ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာရှိ သမိုင်းဝင် အောင်ကျော်ဇေယျမြသိန်းတန် ရေဆန်ကျွန်းမြတ်ဘုရားကြီး

ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာရှိ သမိုင်းဝင် အောင်ကျော်ဇေယျမြသိန်းတန် ရေဆန်ကျွန်းမြတ်ဘုရားကြီး
December 5, 2017 Asian Fame
ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာရှိ သမိုင်းဝင် အောင်ကျော်ဇေယျမြသိန်းတန် ရေဆန်ကျွန်းမြတ်ဘုရားကြီး

မြန်မာသက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် ဆင်ဖြူ ရှင်မင်းတရားကြီးသည် သားတော်စဥ့်ကူး မင်းသားအား ထီးနန်း အမွေပေးလိုသည့် အတွက်သားတော်ဗဒုံမြို့စားအား အိမ်နိမ့်စံ စေတော်မူသည်။ အင်းဝထီးနန်းကို စဥ့်ကူး ဘုရင်စိုးစံပြီးမကြာမီဖောင်ကားစား မောင် မောင်ကလုပ်ကြံ၍ ထီးနန်းကို သိမ်းပိုက် လေ၏။ ဗဒုံမင်းသားလည်း စစ်ကိုင်း၌ နေရန် မသင့်ဟု ဆုံးဖြတ်ပြီး ထီးချိုင့်၊ မြတောင်ဘက်သို့ တိမ်းရှောင်နေတော်မူ၏။ မင်းသားနှင့်အတူ သားတော်၊ သမီးတော်၊ ကိုယ်လုပ်တော်များ အပါအဝင် မောင်မြတ်ထင်လည်းပါ၏။ တစ် နေ့သော်မောင်မြတ်ထင်နှင့်အဖွဲ့ မြတောင် အရှေ့တောအတွင်းသို့ သစ်၊ ဝါးခုတ်ရန် ထွက်ခဲ့၏။ တောနယ်အတွင်း လှပဖြောင့်ဖြူးပြီး အနာအဆာမပါသည့် ကျွန်းပင်တစ်ပင်ကို ထူး ခြားစွာတွေ့ခဲ့၏။ အနီးကပ်လေ့လာသော အခါ ရိုးရိုးကျွန်းမဟုတ်ဘဲအလွန်ရှားပါးသော ကျွန်းနက်ဖြစ်မှန်းတွေ့မြင်ရ၏။ တန်ဖိုးကြီး သောကျွန်းနက်မှန်းသိသည့်အတွက် မောင် မြတ်ထင်နှင့်အဖွဲ့မှခုတ်လှဲကြလေ၏။ ထိုအခါ ကျွန်းပင်မှာအဖြတ်မခံဘဲအမြစ်မကျန် ကျွတ် ထွက်ကာအသံမြည်းဟည်းလျက် အရှေ့ဘက် သို့ပျံတက်ထိုးဆင်းသွားလေ၏။ တစ်တောလုံး လည်းပဲ့တင်ထပ်မျှတုန်လှုပ်သွားသည် ဆို လေ၏။ မောင်မြတ်တင်တို့အဖွဲ့လည်း ထိုဖြစ် ရပ်ဆန်းကို ဗဒုံမင်းသားထံ လျှောက် တင်ကြ လေ၏။ ထို့နောက် ဗဒုံမင်းသားဦးစီး လျက် တောနင်းရှာဖွေကြရာ ထီးချိုင့်အနီး ဧရာဝတီ မြစ်အတွင်းတွင် ကျွန်းနက်ပင်ကြီး အား တစ်စုံတစ်ရာ အထိအခိုက်မရှိ ပြန်တွေ့ ကြ ၏။ ကျွန်းနက်ပင်အား ကြိုးများ ကြိမ်များနှင့် တုပ်နှောင်ပြီးနောက် အကိုင်းအခက်များကို ဖြတ်တောက်၏။ ထိုအချိန်တွင်ပင်အသံများ မြည်ဟည်းလှိုင်တံပိုးများထလာပြီး ကျွန်း ပင်ကြီးမှာ မြစ်ညာသို့ ဆန်တက်ပြီး ထူး ဆန်းစွာပျောက်ဆုံးသွားပြန်လေ၏။ ဗဒုံ မင်းသားနှင့်အဖွဲ့လည်း ဒုတိယအကြိမ် ကျွန်း နက်ပင်ကြီး ပျောက်ဆုံးရသဖြင့် မြတောင်သို့ ပြန်ခဲ့ကြလေ၏။ သက္ကရာဇ် ၁၁၄၁ ခုနှစ် ဧရာဝတီမြစ်ရေကျချိန်တွင် ကုန်းကြီးရွာအနီး သောင်စပ်တွင် ကျွန်းတုံးကြီး တစ်တုံးအား လူအများတွေ့မြင်ခဲ့ကြ၏။ လိုချင်၍ ဆွဲယူ သော်လည်း မလှုပ်၊ ရေချိုးအဝတ်လျှော် တက် ကစားပါကလည်း မွေးကြိုင်သော အနံ့ပေး၍ တုံးကိုလှုပ်ခါပြသည့်အတွက် ကြောက်လန့်ပြီး မည်သူမှ မကပ်ရဲကြတော့ဟုဆိုကြ၏။ အောက်အရပ်မှ ကောင်းတုံ-ဗန်းမော်ကုန် ရောင်းတက်လာသောလှေအုပ်တွင် မောင်မြတ် ထင်ပါလာ၏။ ကုန်းကြီးအနီး လှေရပ်နားစခန်း ကျွန်းတုံးအကြောင်းသိခွင့်ရ၏။ မောင် မြတ်ထင်တို့ အဖွဲ့သွားရောက်ကြည့်သောအခါ ပျောက်ဆုံးသွားသည့် ကျွန်းနက်ကြီးဖြစ်မှန်း မောင်မြတ်ထင်သိလေ၏။ ထို့နောက် လှေသူ ကြီးအားအကျိုးအကြောင်းပြောပြီး မောင်မြတ် ထင်သည် ကုန်ကြီးရွာ၌ နေခဲ့၏။ ထို့နောက် ကုန်းကြီးရွာ ဆရာတော်အရှင် သီဟစက္ကထံ အကြောင်းစုံသွားရောက် လျှောက်ထား၏။ ဆရာတော်မှလည်းထိုနေ့ညမတိုင်မီ သောင် စပ်ရှိ သစ်နက်တုံးကြီးပေါ်တွင် ရဟန္တာနှစ်ပါး သီတင်းသုံးနေသည်ဟု အိပ်မက်မြင်မက်၏။ ထို့နောက် ဆရာတော်မှ ဆင်ခြင်သုံးသပ်ပြီး သြဝါဒပေးလေ၏။ ဤကျွန်းနက်ပင်သည် ကောင်းကင်သို့ ပျံတက်သည်ကိုထောက်၍ ဝါယောအကြောင်းနှင့် အာကာသသိဒ္ဓီပြီး၏ ဧရာဝတီမြစ်အတွင်း အထက်အညာသို့ ဆန်တက်ခြင်းကို ထောက်သော်အာပေါ အကြောင်းနှင့် ပထဝီသိဒ္ဓီပြီး၏။ ရယူလိုသော ပုဂ္ဂိုလ်တို့သည် တိရစ္ဆာန်များဖြင့် ဆွဲသော် လည်း မလိုက်ပါသည်ကို ကြည့်ခြင်းအားဖြင့် သာမညမဟုတ်နတ်ဝိဇ္ဇာတို့ စောင့်ရှောက် ထား၏။ ထို့ကြောင့် လောကီကိစ္စတွင် မသုံးဘဲ ဘုရားရှင်ကိုယ်စား နိမ္မိတရုပ်ပွား ထုလုပ် ကိုးကွယ်ဟု အကျိုးများဖွယ်ရှိသည်ဟု မိန့်ဆို၏။

မောင်မြတ်ထင်နှင့် ရွာသူရွာသားများ လည်း ဆရာတော်သြဝါဒခံယူပြီးနောက် မြတောင်ရှီ ဗဒုံးမင်းသားဖြစ်သူ ဘိုးတော်ဦး ဝိုင်းထံ သွားရောက်လျှောက်ထား၏။ များမကြာမီ ကုန်းကြီးရွာသို့ ဘိုးတော်ဦးဝိုင်း၊ မောင်ကျော်ရွေး၊ မောင်ပေါ်ဦး၊ မောင် မြတ်ထင်နှင့် နောက်ပါများ ရောက်ရှိ လာကြ ၏။ ထို့နောက် ကျွန်းနက်မြတ်အား ရာဇမတ် ကာ၊ သဲဖြူခင်း၊ တံခွန်ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ၊ ငှက်ပျောပင်၊ ကြံပင် တို့ဖြင့် တင့်တယ်စေလေ၏။ နံသာရည်ပက် ဖြန်းပြီး သံဃာတော် ကိုးပါးမှ ပရိတ်တရားများ ရွတ်ဖတ်သရဇ္ဈယ်၏။ ထိုသို့ဆောင်ရွက်ပြီး ပန်ကြားလျှောက်ထားမှ ကျွန်းနက်မြတ်မှာ အလွယ်တကူ အလိုက်သင့်ယူဆောင်၍ ရလေ၏။

ကျွန်းနက်မြတ်မှ နိမ္မိတရုပ်ပွား တော်အား ထုလုပ်ပူဇော်ရာ ၁၁၄၃ ခုနှစ် သီတင်းကျွတ်လတွင် ပြီးစီး၏။ တန်ဆောင်မုန်းလပြည့်နေ့တွင် ကုန်း ကြီးရွာ ဆရာတော်အရှင်သီဟစက္ကမ ထေရ် ဦးစီးလျက်သံဃာ ၂၈ ပါးမှ ဗုဒ္ဓဘိသေကအနေကဇာတင်၏။ ရွာ သူရွာသားများမှလည်း မသိုးသင်္ကန်း ရက်လုပ်ပူဇော်ကြ၏။ ဘုရားဒကာ ဘိုးတော်ဦးဝိုင်းလည်း ကြည်ညို၍ အားမရနိုင်အောင်ရှိပေ၏။ ၁၁၄၃ ခု နှစ်တွင်ပင် ဘိုးတော်ဦးဝိုင်း၏ညီတော် ပင်းတလဲမြို့စားက ဖောင်ကားစား မောင်မောင်အားလုပ်ကြံပြီး ဘိုးတော် ဦးဝိုင်းအား ကုန်းကြီးမှပြန်ခေါ်ပြီး ထီးနန်းဆက်ခံစေ၏။ အောင်ကျော်ဇေယျမြသိန်းတန်ရေဆန်ကျွန်းမြတ် ရုပ်ပွားတော်သည် ၁၁၄၃ ခုနှစ်မှ ၁၂၆၄ ခုနှစ် ကုန်းကြီးရွာ ပျက်သည် အထိ သီတင်းသုံးနေတော်မူခဲ့၏။

၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီး နောက် တိုင်းရေးပြည်ရေး မငြိမ်သက် သဖြင့် ကုန်းကြီးရွာမှ လူအများ တိမ်းရှောင်ကြသဖြင့် ရွာပျက်ခဲ့၏။ ရေဆန်ကျွန်းမြတ်ဘုရားကြီးနှင့် ဂန္ဓ ကုဋိတိုက်သာ ကျန်ခဲ့၏။ တိုင်းပြည် ပြန်လည်ငြိမ်းသက်သော် ကုန်းကြီးရွာ သို့ မြန်မာလူမျိုး ၁ဝ အိမ်နှင့် ဂျိန်း ဖောလူမျိုး ၁၅ အိမ်ခန့် ပြန်လည်နေ ထိုင်၏။ သက္ကရာဇ် ၁၂၆၄ ခုနှစ် သီ တင်းကျွတ်လပြည့်နေ့မှ လပြည့်ကျော် ၂ ရက်နေ့အထိ ရေဆန်ကျွန်းမြတ် ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး ၏။ ဘုရားကြီး၏ သတင်းကြားသိ သော ဗန်းမော်မြို့အုပ် ဦးအောင်မြတ် သည် ဘုရားကြီးအား ဖောင်တော်ဖြင့် ပင့်ဆောင်ခဲ့၏။ ဘုရားကြီးသည် နောင်ကာရွာအနီး ရောက်သော် ပင့် ဆောင်မရဘဲ ဖြစ်နေလေ၏။ ထို့ ကြောင့် ပညာရှိဟူးရားများအား မေး မြန်းရာ တွက်ချက်မှုအရ မံရွတ်ရွာ တွင် သီတင်းသုံးလိုသောကြောင့် ပင့် မရကြောင်းသိကြလေ၏။ ထို့နောက် သိန်လင်ချောင်းခရိုင် ပေါ်မှိုင်းဦးဇော် လအား ခေါ်ယူပြီး ပင့်ဆောင်စေ၏။ မံရွတ်ရွာသို့ရောက်သော် တည်ထား မည့်နေရာရွေးချယ်ကြ၏။ ရေဆန် ကျွန်းမြတ်စွာဘုရားတည်ထားမည့် နေရာအား ရွာနှင့်မစပ် သီးသန့်ဖြစ် သောမြေတောင်ဘက်၌ လယ်ကွင်း နှင့် ချောင်းမကြီးအရှေ့ဘက်နှင့် မြောက်ဘက်တွင် ချောင်းမကြီးတောင် အရပ်တွင် လမ်းမကြီးရှိသည့်နေရာ အားရွေးချယ်ကြ၏။ ထို့နောက် မြတောင်တောမှတစ်ဆင့် ဧရာဝတီ မြစ်ဆန်တက်ပြီး ကုန်ကြီးရွာသို့ ရောက်ရှိခဲ့သည့် ရေဆန်းကျွန်းနက် ကြီး၏ နိမ္မိတရုပ်ပွားတော်အား ကုန် ကြီးရွာတွင် ၁၂၁ နှစ်ကြာ ကိုးကွယ်ခဲ့ ၏။ ထိုရွာပျက်သောအခါ မံရွတ်အ ချို့ပြောင်းရွေ့ကိုးကွယ်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်လေ၏။ သို့ပါ၍ ထူးခြားသည့် ရေဆန်းကျွန်းနက်မြတ် ရုပ်ပွားတော်ကြီအား ဗန်းမော်မြို့သို့ ရောက်ပါက သွားရောက်ဖူးမြော်စေ လို၏။ ဗန်းမော်-ရွှေကူသွား ကား လမ်းနံဘေးရှိ မံရွတ်ကျေးရွာတွင် တည်ရှိပါကြောင်း သတင်းကောင်းပါး လိုက်ပါ၏။

နိုင်ထွန်း(TGI)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*