိတ်ထဲဝယ် ထိတ်လန့် ကြောက်ရွံ့ခြင်းတို့နှင့် ဗလောင်ဆူ လာကာ အခန်းနံရံဆီသို့ ဒရောသော ပါး လှမ်းကြည့်လိုက်မိသည်တွင် မတော့ နံရံတွင် သွေးဖြင့်ရေးထား သော =မင်းနိုးနေတာကို ငါသိတယ်+ ဟူသည့် စာကြောင်းကိုပါ သူ့နှုတ်မှ ကြောက်လန့်တကြား အသံထွက်ကာ ဖတ်လိုက်မိလေတော့သည်။ ထိုစဉ် သူ့ခုတင်အောက်မှ လူးလွန့်ရွေ့လျား သံတစ်ခုကို ကြားလိုက်ရ၏။

ဟက်ကာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*