ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၈

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၈
November 30, 2017 Asian Fame
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၈

ကုန်စီဂျေ အရွယ်မတိုင်မီ မြီးကောင်ပေါက်ဘဝက တည်းက ကိုရီးယားတွေအပေါ် အမြင်မကြည်လင်ခဲ့ချေ။ စီဂျေတို့ ရပ်ကွက်နှင့် မနီးမဝေးတွင်ရှိသော စက်မှုဇုန်တွင် ကိုရီးယားအထည်ချုပ် စက်ရုံတွေပေါ်လာကြ၍ မိန်းကလေး များစွာအလုပ်အကိုင်ရရှိခဲ့ကြသည် ကိုတော့ ကျေးဇူးတင်ပါသည်။ ပြီး တော့.. ”အဆောက်အဦးလုပ်ငန်း တွေမှာ(မဆလာ)မရွက်ချင်တဲ့ ကောင်မကလေးတွေ ကိုရီးယား အထည်ချုပ်စက်ရုံမှာ အလုပ်ရကုန် ကြတော့ ရပ်ကွက်ထဲမှာ မျက်စိ အနောက်သက်သာသပေါ့”ဟု သူက အကောင်းမြင်ဖြင့် တွေးသည်။

မကြာမီ သူ့ဆွေမျိုးတွေ၊ မိတ် ဆွေသင်္ဂဟတွေထဲမှ အထက်တန်း ပညာ ဆုံးခန်းတိုင်အောင် မလိုက်နိုင် သည့် ကောင်မလေးတွေ ကိုရီးယား စက်ရုံများသို့ ရောက်သွားကြသည်ကို တွေ့ရပြန်သည်။ ”ကောင်းတယ်။ ကောင်းတယ်။ါသသိ…ါသသိ ..မြန် မာနိုင်ငံမှာ အမျိုးသမီးဦးရေများတယ်။ အမျိုးသမီးအလုပ်လက်မဲ့ မပေါများ အောင်ကူညီတဲ့ ကိုရီးယားတွေကို ကျေးဇူးအထူးတင်တယ်”ဟု စီဂျေက သူဘာသာတွေးပြီး ကိုရီးယားတွေကို အထင်ကြီးနေသည်။

သို့သော်… သူတို့ရပ်ကွက်ထဲမှ ခွေးဝဝလှလှကလေးတွေ လျှောက် လျှောက်သွားသောအခါ စီဂျေသံသယ ဖြင့် စိတ်ကွက်မိသည်။ ”ဒုက္ခပါပဲ၊ ဒီကောင်တွေရောက်လာမှ ငါတို့ခွေး တွေလည်း လွတ်လွတ်လပ်လပ် အေး အေးချမ်းချမ်းမနေရတော့ဘူး။ ဒီ ကောင်တွေ မြန်မာပြည်ရောက် လာတာ ကွမ်းသီးကြိုက်တောင်ငူပို့ သလိုဖြစ်နေပြီ…”

စီဂျေက ညည်းညူနေဆဲတွင်. .. ရုပ်/သံမှာ ကိုရီးယားဇာတ်လမ်း တွဲတွေက နေရာယူသရဖူဆောင်း လာကြသည်။ မြန်မာဗီဒီယိုဇာတ် ကားများကို နယ်ဘက်မှာပဲကြည့်ကြ တော့သည်။

”ဟာ။ ဒီကောင်တွေက အနု ပညာပါ နယ်ချဲ့လာတာကိုး”

စီဂျေသည် မျိုးချစ်စိတ် ရှင် သန်ထက်မြက်ကာ ရုပ်/သံမှ ကိုရီး ယား ဇာတ်လမ်းတွဲတွေကို ကျောခိုင်း ထား၏။

”ဟဲ့… ကောင်လေး။ ညနေ ပိုင်း နင်အပြင်သွားရင် ငါ့ဖို့ကိုရီး ယားတုတ်ထိုး ငါးရာဖိုးလောက် ဝယ် ခဲ့စမ်း…”

အိမ်ရှိ အသက် ၇ဝကျော် ဘွား အေကြီးက အမိန့်အာဏာဖြင့် မှာ ကြားနေပြန်ရာ စီဂျေစိတ်တိုလာ သည်။

”မြန်မာသွားရည်စာတွေ တစ်ပုံ ကြီးရှိရဲ့သားနဲ့ဗျာ။ အဘွားကလည်း ဒီအရသာမှမရှိတဲ့ ကိုရီးယား တုတ်ထိုး ကို စွဲနေရသလားဗျာ…။ အလ ကားဟာတွေပါ အဘွားရာ…”

”ဟိတ်… လျှာမရှည်နဲ့။ ငါ မှာတဲ့ ကိုရီးယားတုတ်ထိုးမပါရင် နင် အိမ်ပြန်မလာခဲ့နဲ့…ဒါပဲ…”

အာဏာရှင်အဘွားအေကြီး ကြောင့် စီဂျေသည် ပို၍ပို၍ စိတ် ညစ်လာလေသည်။ ဘွားအေသာမက တော့ဘဲ၊ မိခင်ကြီးကပါ ထမင်းဝိုင်း တွင် ကိုရီးယား ”ကင်ချီ” ကိုတောင်း ဆိုလာသောအခါ စီဂျေသည် ရောက် ရာပေါက်ရာ ထွက်ပြေးချင်တော့သည်။

” မေမေရယ်… ကင်ချီဆိုတာ ချဉ်ဖတ်တို့စရာပါ။ မြန်မာပြည်မှာ လည်း ချဉ်ဖတ်တွေမျိုးစုံရှိပါတယ်။ ရှမ်းရိုးရာ မုံညှင်းချဉ်၊ ဗမာရိုးရာခံတက် ချဉ်၊ တမာချဉ်၊ မုံလာချဉ်. ..”

”ဟိတ်… လျှာမရှည်နဲ့။ ငါမှာတဲ့ ကိုရီးယားကင်ချီပါမလာရင်တော့ မင်းအိမ်ပြန်မလာနဲ့…ဒါပဲ”

အို… ဗုဒ္ဓေါ။ ကိုရီးယား အရူးရောဂါတွေ တစ်ပြည်လုံး ပြန့် ကုန်ပါပေါ့လား။ ဝတ်ပုံစားပုံ၊ ဆံပင် ပုံစံတွေကအစ ကိုရီးယားစတိုင်တွေ ဖြစ်ကုန်ပြီ။ စီးကြတော့လည်း ကိုရီး ယားဘတ်စ်ကားကြီးတွေ..။ ကိုရီး ယားစကားပြော သင်တန်းတွေလည်း အလုပ်ဖြစ်ကုန်ကြပြီ။ ကိုရီးယားမှာ အလုပ်သွားလုပ်ဖို့ တန်းစီနေကြတဲ့ လူငယ်တွေလည်း တစ်သီတစ်တန်း ကြီးပါကလား။

”အား… ကျားသားမိုးကြိုး။ ဘာတွေဖြစ်ကုန်ပြီလဲ..”

စီဂျေသည် သူနှင့် တစ်အိမ် တည်းနေ၊ မြီးကောင်ပေါက် တူတော် မောင်ကလေးက ကိုရီးယားသီချင်းကို ဖုန်းထဲမှာသွင်း၍ ပြန်ဖွင့်ကာ နားကျပ် ဖြင့် နားထောင်ရင်း စည်းချက်အလိုက် လှုပ်လှုပ်ရွရွ၊ ဒိုးဒိုးဒန့်ဒန့် ကခုန်နေ သည်ကိုကြည့်ပြီး အော်လိုက်သည်။ ကောင်ကလေးက မကြားဘဲ သူ့ခံစား မှုနှင့်သူ ဒိန်းဒလိန်းနတ်ပူးနေသည်။

”မင်းတို့ ကိုရီးယားကို အတုယူ၊ အတုခိုးနေတိုင်း ကိုရီးယားလို တိုး တက်ကြီးပွားမလာဘူး” ဟု စီဂျေက အော်ပြန်သည်။

တူတော်မောင်က နားကျပ်ကို ဖြုတ်လိုက်ပြီး…

”ဦး… ဘာပြောနေတာလဲ ဟင်”

”ကိုရီးယားကို ကိုရီးယားကို အတုခိုးတိုင်း ကိုရီးယားလို တိုးတက် ကြီးပွားမလာဘူးလို့ ပြောတာဟ နား လည်လား”

”ဟီးဟီး တိုးတတ်ကြီးပွားဖို့ မလိုပါဘူးဦးရာ။ အခုလို စသစ ကလေးနားထောင်နေရရင် စိတ်ချမ်း သာပါတယ်။ ဟုတ်တယ်..ဟုတ်”

စီဂျေသည် ကရုဏာဒေါသဖြင့် တူတော်မောင်ကလေး၏ ပခုံးအစုံကို ဖမ်းညှပ်ထားလိုက်၏။

”မင်းမှတ်ထား… ငါတို့ရဲ့ ပဒေသရာဇ်ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ ဘုန်းမီးနေလ တောက်ပခဲ့ကြတဲ့ကာလမှာ ကိုရီး ယားဆိုတာ ဘာမှမဖြစ်သေးတဲ့ လူ မျိုး တစ်မျိုးပဲ။ တရုတ်က အနိုင်ကျင့်၊ ဂျပန်က စော်ကားနဲ့ အညတရဘဝမှာ ငုံ့ခံနေခဲ့ကြရတယ်။ အဲသလို အတိတ် က ဘဝတွေကို ခေတ်သစ်ကိုရီးယား လူမျိုးတွေကနားလည်ပြီး မခံချင်စိတ် နဲ့ကြိုးစားလာခဲ့ကြတာ နှစ်ငါးဆယ် အတွင်း အာရှကျားကြီး တစ်ကောင် ဖြစ်လာခဲ့တာပဲ။ အတတ်ပညာ နယ် ပယ်ကော အနုပညာနယ်ပယ်မှာပါ နိုင်ငံတကာရဲ့ ရှေ့တန်းရောက်လာ ခဲ့တယ်။ အဲဒါ ဘာကြောင့်လဲ”

”သိဘူးလေ”

”ဘာ…မသိဘူးလဲ။ မင်း ၁ဝ တန်းရောက်နေပြီ။ ကိရီးယားတွေ ဟာ အတုယူလောက်အောင် ကြိုး စားကြတယ်ဆိုတာ ဘာကြောင့် မသိ ရမှာလဲ…။ မင်း… သမိုင်း မသင် ရဘူးလား”

”ကျွန်တော်က သိပ္ပံတွဲ။ သ မိုင်းမသင်ရဘူး ဦးရဲ့။ သမိုင်းလည်း စိတ်မဝင်စားဘူး။ အဲ…အဲ.. ကို ရီးယား ရာဇဝင်နန်းတွင်းရုပ်ရှင် တွေတော့ တအားကြိုက်တယ်… ဟီးဟီး။ ကိုရီးယား မင်းသမီးတွေက လည်း တအားမိုက်တယ်…။ ကျွန် တော်တို့ရဲ့ ဝတ်မှုံရွှေရည်ကလေး တောင်ကိုရီးယားမင်းသမီးတွေကို လိုက်မမီဘူး…”

”တော်တော့ကွာ။ ကိုရီးယားကို အထင်ကြီးတဲ့ကောင် ကိုရီးယားမှာ သွားနေတော့။ ကိုရီးယားမှာ အလုပ် ကြမ်းသမားတွေလိုနေတယ်”

မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်မှုကြောင့် တူတော်မောင်အတွက် ရင်မှာဒဏ်ရာအနာတရဖြစ်ကာ ကျွန်ုပ်တို့၏ လွတ်လပ်သော သတင်း သမားကြီးစီဂျေသည် မချိတရိ ရင်နှလုံး ကိုပွေ့ပိုက်ကာ လမ်းပေါ်သို့ထွက်ခဲ့၏။ ထိုမှတစ်ဖန်သတင်းထူး၊ သတင်းဆန်း လေးများရှာဖွေရန် မြို့လည်ကောင် ဘက်သို့ ဟိုကြည့်သည် ကြည့်ဖြင့် လျှောက်လာခဲ့၏။

တစ်နေရာတွင် အဆောက်အဦး ကြီးတစ်ခုရှေ့၌ လှုပ်ရွအုံးကျွက်နေ သည့် လူအုပ်ကြီးကိုတွေ့ရသည်။ အားလုံးနီးပါး လူငယ်လူရွယ်တွေ ချည်းသာဖြစ်ကြသည်။ စီဂျေက နီး ရာလူငယ်တစ်ယောက်ထံ စုံစမ်းကြည့် ရာ၊ ကိုရီးယားတွင် အလုပ်လုပ်ရန် လျှောက်လွှာဖောင်တွေ ထုတ်ပေးရာ သို့ လာရောက်စုရုံးနေကြကြောင်း သိရသည်။

လူအုပ်ကြီးသည် သုတ်သီး သုတ်ပျာ တိုးရင်းဝှေ့ရင်း အူကြောင် ကြောင် ငေးငိုင်နေသော စီဂျေကို ဝင်တိုက်ချလိုက်သည်။ စီဂျေသည် လေးဘက်ထောက်လဲ ကျသွားရာမှ ရုန်းထ၏။

”ဟိတ်ကောင်တွေ ကိုရီးယားရူး တွေ ရူးမနေကြနဲ့၊ မြန်မာနိုင်ငံမှာ လုပ်စရာအလုပ်တွေ အများင်္ကြီးရှိ သကွ။ စိုက်ပျိုးစရာ မြေလွတ်မြေရိုင်း တွေ ဧကပေါင်းသန်းချီရှိသကွ။ ကိုယ့် နိုင်ငံကိုယ့်ချစ်ကြစမ်းပါကွ။ ကိုယ့် မြေကိုယ်ရေမှာ ပျော်နိုင်အောင် ကြိုး စားကြပါကွ…”

စီဂျေက အက်ကွဲသော အသံ ကြီးဖြင့် အော်ဟစ်နေသည့်တိုင်၊ ကိုယ်ရီးယားအလုပ်လျှောက်လွှာ ဇောကပ်နေကြသည့် လူအုပ်ကြီး၏ အသံကို အသို့လျှင် ဖုံးလွှမ်းနိုင်ပါ မည်နည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*