မေးခွန်းလမ်းဆုံ

မေးခွန်းလမ်းဆုံ
November 24, 2017 Asian Fame
မေးခွန်းလမ်းဆုံ

(၁)
နှစ်ပေါင်း အတော်ကြာကြာ မတွေ့ဖြစ်ခဲ့သော ဆရာဟောင်းတစ် ယောက်ကို မန္တလေးမြို့ရှိ စာအုပ် အရောင်းဆိုင် တစ်ဆိုင်ရှေ့တွင် ကျွန်တော်ပြန်တွေ့ခဲ့ရသည်။ လွန်ခဲ့ သည့် ၂၆နှစ်ခန့်၊ ကျွန်တော် ၁ဝ တန်းကျောင်းသား ဘဝက အင်္ဂလိပ် စာကို ကျောင်းသင်ရိုးအပြင် အတတ်ပညာ တစ်ခုအဖြစ် ထဲထဲဝင် ဝင် အသုံးချနိုင်သည်အထိ သင်ကြား ပေးခဲ့ပါသော ဆရာ့ကိုကျွန်တော် မည်သို့ မေ့နိုင်ပါမည်နည်း။ ဆရာ့ကို ပြန်လည်တွေ့ချင် ကန်တော့ချင်နေ သည့် ကျွန်တော့် ဆန္ဒသည် ကျွန်တော့်စိတ်ကို မကြာခဏ နှိုး တိုးလှုံ့တုံ့လုပ်နေခဲ့ပါသည်။ ယခုလို မထင်မှတ်သောနေရာတွင် မမျှော် လင့်ဘဲ နဖူးတွေ့ဒူးတွေ့ ဆုံလိုက်ရ သည့်အခါ ကျွန်တော့်လောက် ပျော် ရွှင်ဝမ်းမြောက်သူ မရှိဟုပင် ဆိုလိုက်ချင်ပါသည်။ ဆရာသည် ယခင်က ချောက်မြို့သား၊ ယခု မန္တလေးမှာ။ ကျွန်တော်ကမူ နိုင်ငံ့ ဝန်ထမ်းပီပီ ထားရာနေ၊ စေရာသွား နိုင်သေးသမျှ အချိန်ထိ နေရပ်လိပ်စာ ဝေဝေဝါးဝါး။
ကျွန်တော်၏ နှုတ်ဆက်သံကို ကြားသည်နှင့် ဆရာသည် ကျွန်တော့် ကို နာမည်နှင့်တကွ ချက်ချင်းတုံ့ပြန် နှုတ်ဆက်ပါသည်။ ကျွန်တော့် ဆရာ့ ကိုမမေ့သလို ဆရာသည်လည်း ကျွန် တော့်ကို အမှတ်တရ ရှိနေသေးဟန်။ တစ်ယောက် ကိုယ်တစ်ယောက် ဝမ်း သာအားရ ဖက်လဲတကင်းပြုကြရင်းမှ ဆရာသည် ကျွန်တော့်လက်ထဲရှိ ဝယ်ရန် ရွေးချယ်ထားသောအက် ဆေး ပေါင်းချုပ်စာအုပ်ကိုကြည့်ရင်း “မင်း ဒါတွေဖတ်တုန်းလား။ ကဗျာ တွေစာတွေ ရေးနေတုန်းပဲလား ကွာ” တဲ့။

ကျွန်တော့်ကိုဆရာ ကောင်း ကောင်းကြီး မှတ်မိနေသေးသည်မှာ သေချာပါတော့သည်။ ၁ဝတန်း ကျောင်းသား ဘဝကတည်းက ကျွန်တော်သည် ကျောင်းစာတွင် အများထက်ပိုမို ကြိုးစားခဲ့သည့်နည်း တူ ကဗျာတို၊ စာတိုလေးများကိုလည်း တခုတ်တရ ရေးဖွဲ့လေ့ရှိသူဖြစ် ကြောင်း ဆရာအသိဆုံးဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်ရေးဖွဲ့လေ့ရှိသော ကဗျာလေးများကို ဆရာသင်ပေး သော အင်္ဂလိပ်စာဖြင့် ကိုယ်တိုင် ဘာသာပြန်ဆို၍ ဆရာ့အား ကျွန်တော်ပြသခဲ့လေ့ရှိသည်။

ကျွန်တော်နှင့်ဆရာသည် ဘဝ အခြေအနေချင်း တူခဲ့ကြသည်ကို လည်း ကျွန်တော် သတိရနေမိပါ သည်။ ကျွန်တော်သည် လက်လုပ် လက်စား ပန်းပဲသမားတစ်ယောက် ၏ သားသမီးငါးယောက်ထဲမှ အကြီး ဆုံးသား။ ဆရာက အငယ်တန်း စာရေးဖခင်၏ သားသမီး ၅ယောက် ထဲမှ အကြီးဆုံးသား။ ထိုအချိန်က ဆရာသည် ဘွဲ့ရရပြီးချင်း၊ ကျွန်တော် တို့ရွာတွဲဘက် အထက်တန်းကျောင်း သို့ အငှားပြဆရာအဖြစ် လုပ်ကိုင် ရင်း မိသားစုဝန်ကို မျှငင်ရုန်းကန် နေရသူတစ်ဦး။ ဆရာသည် ထိုစဉ် ကတည်းက ကျွန်တော်၏ စာပေဝါသ နာကို အားပေးအားမြှောက်မပြုခဲ့။ ဘာ့အတွက်ကြောင့်ဟု ရေရေရာရာ ရှင်းရှင်းမပြောပြခဲ့သော်လည်း “ဒါ တွေက အရေးမကြီးသေးလို့ပါကွာ” ဟုသာ ပိတ်ပင်တားမြစ်ခဲ့ဖူးသူဖြစ် သည်။
ယခုထိ ဆရာသည်ကျွန်တော့် ကို အားမလိုအားမရ ဖြစ်နေဟန်ရှိ သည်။ ထိုနေ့က “ဒါတွေနဲ့ပဲ အချိန် ကုန်နေတာဆိုရင်တော့ မင်းရှေ့ရေး အတွက် ငါပူတယ်ကွာ”ဟု နှုတ်ဆက် စကားဆိုကာ ဆလွန်းကားလေးကို ကိုယ်တိုင်မောင်းရင်း လက်ပြခေါင်း ငဲ့ကြည့်သွားခဲ့ပါသည်။

(၂)
တွေးလက်စ ဝန်ထုပ်ဝန်ပိုးကြီး နှင့် မနိုင်နင်းဖြစ်နေသော ကျွန်တော် သည် ဆရာ့ကိုပင် ပြန်လည်နှုတ်ဆက် ရန် တွေတွေဝေဝေ ဖြစ်ကျန်ခဲ့ပါ သည်။ ဆရာသည် ယခုအချိန်အထိ ကျွန်တော့် အပေါ် အမြင်မပြောင်းလဲ သေးသည်လား။ ဆရာ၏ ဘဝယုံ ကြည်ချက် ကပင်လျင် ခိုင်မာနေလေ သည်လား။ ကျွန်တော် ကိုယ်တိုင်က ဆရာမြင်သလို မပြောင်းမလဲ ဖြစ်နေ သည်လား။ လူတစ်ယောက်၏ အသိ အတတ်ပညာ တို့သည် အချိန်နှင့် နေရာကို မူတည်လျက် အပြောင်းအ လဲရှိနေရမည်လား။ ရှိနေရန်လည်း မဖြစ်မနေ လိုအပ်ပါသလား။ လူတို့ သည် မပြည့်မစုံရာမှ ပြည့်စုံမည်ထင် သောအရာ ဆီသို့ ပြောင်းလဲနေကြ ခြင်းလား။ အသစ်အသစ် ကို လိုလား တောင့်တ၍ ပြောင်းလဲနေကြခြင်း လား။
ကျွန်တော်၏စိတ်သည် တငုံ့ငုံ့  တနုံ့နုံ့။ ရုန်းရင်းဆန်ခပ် မေးခွန်းများ နှင့်အပြိုင် စိတ်နှင့်လူနှင့်ပင် မကပ် ချင်သလိုလို။ မနက်ဖြန်ကျ ဒီလိပ်စာ အတိုင်းလာခဲ့ဦးဆိုကာ ဆရာပေး သွားခဲ့ပါသော လိပ်စာကတ် များကို ကြည့်ငေးရင်း ကျွန်တော်၏ငယ်ဘဝ များဆီသို့ ငေးတရီရီ။ ကျွန် တော်နှင့် ဆရာ့ကို ပိုမို ရင်းနှီးကျွမ်းဝင်စေခဲ့ သည်မှာ ကျွန်တော်၏ကဗျာ ကလေး များကြောင့်ဖြစ်၍ ထိုကဗျာများ အကြောင်းကို ပြန်လည်စဉ်းစား နေခြင်း ဖြစ်သည်။

(၃)
ကျွန်တော်ရေးဖြစ်ခဲ့ပါသော ကဗျာတိုင်းကို ဆရာ့အားမပြပါ။ အင်္ဂလိပ် ဘာသာသို့ စမ်းသပ်ပြန်ဆို ကြည့်သော ကဗျာတချို့ကိုသာ ဆရာ့ထံ အမှန်အမှား ပြသသင်ယူ ရင်း ပြလေ့ရှိပါသည်။ ဆရာက ကြိုက်တယ်ဟု ဖွင့်ဟမပြောခဲ့သော် လည်း နှစ်သက်သည့် အမူအရာပြခဲ့ သော ကဗျာလေး ၃ပုဒ်အကြောင်းကို ကျွန်တော် ပြန်စဉ်းစားနေမိပါသည်။ ကဗျာတို နံ့နံ့လေးများဖြစ်၍ ယခုထိ ကျွန်တော် ရနေပါသေးသည်။ ပထမ ကဗျာတိုလေးမှာ မုဆိုးရှဥ့်လည်းလျှောက် ပျားစွဲသာအဘိဓမ္မာ သူ့မှာမရှိ။သူ့လက်သူယုံစက်ဝိုင်းပုံ ဗဟိုစက်ပစ်ချက်ကွက်တိ။
ဆရာသည် ထိုကဗျာကိုဖတ်ပြီး ကျွန်တော့်ပခုံးကိုသူ့လက်ဖြင့် ညင် သာစွာ တဖတ်ဖတ်ပုတ်ခတ်ရင်း “ဘဝကို ဖြတ်သန်းတဲ့အခါ အဲလို တိကျပြတ်သားပါမှ လိုချင်တဲ့ သား ကောင်ကို ရမှာကွ”ဟု ပြုံးပြုံးကြီး ပြောခဲ့ဖူးပါသည်။ ဒုတိယတစ်ပုဒ်မှာ
မဟာဗျူဟာထိုအမဲကို သဲနဲ့လည်း သူမပက်။ သူကူညီ ပြုတ်ကျော်ချက်လို့စားတယ်ညမနက်။ “မီးစင်ကြည့်ကတယ်ဆိုတာ ထက် လေးနက်တဲ့သဘောပါတယ် ကွ။ ကိုယ်လည်းအကျိုးရှိ။ သူ့အကျိုး လည်း မပျက်စီးတဲ့အပြင်၊ အပိုဆု အဖြစ် အမဲသားဟင်းတောင် မြိန်မြိန် ကြီးစားရဦးမယ့်သဘောပဲ”ဟု အားပါးတရ ရယ်မောရင်း ဆရာ ပြောခဲ့ဖူးသည်။
တတိယကဗျာကိုတော့ ဆရာက ဖတ်ပြီးပြီးချင်း တုံ့ပြန်မပြောခဲ့။ ဒီဇင် ဘာကျောင်းပိတ်ရက် အိမ်မှပြန်လာ သည့်တစ်ရက်တွင် “မင်းရဲ့ဖျာသည် ကဗျာလေးကို ပြန်ရွတ်ပြပါဦး”ဟု ဆိုလာခဲ့ပါသည်။ ကျွန်တော်ပြန်ရွတ် ပြခဲ့သော ထိုကဗျာမှာ ဖျာရောင်းတဲ့ ကမ္ဘာလာ လေလာ ထိုင်ဖော်ရွေလှိုင်နေဖျာဆိုင်ဖွင့်တဲ့ မိတ်ဆွေများ။
ကျွန်တော်ရွတ်ဆိုနေသည်ကို ခေါင်းတငြိမ့်ငြိမ်ဖြင့်နားထောင်ပြီးမှ “လူပျော့သူညံ့တွေဟာ ကိုယ်မှာလို အပ်၊ မလိုအပ်ကို မစဉ်းစားဘဲ ဆိုင်ရှင်ရဲ့အကျိုးလိုလို့ ညောင်ရေ လောင်းမှုအောက်မှာ ဖျာတစ်ချပ် ဝယ်ပြန်ကြရသလို လူပါးဝတဲ့ ဒဏ်မခံကြရအောင်။ ငါတို့ဟာ လိမ္မာပါးနပ်နေရမယ့်သဘောပေါ့” ဟု ဆိုခဲ့ပါသောဆရာ။

(၄)
ဆရာလုံးလုံးကြီးပြောင်းလဲသွား ပြီဟု ကျွန်တော်ယူဆရတော့မည် လား။ ယခင်က ကျောင်းဆရာသာ ဖြစ်ခဲ့သော ဆရာသည် ယခုအခါ စီးပွားရေး လုပ်ငန်းတစ်ခုတွင် အောင် မြင်မှုရနေပြီတဲ့။ အချိန်နှင့်နေရာ ပြောင်းလဲရုံမျှဖြင့် လူသားတစ် ယောက် အတွက် အပြောင်းအလဲ သည် ပြီးမြောက်သွားပါသလား။ မဖြစ်မြောက်နိုင်ဟု ကျွန်တော်ထင် ပါသည်။ အတွေ့အကြုံသာ ပြောင်း လဲရင့်ကျက်လာနိုင်ပါမည်။ ထိုမှ တစ်ဆင့် အတွေးအကြံ မြင့်တက်လာ ရမည်။ ထိုအခါမျှသာ ဘဝရပ်တည် မှုဟန်သည် ပြောင်းလဲ တိုးတက်သွား မည်ဟု ဆိုလျင်မူ ရတန်ကောင်းပါ သည်။ ယခုလို ကျွန်တော်တွေးဆနေ ခြင်းသည် မှန်ကန်ပါသည်ဟု ဆိုနိုင် ပါသလား။ တကယ်တော့ ကျွန်တော် တို့သည် အကောင်းအမှန်ကို မဆိုက် မရောက်ကြသေး၍သာလျှင် အရွေ့ အပြောင်းတွေ လုပ်နေကြခြင်းဟု ကျွန်တော်မြင်ပါသည်။
အကောင်းဆုံး အမှန်ဆုံးသို့သာ ဆိုက်ရောက်သွားလျင် ကျွန်တော်တို့ ၏ ပြောင်းရွှေ့ခြင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာအမှုကိစ္စတို့သည် ရပ်တန့် သွားပါလိမ့်မည်။ လူတို့ထုပ္ပတ်၊ လောကီဇာတ်၌ အကောင်းအမှန်ဆုံး ဆိုသောအရာသည် ရှိပါမည်လား။ လောကီဇာတ်ဖြစ်သည်နှင့်အညီ လောကဓံတရား များအကြား စားဝတ်နေရေး၊ ရန်သူကြီးကိုသာ တွန်းလှန် ရုန်းကန်ရင်း ပို၍ပို၍ ကောင်းရာ မှန်ရာဆီ မျှော်ရင်း မှန်း ရင်းရွှေ့ပြောင်းနေကြဦးမည်ဟု ကျွန်တော် ဖြေဆိုကြည့်လိုက်ချင်ပါ သည်။
(၅)
ဆရာဝယ်ယူသွားခဲ့ပါသော စာအုပ်မှာ – အရှင်နန္ဒမာလာ ဘိဝံသ (Ph.D) ၏ “ပဋိစ္စသမုပ္ပါဒ်” ကို ပဌာန်းနည်းဖြင့် လေ့လာသုံးသပ် ခြင်းဖြစ်ပြီး ဆရာက စာအုပ်ဖိုး ပေးရှင်းသွားခဲ့သည့် ကျွန်တော်ရွေး ချယ်ထားသောစာအုပ်မှာ မိုးသက် ဟန်မြန်မာပြန်သည့် ဂျပန်စာရေး ဆရာကြီး မူယာကာမိ၏ “ကမ်းခြေ ပေါ်မှ ကပ်ဖကာ”ဝတ္ထုရှည်ဖြစ် သည်။
(၆)
မနက်ဖြန်တွင် ဆရာနှင့်တွေ့ဆုံ ရန် ကျွန်တော့်မှာ အားအင်မကျန် တော့သလို ခံစားနေရသည်။ ဆရာ ချိန်းခဲ့သော မနက်ဖြန် ၉နာရီ သည် ကျွန်တော့်လို နယ်မြို့အသီးသီးမှ ကဗျာရေးသူများ အချင်းချင်း မန္တလေးတွင်လာရောက်စုစည်းတွေ့ ဆုံရန် ချိန်းဆိုထားသော အချိန်နှင့် တိုက်ဆိုင်နေပါသည်။ အရှေ့နှင့် အ နောက် ကွဲပြားနေသော ဆုံရပ်နှစ်ခု။ တစ်နှစ်တစ်ခါ မသေချာလှသော ကျွန်တော်၏ရတောင့်ရခဲ ခရီးသွား အခွင့်အရေးတစ်ရပ်။ ကျွန်တော် မည်သို့စီစဉ် ဆုံးဖြတ်ရပါမည်နည်း။ ဆိုင်းဆိုင်းဆို့ဆို့ဖြစ်နေသော မိမိ ကိုယ်ကိုလည်း အားမလိုအားမရ။

ကျော်ဇေရည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*