အလုပ်ကို အကောင်းဆုံး ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားနေတယ်လို့ ခံယူထားသူ အေးမြတ်သူ

အလုပ်ကို အကောင်းဆုံး ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားနေတယ်လို့ ခံယူထားသူ အေးမြတ်သူ
December 26, 2017 Leanne Win
အလုပ်ကို အကောင်းဆုံး ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားနေတယ်လို့ ခံယူထားသူ အေးမြတ်သူ

သရုပ်ဆောင် အေးမြတ်သူက ‘တန်ဖိုး’ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးဖို့ အကောင်းဆုံး ကြိုးစားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒီလို ကြိုးစားခြင်း ဖြစ်ကြောင်းကို လည်း အခုလို ပြောပြခဲ့ပါတယ်။သရုပ်ဆောင် အေးမြတ်သူက ‘တန်ဖိုး’ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးဖို့ အကောင်းဆုံး ကြိုးစားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒီလို ကြိုးစားခြင်း ဖြစ်ကြောင်းကို လည်း အခုလို ပြောပြခဲ့ပါတယ်။ “ဒီဇာတ်ကားလေးကို ဒါရိုက် တာရဲ့ ကမ်းလှမ်းမှု ကြောင့် အေးမြတ် သူ ‘တန်ဖိုး’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ခွင့်ရတယ်။ ဒါရိုက်တာရဲ့ စိတ် ကူးကို အကောင်းဆုံး ဖြစ်အောင် ပုံဖော်ဖန် တီးပါမယ်။

ဒါရိုက်တာရဲ့ ယုံကြည်မှုတွေ မဆုံးရှုံးအောင် ကြိုးစားမယ်။ အေးမြတ်သူ ခံယူထားတာ တစ်ခုရှိတယ်။ အလုပ်ကို အကောင်းဆုံး ကြိုးစားနေတယ်လို့ ခံယူထားလို့ပါ။ ဇာတ်လမ်းတွဲအနေနဲ့ ‘မနေ့က ဖြစ်သည်’ မှာ ပါဝင် ရိုက်ကူးနေပါတယ်။ ပြီးတော့ ဇာတ်လမ်းတွဲမှာ ခက်ခက်ခိုင် နေရာကနေ ရဲကာရိုက်တာလေးနဲ့ ပရိသတ်က လိုက်တယ် ပြောလို့ ပြန်ပါဝင်ခွင့် ရတယ်။ ရဲယူနီဖောင်း နဲ့ လိုက်တယ်ဆိုလို့ လည်း တအား ဝမ်းသာတယ်။ ကိုယ့်ကိုပေးတဲ့ ကာရိုက်တာနဲ့ လိုက်ဖက်တယ် ပြော လို့လည်း ပိုကြိုးစားတယ်။ ရဲယူနီဖောင်းနဲ့ ရိုက်ကူးရတာ အခက်အခဲတွေတော့ ရှိတယ်။ ယူနီဖောင်း ဝတ်တဲ့အချိန်မှာသာ ကျော့မော့ပြီးလှနေတာ တကယ့် တကယ် တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ တော် တော်လေးကို ပင်ပန်းပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင် အချိန်နည်းပါးတဲ့ အလုပ်မှာ လုပ်နေရတယ်လို့ ခံစားရတယ်”လို့ အေးမြတ်သူက ပြောပြခဲ့ပါတယ်။New Year ကို အလုပ်နဲ့ပဲ ဖြတ်သန်းမယ် ဆိုတဲ့ အေးမြတ်သူက New Year အပေါ် စိတ်ခံယူချက် ကိုလည်း …

“အေးမြတ်သူက New Year ကို အထွေအထူးကြီး ဖြတ်သန်းတာ မျိုးမရှိပါဘူး။ မော်ဒယ်ဘဝတုန်းက ဆိုရင်ရှိုးပွဲတွေ လျှောက်ရင်း ဖြတ်သန်းတာ များပါတယ်။ ဒီနှစ်မှာလည်း အလုပ်တွေနဲ့ပဲ ဖြတ်သန်းဖို့ရှိတယ်။  အေးမြတ် သူက မြန်မာနှစ်သစ်ကိုပဲ ပိုပြီးတော့ သဘောကျတယ်။ New Year ကလည်း အကုန်လုံး ဆင်နွှဲနေကြတယ် ဆိုတော့ ပျော်မိတာလည်း ရှိတယ်” လို့ ဆိုပါ တယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*