တစ်ကိုယ်တော် စီးရီးခွေ ၆ လပြည့် အထိမ်းအမှတ် အဖြစ် ပရိသတ်တွေနဲ့ အလှူ လုပ်ခဲ့တဲ့ အဆိုတော် Y.zet

တစ်ကိုယ်တော် စီးရီးခွေ ၆ လပြည့် အထိမ်းအမှတ် အဖြစ် ပရိသတ်တွေနဲ့ အလှူ လုပ်ခဲ့တဲ့ အဆိုတော် Y.zet
December 26, 2017 AsianFame MediaGroup
တစ်ကိုယ်တော် စီးရီးခွေ ၆ လပြည့် အထိမ်းအမှတ် အဖြစ် ပရိသတ်တွေနဲ့ အလှူ လုပ်ခဲ့တဲ့ အဆိုတော် Y.zet

‘ဇ’ စီးရီးခွေ ၆ လပြည့်သွားတဲ့အချိန်မှာ ဟစ်ဟော့ပ်အဆိုတော် Y.zet က အလှူတစ်ခု လုပ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒဖြစ်ပေါ်လာတဲ့အတွက် ပရိသတ်တွေနဲ့ တိုင်ပင်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့က အရှေ့ ဒဂုံက သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်မှာ နေ့လယ်စာ အလှူဒါနပြုလုပ်ခဲ့ ပါတယ်။ ”အဓိကကတော့ ကျွန်တော့် စီးရီးခွေ ၆ လပြည့်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော် အလှူလေးတစ်ခု လုပ်ရင်ကောင်းမလားဆိုပြီးတော့ ကျွန်တော့်Fan Group က ညီလေး၊ ညီမလေး တွေနဲ့ တိုင်ပင်တယ်။ ညီလေးတွေ၊ ညီမလေးတွေကလည်း တွေ့ချင်တယ်ဆိုတော့ ကိုကြီး အလှူလေး လုပ်ပါလား။ ဒီလို ဒီလို တွေရှိတယ်ဆိုပြီးတော့ပြောတယ်။ လုပ်မယ်ဆိုတော့ သဗ္ဗဇေယျဆေးတိုက် ကလည်း ပြောတယ်။ အဲဒီလို ၃ ခုဆုံပြီးတော့ အလှူလေးလုပ်ဖြစ်သွားတာပါ” လို့ Y.zet ကပြောပါတယ်။

တစ်ကိုယ်တော်စီးရီးခွေ ၆ လပြည့်သွားခဲ့ပြီဆိုတော့ အခွေထွက်ရှိခဲ့တုန်းက ပရိသတ်တွေက ဘယ်လို မျိုးတွေ တွန်းအားပေးခဲ့လဲလို့မေးတော့…..

”ကျွန်တော်တို့က Underground ကတက်လာတာဆို တော့ တွန်းအားပုံစံတွေက မတူဘူးဗျ။ ကျွန်တော်စီးရီးခွေ ထွက်မယ်ဆိုပြီးတော့ အွန်လိုင်းပေါ်က Friend Only လေးနဲ့တင်တုန်းက ကျွန်တော့်ကို ဘယ်တုန်းကမှ Comment ဝင် မရေးတဲ့ ယောက်ျားလေးတွေ အဲဒီတော့မှ ထွက်လာ တယ်။Underground တုန်းကY.zet ကို လိုချင်တယ်တို့၊ My Mix tape က Y.zet ကိုလိုချင်တယ်တို့ ပြောကြတယ်။ အဲဒီတော့ ကျွန်တော် သူတို့ကို ပြန်ရှင်းပြတယ်။ ကျွန်တော် မငယ်တော့ဘူး။ ငယ်ငယ်တုန်းကလို သတ္တိမျိုး၊ ငယ်ငယ်တုန်းကလို မာန်မျိုး ကျွန်တော့်မှာ မရှိတော့ဘူး။ ဒါပေမဲ့ သင်းကွဲတိမ်လို မျိုး ကျွန်တော့်ဘဝကို အမှန်အတိုင်းပြောပြတဲ့ သီချင်းလိုမျိုးထုတ်ချင်လာတယ်။ ဒါက Underground ထဲက အားပေးတဲ့ ယောက်ျားလေးတွေရဲ့ Pressure ပေါ့။ မိန်းကလေးတွေအတွက်ကကျတော့ ကျွန်တော့်အခွေထဲမှာ ဆိုရင် မိန်းကလေးနားထောင်ဖို့ အပုဒ်က တော်တော်နည်းတာပေါ့နော်။ ကောက်တေးတို့၊ မျက်လှည့်တို့လောက်ပဲ ပါတာပေါ့နော်။ တအားနည်းတယ်ဆိုပြီးတော့ ပြောကြတယ်။ ပထမဆုံးအခွေဖြစ်တဲ့အတွက် ကျွန်တော်လုပ်ချင်တာလေးတွေလုပ်မယ်။ နောက်အခွေတွေကျရင် အားလုံးကို မျှပြီးလုပ်ပေးပါ့မယ်ဆိုပြီးတော့ရှင်းပြရမယ်။ အဲဒီလို Pressure လေးတွေတော့ ရှိပါတယ်” လို့ Y.zet က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*