ပျောက်ဆုံးခြင်း ကမ်းခြေ

ပျောက်ဆုံးခြင်း ကမ်းခြေ
November 29, 2017 Asian Fame
ပျောက်ဆုံးခြင်း ကမ်းခြေ

-၁-

တစ်စုံတစ်ခုကို ရရှိပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်မှာ ပျောက်ဆုံး ခြင်းဆိုတဲ့ ကမ်းခြေရှိတယ်။ ပိုင် ဆိုင်ခြင်းဆိုတာ ပျောက်ဆုံးခြင်းကို လမ်းစဖော်ပေးသူ။ တကယ်လို့ တစ်ခုခု ကိုပိုင်ဆိုင်ထားပြီဆိုရင် မကြာခင်မှာ ပျောက်ဆုံးခြင်းရဲ့အရသာကို ခံစားရ တော့မှာပါ။ ဘာမှမရှိခြင်း (ဘာဆို ဘာမှမရှိခြင်း)ဟာ ပျောက်ဆုံးခြင်းကို လွန်မြောက်စေတယ်။ ဒါမှမဟုတ် ပျောက်ဆုံးခြင်းရဲ့ အရသာစစ်စစ်ကို ထိရှခံစားနိုင်ခွင့်မရှိဘူး။ တစ်ခါ တလေမှာ ပျောက်ဆုံးခြင်းဟာ ရသ ဆန်တယ်။
-၂-

ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့မိခင်ကို အမောတကော လိုက် ရှာနေတယ်။ တွေ့သမျှလူတွေကို မေး တယ်။ တွေ့သမျှအရာဝတ္ထုတွေကိုမေး တယ်။ သူမေးသမျှအရာတွေအားလုံး ရဲ့ စုစုစည်းစည်း အဖြေကလည်း မသိ ဘူးဆိုတဲ့ဝါကျပဲ။ သစ်ပင်ကြီးကြီး တစ်ပင်ကတော့ သူ့ကို သူ့မိခင်ရှိတဲ့ နေရာ(တကယ်ကရှိနိုင်မယ် ထင်တဲ့နေ ရာ)ကိုပြောလိုက်တယ်။ အဲဒီသစ်ပင် ရဲ့စကားကို ကလေးငယ်ဟာယုံတယ်။ သစ်ပင်ရဲ့ အသားမာတက်နေတဲ့ မျက် လုံးတွေက အသိပညာ ကြွယ်ဝခြင်း ဂုဏ်ကိုဖွင့်ဆိုပြနေသယောင် ထင်ရ တာလည်းယုံကြည်သင့်တဲ့ အကြောင်း ဖြစ်မယ်။ စကားပြောလို့ မောသွားတဲ့ သစ်ကိုင်းတွေပေါ်တက်ပြီး ကောင် လေးဟာ ကျေးဇူးတင်စကားပြောတယ်။ ထို့နောက် “ဒိုင်း” ခနဲ အသံတစ်ချက် ကြားလိုက်တယ်။ ကောင်လေးဟာ လေထဲမှာလွင့်ပါလာတဲ့ နှင်းဆီပွင့်ဖက် ပေါ်မှာတက်စီးပြီး ခရီးဆက်သွားတယ်။ သူ့မျက်လုံးမှာ အရောင်တလက်လက်နဲ့။

-၃-

ကိုယ့်လမ်းကိုယ်သွားကြတဲ့ အ ရာချင်းတူပေမယ့် ခြေထောက်နှစ် ချောင်းဟာ အမြဲရန်စောင်နေတတ် တယ်။ စတင်လှမ်းရမှာကို တွန့်ကွေး နေတဲ့သားရည်တွေကို ဆံပင်နဲ့လိပ် ထည့်ပြီး မုန့်တစ်ခုလိုစားနေကြတဲ့ သတ္တဝါတွေမှာ သွားမပါဘူး။ အက်ဒီ ဆင်ဟာ ကမ္ဘာအသစ်တစ်ခုထူထောင် ဖို့ ပလေတိုနဲ့ တီးတိုးတိုင်ပင်ခဲ့တယ်။ ဘုရားသခင်ဟာ ကမ္ဘာလောကကို ဖန်ဆင်းရာမှာ လူသားချင်း ဆက်ဆံရေး ပြေလည်စေဖို့ကိုမေ့ခဲ့တယ်။ ဒါကြောင့် Merk Zukerberkု ကို တိတ်တဆိတ် ဆက်သွယ်ပြီး facebook ကိုတီထွင်ခွင့် ပြုလိုက်တယ်။ လူတွေဟာ ကမ္ဘာမြေ ကို ပုလင်းထဲ ထည့်ဖို့ကြံနေကြတယ်။ နတ်တွေဟာ ရိုးရာမပျက် ရှိခိုးကော်ရော်ဖို့တာဆူနေကြတယ်။ တိရစ္ဆာန် တွေဟာ ရာသီဥတုနဲ့ မိတ်လိုက်ဖို့ကြံ နေတယ်။ ဘယ်သူမှ သတိမထားမိ တာက လောကကြီးဟာအက်ကြောင်း ရာထင်လာနေတာပဲ။

-၄-

အဟောင်းအမြင်းတွေကို စမူ ဆာအစာသွပ်သလို စုစည်းထည့်ပြ လိုက်တော့ အဟောင်းမှာချုပ်ရိုးရာတောင်မထင်ဘူး။ ကဗျာတစ်ပုဒ်ကို versionအသစ်မြှင့်လိုက်တယ်။ ကဗျာ အဟောင်းပျောက်သွားတာလား။ က ဗျာ အသစ်ဖြစ်လာတာလား သေချာ တိကျမှုတော့ မရှိဘူး။ သေချာတာ တစ်ခုကတော့ အဆိုတော်ကြီး ဟင်္သာတ ထွန်းရင်ရဲ့ သီချင်းတွေကြိုက်တယ်။ဆရာမောင်ချောနွယ်ရဲ့ ကဗျာစာ သားတွေခိုက်တယ်။ အနတ္တဒီပနီ ကိုစွဲလန်းတယ်။  ဗိဿနိုးမြို့ဟောင်း ကိုသတိရတယ်။ ပျောက်နေတဲ့ အရာ တွေက ပြန်တွေ့တဲ့အခါ အသစ်ပြန်ဖြစ် လာကြတယ်လို့ပြောရမယ်။ ပျောက် ဆုံးခြင်းဟာ ကောင်းလားဆိုးလားမသိ။

-၅-

ကမ်းခြေတစ်ခုကို ရောက်ရှိတဲ့ အခါ သူ့ကိုယ်ပေါ်မှာရှိတဲ့အဝတ်အစားတွေကို ချွတ်ချလိုက်တယ်။ နတ် သားတစ်ပါးလို ဝင်းစိုနေတဲ့ သူ့အရေ ခွံတွေမှာ အညှိတက်နေတယ်။ ဒါတွေ ဆေးကျောပစ်ရမယ်။ လူတွေနဲ့ လူ တွေဟာ လူတွေနဲ့ လုံးဝမတူတဲ့ အ ကြောင်း သူ့ခေါင်းထဲဝင်လာတယ်။ လှိုင်းတစ်ခုက သူ့ခြေထောက်ကိုလာ ပြီးပုတ်လိုက်တော့မှ သူသတိရသွားပုံနဲ့ ပင်လယ်ကိုကြည့်နေလိုက်တယ်။ပြီး တော့မှ လှိုင်းနဲ့အတူ မျောချသွားတယ်။ ကမ်းစပ်မှာ သူ့အဝတ်အစားတွေကို အလံတစ်ခုလို ထူလို့။ တကယ်က သူ က ရေမကူးတတ်ဘဲ ရေကူးနည်း စာ အုပ်ရေးချင်တဲ့သူပါ။

-၆-

လှိုင်းတို့ကမ်းစပ်ကို ရိုက်ခတ်ပြီး အလာလမ်းအတိုင်း ပြန်သွားကြတယ်။ ဒီနေရာမှာ ပန်းပွင့်ဝါဝါတွေပွင့်တဲ့ အ ကြောင်း ကျောက်စာတစ်ချပ်မှာ ရေး ထိုးလိုက်တယ်။ ကျောင်းစာအုပ်ထဲက စာလုံးတွေ လန့်ပျံကုန်ကြတယ်။ ပုံနှိပ် စာအုပ်တွေဟာ ဘာမှမရှိခြင်းကို သယ်ဆောင်လို့ ခရီးဆက်ကြပြန် ရော။ မှားတော့မှားတယ် ဒါပေမဲ့ အမှားတွေဟာ အမှန်တရားလောက် တော့ အရသာမရှိဘူး။ ခက်တာက အရသာဆိုတာ ဘာမှန်းကိုမသိတာ။

-၇-

မျက်​လုံးဆိုတာမျိုးက လက်​​တွေ လို ထိ​တွေ့ကိုင်​တွယ်​မှ ခံစားတတ်​တဲ့ အမျိုးမှမဟုတ်​တာ။ မျက်​လုံးနဲ့ထိလို့ ဘာမှထူးထူးခြားပွန်း ပဲ့သွားတာမျိုး မရှိ​ပေမယ့်​ မျက်​လုံးအကြည့်​​တွေက ​သေ​လောက်​တယ်​။ အဲသလိုမျိုး စကားတင်းဆို​တော့ နား​တွေကတစ်​ဖက်​ပိတ်​စိတ်​ကူးထည်​သီးသန့်​ဝတ်​ပြီးပြုံးကြတယ်​။ နား​တွေ မမြင်​ကွယ်​ရာ အရပ်​မှာ အဝတ်​အစား​တွေချွတ်​ချလိုက်​တယ်​။ အခု တစ်​​လောကလုံး စတင်​​မှောင်​သွားပြီ။ အ​မှောင်ကို စတင်​​တွေ့ရှိသူဟာ ဘုရားသခင်​ဖြစ်ပြီး လျှပ်​စစ်​မီးကို စတင်​တီထွင်​သူကတော့ အယ်​ဒီဆင်​ဖြစ်​တယ်​။ အယ်​ဒီဆင်​နဲ့ ဘုရားသခင်​က ရန်​သူ​တွေမဟုတ်​ကြ​ကြောင်း ဦး​နှောက်​တွေ​ဆီက မက်ဆေ့ခ်ျ ရတယ်​။ အခု E=mc² ကို ​တွေ့ပြီ။အနုမြူကို နာရီထဲမှာရှာ​တွေ့ပြီ။ လူလုပ်​ နာရီ​တွေ​ဈေး​ပေါ​နေတဲ့ဒီ​နေ့​ခေတ်​မှာ ဘုရားသခင်​က နာရီတစ်​လုံး​ပေးထား တယ်​။ အဲဒီနာရီဘယ်​မှာချထားမိခဲ့ ပါလိမ့်​။ ငါတို့ဟာ နာရီကို​မေ့​နေသော လူသားမျိုးနွယ်​စုတစ်​ခုသာလို ​အော်​တယ်​။ ငါတို့အိပ်​စက်​ကြတယ် ငါတို့ နိုးလာ​ရင်​ ငါတို့နိုင်​ငံ​တော်​ကြီးဟာ စကား​ပြောတတ်​​တော့မယ်​လို့လည်း ယုံကြတယ်​။ ပြောစကား​တွေက​တော့ မြန်​မာစကား​ တွေ့​တော့ ဟုတ်​ချင်​မှ ဟုတ်​မယ်​-​ဝေါအိုင်းနိဆိုတာဖြစ်​နိုင်​သလို ဆလမ်​မာလေးကွန်း လည်းဖြစ်​နိုင်​တာပဲ။ ဘာမဆိုမယုံရတဲ့​ခေတ်​မှာ လူဖြစ်​ရတာ​ ကောင်း​ကြောင်း ဆရာ​နေမျိုးကဗျာထဲမှာ ဖတ်​ရတယ်​ -မင်း ကိုအ​ကြောင်းပြုပြီး အားလုံးကိုသံ ယောဇဉ်​ဖြစ်​ရတယ်​ ရှစ်​စ်​။ အဲဒီလိုနဲ့ ငါတို့အိပ်​စက်​ဖြစ်​ကြတယ်။ နိုင်​ငံ​တော်​ကို ငါတို့ယုံတယ်​။ သမ္မတကြီး ကို ငါတို့ယုံခဲ့တယ်​။ လူထု​​ခေါင်း​ဆောင်ကိုငါတို့ယုံခဲ့တယ်။ ငါတို့ မယုံတာ ငါတို့ကိုယ်​ငါတို့ပဲ။ ငါတို့က အချိန်​မ​ရွေးပုပ်​သိုးသွားနိုင်​မယ့်​သစ်​ရွက်​စို​တွေ။ ​လေ မိုး အဆင်​​ပြေတဲ့ မနက်​ခင်းတိုင်း ဆန္ဒပြဖို့​ချောင်း​နေတဲ့ကြွက်​​တွေ။ ပွဲ့လန့်​ရင်​လန့်​ မလန့်​ရင်​လှန့်​ပြီး ဖျာခင်းမယ့်​ ​ဈေး သည် ​တွေ။ ကျောချင်းကပ်​ရမယ့်​ အချိန်​မရှိ​အောင်​ အကွဲအပြဲကိုမြတ်​နိုးသူ​တွေ။
အခု…။ သူမငါ့​ပေါင်ပေါ်မှာ အိပ်​​နေတယ်​။ ငါ့ ​ဘေးမှာ တ​ယော တစ်​လက်​က ကြိုးပြတ်​လို့။ ပျက်​​နေတဲ့ကြိုးစ​တွေက ငါ့အသားထဲ စိုက်​ဝင်​နေတယ်​။ တဖြည်းဖြည်း ကြီးထွား လာတဲ့အသားဖြစ်​​လောက်​​တွေ အုံကြွလာပြီ။ ဒီလိုဆို အ​​မှောင်​ထုက တဖြည်းဖြည်း ကြီးလာမယ်​။ငါတို့ လည်း အ​မှောင်​ထုထဲသို့ တဖြည်း ဖြည်း. တဖြည်းဖြည်း….တ ဖြည်း …ဖြည်း..ချင်း….တိုး… ဝင်​…….. ဒီလိုနဲ့..ငါတို့ ဆိုတာ……။

-၈-

အပြေးအလွှားနဲ့ ရေးကြီးသုတ် ပြာနိုင်တဲ့ မျက်လုံးတွေ တပ်ဆင်ထား တဲ့လူအုပ်ကြီး ရောက်လာတယ်။သစ် ပင်အောက်မှာ သေနတ်မှန်ပြီးသေ နေတဲ့ ကလေးရဲ့ အလောင်းကိုဝမ်းပမ်းတနည်းကြည့်နေကြတယ်။ ပြီး တော့ မှ ရှေ့ဆုံးက ရောက်လာသူက စပြီး ကလေးရဲ့ အသားတွေကိုဖဲ့စား တယ်။ ပြီးတော့ နောက်လူတွေ နောက်လူတွေ ..အားလုံး တစ် ယောက်တစ်စီစားကြတယ်။ သူတို့ အားလုံး ကလေး အသားစတွေကို တစ်စိမ့်စိမ့် ဝါးရင်း ဆက်လက်ထွက် ခွာ သွားကြတယ်။ ကမ်းခြေဘက်ကို သွားကြမယ်လို့တော့ပြောကြသလားပဲ။

-၉-

လွတ်ကျသွားတဲ့ သေနတ်ကို ဖြောင့်ပြီး ကလေးဟာ တစ်ဒိုင်းဒိုင်းနဲ့ လူအုပ်ကြီးကို ပစ်နေတယ်။ လူအုပ် ကြီးက ကျလာတဲ့ ကျည်ဆံတွေကို  ပန်းပွင့်တွေလို ကောက်ယူမွှေးကြူ နေကြတယ်။ နောက်ဆုံးမှာ ဒေါသ ထွက်နေတဲ့ ကလေးဟာ သစ်ပင်ကြီး ကိုအခြေက နေခုတ်လှဲပစ်လိုက်တော့ တယ်။ ဘာမှမရှိတော့ တာကောင်း တယ်လို့ သူယုံသွားတာဖြစ်ရမယ်။

-၁ဝ-

စာမေးပွဲမှာကောင်မလေး ရဲ့ပုံကိုထည့် ဆွဲပေးလိုက်တယ်။ သူတို့ကိုယ့် လက်ရာကို သဘောကျရင် အမှတ် ပြည့်ပေးမှာပဲ။ လောလောဆယ် စိတ် ထဲထင်လာတဲ့ ပုံရိပ်က ကိုယ့်လွတ် လပ်ခွင့်ပဲ။ သင်္ချာ မေးခွန်းမှာ မင်းပုံ လေးထည့်ဆွဲ ပေးမိတာခွင့်လွှတ်။ ကိုယ်ဆိုလိုတာက အချစ်မှာ အတွက် အစားတွေ မရှိဘူး ဆိုတာပဲ။ ယုံ.. .။

-၁၁-

အ​တွေး​တွေ ဝိုင်​ယာရှုပ်​​နေတဲ့ဦး​နှောက်​ထဲ မန်​မိုရီ​တွေ ဂ​ဂျောင်​ဖတ်​​လာတဲ့အခါ စိတ်​ကူးကအ​ခွေ မလည်​​တော့ဘူး။ တဒစ်​ဒစ်​နဲ့ တထစ်​ထစ်​နဲ့ မှိုနံ့မ​ပျောက်​​သေးတဲ့ စက္ကူစကိုအိတ်​ကပ်​ထဲ​ခေါက်​ထည့်​ပြီးသကဘူန ခူငခု လိုက်​​တော့ ​ဆေး​ပေါလိပ်​တစ်​တိုထွက်​ကျလာတယ်​။ မကြာခင်​ ငါ ရီ​ဝေယစ်​မူး​တော့မယ်​။ တစ်​ချိန်​လုံး စာအုပ်​​တွေကို ကုတ်​ဖဲ့စားလာတဲ့ ပိုး တစ်​​ကောင်​ဘဝက​နေ ထပျံလို့ရမယ်​ ဆိုရင်​ သင်​ဘာလုပ်​မလဲလို့ ချားဒါဝင်​ကို​မေး​တော့ ​”ဘုရားသခင်​ကိုမဆန်​ကျင်​ခဲ့ဘူး” ဆိုတဲ့စကားကိုပဲ ဂယ်​လီလီယိုက ထပ်​ကာထပ်​ကာ ပြောတယ်​။ အားလုံးမမှားကြဘူး။ကမ္ဘာကြီးက လည်​​နေတာ မဟုတ်​ဘူး ငါတို့အားလုံးက လည်​​နေတာ။ အ​နောက်​က​ နေထွက်​ပြီးအ​ရှေ့က​နေ ဝင်​တာ အမှားတရားတစ်​ခုသာဖြစ်​တယ်​လို့ သိပံ္ပပညာကရှာ​ဖွေ​တွေရှိတဲ့ အခါ နိယာမ​တွေကိုယ့်​ကိုယ်​ကို သတ်​​သေသွားကြ။ ​ခေတ်​ဟာ လူညံ့​တွေလက်​ထဲမှာ​ ပျော်​ဝင်​ပြီး လူ​တော်​​တွေလက်​ထဲမှာ အလကားဖြစ်​တယ်။

-၁၂-

တကယ်တော့ သူရေမကူးတတ် ပါဘူး။ ဒါပေမဲ့ ရေစပ်ကို သူပြန် ရောက်ရှိလာခဲ့တယ်။ လှိုင်းရဲ့ခေါ် ဆောင်ရာနဲ့ ဆန့်ကျင်လို့  စင်ရော် တစ်ကောင်လို ပျံဝဲကျလာတယ်။ ကမ်းခြေမှာ သူ့အသားကိုဖဲ့စားနေတဲ့ လူအုပ်ကြီး ကိုတွေ့တယ်။ သူတို့တွေ ဟာ ဝိုင်တွေနဲ့ သူ့အသားကိုမြည်း နေကြတာ။ အကြင်နာ တရားမဲ့နေတဲ့ သူတို့မျက်လုံးတွေမှာ အာဃာတတွေ ကြီးစိုးလို့။ ဒေါသတွေက အခိုးအလျှံတွေလို လိပ်လိပ်ပြီးတက် လာတယ်။ ကလေးငယ်တစ်ယောက် ဖြတ်ပြေးသွားတယ်။ သူ့အတောင်ပံ တစ်ခုကိုဖြုတ်ပြီး ပစ်လိုက်တယ်။ကလေးငယ်က သူဟာ သေပြီးသား ဖြစ်ကြောင်း သူ့ကို အေးအေးဆေး ဆေး လာပြောပြနေတယ်။ သူတို့ အတူတူလူအုပ်ကြီးကို မုန်းလိုက်ကြ တယ်။

-၁၃-

လူတွေဟာ မုန်းဖို့ကောင်းတယ်။ မုန်းဖို့ကောင်းတယ် ဆိုတာက တ ကယ်မမုန်းသေးလို့ ပြောတာလဲ ဖြစ်နိုင်တယ်။ တကယ်မုန်းလို့ ပြော တာလည်းဖြစ်နိုင်တယ်။ အရမ်းချစ်လို့ ပြောတာလည်းဖြစ်နိုင်တယ်။ မုန်းဖို့ ကောင်းတယ် ဆိုတာ ဘာမဆိုဖြစ် နိုင်တယ်။ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ကျွန်တော်လည်း ဖြစ်နိုင်တယ်။ က လေးလည်း ဖြစ်နိုင်တယ်။ လူအုပ်ကြီး လည်းဖြစ်နိုင်တယ်။ အားလုံးလည်း မဖြစ်နိုင်ဘူး။ မုန်းဖို့ကောင်းတယ် ဆိုတဲ့ စကားလုံးကိုမွေးမြူမိတာဟာ ဆန်းတယ်။ ဒါကစိတ်ခံစားချက်ကို လှစ်ဟပြတဲ့စကား။ တကယ်တမ်း အမုန်းတရားကို ဖော်ပြချင်ရင် ဒီစ ကား လုံးအနည်းအကျဉ်း နဲ့ မပြည့်စုံ ဘူး။ မပြည့်စုံဘူး ဆိုမှတော့ ဒီ စကားလုံးက ဘာအသုံးဝင်တော့ မှာလဲ။ အသုံးမဝင်တော့တဲ့ အတူတူ ဒီစကားလုံးကို စွန့်ပစ်လိုက်တယ်။လူတွေကိုမုန်းတယ်။

-၁၄-

“ဘဝမှာ တစ်စုံတစ်ယောက်ကို တကယ် ချစ်မိပြီဆိုရင် သင်ကံ ကောင်းတယ်။ သင်ချစ်မိတဲ့ တစ်စုံ တစ်ယောက်က သင့်ကိုပြန်ချစ်တယ် ဆိုရင်သင် ပိုပြီးကံကောင်းတယ်။သင့်ချစ်သူက သင့်အပေါ်သစ္စာ ရှိတယ်ဆိုရင် သင်သိပ်ကံကောင်း တယ်။ သင်ချစ်တဲ့ သူနဲ့သင် လက် ထပ်ခွင့်ရတယ်ဆိုရင် သင် အလွန်ကံ ကောင်းတယ်။ သင့်ချစ်ရတဲ့ ဇနီးနဲ့တစ်သက်လုံး အတူတကွပေါင်း ဖက်ခဲ့ရတယ်ဆိုရင်တော့ သင်ဟာ ကံ အကောင်းဆုံးပဲ။” တကယ်လို့ လူ့ဘဝကို ရရှိပိုင်ဆိုင်ခဲ့ရဲ့သားနဲ့  စစ် မှန်တဲ့ အချစ်တစ်ခုကို သင်မပိုင်ဆိုင် ခဲ့ဘူးဆိုရင် သင်လူဖြစ်ရှုံးတယ်။ လူ ငယ်ဟာ ကလေးငယ်ရဲ့စကားကိုဂရု တစိုက်နားထောင်ရင်း ခေါင်းတ ဆတ်ဆတ်။

-၁၅-

တံတားတစ်စင်းဟာ သက်တံ တစ်ခုလို ကောင်းကင်ကိုဖြတ် ပြီးစီး နေတယ်။ ဒါဟာ ကောင်းကင် လည်း ဖြစ်နိုင်တယ်။သက်တံလည်း ဖြစ်နိုင် တယ်။ အလင်းတန်း လည်းဖြစ် နိုင်တယ်။ “လာ ငါတို့သွားကြမယ်” ဆိုပြီး လူကြီးဟာလူငယ်ကို ခေါ် သွားတယ်။ သူတို့ခေါင်းတွေဟာ မီးတောက်နေဆဲ လောင်ဆာတွေနဲ့။မပျောက်သေးသမျှတော့ ရှိနေလိမ့်ဦး မယ်လို့ လူကြီးက ကလေးငယ်ကို ပြောတယ်။ ကလေးဟာ ခေါင်းပေါ် က မီးတောက်ကို တစ်စက်ချင်း ဝါးစားရင်း တိမ်ပေါ်ကိုခုန်တက် လိုက်တယ်။ သူတို့လက်တွေမှာ သွေး ချင်းချင်းနဲ့။ သူတို့ကိုကြည့်ပြီး လူအားလုံးဟာ  ကမ်းခြေတစ်ခုကို အပြေးသွားနေကြတယ်။ သူတို့ ခြေ ဖဝါးတွေအားလုံး မီးတောက်တွေ အလျှံပယ်ပြည့်လို့။

-၁၆-

ဖြစ်​တည်​မှုသည်​ စွမ်းအင်​အရှိန် ကြောင့်​​ ငေါထွက်​လာ​သော အရိုးများ ဖြစ်​၏ ထိုအရိုးများဖြင့်​ ပါးစပ်​များကို ထိပါးပုတ်​ခတ်​၏ အရှိတရား တစ်​ခုထဲမှ အရှိတရား တစ်​ခုထဲသို့​ရောက်​ရှိခြင်းသည်​ အ​ရွေ့​ကြောင့် ဖြစ်​သည်​ ထိုအ​ရွေ့သည်​ ​ဖော်​ထုတ်​သူကြားခံ ပစ္စည်း၏ လက်​(သို့)တစ်​ဆင့်​ခံအ​ကြောင်းတရား ၏ အကူ အညီဖြင့်​ ပြီး​မြောက်​၏။ မရှိခြင်း တရားဟူသည်​ မရှိ​ကြောင်း ရှိခြင်း တရားက သက်​​သေပြနိုင်​၏ (စရဏ လို၏) မမြဲခြင်းသာရှိ၏ မရှိခြင်းဟူ​သောအရာမရှိ။ ဖြစ်​တည်​နိုင်​စွမ်း သည်​ အရှိန်​​ကြောင့်​ ဖြစ်​၏(ဒုတိယမ္ပိ)။ မရှိခြင်းအ​ကြောင်းကို သိသူသည်​သာ ရှိခြင်းကို ရှာ​ဖွေနိုင်​၏။ လောကသည်​ ငါနှင့်​မဆိုင်​(ငါဆို သည်​မှာ အတ္တကို ဆိုခြင်းဖြစ်​၏)။လောကသည်​ ​သဘာဝနိယာမနှင့်​ သာဆိုင်​၏။ (ကံ အ​ကြောင်း​ပြော လိုခြင်းမဟုတ်​)။ လူသည်​ လွတ်​လပ်​​သော နံရိုးများဖြစ်​၏။ အ​ကြောက်​တရားဖြင့်​ ထိန်းချုပ်​ခံထားရ​သော လူသည်​ လွတ်​လပ်​သူမဟုတ်။ကျွန်​သာဖြစ်​သည်​(တစ်​ချို့​သော ဘာသာ​ရေး၏ ကျွန်​များ)။ ဘာသာတရား သည်​ စိတ်​လုံခြုံမှုနှင့်​ တမလွန်​​ကောင်းစား​ရေးကို​ရှေးရှူ၏။(အ တိတ်​ဘဝရှိ/မရှိ မ​ဆွေး​နွေးလို​သေး)။ ဘာသာတရားကို အားကိုးရာ တစ်​ခုအဖြစ်​မှာပဲ ရပ်​တန့်​ထား​သော ကိုးကွယ်​သူသည်​ ညံ့ဖျင်း​သော ထု ဆစ်​သူဖြစ်​၏။ ဘာသာတရားကို ကျင့်​ကြံဖွယ်​ရာ အဖြစ်​နားလည်​ ကျင့်​ကြံသူသည်​သာ ဘာသာတရားကိုရှာ​တွေ့သူဖြစ်​သည်​။ ချစ်​ခြင်း​မေတ္တာ သည်​ အဖြူ​ရောင်​ ပုဝါစဖြစ်​၏။ အတ္တသည်​ ချစ်​ခြင်း​မေတ္တာကို အ​ရောင်​ဆိုး​သော လူမိုက်​ဖြစ်​၏။ သူ တစ်​ပါးအား ချစ်​ခြင်းသည်​ မိမိကိုယ်​ကိုယ်​ ချစ်​ခြင်းသာဖြစ်​၏။  (ယေဘုယျ သုံးသပ်​ချက်​သာ)။ ပညာ သင်​ကြားခြင်းသည်​ ​ကောင်း၏။မလွတ်​လပ်​​သော ပညာ​ရေးစနစ်​ဖြင့်​သင်​ကြားခံရသူသည်​ သင်းသတ်​ခံရ​သော သစ်​ပင်​သာဖြစ်​၏။ ပုံစံခွက်​ချထား​သော စနစ်​သည်​ နလပိန်း တုံးများသာ ထွန်းကား​စေ၏။ နလ ပိန်းတုံးများဖြင့်​ တည်​​ဆောက်​ထား​သော နိုင်​ငံ​တော်​သည်​ တိုးတက်​မှုအားနည်း၏။

ယံဇငြိဏ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*