ကျွန်တော့် မွေးနေ့လေးက အဓိပ္ပာယ်ရှိတဲ့၊ ပျော်စရာကောင်းတဲ့ ကျွန်တော့် မွေးနေ့လေးက အဓိပ္ပာယ်ရှိတဲ့၊ ပျော်စရာကောင်းတဲ့ ပြေတီဦး

ကျွန်တော့် မွေးနေ့လေးက အဓိပ္ပာယ်ရှိတဲ့၊ ပျော်စရာကောင်းတဲ့ ကျွန်တော့် မွေးနေ့လေးက အဓိပ္ပာယ်ရှိတဲ့၊ ပျော်စရာကောင်းတဲ့ ပြေတီဦး
December 5, 2017 Asian Fame
ကျွန်တော့် မွေးနေ့လေးက အဓိပ္ပာယ်ရှိတဲ့၊ ပျော်စရာကောင်းတဲ့ ကျွန်တော့် မွေးနေ့လေးက အဓိပ္ပာယ်ရှိတဲ့၊ ပျော်စရာကောင်းတဲ့ ပြေတီဦး

သရုပ်ဆောင် ပြေတီဦးရဲ့ ၃၉ နှစ်ပြည့်မွေးနေ့ အလှူအဖြစ် ပရိ သတ်တွေနဲ့ အတူနိုဝင်ဘာလ ၃ဝ ရက်နေ့မနက် ၉နာရီက လှိုင်မြို့ နယ်ရှိ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး ရေး ပရဟိတ(ကျား) ကျောင်းမှာ အ လှူပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူ အဖြစ်ကျပ်၂၁သိန်း လှူဒါန်း ခဲ့ပြီး သံဃာ များအား နေ့ဆွမ်း ဆက်ကပ်ခဲ့ သလို ဒီ ကျောင်းမှာရှိတဲ့ ကလေးများ အ တွက်လည်း တစ်နေ့စာ လှူဒါန်းခဲ့ ပါ တယ်။ မွေး နေ့ အလှူနဲ့ ပတ်သက် ပြီး ပြေ တီဦး က…

”ကျွန်တော့်ရဲ့ အမျိုးတွေအဖွဲ့ တွေရှိလာတော့ သူတို့တွေက နောက် ပိုင်းနှစ်တွေမှာ မနက်ပိုင်းတွေ အလှူအတန်းတွေလုပ်ကြမယ်။ သူတို့စီစဉ်တဲ့ နောက်ပဲ လိုက်ရတာ ပေါ့။ ကျွန် တော့်ရဲ့ ဆရာတွေ ဖြစ် သွားတာပေါ့။ အရင်တုန်းကတော့ လှူတော့လှူဖြစ် တယ်။ ဒီလိုမျိုးလေး သာ သေချာလေး မလုပ်ဖြစ်တာ။ အခုကြတော့ ကျွန်တော့် ပရိသတ် တွေနဲ့လည်း တွေ့ရတယ်။ အလှူတွေ လည်း လုပ် ဖြစ်တယ်။ ဖောင်ဒေးရှင်း မှာရှိတဲ့ ကလေးတွေနဲ့လည်း တွေ့ ဖြစ်တယ်။ ကျွန်တော့် ကလေးတွေနဲ့ လည်း တွေ့ဖြစ်တယ်ဆိုတော့ ပိုပြီး တော့ ပျော်စရာကောင်းလာတယ်။ ပိုပြီးတော့ စိုစိုပြည်ပြည် ဖြစ်လာ တယ်။ မိသားစုက ပိုပြီးကြီးလာတယ်” လို့ ပြောပါတယ်။

မွေးနေ့မှာ အကြိုက်ဆုံးလက် ဆောင်တွေရခဲ့တယ်ဆိုတဲ့ ပြေတီဦး က…

”ကျွန်တော် အကြိုက်ဆုံးလက် ဆောင်တွေ ပေးကြတယ်။ မိန်းမက ကျွန်တော်ကြိုက်တဲ့ တင်းနစ်အကျီနဲ့ ဘောင်းဘီ ပေးတယ်။ မိန်းမရဲ့ Fan တွေက Racket ပေးတယ်။ တင်းနစ် ဘောလုံးပေးတယ်။ ကျွန်တော်ချစ် သော အမျိုးတွေက ဘောင်းဘီတွေ ရော အကျီတွေရော၊ ဖိနပ်လည်း ပါတယ်။ လက်ဆောင်တွေက အများ ကြီးပါပဲ။ ကျွန်တော်ကြိုက်တဲ့ လက် ဆောင်တွေပဲ ရတော့တအားပျော်ပါ တယ်” လို့ ပြောပါတယ်။

ခင်ပွန်းဖြစ်သူအတွက် တင်းနစ် အကျီနဲ့ ဘောင်းဘီကို မွေးနေ့လက် ဆောင်ပေးဖြစ်ပုံကို အိန္ဒြာကျော်ဇင် က”အများဆုံး ဝတ်ဖြစ်တဲ့အင်္ကျီက တင်းနစ်အင်္ကျီနဲ့ ဘောင်းဘီပဲ။ အိမ် မှာနေရင်းလည်း ဘယ်မှမသွားလဲ အဲဒီအင်္ကျီနဲ့ ဘောင်းဘီဝတ်ထား တယ်။ အဲဒီလောက်ထိကို ကြိုက်တာ။ သူ့တင်းနစ် အင်္ကျီတွေ ဘောင်းဘီတွေ က ဟောင်းနွမ်းနေပြီ။ (ရယ်လျက်) တအား ဝတ်လွန်းအားကြီးလို့လေ။ အဲဒါကြောင့် တင်းနစ်အကျီလေးတွေ ကို သနားတာနဲ့ ဝယ်ပေးလိုက်တာပါ (ရယ်လျက်)”လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*