အနုပညာရှင်တို့ပြောတဲ့ ခရစ္စမတ် ခံစားမှုအကြောင်း

အနုပညာရှင်တို့ပြောတဲ့ ခရစ္စမတ် ခံစားမှုအကြောင်း
December 26, 2017 Leanne Win
အနုပညာရှင်တို့ပြောတဲ့ ခရစ္စမတ် ခံစားမှုအကြောင်း

ဒီဇင်ဘာလက နှင်းမြူငွေ့သမ်း ကမ္ဘာမြေစိုစွတ်ကာ ငြိမ်းအေးချမ်းလှသလို ခရစ်ယာန် ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ္စမတ်နေ့ကလည်း လူသားတွေကို ငြိမ်းချမ်းမှုနဲ့ အတူ ချစ်ခြင်းမေတ္တာတွေကို ဆောင်ကြဉ်း ပေးလာမှာပါ။ ခရစ္စမတ်နေ့နဲ့ပတ်သက်လို့ ခရစ် ယာန်ဘာသာဝင် အနုပညာရှင်တွေရော ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ အနုပညာရှင်တွေ ကပါ သူတို့ဘယ်လိုဖြတ်သန်းကြသလဲ၊ သူတို့အမြင်တွေကဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်း တွေနဲ့အတူ ခရစ္စမတ်ကာလခံစားမှုတွေ အကြောင်း မေးမြန်းထားခြင်းဖြစ်ပါတယ်။

နိုင်ဇော်(Lazy Club)

ကျွန်တော်က ဗုဒ္ဓဘာသာပါ။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော်နဲ့ လက်တွဲကြတဲ့  Musician တွေ တော်တော် များများက ခရစ်ယာန် တွေ များပါတယ်။ သူတို့ ဘုရားသခင် မွေးနေ့ဖြစ်တဲ့အတွက်၊ သူတို့ ခရစ္စ မတ်ပွဲတွေ၊ Caral Singing တွေ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆို ရင် လိုက်တောင် တီးဖူးပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ ဘာသာ စွဲမရှိပါဘူး။ အဲဒီ အတွက်ကြောင့် ခရစ်ယာန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ လည်း ကျွန်တော်တို့ တတ်နိုင် သလောက် ကူညီပေးတယ်။ ဘုရား သီချင်းတွေလည်း ကျွန်တော်တို့ ဆို ပေးတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကကူညီပါတယ်။

အောင်ထက်

ငယ်ငယ်တုန်းကတော့ ခရစ် ယာန် သူငယ်ချင်း မရှိဘူးပေါ့နော်။ ကျွန်တော်တို့ နေခဲ့တာက ရွာဘက် မှာဆိုတော့လေ။ ရန်ကုန်ရောက် လာပြီး ဆယ်ကျော်သက်မှာတော့ရှိ တယ်။ ခရစ္စမတ် ဖြတ်သန်းမှုက တော့ ဘယ်လူမျိုးနဲ့မဆို ကျွန်တော်တို့ သီချင်းတွေ အတူတူဆိုကြတာပေါ့ နော်။ ဆယ်ကျော်သက်မှာ ကျွန်တော် က အလုပ်လုပ်နေရတဲ့ အချိန်ဆို တော့ နယ်ပေါင်းစုံက လာတဲ့ လူ ပေါင်းစုံနဲ့ တွေ့တယ်။ ရပ်ကွက်ထဲမှာ လည်း ဆယ်ကျော်သက်ကတည်းက ဂစ်တာတီးပြီး သီချင်းဆိုနေတော့ အပေါင်းအသင်း ဆံ့တယ်။ ရပ်ကွက် ထဲမှာ ဂစ်တာတီးတတ်ရင် နေရာရ တာပေါ့နော်(ရယ်လျက်)။ ခရစ္စမတ် နေ့ဆို စက်ရုံ၊ အလုပ်ရုံတွေက ပိတ် တာဆိုတော့ ဒီလိုပဲ ပျော်ပျော်ပါးပါး စားကြသောက်ကြ၊ ဂစ်တာလိုက်တီး ကြနဲ့ ဖြတ်သန်းပါတယ်။နေ့ဆို စက်ရုံ၊ အလုပ်ရုံတွေက ပိတ် တာဆိုတော့ ဒီလိုပဲ ပျော်ပျော်ပါးပါး စားကြသောက်ကြ၊ ဂစ်တာလိုက်တီး ကြနဲ့ ဖြတ်သန်းပါတယ်။

ဝေလ

ပျော်စရာ ကောင်းပါတယ်။ ကျွန်တော့် သူငယ်ချင်း ခရစ်ယာန် တွေ ဆိုရင်လည်း ဃမေသှူငညါငညါ တွေ ဆိုကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေကြ တယ်ပေါ့။ ဒီဇင်ဘာလဆိုတော့ အေးလည်း အေးတာကိုး။ နေလို့ ထိုင်လို့လည်း ကောင်းတယ်လေ။ချမ်းချမ်း  အစ်မတို့ ခရစ်ယာန်တွေက တော့ ခရစ္စမတ်နေ့ဟာ အထွတ် အမြတ်ထားရာ နေ့ထူးနေ့မြတ်လေး ပါ။ ဘုရားသခင်ကို မွေးဖွားတဲ့ နေ့ဖြစ်တယ်။ ကယ်တင်ရှင် ပေါ်လာ တဲ့နေ့ပါ။ အစ်မတို့ အတွက်ကတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ တစ် ကမ္ဘာလုံးမှာလည်း  အထိမ်းအမှတ်ပွဲ တွေကျင်းပကြတယ်။ ဘုရားသခင်ကို  အထိမ်းအမှတ်ပွဲတွေ လုပ်ပေးကြ တော့ ဘုရားသခင်ရဲ့ မေတ္တာတွေ တစ်ကမ္ဘာလုံးပေါ် ကျရောက်ပါစေလို့ အစ်မက ဆုမွန်ကောင်း တောင်းပေး ပါတယ်။အိုင်းရင်းဇင်မာမြင့် အဓိကကတော့ ခရစ္စမတ်ကို ငယ်ငယ်ကတည်းက ဖြတ်သန်းလာ တဲ့ အချိန်မျိုးမှာ ပျော်တယ်ဆိုတဲ့ စိတ်က အဓိကပေါ့နော်။ အရင်တုန်း ကဆိုရင် အခုလို အလုပ်တွေ ဘာ တွေလည်း မရှိဘူးပေါ့နော်။ ကလေး တစ်ယောက်အနေနဲ့ ဘုရားကျောင်း သွားမယ်။ ဘုရားကျောင်းက ပြန် လာရင် မုန့်သွားစားမယ်။ အဲဒီလိုမျိုး အစီအစဉ် ပရိုဂရမ်လေးတွေ ရှိခဲ့ တယ်ဆိုတော့ အခုချိန်မှာ နည်းနည်း ပြောင်းလဲ သွားတာပေါ့နော်။ အခု ချိန်မှာတော့ အလုပ်လေးတွေ များ လာတယ်။ မိသားစုဆုံဖို့ ခက်ခဲလာ တယ်။ ခရစ္စမတ်ဆို အရင်တုန်းက လောက်ပျော်ရွှင်မှုက မရှိတော့ဘူး ပေါ့နော်။

ထားထက်ထက်

ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ် ရောက်တဲ့အခါ ရောင်စုံ မီးထွန်းပွဲလေးတွေ လုပ်ကြတာ၊ သူ ငယ်ချင်း အချင်းချင်း လက်ဆောင် လေးတွေပေးကြတာ၊ နြမမပ ဃ့မင-ျအျာေ ဆိုပြီး ဆုတောင်းစကား လေးတွေ ပြောဖြစ်ကြတာ ပျော်စရာ လေးတစ်ခုပါပဲ။ ခရစ်ယာန် သူငယ် ချင်းတွေနဲ့လည်း သူတို့အတွက် ဆုတောင်း စကားလေးတွေ ပြော ပေးဖြစ်တယ်။ ပြီးတော့ထားထက် အလှူသွား လုပ်ဖြစ်တဲ့ မြောက်ဒဂုံက ရီမာမိဘမဲ့ ကျောင်းမှာဆို ခရစ် ယာန်တွေပဲဆိုတော့ အဲ့ဒီကို ရောက် ဖြစ်ရင် သူတို့က ထားထက်အတွက် ဆုတောင်းပေးကြပြီး သီချင်းတွေ ဆိုပြကြ၊ ပျော်စရာဂိမ်းလေးတွေ ဆော့ကစားဖြစ်ကြပါတယ်။

Lဘောက်နူး
ဒီနှစ် ခရစ္စမတ်ကတော့ နယ် မှာ ပဲရှိမယ်။ မြစ်ကြီးနားမှာပေါ့နော်။အဲဒီမှာ ဘုရားကျောင်းသွားမယ်။ ညကျ သီချင်းတွေဆိုမယ်။ ဒီလောက် ပဲ လုပ်ဖြစ်မယ်ထင်တယ်။ခရစ္စမတ် ကတော့ အဓိက ဒီလောကသား တွေ အတွက် ဘုရားကမွေးဖွား လာပေးတယ်။ ခရစ္စမတ်မှာ အေးချမ်း ခြင်း၊ နွေးထွေးခြင်း ရရှိဖို့အတွက် ရည် ရွယ်ပြီး ဆုတောင်း ကြတယ် ပေါ့နော်။

အားလုံးပဲ ခရစ္စမတ်မှာ ပျော်ရွှင် ကြပါစေ။အားလုံးပဲ ခရစ္စမတ်မှာ ပျော်ရွှင် ကြပါစေ။အိန်ဂျယ်လမုန် ညီမတို့ရဲ့ ဘုရားသခင်ကို မွေးဖွားတဲ့ လဖြစ်တယ်။ အဲဒီတော့ ဘုရား သခင်ကို ကြိုဆိုကြမယ်။သူ မွေးဖွား လာတဲ့အတွက် အားလုံးက ပျော်ရွှင်ကြတယ်ပေါ့နော်။ဘုရား ကိုချီးမွမ်းတော်သီချင်းတွေကို အား လုံးကသီဆိုကြတယ်။ဘုရားကျောင်း ထဲမှာ အကုန်လုံးက ဆုတွေတောင်း ကြတယ်။ ဝတ်ပြုကြတယ်ပေါ့နော်။အဲဒီလိုတွေ လုပ်ကြတယ်။ ခရစ္စ မတ်မှာ ပရိသတ်အားလုံး ပျော်ရွှင် ကြပါစေ။ နှစ်သစ် နှစ်သစ်တိုင်းမှာ ခွန်းအားတွေအပြည့်နဲ့ လျှောက်လှမ်း နိုင်ပါစေ။ လိုအင်ဆန္ဒတွေ ပြည့်ဝ ကြပါစေလို့ ဆုတောင်းပေးပါတယ်။မေနန္ဒာကျော် ခရစ္စမတ်ကတော့ အိမ်မှာပဲ မိသားစုတွေနဲ့ နေဖြစ်ပါ့မယ်။ ခရစ္စမတ်နေ့က ခရစ်ယာန်ဘာသာ ဝင်တွေရဲ့ တကယ့်နေ့ထူးနေ့မြတ်အချိန်အခါဖြစ်တယ်။သူတို့တွေ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြ၊ သီချင်းတွေ ဆိုကြတာကလည်း ပျော်ရွှင်စရာ တစ်ခုပါပဲ။ သူတို့တွေ အမြဲစိတ်ချမ်း သာ၊ ကိုယ်ကျန်းမာနဲ့ အမြဲရှိပါစေ။လိုအင်ဆန္ဒတွေလည်း အမြဲပြည့်ဝ ပါစေလို့ ညီမ ဆုတောင်းပေးပါတယ်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*