သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၏ ၁ဝ၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ

သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၏ ၁ဝ၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ
December 4, 2017 Asian Fame
သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၏ ၁ဝ၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ

သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၏ ၁ဝ၂ နှစ်မြောက် မွေးနေ့ကို နိုဝင်ဘာလ၂၉ ရက်နေ့၊ နံနက်၉နာရီက အမရပူရမြို့နယ်၊ တောင် လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်ရာ မန္တလေး စာပေရပ်ဝန်းမှ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ၊ သတင်းမီဒီယာ များနှင့် စာပေချစ်မြတ်နိုးသူများ စုံစုံလင်လင်တက်ရောက်ကြသည်။ အခမ်း အနားတွင် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမုံရွာအောင်ရှင်၊ ဆရာဦး ထွန်းအောင်ကျော်၊ ဆရာဦးသိန်းသန်းဦးတို့က အမှတ်တရ စကားများပြော ကြားခဲ့သည်။ ထို့နောက်တွင် ကဗျာဆရာများက အမှတ်တရကဗျာများ ရွတ်ဆိုခဲ့ကြပြီးနောက် တက်ရောက်လာသော ဧည့်သည်တော်များအား နံနက်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

”ဒေါ်ဒေါ် အသက် (၇ဝ) ပြည့်တဲ့နှစ်မှာ ကျွန်တော်တို့ မန္တလေးစာပေနဲ့ အနုပညာတွေက ဒေါ်ဒေါ်မွေးနေ့ပွဲကို နှစ်စဉ်မပျက် ဒေါ်ဒေါ်သက်ရှိ ထင်ရှားရှိတဲ့အချိန်ထိ စုပေါင်းကျင်းပခဲ့ပါတယ်။ ဒေါ်ဒေါ်က သူရဲ့ မွေးနေ့တွေ မှာ အမှတ်ရလက်ဆောင်စာအုပ်ပေးပါတယ်။ ကျွန်မတို့ငယ်ငယ်က၊ အမေ့ ရှေးစကား၊ ဆေးလိပ်နဲ့ လူသား စသည်ဖြင့် ဒေါ်ဒေါ်ရေးသားခဲ့တဲ့စာအုပ် တွေကို နှစ်စဉ်လက်ဆောင်ပေး ပါတယ်။ တစ်ချို့နှစ်တွေမှာ မပေးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒေါ်ဒ်ါစာအုပ်ကို အာဏာပိုင်တွေက ထုတ်ဝေခွင့် မပေးလို့ လက်ဆောင်မပေးနိုင်ခဲ့ပါဘူး။ အမေလူထုဒေါ်အမာ ကျွန်တော်တို့ကို ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ် ”အနုပညာဈာန်ဝင်စားတယ်ဆိုတာ အနု ပညာဈာန်အစစ်ရှိမှ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူမှသာ ဈာန်ဝင်စား လို့ရပါတယ်။ စိတ်ယုတ်၊ စိတ်ပုတ်ရှိတဲ့သူတွေ အဲဒီနားကိုမသီနိုင်ဘူး၊ မကပ်နိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်”ဟု ကဗျာဆရာ မောင်နွေထက်က လူထုဒေါ်အမာ မွေးနေ့အခမ်းအနား၌ ပြောပြခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*