ကျောင်းပျော်ကြီးကျွန်တော်(၁၁)

ကျောင်းပျော်ကြီးကျွန်တော်(၁၁)
December 13, 2017 AsianFame MediaGroup
ကျောင်းပျော်ကြီးကျွန်တော်(၁၁)

‘တက္ကသိုလ်မြေခြေချလေမှ’ အစချီ       သော တက္ကသိုလ် နောက်ခံ သီချင်း တစ်ပုဒ်ကို သတိရမိပါသည်။ ရန်ကုန် တက္ကသိုလ် မြေကို ကျွန်တော် စတင် ခြေချခွင့်ရပါပြီ။ ယခုမှ ရန်ကုန် တက္ကသိုလ်ကျောင်းသား စစ်စစ်ဖြစ် ရပါတော့သည်။ ခြေချသောနေ့ကို လည်း မှတ်မိပါသည်။ ၁၉၆ဝ ပြည့်နှစ် ဇွန်လ ၁ ရက်ပါ။ တစ်နည်းဆိုရလျှင်  ၁၉၆ဝ-၆၁ ပညာသင်နှစ် စတင်သော ရက်ပါ။ ထိုစဉ်က တက္ကသိုလ် ပညာ သင်နှစ်ကို  နှစ်စဉ်ဇွန်လ ၁ ရက်နေ့မှာ စတင်မြဲဖြစ်သည်။ ထို့ကြောင့် မှတ်မိ နေခြင်းပါ။ ကျွန်တော် ဥပစာ ဝိဇ္ဇာ(ခ)တန်း ရောက်ပါပြီ။ အင်္ဂလိပ် လို I. A. Part B ဟု ခေါ်ပါသည်။

ကျွန်တော့်အိမ်က တောင်ဥက္က လာပ၊ ၁၃ ရပ်ကွက်မှာရှိသည်။ မနက် တိုင်း အိမ်က ၁ နာရီလောက်စောပြီး ထွက်ရသည်။ ထီးတန်းကောလိပ်တက် တုန်းကလို မြို့ပတ်ရထား မစီးရတော့ ပါ။ ၁၃ ရပ်ကွက်ကိုကျော်ပြီး သစ္စာ လမ်းကိုဖြတ်၊ ၁ဝ ရပ်ကွက်ကို ကျော် ပြီး သစ္စာလမ်းအဆုံးရှိ အမှတ် ၆ ဘတ်စ်ကားဂိတ်ကို ခပ်သွက်သွက် ချီတက်ရသည်။ ကားဂိတ်က စီးရ သည်မို့ နေရာရသည်။ ဂိတ်မှ ကုက္ကိုင်း လမ်းဆုံအထိ ကားခက ၁၅ ပြားဖြစ် သည်။ စပယ်ယာက လက်မှတ်ဖြတ် ပေးသည်။ ကုက္ကိုင်းရောက်တော့ တက္ကသိုလ်ရိပ်သာ လမ်းဘက်ကူးပြီး အမှတ် ၇ ဘတ်စကား ပြောင်းစီးရ သည်။ အင်းလျားလမ်းမှတ်တိုင်အထိ ကားခက ၅ ပြား၊ အင်းလျားလမ်း ကျော်ပြီး ဆင်မလိုက် ကားဂိတ်အထိ ၁ဝ ပြားဖြစ်သည်။ ကျွန်တော်က တက္ကသိုလ် အဓိပတိလမ်းထိပ်က အဝိုင်းလေးမှာဆင်းသည်။ ထိုစဉ်က လမ်းထိပ်တည့်တည့်မှာ အဝိုင်းခပ် သေးသေးတစ်ခုရှိသည်။ အဝိုင်းလေး ဟုခေါ်သည်။ ကမာရွတ်လမ်း ၅ လမ်း ဆုံမှာတော့ အဝိုင်းကြီးရှိသည်။ အဝိုင်းလေးမှာဆင်းပြီး အဓိပတိလမ်း အတိုင်း လျှောက်လှမ်းရသည်။

လမ်းထိပ်လက်ယာဘက် တကသ (တက္ကသိုလ် ကျောင်းသား များ သမဂ္ဂအဆောက်အအုံ) ရှိသည်။ လက်ဝဲဘက် ဝင်းထဲက မန္တလေး၊ တောင်ငူ၊ အမရ၊ ရာမညဆိုသော အဆောင် ၄ ဆောင်မှာ ကျောင်းသား များ နေထိုင်ရသော အဆောင်များ ဖြစ်သည်။ နောက်မှ ဆောက်သည့် အဆောင်များဖြစ်သည်။ (၁၉၆၄ ခု နောက်ပိုင်းမှာမှ စာသင်ခန်းများ၊ ဌာနရုံးခန်းများအဖြစ် ပြောင်းလဲ သွားခြင်းဖြစ်သည်။) လမ်းတစ် လျှောက် ပါမောက္ခနေအိမ်များရှိ သည်။ လက်ယာဘက် ဝင်းထဲမှာရှိ သော သထုံ၊ ပဲခူး၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝဆိုသော အဆောင် ၅ ဆောင် ကလည်း ကျောင်းသားဆောင်များဖြစ် သည်။ Central Halls ဟု ခေါ်သည်။ လက်ဝဲဘက်က အိမ်တွေ နောက် မှာရှိသော ဒဂုံဆောင်နှင့် ရွှေဘို ဆောင်သည်လည်း ကျောင်းသား ဆောင်များ ဖြစ်သည်။ ကိုလိုနီခေတ် က ဒဂုံဆောင်ကို ဝယ်လင်တန်ဟော (Wellentan Hall) ၊ ရွှေဘိုဆောင်ကို ဥတ္တရဆောင်ဟုခေါ်ကြောင်း သိရ သည်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်း နားက သီရိဆောင်က ကျောင်းသူ ဆောင်ဖြစ်သည်။ ကိုလိုနီခေတ်က ဘင်တန်ဘော (Bentan Hall) ဟု ခေါ်ကြောင်း သိရသည်။ အဓိပတိ လမ်းအတိုင်း လျှောက်လာ၍ လက် ယာဘက်က အဆောင်များ၊ အိမ်များ လွန်လျှင် တက္ကသိုလ် စာကြည့်တိုက် ကို တွေ့ရသည်။ ထို့နောက် ဘွဲ့နှင်း သဘင်အဆောက်အအုံ မရောက်မီ လက်ယာဘက်မှာ သိပ္ပံမဟာဌာန၊ လက်ဝဲဘက်မှာ ဝိဇ္ဇာမဟာဌာန အဆောက်အအုံများသို့ရောက်သည်။ ထိုအဆောက်အအုံနှင့် ကပ်လျက်မှာ မာလာဆောင်ရှိသည်။ နောက် ဆောက်သည့် အဆောင်ဖြစ်သည်။ လက်ယာဘက် အင်းဝလမ်းကို ချိုး လိုက်လျှင် အင်းဝဆောင်ရောက် သည်။ ဝင်းအပြင်ထွက်လိုက်တော့ အင်းလျားဆောင်နှင့် နောက်မှ ဆောက်သည့် ရတနာဆောင်သို့ရောက် သည်။ အမျိုးသမီးဆောင်များဖြစ် သည်။ ဘွဲ့နှင်းသဘင် အဆောက်အအုံ နှင့် ဘေးချင်းယှဉ်နေသော ယခု စီးပွားရေး တက္ကသိုလ်ဖြစ်နေသော အဆောက်အအုံကို လူမှုရေး သိပ္ပံ မဟာဌာန အဆောက်အအုံဟုခေါ် သည်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက အဆောက်အအုံ အခင်းအကျင်းများ ကို မြင်ယောင်ကြည့်မိခြင်း ဖြစ်သည်။

ဌာနတွေ စာသင်ခန်းတွေက မဟာဌာန အဆောက်အအုံ ၃ ခုမှာ ရှိသည်။ သစ်ပုပ်ပင်ကြီးရှိသော သိပ္ပံ မဟာဌာန အဆောက်အအုံမှာ သိပံ္ပ ဌာနများအပြင် ဝိဇ္ဇာဌာနများလည်း ရှိသည်။ ဘွဲ့နှင်းသဘင်နှင့် အနီးဆုံး တောင်ပံအလယ်ထပ်မှာ မြန်မာစာ ဌာနနှင့် အင်္ဂလိပ်စာဌာနရှိသည်။ စာကြည့်တိုက်ဘက် တောင်ပံအပေါ် ဆုံးထပ်မှာ အရှေ့တိုင်းရာဇဝင်ဌာန ရှိသည်။ မြန်မာစာဌာနအပေါ်မှာ ဘူမိဗေဒဌာနရှိသည်။ ဝိဇ္ဇာမဟာ ဌာန အဆောက်အအုံမှာတော့ သဘာဝတ္တဗေဒ (ဖီလိုဆိုဖီ) ဌာန၊ ပထဝီဝင်ဌာန၊ ပါဠိဌာန၊ ဥပဒေ ပညာဌာနတို့ ရှိသည်။ သစ်တောသိပ္ပံ မဟာဌာနလည်းရှိသည်။ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနလည်းရှိသည်။ သိပ္ပံမဟာဌာန အဆောက်အအုံမှာ ငွေစာရင်းဌာန၊ ငွေလက်ခံဌာန၊ ကျောင်းဆောင်ဌာန တွေရှိသည်။ လူမှုရေးသိပ္ပံ မဟာဌာန မှာတော့ စီးပွားရေးတက္ကသိုလ်ဖြစ် လာမည့် ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇ ဗေဒဌာန၊ စာရင်းအင်းပညာဌာန တို့ရှိသည်။ ပြီးတော့ စိတ်ပညာဌာန၊ မနုဿဗေဒနှင့် လူမှုရေးပညာဌာန၊ အနောက်တိုင်း ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံဌာနတို့လည်းရှိသည်။ ကျွန်တော် တက္ကသိုလ် ရောက်စက ဌာနများ တည်ရှိပုံကို ပြန်လည်မြင်ယောင် ကြည့်မိခြင်းဖြစ်သည်။

ကျွန်တော်က ဥပစာ ဝိဇ္ဇာ (က)I.A (A) မှာယူခဲ့သော စိတ်ကြိုက် မြန်မာစာ၊ အနောက်တိုင်း ရာဇဝင်၊ တက္ကဗေဒ ဘာသာတွဲကိုပင် ဆက်ပြီး ယူရသည်။ သည်တော့ ကျွန်တော်ယူ သော ဘာသာရပ်ဌာနရှိရာ မဟာဌာန အဆောက်အအုံ ၃ ခုစလုံး ကူးသန်း ပြီး အတန်းတက်ရသည်။ ပင်ရင်း မြန်မာစာ၊ အင်္ဂလိပ်စာနှင့် စိတ်ကြိုက် မြန်မာစာ အတန်းများကို သိပ္ပံမဟာ ဌာန အဆောက်အအုံမှာတက်ရ သည်။ တက္ကဗေဒကို ဝိဇ္ဇာမဟာဌာန အဆောက်အအုံမှာ တက်ရသည်။ အနောက်တိုင်း ရာဇဝင်ကို လူမှုရေး သိပ္ပံ မဟာဌာန အဆောက်အအုံမှာ တက်ရသည်။ ကျောင်းစဖွင့်သည့်နေ့ တွင် ကြော်ငြာသင်ပုန်းတွေမှာ အချိန် ဇယား အသင့်ကပ်ပြီးနေပါပြီ။ ကိုယ် တက်ရမည့် အချိန်နှင့် အခန်းနံပါတ် များကို ကူးယူမှတ်သားပြီး အတန်း စတက်နိုင်ပါပြီ။ ဆရာတွေ ဆရာမ တွေလည်းသင်နေပါပြီ။ ဝိဇ္ဇာ အဆောက်အအုံမှ အခန်းများကို ဗ၊ သိပ္ပံအဆောက်အအုံမှ အခန်းများ ကှို၊ လူမှုရေးသိပ္ပံ အဆောက်အအုံမှ အခန်းများကှို ဟု သင်္ကေတများ တပ်ထားပါသည်။

အတန်းပြောင်းချိန် ၁ဝ မိနစ် အတွင်းမှာ များသောအားဖြင့် အေးအေးဆေးဆေး အတန်းပြောင်း နိုင်သော်လည်း ကျွန်တော့်အဖို့ ‘ သေ ပြေး ရှင်ပြေး’ အတန်းပြောင်းရသည့် အဖြစ်မျိုးရှိပါသည်။ှ အလယ်ထပ် မှာ အနောက်တိုင်း ရာဇဝင်အချိန် တက်ပြီး နောက်တစ်ချိန်က ဗ အပေါ် ဆုံးထပ်မှာ ပင်ရင်းမြန်မာစာတက်ရ သည့် နေ့များတွငှ် အလယ်ထပ်မှ ပြေးဆင်းပြီး ဘွဲ့နှင်းသဘင်ရှေ့က ဖြတ်၊ သစ်ပုပ်ပင်ကိုကျော်ပြီှး ဟိုဘက်အစွန်တတိယ ထပ်ရှိ ပင်ရင်း မြန်မာစာ အတန်းသို့ ၁ဝ မိနစ် အတွင်း အရောက် သေပြေး ရှင်ပြေး ပြေးရသည်ကို မမေ့နိုင်ပါ။ အတန်းထဲ ရောက်တော့ ဟောဟဲလိုက်နေပါပြီ။ မောသော်လည်း ပျော်ပါသည်။

နေ့လယ်စာ စားချိန် ၁ နာရီရ သည်။ ၁၂ နာရီမှ ၁ နာရီအတွင်း ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့ ‘နေ့ကျောင်းသားများ’ မှာ ထမင်းဘူး ယူလာလေ့ မရှိသေးပါ။ အိမ်ကစား လာတာ များသည်။ အိမ်မှာ စော စော ထမင်းစားပြီး ကျောင်းကိုလာ သည်။ နေ့လယ်ကျတော့ မုန့်ဝယ်စား သည်။ အင်းဝဆောင်ရှေ့က စား သောက်ဆိုင်တန်းမှာ စားချင်တာ ဝယ်စားလို့ရသည်။ မုန့်ဟင်းခါးစား ချင်လျှင် အစွန်ဆုံးမှာ ကိုဖိုးချို မုန့်ဟင်းခါးဆိုင်ရှိသည်။ ထမင်း ကြော် စားချင်လျှင် မလှရီ၏ ထမင်း ကြော် ဆိုင်ရှိသည်၊ ဟင်းနှင့် စားနိုင် သည်။ မြန်မာထမင်းဟင်း၊ ခေါက်ဆွဲ ကြော်၊ ဆီချက်ခေါက်ဆွဲ၊ လက်ဖက် ရည် ကော်ဖီ၊ အအေးစသည့် အစား အစာများ ကြိုက်ရာဝယ်စားနိုင်ပါ သည်။ ဝိဇ္ဇာအဆောက်အအုံ နောက် က နောင်အခါ ပန်းချီခန်းဖြစ်လာ သည့် အဆောက်အအုံမှာ ကုလား လက်ဖက်ရည်ဆိုင်ဖြစ်သည်။ လက် ဖက်ရည်၊ စမူဆာ၊ ဂဗတ်ခါနာတို့ ကြိုက်ရာ စားနိုင်သည်။

တစ်ခါတစ်ခါ တကသ အဆောက်အအုံက မြန်မာထမင်းဆိုင် မှာ ထမင်းစားသည်။ အဝစား ၁ ကျပ် ဖြစ်သည်။ တကသ အောက်ဘက်မှာ ဦးကံသိန်း၏ ဆံပင်ညှပ်ဆိုင်ရှိသည်။ ဦးကံသိန်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသားဘဝကတည်းက အမှု ထမ်းခဲ့သူဖြစ်သည်။ စာအုပ်ဆိုင် လည်းရှိသည်။ အပေါ်ထပ်မှာ ဥက္ကဋ္ဌ အခန်းတို့ အစည်းအဝေးခန်းမတို့ရှိ သည်။ စာကြည့်တိုက်လည်း ရှိသည်။ တက္ကသိုလ် စာကြည့်တိုက်မှာ စာအုပ် သွားငှားသည့်အခါငှားသည်။ အထပ် အလိုက် အငှားကတ်များပေးထား သည်။ တစ်ရက်အတွက် တစ်အုပ်ငှား နိုင်သည်။ အတန်းကြီးလာတော့ ကတ် အရေအတွက် များများရသည်။ စာကြည့် တိုက်မှာ အေးအေးဆေးဆေး ထိုင်ပြီး စာဖတ်ချင်လျှင်လည်း စာကြည့်စားပွဲတွေမှာ ထိုင်ဖတ်နိုင် သည်။ ဆရာ ဆရာမများ အတန်း ထဲမှာ ညွှန်လိုက်သော စာအုပ်များကို စာ ကြည့်တိုက်မှာ သွားရှာပြီး တစ်ခါ တည်း မှတ်စုထုတ်ချင်လျှင်လည်း ဖြစ်သည်။ အိမ်ကို ငှားသွား၍လည်း ရသည်။ ထိုစဉ်က တက္ကသိုလ် စာ ကြည့်တိုက် အအောက်အအုံ ဖြူဖြူ ကြီးတစ်ခုသာ ရှိပါသည်။ ယခု ရန်ကုန်တက္ကသိုလ် ဟုခေါ်ပါသည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် မဆောက်ရသေးပါ။

သူငယ်ချင်း တစ်စု အချိန် ရလျှင် သစ်ပုပ်ပင်ကြီး အောက်မှာ စကားစမြည်ပြောကြ၊ စာဆွေးနွေး ကြနှင့် ကြည်နူးစရာ ကောင်းပါသည်။ ဘွဲ့နှင့်သဘင် နောက်ပေါက်ကထွက် ပြီး အင်းလျားကန်စောင်းမှာ ဘူးသီး ကြော် သွားစားသည့် အခါလည်း ရှိသည်။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုမှာ ‘နေ့ကျောင်းသား’ ဆိုသော နာမည်နှင့် လိုက်ဖက်စွာ တက္ကသိုလ် ပရဝဏ်ထဲမှာ တစ်နေကုန် နေကြပါ သည်။ မိုးလင်းသည်နှင့် ကျောင်းသို့ ရောက်နေကြပါပြီ။ အတန်းတွေပြီး လျှင်လည်း တော်တော်နှင့် အိမ်မပြန် သေးပါ။ မန္တလေးဆောင်၊ တောင်ငူ ဆောင်၊ အမရဆောင်၊ ရာမညဆောင် ဆိုသော အဆောင်တွေမှာ အဆောင် ကျောင်းသားအဖြစ်နေထိုင်သော သူငယ်ချင်းများ၏ အခန်းများမှာ စတည်းချကြသည်။ သူငယ်ချင်းတွေ နှင့် စကားစမြည်ပြောကြသည်။ ထိုစဉ်ကS&R (Social and Reading Club) ခေါ် သဟာယနှင့် စာဖတ်အသင်းများ အဆောင်တိုင်း မှာရှိသည်။ ထိုအသင်းများတည်ရာ ဧည့်ခန်းထဲသို့သွားပြီး ရေဒီယို နား ထောင်ကြ၊ သတင်းစာဖတ်ကြ၊ ဇယ် တောက်ကြနှင့် အေးအေးဆေးဆေး နေပြီးမှ အိမ်ပြန်ကြသည်။

ကျောင်းသွားကျောင်းပြန် အိမ် နှင့် အမှတ် ၆ ကားဂိတ်ကြား နေ့စဉ် သွားရလာရ အလုပ်မှာ မိုးတွင်းဆို လျှင် တော်တော် ကသီပါသည်။ ရွှံ့ တွေရေတွေကြားမှာ အပေအကျံ သက်သာအောင်၊ ပုဆိုးစိုရွှဲမနေအောင် ခါးတောင်ကျိုက်ပြီး ထီးကို လုံလုံ ဆောင်း၍ ခပ်ဖြည်းဖြည်း လျှောက်ရ သည်။ အသွားဆိုလျှင် ဘတ်စကား ဂိတ်နားက ရေဘုံဘိုင်တို့ ရေအိုင်တို့ မှာ ခြေဆေးပြီးမှ ဘတ်စကားပေါ် တက်ရသည်။ အပြန်ခရီးကျတော့ အိမ်ရောက်မှခြေဆေးရသည်။

အိမ်ပြန်ရောက်တော့ ရေမိုးချိုး ထမင်းစားသောက်ပြီး လမ်းထိပ်နားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ကျကျ တစ်ခွက်သောက်လေ့ရှိသည်။ လက်ဖက်ရည်က တစ်ခွက် ၂၅ ပြား ပါ။ ပြန်လာပြီး လက်ဖက်ရည်တန်ခိုး ဖြင့် ညဥ့်နက်သည်အထိ စာကြည့် စားပွဲထိုင်သည်။ မနက်စောစော ထပြီးစာကျက်သည့် အလေ့လုံးဝမရှိ ပါ။ ‘ညလူ’ အဖြစ် ညဥ့်နက်သည်အထိ ထိုင်ပြီး၊ အိပ်ရေးဝအောင်အိပ်သည့် အကျင့်ကို စွဲစွဲမြဲမြဲ ကျင့်သုံးပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*