စိတ်ဓာတ်ကျဖို့ အချိန် မရှိတော့ဘူး ချမ်းချမ်း

စိတ်ဓာတ်ကျဖို့ အချိန် မရှိတော့ဘူး ချမ်းချမ်း
December 29, 2017 Leanne Win
စိတ်ဓာတ်ကျဖို့ အချိန် မရှိတော့ဘူး ချမ်းချမ်း

စိတ်ဆင်းရဲစရာတွေ၊ ရင်မော စရာတွေ၊ စိတ်ပင်ပန်းမှုတွေရှိခဲ့ ပေမယ့် လက်ရှိအချိန်မှာတော့ အားအင်အပြည့်နဲ့ သီချင်းတွေဆိုရင်း သမီးလေး အတွက်လည်း အချိန်ပေးရင်းနဲ့ ဖြတ်သန်းဖြစ်နေတဲ့ သူကတော့ အဆိုတော် ချမ်းချမ်းပါ။ ဒီကာလတွေမှာ ဘယ်လိုပုံစံမျိုး၊ ဘယ်လိုစိတ်မျိုးတွေနဲ့ ဖြတ်သန်း ဖြစ်နေပါသလဲလို့ ချမ်းချမ်းကို မေး တော့…..

“အဓိကက သင်ခန်းစာပေါ့နော်။ ဘဝမှာသင်ခန်းစာယူစရာ သင့်တဲ့ အရာတွေ၊ ဆောင်သင့် တာ တွေ၊ ရှောင်သင့်တာတွေကို ပြန်ပြီး တော့ လေ့လာပြီးတော့မှ သတိထား ပြီးနေတဲ့အခါကျတော့ အစ်မမှာ စိတ်ညစ်ဖို့ အစီအစဉ်မရှိဘူး။ စိတ်ဓာတ်ကျဖို့ အစီအစဉ်မရှိတော့ဘူး။ အဓိကက အစ်မသမီးလေး အတွက် ရုန်းကန်မယ်ဆိုတဲ့စိတ်ရယ်၊ အစ်မပရိသတ်အတွက် အကောင်း ဆုံးတွေကို ရှေ့နှစ်ကျရင် ဘယ်လိုချပြမလဲဆိုတဲ့ Plan ရယ်ဆိုတာတွေကို Target ထားလိုက်တော့ အစ်မမှာ စိတ်ဓာတ်ကျဖို့ အချိန်မပေးတော့တဲ့ သဘောပေါ့နော်”လို့ သူမကပြော ပါတယ်။        ‘သို့….ချစ်နေတုန်းပဲ’  လို့အမည်ပေးထားတဲ့ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်အခွေက သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတာပါ။ အခွေထွက်ရှိခဲ့တဲ့ ပရိုမိုး ရှင်း နေ့တုန်းကဆို တစ်ခဲနက်လာ ရောက် အားပေးကြတဲ့ပရိသတ်တွေလည်း အများ ကြီးရှိပါတယ်။ အခွေလေး အောင်မြင်ခဲ့တဲ့ အပေါ် ချမ်းချမ်းက ……

“တီးခတ်ပေးတဲ့ ဆရာတွေ အကုန်လုံးက အရည်အချင်းအလွန်ကို ပြည့်ဝပြီးတော့ တကယ့်ကို ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ သူတို့ အချိန်ပေးနိုင်လို့သာ အစ်မအခွေ ကောင်းလေးထွက်နိုင်တာပေါ့နော်။ ဒီအခွေ ကောင်းကို စောင့်မျှော်ပေးတဲ့ ပရိသတ်ရှိလို့သာ အစ်မရဲ့ အခွေမှာနား ထောင်ပေးမယ့်သူရှိတာပေါ့။ အဆင့် တိုင်း၊ အဆင့်တိုင်းက အကျိုး နဲ့ အ ကြောင်းရှိမှပဲ အရာတစ်ခုက ဖြစ် တည်တာလေ။ ဆိုတဲ့ အခါ ကျတော့အစ်မရဲ့ ပရိ သတ်တွေရှိလို့အစ်မ အခွေလုပ်ဖြစ်တယ်။ အစ်မအခွေကိုအကောင်း ဆုံးဖန်တီးပေးတဲ့ ဆရာ တွေ တစ်ယောက် ချင်းစီ၊ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင် ပါ တယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*