Facebook Cele နဲ့ လူငယ်တို့အမြင်

Facebook Cele နဲ့ လူငယ်တို့အမြင်
December 19, 2017 Asian Fame
Facebook Cele နဲ့ လူငယ်တို့အမြင်

Facebook ရေစီးကြောင်းအရွေ့မှာ လူငယ်တွေ ဘယ်လိုမျောပါ စီးမျောနေကြလဲ၊ Facebook ဆယ်လီတွေကို လူငယ်တွေ ဘယ်လိုမြင်နေကြလဲ၊ လူငယ်နဲ့ င်္Facebook ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီတစ်ပတ်အတွက် မေးမြန်းဖော်ပြလိုက်ရပါတယ်။

စုမို့မို့နိုင်​(ဒုတိယနှစ်၊ ပဲခူးတက္ကသိုလ်)
Facebook ​ပေါ်က cele​ တွေက ချောတယ်​ လှတယ်​ ချစ်ဖို့​ကောင်းကြတယ်။ သမီး​ Account ထဲမှာ​တော့ celeနှစ်ယောက်​တော့ရှိတယ်။ ​ဒါပေမဲ့ အပြင်မှာ မမြင်ဖူးသလို သမီး ကြိုက်တဲ့ celeဆိုတာ​တော့မရှိ​သေးပါဘူး။ Facebookစသုံးတာက​တော့ ၂ဝ၁၆ ခုနှစ်​လောက်​က စသုံးဖြစ်တာ ပါ။ လူတိုင်းက​တော့​အောင်​မြင်​ချင်​ကြတယ်​ထင်တာပဲ။ အထူးသဖြင့်​ Facebook မှာ Cele ဖြစ်​ချင်ကြတာ ပဲ။ Facebook​ပေါ်က ကိုယ့်​အတွက်​အကျိုးရှိ​စေမယ့်​အ​ကြောင်းအရာမှန်​ သမျှ အကုန်​စိတ်​ဝင်​စားတယ်​။ Facebook သုံးရတာ သမီးအတွက် တော့ အကျိုးရှိပါတယ်။

ဂျူးဂျူးသာ ( ဒုတိယနှစ် ရုက္ခဗေဒ )
Cele ဆိုတာကတော့ Facebook သုံးတဲ့သူတိုင်းဖြစ်ချင်ကြတယ် ထင် တယ်ရှင့်။ ဘာလို့လဲဆိုတော့ လူအ များ ဂရုစိုက်တာခံရတယ်လေ။ တချို့ ကျတော့လည်း မဟုတ်တဲ့နည်းလမ်း တွေနဲ့ Celeဖြစ်အောင် ကြိုးစား ကြတာတွေ့ဖူးတယ်။ အဲဒီလိုနည်းမျိုး နဲ့တော့ Cele မဖြစ်ချင်ပါဘူး။ကိုယ့် ရဲ့ ထူးခြားချက်၊ ဒါမှမဟုတ် ကောင်း သောကျောစောခြင်းနဲ့ပဲ celeဖြစ်ချင် ပါတယ်။ ဖြစ်သင့်ပါတယ်လို့ ထင်ပါ တယ်။ ဖေ့စ်ဘုတ်ခ်ကိုစသုံးဖြစ်တာ ကတော့ ၂ဝ၁၄ ခုနှစ်တည်းကပါ။ စသုံးခါစကတော့ Ever onlineပါပဲ။ နောက်တော့လည်း ကျောင်းတစ်ဖက် နဲ့ဆိုတော့ မအားတော့တာနဲ့ သိပ်မ သုံးဖြစ်တော့ပါဘူး။်Facebook သုံး ရတာ အကျိုးရှိပါတယ်။ သတင်းတွေ လဲ အချိန်နဲ့တစ်ပြေးညီသိရတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ လည်း ရှာဖွေလို့ရတာကြောင့်သုံးရ တာတန်ပါတယ်။ ဖေ့စ်ဘုတ်ခ်မှာရတဲ့ Like က ဘဝကြီးမဟုတ်ပါဘူးလို့ အကြံပေးချင်ပါတယ်ရှင့်။

နော်ထားလယ်ဖောဦး ( ဒုတိယနှစ် ဥပဒေ )
ကိုယ်ကတော့ Facebookကို ၂ဝ၁၅ခုနှစ်လောက်က စသုံးဖြစ်တာ ပါ။ celeတွေဘာတွေနဲ့ပတ်သက် ပြီးတော့ သိပ်တော့မသိပါဘူး။ အပြင်မှာလည်း တစ်ခါမှမဆုံဖူးပါ ဘူး။ ကိုယ့်Account ထဲမှာလည်း Cele သူငယ်ချင်းဆိုလို့ နှစ်ယောက် လောက်ပဲရှိမယ်ထင်ပါတယ်။ ကိုယ် ကိုတိုင်တော့ Celeမဖြစ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Cele တွေ ဆိုတာက ဘာပဲလုပ်လုပ် လူပြောခံ နေရတဲ့လူမျိုးတွေလေ။ သူတို့ကို သာ မန်လူတွေထက် ပိုအာရုံစိုက်ခံနေရ တော့ နေရထိုင်ရတာလည်း မလွတ်လပ်တော့ဘူးလို့ ထင်တယ်။ Facebook ကတော့ ထွေထွေထူးထူးအကြောင်း မရှိရင် မသုံးဖြစ်ပါဘူး။ ကိုယ့်အတွက် အကျိုးရှိလားဆိုတော့ အကျိုးရှိ အောင်သုံးရင်တော့ ရှိတာပေါ့။

ဖူးသစ်အိ ( ဒုတိယနှစ် ရူပဗေဒ )
ခုခေတ် လူငယ်တော်တော် များ များကတော့ Cele ဖြစ်ချင်ကြတဲ့ သူ ချည်းပါပဲ။ ဒါပေမဲ့ cele ဖြစ်ချင်တာ နဲ့ပဲ ဟိုပြဒီပြလုပ်ဖို့မလိုဘူးလို့တော့ထင်ပါတယ်။ Facebook ပေါ်မှာ ကိုယ်သဘောကျတဲ့ Cele တွေလဲရှိ ပါတယ်။ Facebook စသုံးဖြစ်တာက တော့ ၂ဝ၁၆ ခုနှစ်လောက်ကပါ။ ကိုယ့်သူငယ်ချင်းတွေတင်ထားတဲ့ ပုံမှန်သမျှ like ပေးဖြစ်တယ်ဆိုပေ မယ့်လည်း သူတို့တင်တဲ့ Post တွေ ကို ဖတ်ပြီးတော့မှ ပေးသင့် မပေး သင့်စဉ်းစားပြီးမှ ပေးဖြစ်ပါတယ်။ Comment ကိုတော့ တော်တော်ခင် မှသာ ပေးဖြစ်ပါတယ်။ ကိုယ်တိုင်like ရရင်တော့ ပျော်ပါတယ်။ ကိုယ့်ကို ချစ်လို့၊ ခင်လို့ပေးတယ်လို့ပဲ သတ် မှတ်ထားတယ်။်Facebookကိုနေ့ တိုင်းသုံးဖြစ်ပါတယ်။်Facebook ဆို တာကတော့ အကျိုးရှိရှိသုံးရင်တော့ အကျိုးကျေးဇူးတွေရတာပေါ့။ တစ် နေ့နဲ့ တစ်နေ့ပြောင်းလဲဖြစ်ပေါ်နေ တဲ့အကြောင်းအရာတွေကိုသိရတဲ့ အတွက်လည်း ကိုယ့်အတွက် သုံးရ တာ အကျိုးရှိပါတယ်။

နေမျိုးသူ ( ဒုတိယနှစ် အရှေ့တိုင်း )
တချို့တွေကျတော့လည်း Facebook ပေါ်မှာ သရုပ်ပျက် အဝတ်အစားတွေဝတ်ဆင်ပြီး Cele ဖြစ်နေကြတာများတယ်။အမှန်ဆို မြန်မာလူမျိုး၊ မြန်မာမိန်းကလေး တစ်ယောက်ဖြစ်နေပြီး အဲ့လိုတော့မလုပ်သင့်ဘူးလို့ထင်တယ်။ အဲဒီလို ဝတ်လိုက်ရင် လူကြိုက်များသွားပြီး celeဖြစ်သွားကြပေမယ့်Facebook က cele ဆိုတဲ့နာမည်ပဲရပြီး ကွယ် ရာမှာ သူများကဲ့ရဲ့တာ ခံနေရတာ လေ။ ကိုယ့်အရှက်ကို ကိုယ်ခွဲနေ သလိုပဲ။ သိစေချင်တာကတော့ လုံလုံ ခြုံခြုံဝတ်လည်း cele ဖြစ်နိုင်ပါတယ် လို့။ Cele ဖြစ်ချင်တာနဲ့ပဲ ဟိုပေါ်၊ ဒီပေါ်တွေဝတ်ပြီး မိဘကို အရှက်ရ အောင်တော့ မလုပ်ကြပါနဲ့ပေါ့နော်။ Facebook ကိုတော့ တစ်နေ့ကို အ နည်းဆုံး ငါးနာရီလောက်သုံးဖြစ်တယ်။ စသုံးတာကတော့ ၂ဝ၁၅ ခုနှစ်လောက် က စသုံးဖြစ်တာပါ။ ကိုယ်ကတော့ cele ဖြစ်ချင်တာထက် သူများအမြင် မှာ တင့်တယ်နေဖို့ပဲလိုတာပါ။ သူ များ ကဲ့ရဲ့တာမခံရရင်ပဲတော်ပါပြီ။ အများဆုံးကတော့ အနုပညာသ တင်းတွေပေါ့လေ။

ထက်နိုင်လင်း ( ပထမနှစ် ပထဝီ )
ကိုယ်ကတော့်Facebook မှာ ကိုယ့်ကိုlike ပေးတာတို့၊ comment ပေးတာတို့ကို သိပ်ပြီးတော့ စိတ်မ ဝင်စားပါဘူး။ ကိုယ်သွားတဲ့နေရာ တွေမှာ အမှတ်တရဓာတ်ပုံတွေရိုက် ပြီး Facebook ပေါ်တင်တယ်ဆိုတာ က အကြောင်း အမျိုးမျိုးကြောင့် ကိုယ့် ဖုန်းမှာ ပျက်သွားရင် Facebook ကနေ ပြန် save လို့ရတဲ့အတွက်ပါ ကိုယ့် Account ထဲမှာ celeတွေ လည်း မရှိသလို၊ သူတို့နဲ့လည်း အပြင်မှာ မ တွေ့ဖူးပါဘူး။ စသုံးဖြစ်တာကတော့ ၂ဝ၁၃ ခုနှစ်လောက်ကတည်းကပါ။ Facebook သုံးရတာ ကိုယ့်အတွက် အကျိုးရှိပါတယ်။ ကိုယ်အားပေးတဲ့ အနုပညာရှင်တွေရဲ့ သတင်းတွေကို လဲသိရတဲ့ အပြင်တခြားလတ်တလော update ဖြစ်နေတဲ့ သတင်း တွေကိုပါ သိရတဲ့အတွက် သုံးတတ် ရင်တော့အကျိုးရှိပါတယ်။

မင်းမော်ဦး ( ပထမနှစ် သမိုင်း )
Facebook ကို အားတိုင်းလိုလို သုံးဖြစ်တယ်။ စသုံးတာကတော့ ဆယ်တန်းအောင်ပြီးကတည်းကပဲ။ အတိအကျပြောရမယ်ဆိုရင်၂ဝ၁၅ ခုနှစ်လောက်ကပါ။ Cele တွေကို အားလည်းကျတယ်။ ကိုယ်တိုင်လည်း Cele ဖြစ်ချင်တယ်။ Clele တွေက တော့ အကုန်လုံးနီးပါး likeလုပ်ထား တယ်။ အများစုကတော့သီချင်းတို့၊ အားကစားတို့အပြင် တခြားဗဟုသုတ ရစေမယ့် Page တော်တော်များများ ပါပဲ။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*