ကင်းဝန်မင်းကြီး ၊ စစ်ကိုင်းတောင် ၊ ပဘာချောင် ၊ လတန်ဆောင်

ကင်းဝန်မင်းကြီး ၊ စစ်ကိုင်းတောင် ၊ ပဘာချောင် ၊ လတန်ဆောင်
November 28, 2017 Asian Fame
ကင်းဝန်မင်းကြီး ၊ စစ်ကိုင်းတောင် ၊ ပဘာချောင် ၊ လတန်ဆောင်

”စင်္ကြံချောင်းတွင်၊ စင်္ကြံပင်ရင်း
ဗုဒ္ဓေါမင်းကြောင့်
မှီတင်းနဂိုရ်၊ ဘုန်းရိပ်ခိုလျက်
ခွေးကိုတစ်ဖန်၊ ယုန်နိုင်ပြန်၍
နက်သန်ဘူမိ”
(သခင်ကြီးဧချင်း)

စစ်ကိုင်းမှာ ဘုရားအလောင်းတော် ခါ မင်းဘဝက ဘေးမသီ ရန်မခဘဲ မှီတင်းနေထိုင် ရာ အရပ်ဖြစ်လို့၊ ရန်ပုံခါင်းတဲ့ လေးကိုင်း ပုံ သဏ္ဍန်မြစ်ကွေးရှိသော အရပ်ဖြစ်လို့၊ အသင်္ခ စောယွန်းမင်းသားက ရန်ပြုလာသမျှကို တွန်း လှန်အောင်ပွဲ ခံနိုင်သောအရပ်ဖြစ်လို့၊ ရန်အောင် သောအရပ် အောင်မြေ (သို့မဟုတ်) ဇေယျပူရ လို့ ခေါ်ဆိုသမုတ်ခဲ့ကြတယ်။ အလောင်းမင်း တရားကြီးရဲ့ သားတော်ကြီး နောင်တော်ကြီး မင်းက အောင်မြေအောင်နန်းအဖြစ် ခံယူ တော်မူခဲ့တဲ့ ‘မဟာဇေယျပူရ’ ၊ ဘိုးတော်ဗဒုံ မင်းရဲ့ ရာဇအောင်မြေ၊ ဗဒုံမင်းရဲ့ သားတော် ကြီး အိမ်ရှေ့မင်း မဟာဥပရာဇာက မဟာမုနိ ဘုရားပင့် အသွားနဲ့ မင်းကြီးမဟာဗန္ဓုလ စစ် အချီတို့မှာ အောင်ဓာတ်ယူ အောင်ဆုတောင်း အောင်မြေနင်းရာ စစ်ကိုင်းကို ကျွန်တော် ရောက်ဖြစ်ပါပြီ။ ခါတိုင်းတော့ စစ်ကိုင်းကို ဖြတ်သွားဖြတ်လာပါပဲ။

သာသာနာ့အောင်မြေ
စစ်ကိုင်းရဲ့သမိုင်း အဆက်ဆက်က ရာဇ အောင်မြေသာ မကသသနာ့ အောင်မြေလည်း ဖြစ်ခဲ့တာကလား။ စစ်ကိုင်းတောင် တော်မှာ မင်းကောင်းမင်းမြတ် သားတော်အစဉ် မြေး တော်အဆက် မြစ်တော် အညွှန့်နဲ့ သာသနာ့ ဒါယကာ၊ ဒါယိကာမများရဲ့ ကုသိုလ်တော်ဖြင့် ဘုရား၊ ပုထိုး၊ စေတီ၊ ဂူကျောင်း၊ တန်ဆောင်း၊ ပြသာဒ် အထပ်ထပ် တ်ာတားကိုးကွယ်တော် မူခဲ့ကြတယ်။ စစ်ကိုင်း တောင်တန်းပေါ်ကနေ သာသနာ့ အာဇာနည်များစွာလည်း ပေါ်ထွန်း ခဲ့တာပါ။

”စစ်ကိုင်းတောင်ချောင်းများ အစ၉ ချောင်က” မှတ်ဆိုခဲ့ကြတဲ့အတိုင်း စစ်ကိုင်း တောင်ကို ချောင် ၉ ချောင်နဲ့ အစပြုခဲ့ရာမှာ အမည်တွေကတော့ မူကွဲ ၅ မျိုး ဖြစ်နေပါရဲ့။ ကျွန်တော်သွားခဲ့တဲ့ ပဘာချောင်ကတော့ ညွှန်းလမ်းမင်္ဂလာချီလင်္ကာ၊ ညောင်ပင်သာ ဦးပညရဲ့ ပိတောက်ရွှေဝါ အစချီတေးထပ်၊ ဓမ္မိက ချောင်ထွဋ် ခေါင်ဆရာတော်ရဲ့ မှတ် တမ်း၊ ဘုတလင်မြို့ ကင်းစန်းရွာ ကုန်းသာ ကျောင်း ပုရပိုဒ်မူနဲ့ စစ်ကိုင်းမှတ်တမ်း တစ် စောင်တို့မှာ ပါဝင်တယ်။ စစ်ကိုင်းအရပ်မှာ သိုက်ဝင်တောင်ပေါင်း ၃၇ လုံးရှိခဲ့ဖူးတယ်။ ဒါ့အပြင် ချောင်၉ ချောင် သာမက တောင်ကြိး ၉ တောင်၊ တောင်ငယ် ၉တောင်၊ ကုန်း ၉ ကုန်း၊ အတွင်း ၉ကျင်း၊ အပြင် ၉ကျင်း၊ အင်း ၉အင်း လို့လည်း မှတ်တမ်းတင်ထားတယ်။

ပထမ ပဘာချောင်
စစ်ကိုင်းတောင်တတ်လမ်းလေက တောင် ကြီးမြို့ရဲ့ရပ်ကွက်လမ်းလေးတွေ လိုပဲ မကြမ်း ပေမယ့် မကျယ်တဲ့ ကပ်ကွေ့ကပ်တက် လမ်း ပြေးတက်ပြေး ဆင်းလမ်းလေးတွေ၊ ကျောက်စီ မြေထိမ်းနံရံတွေ၊ သစ်ပင် အုံအုံစုစု လေးတွေ ကို မရိုးအောင် ဖြတ်ရင်း လမ်းဆုံမှာတော့ ပဘာချောင်ကို ရောက်ပါပြီ။ တရာတော် ဦး လာဘက သက်တော်ငယ်သေးပေမယ့် ကျောင်း ထိုင်ဂုဏ် အင်္ဂါရပ်များနဲ့ ပြည့်စုံတယ်။ ကျွန်တော် တို့ကို ဆရာတော်ရဲ့ ခမည်းတော်ကြီး ဦးကျော် လှိုင်နဲ့ ဦးဇာဂရတို့က ဧည့်ကြိုကြတာပါ။ အဝင် မုခ်ဦးမှာ ‘ ရှေးဦးစွာ ချောင် ၉ ချောင် တို့တွင် ပထမဆုံး ဖြစ်သော ပဘာချောင်’ လို့ ရေးထိုး ထားတယ်။

ပဋိပတ္တိ အရရာမှာ မည်မျှ ပြည့်စုံတော် မူသည်ကို အကဲဖြတ် ရန်မှာမူ ကျွန်ုပ်တို့၏ အရာလည်း မဟုတ်၊ ထုတ်ဆိုရန်လည်း မဝံ့ပါ ဟု ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင် ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်က မော်ကွန်း တင်ခဲ့သော ကသစ်ဝိုင် ဆရာတော် ဦးရေဝတ က ( ၁၂၆၃- ၁၃၂၇) ကို ဆက်ခံတော်မူခဲ့သော က သစ်ဝိုင် ဆရာတော် ဦးပဏ္ဍိတကို အမှူး ထားပြီး ၁၉၇၂ ခုနှစ်က လှူဒါန်းခဲ့တဲ့ မုခ်ဦး ဖြစ်ပါတယ်။ အခြားကောင်းမှုများကိုလည်း တွေ့ရတဲ့အတွက် ဆရာတော်ဦးပဏ္ဍိတက ပဘာချောင်မှာ ဘယ်နှနှစ် သီတင်းသုံးခဲ့သလဲ တော့ မသိရပါ။ မုဉ်ဦးကနေ တက်ခဲ့တော့ ဘယ်ဘက်ခြမ်းမှာ တိုက်ဝါနှစ်လုံး တန်းလျက် ရှိတယ်။ ညာဘကါက တိုက်ဝါရဲ့ နောက်ကျော ဘက်မှာ တောင်ကမ်းပါးယံကို လူထွင်းသလို သဘာဝလိုဏ်ဂူ ၂ ပေါက်လည်း ရှိတယ်။ စစ် ကိုင်းတောင်ကို ရှင်အရဟံနဲ့ တပည့် အရှင် သောဏတို့ ကြွလာတော့ အခုလိုဏ်ဂူမှာ သီ တင်းသုံးခဲ့တယ်။ ဂူဝတောင် ကမ်းပါးပြိုကျခဲ့ တာမို့ မြေညှိရှင်းလင်းပြီး တိုက်ဝါကို တည်ခဲ့ တာပါ။

လတန်ဆောင်ည
စစ်ကိုင်းတောင်ကို စတက်တော့ ကျွန် တော်ဘဝတစ်သက်တာမှာ မေ့မရနိုင်တဲ့ အပျော်မျိုးနဲ့ နွှဲခဲ့ဖူးတဲ့ စစ်ကိုင်းတောင်ရဲ့ တန် ဆောင်တိုင်ညကို သတိရမိပါသေး။ တန်ဆောင် မုန်းလဆန်း (၁၄)ရက်နေ့မှာ တောင်ပေါ်က ချောင်းများမှာ ကထိန်ခင်းကြတာပေါ့။ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက ကိုယ်စစ်ရှောင်ခဲ့တဲ့ ချောင်မှာ တစ်နှစ်တစ်ကြိမ်ကျေးဇူးဆပ်တဲ့အနေ နဲ့ ကထိန်ခင်းကြတာပါ။ သားစဉ်မြေးဆက် ကထိန်အမွေကို ဆက်ခံကြတာမို့ ယနေ့တိုင် စည် ကားနေဆဲ မန္တလေးကနေ မနက်ကတည်းက တဖွဲဖွဲလာနေကြတာ မွန်းတိမ်းတော့ တောင်ခြေ ပတ်လမ်းမှာ လူအပြည့်ကားအပိတ်ပဲ။ ဟိုတုန်း ကတော့ ဥမင်သုံးဆယ်၊ ပုညရှင်၊ ဥမင်ကိုးဆယ် ဘုရားတို့လိုမျိုး ရင်ပြင်ကျယ်ကျယ်မှာ မန္တလေး က တီးဝိုင်းများက သီဆိုတီးမှုတ်ကြတာကလား။ မန်းသူရွှေခြေကျင်းလေးတွေကလည်း ဆိုကြ ကကြပေါ့။ စစ်ကိုင်းရာဇဝင်နဲ့ တန်ဆောင် တိုင် ပျော်ပွဲဓလေ့အကျယ်ကို ဆရာမျိုးသူရ (စစ်ကိုင်း)ရဲ့ စစ်ကိုင်းမှတ်စုစာအုပ်မှာသာ ကြည့်ကြပေရော့။

ကိုညိုလုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*