မြတ်စွာဘုရားကို ထာဝရ ကိုင်းရှိုင်းပါ၏၊ရိုသေလေးစားပါ၏ အဆိုတော် ပိုးမီ

မြတ်စွာဘုရားကို ထာဝရ ကိုင်းရှိုင်းပါ၏၊ရိုသေလေးစားပါ၏ အဆိုတော် ပိုးမီ
December 27, 2017 AsianFame MediaGroup
မြတ်စွာဘုရားကို ထာဝရ ကိုင်းရှိုင်းပါ၏၊ရိုသေလေးစားပါ၏ အဆိုတော် ပိုးမီ

အဆိုတော်ပိုးမီရဲ့ ဘာသာရေး လှုပ်ရှားဆောင်ရွက်မှု များနဲ့ ပတ်သက်ပြီး မေးမြန်း ဖြစ်ခဲ့ ရာ ‘ညီမက ဘာသာရေးလုပ်တဲ့ နေရာမှာ အားနည်းတယ်လို့ ပြောရမယ်’လို့ ကြိုတင်စကားခံ ထားလေတော့ ”ပိုးမီ.. . မနက်၊ည ပုံမှန်ဘုရားရှိခိုးဖြစ်လား” လို့ ထပ်ပြီး အမေးစကား ဆိုလိုက်တဲ့ အခါ…

”ဒါကတော့ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်ရဲ့ နေ့စဉ် ဆောင်ရွက်ရ မယ့် အလုပ်တွေဖြစ်တဲ့ အတွက် ညီမအမြဲတမ်း လုပ်ဖြစ်ပါတယ်လို့ သူမကဆိုပါတယ်။ အခုခေတ်မှာက ဘာသာရေးနဲ့ ပတ်သက်လို့ တခြား ဆောင်ရွက်တာ တွေကို ခဏထား လိုက်ဦး။ နေ့စဉ် ဘုရားရှိခိုးရ ကောင်းမှန်းတောင် မသိတဲ့ သူတွေ တော်တော်များပြား နေပါပြီ။ ပိုးမီတို့လို အနုပညာရှင် တွေက ရှေ့ကနေဦး ဆောင်ဦးရွက်ပြနေရင် သူမတို့ အပေါ် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေက လည်း လိုက်လံ ဆောင် ရွက်ကောင်းပါရဲ့ ဆိုတဲ့ အ တွေးနဲ့ ဒီတစ်ပတ် အနုပညာရှင်တို့ရဲ့ ဘာသာ ရေးကဏ္ဍမှာ Myanmar Idol အဆိုတော် ပိုးမီကိုမေးမြန်း ဖြစ်ခဲ့ ပါတယ်။

မနက်မိုးလင်းတိုင်း သရဏဂုံ ဆောက်တည်ဖြစ်တယ်

ဘာသာရေးဆိုတာနဲ့ မနက်မိုး လင်းလို့မျက်စိ ၂လုံးပွင့်ပြီဆိုတာနဲ့ ပိုးမီက သရဏဂုံတင်ဖြစ်တယ်။ မြတ်စွာဘုရားကို ထာဝရကိုင်းရှိုင်း ပါ၏၊ ရိုသေလေးစားပါ၏၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုပြီးတော့ သရဏဂုံ ဆောက်တည်တယ်။ ပြီး ရင်ငါးပါးသီလယူဖြစ်တယ်။ နောက် ပြီး တစ်နေကုန် အလုပ်တွေရှုပ်တဲ့ အခါကျတော့မယူဖြစ်ဘူး။ ညဘက် အိပ်ရာဝင် ဖြစ်ရင်တော့ အရဟံ အစချီလို့ ဂုဏ်တော်တွေ ပွား များ ဖြစ်တယ်။ ဒီလောက်ပါပဲ။ အများကြီး အဓိဌာန် ပြီးတော့တော့ မလုပ်ဖြစ် ဘူး။ ကိုယ်ကအမြဲတမ်း ခရီးသွားနေ ရတဲ့ သူဆိုတော့အဓိဌာန်ပျက်မှာ စိုးလို့လေ။ အဓိဌာန်ဝင်ပြီးတော့ တော့မလုပ်ဖြစ်ပါဘူး။

စိတ်ချမ်းသာအောင် တစ်လတစ်ခေါက်လောက် ဘုရားပုထိုး စေတီ များကိုဖူးမြော်တယ်

ပိုးမီ ဟိုးအရင် ရန်ကုန်မှာ စီး ပွားရေးတက္ကသိုလ် လာတက်တော့ တစ်ခါတလေ စိတ်ညစ်တဲ့ အခါတွေ မှာ ရွှေတိဂုံဘုရားပေါ်ကိုပဲ အ ရောက်လာဖြစ်တယ်။ ဘုရားရှိခိုး တယ်။ တံမြက်စည်း လှည်းတယ်။ ပြီးရင် လာတဲ့သူတွေ ငေးရင်ငေးနေ တယ်။ အဓိကပြောချင်တာက ဘုရား ပုထိုး စေတီတွေကို လာရောက် ဖူး မြော်တဲ့အခါ စိတ်ထဲမှာ အေးချမ်းတဲ့ ခံစားချက်ကို ခံစားရတယ်။ ဘာပဲ ပြောပြော ပရိသတ်ကြီးလည်း အမြဲ တမ်းဘုရားမသွားဖြစ်ရင်တောင် တစ်ပတ်ကိုတစ်ခေါက်လောက်၊ တစ်လကို တစ်ခေါက်လောက်ရောက် အောင်သွားသင့်တယ်။

အခွင့်ကြုံတိုင်းလိုလို အလှူအတန်း လုပ်ဖြစ်တယ်

ကြိုတင် စီစဉ်ထားတာမျိုးတော့ မရှိပါဘူး။ တစ်လကို တစ်ခုလည်းဖြစ် ချင်ဖြစ်မယ်။ ၂ခုလည်းဖြစ်ချင်ဖြစ် မယ်။ ပရဟိတနဲ့ ပတ်သက်တဲ့ အလှူ လေးတွေတော့ လုပ်ဖို့အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အဲဒီလိုလှူနေရရင် ပျော်နေ တာကိုး။ အကြီးကြီး မဟုတ်ရင်တောင် မှ လမ်းမှာကြုံလို့ကြုံတိုင်းတွေ့တဲ့ သူကို လှူဖြစ်တာမျိုးတွေလည်းများ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*