နှစ် ဖက်ကြ ည့်ပါ နှစ်ဖက် မြင် ပေးပါ လို့ ပြောလိုက်တဲ့ သရုပ်ဆောင် နေထူးနိုင်

နှစ် ဖက်ကြ ည့်ပါ နှစ်ဖက် မြင် ပေးပါ လို့ ပြောလိုက်တဲ့ သရုပ်ဆောင် နေထူးနိုင်
December 12, 2017 Leanne Win
နှစ် ဖက်ကြ ည့်ပါ နှစ်ဖက် မြင် ပေးပါ လို့ ပြောလိုက်တဲ့ သရုပ်ဆောင် နေထူးနိုင်

လက်ရှိဗီဒီယိုဈေးကွက်ပျက်နေတဲ့အခြေအနေမှာ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးပြီး ပရိသတ်ကိုတင်ဆက်နေတဲ့ သူ့ရဲ့ရပ်တည်မှုနဲ့ ပတ်သက်ပြီး နေထူးနိုင်က . . .

“ကျွန်တော် ဇာတ်ကားတွေလည်း အများကြီးရိုက် ကူးခဲ့ပြီးပြီ။ ပရိသတ်ကလည်း ကျွန်တော်ကို အများကြီး အားပေးပြီးပါပြီ။ အဲ့ဒီအတွက် ကျွန်တော့်အနေနဲ့ ဒီ အချိန်မှာ ပရိသတ်ကို ပြန်ပြီးပေးဆပ်မယ်။ နောက်လည်း ဇာတ်ကားရိုက်ကူးမှုတွေ ဇာတ်ကားအကောင်းတွေ ရိုက်ကူးသွားမှာပါ။ ဗီဒီယိုဇာတ်ကားကောင်းတွေ ဖြစ်အောင်ကြိုးစားပြီး ရိုက်ကူးသွားမှာပါ”လို့ ပြောပြ ခဲ့ပါတယ်။

သူရဲ့ အနုပညာဖန်တီးမူတွေနဲ့ပတ်သက်လို့ အားပေးတဲ့ပရိသတ်ရှိသလို ဝေဖန်တိုက်ခိုက်မှု တချို့ လည်းရှိနေပါတယ်။ ဝေဖန်တိုက်ခိုက်မူတွေနဲ့ ပတ် သက်ပြီးတော့လည်း “တစ်ယောက်နဲ့ တစ်ယောက်ကတော့ အမြင်ချင်းမတူကြတဲ့အတွက် သဘောထားချင်းလည်း တူကြ မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လူရယ်လို့ ဖြစ်လာပြီဆို ရင် မျက်လုံးနှစ်လုံး နားနှစ်ဖက်ပါတယ်။ နှစ်ဖက်ကြည့်ပါ နှစ် ဖက်မြင်ပေးပါ”လို့ နေထူးနိုင်က ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး သူ့ရဲ့သာယာတဲ့ မိသားစုအကြောင်းနဲ့ သားလေးနှစ်ယောက်ကိုလည်းအနုပညာသမားဖြစ်စေချင်တာရှိလားလို့ မေးမြန်းခဲ့ရာ . . .

“ကျွန်တော်တို့ မိသားစုကတော့ ပရိသတ်တွေ Facebook မှာ တွေ့ကြတဲ့အတိုင်းပါပဲ။ တကယ်ကို အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်နေတော့ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး သူ့ဘက်က ပံ့ပိုးကူညီမှုတွေရှိတယ်။ သူ့အလုပ်နဲ့ပတ်သက်လို့ ကိုယ်ဘက်က ကူညီမှုတွေရှိတယ်။ တစ်ယောက်အလုပ် တစ်ယောက် တော့လုပ်ကြတာပေါ့။ ကလေးနှစ်ယောက်က ငယ်သေးတဲ့အခါကျတော့ ဘာဝါသနာပါလဲဆိုတာ ဆုံးဖြတ်လို့ မရသေပါဘူး။ ကျွန်တော်ကတော့ သူတို့ကို ဘာဖြစ်စေချင်တယ်၊ ဘာဖြစ်ရမယ်လို့ စဉ်းစားထားတာတော့မရှိပါဘူး။ သူတို့ဖြစ်စေချင်တာပဲ လုပ်ပေးသွားဖို့ရှိပါတယ်”လို့ နေထူးနိုင်က ပြောပြခဲ့ပါတယ်။ သူကတော့ နောက်ထပ် ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးသွားမှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*