ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အောင်ထက် ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အိပ်မက်

ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အောင်ထက် ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အိပ်မက်
November 27, 2017 Asian Fame
ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အောင်ထက် ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အိပ်မက်

အောင်ထက်ဆိုတာ အနုပညာ ညီအစ်ကိုမောင်နှမတွေ များစွာ ချစ်ခင်ကြသလို ပရိသတ်တွေများစွာလည်း ချစ်ခင် အားပေးမှုက တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာတဲ့ အနုပညာရှင် ဂီတသမားတစ်ဦးပါ။ သူ့မှာ သီချင်းတစ်ပုဒ်ကို အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့ ပါရမီရှိတယ်။ ရိုးသားဖြူစင်တဲ့ နှစ်လိုဖွယ် ကောင်းသော အပြုံးကို ပိုင်ဆိုင်ထားတယ်။

နိုဝင်ဘာ ၁၈ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြို ဂီတဖျော်ဖြေပွဲမှာ အောင်ထက်လည်း ပါဝင်သီဆို ဖျော် ဖြေခဲ့ပါတယ်။ “တက္ကသိုလ်နှစ် တစ်ရာပြည့်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ကို ပြောထားတာ ကြာပါပြီ။ ကျွန်တော်လည်း ပျော်ပျော်ကြီးနဲ့ တစ်တပ်တစ်အား ပါဝင်မယ် လို့ လက်ခံထားတဲ့အတွက် ဒီပွဲကြီးမှာ ပါဝင်ဖြစ်ပါတယ်။ ဖျော်ဖြေမှုပုံစံကတော့ အရင်တုန်းက တက္ကသိုလ်ကျောင်းမှာ ရှိတတ်တဲ့ ဇာတ်လမ်းလေးတွေနဲ့ ပတ်သက် တဲ့ သီချင်းလေးတွေကို သီဆိုဖျော်ဖြေတာပါ။ ကျွန်တော်တို့ လူငယ်တွေကို ရှေ့က အဆိုတော်ကြီးတွေကလည်း ဆိုခွင့်ပေးပါတယ်။ ပျော်စရာ ကောင်းပါတယ်” လို့ အောင်ထက် ကပြောပါတယ်။

တက္ကသိုလ်နဲ့ ပတ်သက်လို့ အတွဲခွေတစ်ခွေမှာလည်း ပါဝင်သီဆိုထားသေး တဲ့ အောင်ထက်က…  “ဖြိုးပြည့်စုံရယ်၊ ကျွန်တော်ရယ်၊ Jewel ရယ်ပြီးတော့ တခြားအဆို တော်တွေလည်း အများကြီးပါပါသေးတယ်။ “အဓိပတိလမ်းမှခြေရာများ” ဆိုတဲ့ ကျောင်း သီချင်း အတွဲခွေလေးကို M United ကနေပြီးတော့ ဦးဆောင်ပြီးလုပ်ပါတယ်။ ကျွန်တော်လည်း အဲဒီအခွေ လေးမှာ ပါဝင်ဖြစ်ပါတယ်။ ကျွန်တော်က အဲဒီအထဲမှာ ကျောင်းသီချင်းလေး တစ်ပုဒ် ပါဖြစ်တယ်ပေါ့နော်” လို့ ဆိုပါတယ်။   အောက်တိုဘာလ အတွင်းမှာ ထွက်ရှိထားတဲ့ “နှစ်” တစ်ကိုယ်တော်အခွေကိုလည်း အမ်တီဗီထွက်ဖို့ အောင်ထက် ကကြိုးစားနေပါတယ်။ အောင်ထက်ရဲ့ ၂ဝ၁၈ခုနှစ် အစီအစဉ်က… “၂ဝ၁၈ ခုနှစ်ထဲမှာတော့ ကျွန်တော့်ရဲ့ လောလောဆယ်အသစ် ထွက်ရှိထားတဲ့ “နှစ်” အယ်ဘမ် အမ် တီဗီလေးတွေ ထွက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်ရယ်၊ ဖြိုးပြည့်စုံရယ် အတွဲခွေလေး ကိုလည်း ၂ဝ၁၈ခုနှစ်နှစ်ဆန်းပိုင်းလောက်မှာ ထွက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ၂ဝ၁၈ခုနှစ်ထဲ မှာ ကျွန်တော်တို့ ရှိုးတွေလုပ်ဖို့လည်း စီစဉ်နေပါတယ်” လို့ အောင်ထက်က ပြောပြခဲ့ပါတယ်။    အင်တာဗျူးရဲ့ ရှေ့မှာဆိုခဲ့သလို အောင်ထက်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပါတယ်။

သူ့ပရိသတ်တွေကို အောင်ထက်က…     “အနယ်နယ်၊ အရပ်ရပ်မှာရှိကြတဲ့ သီချင်းချစ်သူတွေ အနေနဲ့ ကျွန်တော့်သီချင်းတွေကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီ့ထက်ပိုပြီးတော့ ကြိုး စားပါ့မယ်” လို့ ပြောပြီး သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အိပ်မက်ကိုလည်း အစဆွဲထုတ် ပေးဖြစ်လိုက်တော့ “One Man Show လုပ်ချင်ပါတယ်။ ကျွန်တော်လည်း ငယ်ငယ်လေး ကတည်းက စတိတ်ပေါ်မှာကျကျနန ဖျော်ဖြေရတာကို တအား သဘောကျတယ်။ အဲဒီအ တွက်လည်း အခုကတည်းက ကြိုးစား ပြင်ဆင်နေပါတယ်။ ဒါပေမဲ့လည်း ဘယ်တော့ဖြစ် မလဲတော့ မသိသေးပါဘူး။ အခုလောလောဆယ် ဂီတ အသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ တိုင်ပင်ထားတဲ့ ရှိုးကတော့ နောက်နှစ်ထဲမှာရှိပါတယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*