ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ-(၁၀)

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ-(၁၀)
December 12, 2017 AsianFame MediaGroup
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ-(၁၀)

ရန်ကုန်စီဂျေသည် ကုန်းလမ်း ပို့ ရန်ကုန်စီဂျေသည် ကုန်းလမ်း ပို့ ဆောင်ရေးဝန်ကြီးဌာန လက် အောက်ခံခပ (ခေါ်) ခရီးသည်ပို့ဆောင် ရေးဘတ်စကားများ ခေတ်တွင် လူ ဖြစ်လာခဲ့သည်။ (ခပ)ဘတ် စကားများမှာ ပြည်သူပိုင်ယာဉ်များ ဖြစ်သည်နှင့်အညီ ကာလတိုတို အတွင်း ဗုန်းဗုန်းကျကာ သံရည်ကျို စက်ရုံများသို့ ရောက်သွားကြသည်။ စီဂျေအရွယ်ရောက်သော်… မော် တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ(မထသ)ခေတ်သို့ ရောက်လာသည်။ ”မထသ”ဘတ် စကားအများစုမှာလည်း ယာဉ်အို ယာဉ်ဟောင်းတွေဖြစ်ကြရာ မကြာမီ အနိစ္စသဘောနှင့် ကိစ္စချောကာ သံ ရည်ကျိုစက်ရုံတွေရှေ့မှောက် ဒူး ထောက်ဝပ်စင်းသွားကြရပြန်သည်။

ဟော…အခုအခါ အသစ် အဆန်းပေါ်လာပြန်ပြီ။ YBS အတိုကောက်သုံးနှုန်းသည့် Yangon Bus Service အများပိုင်ကုမ္ပဏီ ကြီးက စီစဉ်ပြေးဆွဲစေသော ဘတ် စကားအသစ်ကြီးများ…။ ကားခ ပိုက်ဆံကောက်ခံသူ စပယ်ယာမပါ။ ကားခကျသင့်ငွေထည့်ရန် ပိုက်ဆံပုံး သာပါသည်။ ဒရိုင်ဘာက ခရီးသည် များအား အသံချဲ့စက်တပ်ဆင်ထား သော မိုက်ကရိုဖုန်းဖြင့်ဆက်သွယ်နှိုး ဆော်သည်။ ခရီးသည်တွေသည် ရှေ့ ပေါက်မှတက်၊ နောက်ပေါက်မှဆင်း။ ဆင်းမည့်မှတ်တိုင်ကို ကြိုတင်၍ လျှပ်စစ်ဘဲ(လ်)နှိပ်ကာ အချက်ပေး။ ကားထဲမှာ အဲကွန်းလည်းပါသေး။

”နိပ်သဟေ့၊ နိပ်သဟ။ ဘတ်စ ကား လောကကြီး အမှန်တကယ် ပြောင်းလဲတိုးတက်လာပြီ”ဆိုသော ဝေဖန်သံများကို စီဂျေကြားရသည်။

စီဂျေက တစ်ခါတစ်ခါမှာ ခေတ်ဟောင်းတုန်းက ဘတ်စကား လောကကို ပြန်ပြောင်းတွေးတော ကြည့်သည်။

”အဲသည်တုန်းက ကားစုတ်ကြီး တွေပေါ်မှာ အပြွတ်ပြွတ် အသိပ်သိပ် တိုးဝှေ့စီးကြရတော့ ပုထုဇဉ်ပီပီ ခရီး သည်တွေဟာ စိတ်တိုစိတ်ဆတ်ဖြစ် ကြရတယ်။ စပယ်ယာကလည်း ပိုက် ဆံရအောင် ခရီးသည်တွေကြားမှာ အတင်းတိုးဝှေ့ပြီး ကားခလိုက်တောင်း ရတယ်။ ဒီတော့ ခရီးသည် အချင်း ချင်းလည်း ခိုက်ရန်ဒေါသဖြစ်တယ်။ ခရီးသည်နှင့်စပယ်ယာလည်း ငြိတဲ့ အခါငြိတယ်။ ဒရိုင်ဘာကလည်း လိုင်းကားအချင်းချင်း သူ့ထက်ငါ ရှေ့ရောက်အောင် အလုအယက် မောင်းရတော့ စိတ်တိုတယ်။ စပယ် ယာက ခရီးသည်များများ မတင်နိုင်လို့ ပိုက်ဆံမရတဲ့အခါ ဒရိုင်ဘာက စပယ်ယာကို ခရီးသည်တွေကြားမှာ မကြားဝံ့မနာသာဆဲတယ်။ အခု တော့… အဲသည် အနိဋ္ဌာရုံတွေ ပပျောက်ကင်းရှင်းသွားပြီ။ အဟော ဝတ ကောင်းလေစွ၊ ကောင်းလေစွ၊ အံမယ်လေးဗျ…

” ဘတ်စကားစီးရင်း ကိုယ့်အ တွေးနှင့်ကိုယ် ကျေနပ်နေစဉ် ဘတ် စကားက ”ဒက်စတော့” ဘရိတ် အုပ်လိုက်သဖြင့် စီဂျေအပါအဝင် ခရီးသည်များ ရှေ့တိုးနောက်ငင် ဖြစ်သွားကြသည်။

ဒရိုင်ဘာသည် သူ့ကားကို ကျော်တက်ပြီး သူ့ကားရှေ့မှာ ပိတ် ရပ်လိုက်သော အမျိုးတူ လိုင်းတူ ဘတ်စကားကြီးကြောင့်Dead-Stop အုပ်လိုက်ရခြင်းဖြစ်ပေ၏။

”ဟေ့ယောင်…ဘာလဲ၊ မင်း က ကျောတာလား”

”မင်းက အရင်ကျောသွားတာ ကွ၊ မင်းကျော်တက်လို့ ငါကကျော် တက်တာ၊ မင်းက ဘာဖြစ်ချင်လို့ လဲ…”

ရန်ကုန်အထာကို ကောင်းစွာသိ နေသောစီဂျေသည် ထိုင်ရာမှထကာ ဘတ်စကားပေါ်မှ ဆင်းခဲ့သည်။ ကြုံရာတက္ကစီနှင့်ပဲ ခရီးဆက်တော့ မည်ဟု ဆုံးဖြတ်လိုက်သည်။

”စိတ်ရှည်သည်းခံ၊ လမ်း ကြောင်းမှန်၊ မောင်းရန်မော်တော် ကား” ဆိုသော သတိပေး စာတန်း တွေ ဘတ်စကားများပေါ်မှာ မရှိကြ တော့သည်က ဘာကြောင့်လဲ။ ငါ လည်း ဒရိုင်ဘာ၊ သူလည်း ဒရိုင်ဘာ။ ပြည်သူလူထုကို ဝန်ဆောင်မှုပေး ရင်း မိသားစုကို လုပ်ကျွေးပြုစု နေ ကြတာချင်း တူကြတဲ့ ဘဝတူဆိုတဲ့ အသိ ဒရိုင်ဘာတွမှာ မရှိတတ်ကြတာ ကော ဘာကြောင့်လဲ….။ အများ ပြည်သူနဲ့ ဆက်ဆံကြရတဲ့ သူတိုင်း စိတ်ရှည်ရမယ်ဆိုတဲ့ အသိ မရှိကြ တာကော ဘာကြောင့်လဲ…။ စီ ဂျေသည် ဟိုငေးသည်ငေးနှင့် တက္ကစီ အလွတ်ကို မျှော်ရင်း တောင်တွေး မြောက်တွေး အတွေးဆန့်နေမိသည်။

”ကြာတယ်ကွာ၊ ဆိုင်ကယ် ကယ်ရီစီးသွားမယ်” ဟု စိတ်ပြောင်း လိုက်ပြီး မော်တော်ဆိုင်ကယ် အငှား ဂိတ်သို့ လာခဲ့သည်။

 ”ဟေ့ယောင်… မင်း ငါ့ကို ကျောသွားတာလား” ”ဘာကျောလို့လဲ …သယ် ရင်း” ” ငါ့ဆိုင်ကယ်ကို စီးနေကျ ငါ့ ဖောက်သည်ကို မင်းအတင်းလု တင် သွားတယ်လေ…။ အဲဒါ ကျော တာပေါ့ကွ…”

”ပါစင်ဂျာက သူငယ်နှပ်စား မဟုတ်ဘူး။ သူစီးချင်တဲ့ ဆိုင်ကယ်ကို စီးမှာပဲ”

ဘုရား… ဘုရား။ မရှိလို့ လုပ်စားနေကြရတဲ့ ကယ်ရီသမား အချင်းချင်း ထိုးကြကြိတ်ကြတော့မယ် မှတ်ပါရဲ့။ ရှောင်မှ၊ ရှားမှ…။

စီဂျေသည် လိမ္မာပါးနပ်စွာဖြင့် ကျွက်ညံကျွက်ညံ ဖြစ်နေသော ကယ်ရီဂိတ်အနီးမှ လစ်ထွက်လာခဲ့ သည်။ ဘတ်စကား စီးတော့လည်း ဘတ်စကားသမား အချင်းချင်း ကျွက်ညံကျွက်ညံ။ မော်တော်ဆိုင် ကယ် စီးမည်ကြံတော့လည်း ကယ်ရီ အချင်းချင်း ကျွက်ညံကျွက်ညံ။ ”တကယ့်ကို ကျွက်ညံကျွက်ညံတဲ့ လောကကြီးပါကလား” ၊ ဆိုက်ကားပဲ စီးတာ ကောင်းပါရဲ့။

စီဂျေသည် ဆိုက်ကားဂိတ်သို့ လျှောက်လာခဲ့ရာ ဂိတ်တွင် ဆိုက် ကားအလွတ်တစ်စီးသာတွေ့ရ၏။ ဆိုက်ကားဆရာက ဂိတ်တဲကလေးထဲ မှာ ”ဖုန်းပွတ်” နေသည်။

” ဗျို့ ဆရာကြီး။ ဘုရားလမ်းကို သွားချင်လို့ ခင်ဗျ…” ဟု စီဂျေက လေးလေးစားစား ကမ်းလှမ်းလိုက် သည်။

”ဘုရားလမ်းလည်း မသွားဘူး။ နိဗ­္ဗာန်လမ်းလည်း မလိုက်ဘူး ငါ့လူ။ ဒီမှာ… အရေးအကြီးဆုံး အလုပ် လုပ်နေတယ်။ မင်း… မမြင်ဘူး လား”

ဆိုက်ကားသမားက သဟောက် သဟ ပြန်ပြောသည်ကို စီဂျေ ကြိတ် မှိတ်၍ သည်းခံလိုက်ရသည်။ မတတ် နိုင်၊ ဘာမျှမတတ်နိုင်။ ဆိုက်ကား သမားမှာလည်း သူလိုက်ချင်ကလိုက်၊ မလိုက်ချင်က ငြင်းဆန်နိုင်သော အခွင့်အရေးရှိသမှုတ်လား။ အင်း လေ… ဒီကနေ့တော့ စိတ်တိုတဲ့ သူတွေ၊ အပျင်းထူတဲ့ လူတွေချည်း တွေ့နေရပါကလား။ နောက်… ဘယ်လို လူစားနဲ့ တိုးဦးမှာပါလိမ့်. ..။

လမ်းလျှောက်လာရင်း ပလက် ဖောင်း ဈေးတန်းကလေး တစ်တန်း ဆီသို့ ရောက်လာစဉ် ကံမကောင်းချင် တော့ လမ်းဘေးဈေးသည် နှစ် ယောက်၏ ရန်ပွဲနှင့် တိုးနေပြန်တော့ ၏။

ရန်ပွဲက မြင်မကောင်း၊ ရှုမ ကောင်း။ သက်လတ်ပိုင်း အရွယ် ဈေးသည်မနှစ်ယောက် အရှက်ကိုမငဲ့ ကွက် နိုင်ကြဘဲ အသည်းအသန် နပန်းလုံးနေကြသည်။ ဝင်ဆွဲမည့်သူ မရှိ။ ဝိုင်းကြည့်နေကြသူတွေသာ ရှိကြသည်။ ဘေးကနေ လက်ခုပ်တီး မပေးရုံတစ်မည်ပါပဲ။

”အမျက်အား ကောင်းလာတဲ့ အခါ အရှက်အား နည်းသွားတတ် တဲ့အကြောင်း ဗီဒီယို အတိုကလေးနဲ့ ပြည်သူလူထုကို ပညာပေးရမယ်..”

စီဂျေက ဖုန်းကင်မရာကို ချိန် ရုံရှိသေး… သူ့ရှေ့မှာ ရဲသားကြီး တစ်ယောက် မားမားကြီးရပ်လာ သည်။

”ဒီမယ်ငါ့ညီ။ ဒီဟာက ဘာ ဆန်းလို့လဲ။ မရိုက်ပါနဲ့။ မဆန်းတဲ့ အပြင် မင်းကလိုင်းပေါ်မှာ တင်လိုက် ရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအနေနဲ့ ရှက်စရာကြီးတောင်ဖြစ်သွားဦး မယ်…

” ရဲသားကြီးက အမိန့်အာဏာသံ မပါဘဲ အမိုက်အမဲ တပည့်တစ် ယောက်ကို ဆုံးမသွန်သင်နေသော ကျောင်းဆရာကြီးတစ်ယောက်၏လေသံဖြင့် ပြောလာသည်။

” ဟုတ်ကဲ့… ကျွန်တော်ပညာ ရပါတယ်။ ပညာအများကြီးရသွား ပါတယ်ခင်ဗျား။ ကျေးဇူးပါ…”

ထို့နောက် စီဂျေသည် မိမိအား  အကြီးအကျယ် ပညာပေးလိုက်သော ရဲသားကြီးအား ဦးညွှတ်အရိုအသေ ပေးလိုက်လေ၏။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*