အားလပ်ချိန်မှာ ဟန်ဇာမိုးဝင်း ဘာတွေလုပ်ဖြစ်လေ့ရှိလဲ

အားလပ်ချိန်မှာ ဟန်ဇာမိုးဝင်း ဘာတွေလုပ်ဖြစ်လေ့ရှိလဲ
November 21, 2017 Asian Fame
အားလပ်ချိန်မှာ ဟန်ဇာမိုးဝင်း ဘာတွေလုပ်ဖြစ်လေ့ရှိလဲ

အနုပညာရှင် တစ်ယောက်အနေနဲ့ကတော့ အားလပ်ချိန်ဆိုတာ အလွန် အင်မတန်ရှားပါးလွန်းပါတယ်။ ဒီလိုရှားပါးလွန်းတဲ့ အချိန်လေးအတွင်းမှာ သူတို့ အနေနဲ့ သူတို့ဝါသနာပါရာလေးတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ ဟန်ဇာမိုးဝင်း ကတော့ သူ့ရဲ့အားလပ်ချိန်တွေမှာ ခရီးသွားခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ စာဖတ်ခြင်းတွေကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ သူဟာ အခုလတ်တလောမှာတော့ ဓါတ်ပုံရိုက်ခြင်း ကို ပိုမိုလုပ်ဆောင်နေတာတွေ့ရပြီး ဝါသနာအရကော နောက်ပိုင်းမှာ ပရိုအဆင့်အထိပါ ရပ်တည်ဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

”ဓါတ်ပုံကတော့ အခုနောက် ပိုင်းမှာ တော်တော်ထဲထဲဝင်ဝင်လုပ်ဖြစ်လာတယ်။ အစတုန်းက ဓါတ်ပုံရိုက်ချင်တာပဲသိတာ။ အဲဒီ့ပညာရပ်က အင်မတန်နက်နဲတယ် ဆိုတဲ့အကြောင်းကို ကျွန်တော် ကောင်း ကောင်းကြီးမသိဘူး။ ကိုယ်တိုင် ဓါတ်ပုံရိုက် ကူးတဲ့အခါမှာ အချိန်ရယ်၊ ရာသီဥတုရယ်ကလည်း တအားအရေးကြီးတယ်။ ဓါတ်ပုံ ပညာရပ်နဲ့ပတ်သက်လို့လည်း ကျွန်တော်ထဲထဲဝင်ဝင် လေ့လာဖြစ်လာတယ်။ တစ်ချိန် ကျရင် ဓါတ်ပုံနဲ့ပရိုတစ်ယောက်ဖြစ်တဲ့အထိ ကျွန်တော်ကြိုးစားသွားမယ်” လို့ ဓါတ်ပုံ ပညာရပ်ပိုင်းနဲ့ ပတ်သက်လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

သူ့အနေနဲ့ နောက်ပိုင်းမှာတော့ ဓါတ်ပုံနဲ့ပတ်သက်လို့ ပြပွဲလုပ်ဖို့အထိ အစီ စဉ်ရှိပြီး ဓါတ်ပုံပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့လည်း ရှိနေပါတယ်။ ဓါတ်ပုံပြပွဲကတော့ တစ်ကိုယ်တော်ပြပွဲမျိုးမဟုတ်ဘဲ သူငယ်ချင်းဓါတ်ပုံဆရာတွေနဲ့ အတူ ပေါင်းပြီးပြုလုပ်သွားမှာဖြစ်တယ်လို့ သူကဆက်ပြောပြပါတယ်။

ဟန်ဇာမိုးဝင်းက သူ့အနေနဲ့အ နုပညာရှင်တစ်ယောက်သာ မဖြစ်ခဲ့ဘူးဆိုရင် ရုံးဝန်ထမ်းတစ်ဦးဖြစ်ချင်တယ်လို့ သူကဆိုလာပြန်ပါတယ်။ ရုံးတက်တဲ့ သူတွေအားလုံးကို သူ့ အနေနဲ့ တစ်အားချစ်ခင်ပြီး သူငယ်ငယ်က ရုံးဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့လိမ့်မယ်လို့ ထင်မှတ်ခဲ့တာဖြစ်ကြောင်း ဟန်ဇာမိုးဝင်းက ပြောပါတယ်။

”မနက်၉နာရီကနေ ညနေ၆ နာရီဆို ပြီးပြီလေ။ စနေတနင်္ဂနွေ သူတို့ ရုံးပိတ် တယ်။ သူတို့မှာတိကျမှုရှိတယ်။ ကျွန်တော်တို့မှာကျတော့ အဲဒီလိုမျိုးရှားတယ်။ စနေ၊ တနင်္ဂနွေ ကျွန်တော်တို့မှာ မရှိဘူး။ ပွဲမကတဲ့ရက်ဟာ ကျွန်တော့်ရဲ့အားလပ်ရက်ပဲ။ ပွဲ ၅ ညကမယ်ဆိုပေမယ့် ပျက်သွားတဲ့ညတွေလည်းရှိတယ်။ ဒါကြောင့် ရုံးဝန်ထမ်း တွေရဲ့ Life တွေကိုချစ်တယ်။ ညနေဆိုရင်ချိုင့်လေးတွေဆွဲပြီးတော့ ရုံးဆင်းသွား ကြတယ်။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်ကတအားဖြစ်ချင်ခဲ့တာ။ လူက ငယ် ငယ်တုန်းက စိတ်ကူးနဲ့ကြီးတဲ့စိတ်ကူးက မတူဘူးဗျ။ ငယ်ငယ်တုန်းက ရုံးဝန်ထမ်း ဖြစ်ချင်သလို ကြီးလာတော့ Company ပိုင်ရှင်ဖြစ်ချင်ကော။ လောဘပိုကြီးလာ တယ်။ (ရယ်လျက်)ပိုင်ရှင်ဖြစ်တာ ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ အဲဒီ့မှာခေါင်း ဆောင်တစ်ယောက်ရဲ့ စိတ်ဝင်သွားတယ်။ ခေါင်းဆောင်တစ်ယောက်ကကျတော့ ခေါင်းဆောင်ရဲ့နေရာမှာပဲ စဉ်းစာပေးရတယ်။ ကျွန်တော်ဆို ကျွန်တော့်ရဲ့ ဝန်ထမ်း တွေရှိတယ်၊ ကျွန်တော်ရဲ့အလုပ်သမားတွေရှိတယ်။ သူတို့အတွက် စဉ်းစားပေးရ တယ်။ ကျွန်တော်တစ်ယောက်တည်း အဆင်ပြေနေလို့ မဖြစ်ပါဘူး။ ကျွန် တော်အဖွဲ့သူအဖွဲသားတွေပါ အဆင်ပြေနေရမယ်။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါတယ်” လို့ ငယ်စဉ်က ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ စိတ်အကြောင်းကို သူကပြောပြခဲ့တာပဲဖြစ်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*