စာအုပ်ထုတ်ဝေသူ ရှိနေသရွေ့စာတွေ ရေးနေဦးမှာပါပဲဆိုတဲ့ ဟာသသရုပ်ဆောင် ဦးကျော်ထူးရဲ့ ၁၇အုပ်မြောက် စာအုပ်ထွက်ရှိ

စာအုပ်ထုတ်ဝေသူ ရှိနေသရွေ့စာတွေ ရေးနေဦးမှာပါပဲဆိုတဲ့ ဟာသသရုပ်ဆောင် ဦးကျော်ထူးရဲ့ ၁၇အုပ်မြောက် စာအုပ်ထွက်ရှိ
November 21, 2017 Asian Fame
စာအုပ်ထုတ်ဝေသူ ရှိနေသရွေ့စာတွေ ရေးနေဦးမှာပါပဲဆိုတဲ့ ဟာသသရုပ်ဆောင် ဦးကျော်ထူးရဲ့ ၁၇အုပ်မြောက် စာအုပ်ထွက်ရှိ

ကျော်ထူး (အထွေထွေ သရုပ် ဆောင်) ရေးသားတဲ့ မိုင်တိုင်၁၇ စာအုပ်ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီစာအုပ်က ဦးကျော်ထူးရဲ့ ၁၇အုပ် မြောက်စာအုပ်ဖြစ်ပြီး အရင်စာအုပ်တွေနဲ့ မတူတဲ့ပုံစံကို ဒီစာအုပ်မှာ ဖတ်ရှုကြရမှာဖြစ်တယ်လို့ သိရပါတယ်။

”ကျွန်တော်က ဘဝရဲ့မှတ်တိုင်တို့၊ ဖြတ်သန်းခဲ့တဲ့မှတ်တိုင်တို့ အနုပညာမှတ်တိုင်တို့ပေါ့။ မှတ်တိုင်ဆိုတာ ကုန်ဆုံးသွားတဲ့ အဓိပ္ပာယ် ကို ကျွန်တော်ကယူဆတယ်။ မိုင်တိုင်ဆိုတာကတော့ ၁၇ ပြီးရင် ၁၈၊ ၁၉ ၊၂ဝ တောက်လျှောက်သွားနိုင်တယ်လေ။ အဲဒီအဓိပ္ပာတယ်လေးနဲ့ မိုင်တိုင် ၁၇ဆိုပြီးတော့ ပေးလိုက်တာပါ။ နောက်ပြီးတော့ ကျွန်တော်ရဲ့ထွက်ရှိခဲ့တဲ့စာအုပ်က ဒီတစ်အုပ်နဲ့ဆိုရင် ၁၇အုပ် မြောက် ဖြစ်သွားတယ်။ အဲဒီ့ အဓိပ္ပာယ်နဲ့ ကျွန်တော်ပေးဖြစ်တာပါ”လို့ စာအုပ်ရဲ့နာမည်နဲ့ပတ်သက်လို့ဦးကျော်ထူးက ပြောပါတယ်။

မိုင်တိုင်၁၇ စာအုပ်ကတော့ ဂျာနယ်တွေမှာရေးသားထားတဲ့ ဆောင်းပါးတွေကို ပြန်လည်စုစည်းထားတာဖြစ်သလို ဆောင်းပါးအ သစ်တွေလည်း ပါကြောင်းသူက ပြောပါတယ်။

”ကျွန်တော်တွေးထားတာလေးတွေကို ရေးထားပြီးတော့ ဂျာနယ် အသီးသီးကိုပို့ ထားတာလေးတွေပါ။ ရှေ့က စာအုပ်တွေကကြတော့ ဇာတ်ကားတစ်ကားကိုကြည့်ရတဲ့ ပုံစံမျိုးကို ကျွန်တော်ကရေးသွားတာ။ ရုပ်ရှင်ပဲဖြစ်ဖြစ် ဗီဒီယိုပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကား ရိုက်ကူးလို့ရ အောင်ဆိုပြီးရေးထားတာ။ ဒီစာအုပ်မှာကြတော့ ကျွန်တော့်အနေဲ့ ရသလေးတွေ ရေးထားတာပါ”လို့ စာအုပ်နဲ့ပတ်သက်လို့ သူက ပြောပြပါတယ်။ ဦးကျော်ထူးအနေနဲ့ကတော့ စာပေထုတ်ဝေသူရှိနေသရွေ့ စာအုပ်တွေ ရေးသားသွားဦးမှာဖြစ်တယ်လို့ ဦးကျော်ထူးက ဆက်ပြောပါတယ်။

”ပရိသတ်တွေ ဒီစာအုပ်ကိုဖတ်ကြည့်လိုက်ပါ။ အကြောင်းအရာတစ်ခုချင်းစီမှာ ငြိသွားတာမျိုးတွေရှိမယ်။ ရင်ဘက်ထဲအထိ ရောက်သွားလိမ့်မယ်။ ကျွန်တော်ရေးထားတဲ့အထဲမှာ Message လေးတွေပါတယ်။ ပရိသတ်ကို ပေးထားတာလေးတွေပါတယ်။ အဲဒီ့အထဲက စာကြောင်းလေးတွေကို ထုတ်ယူသုံးမယ်ဆိုရင် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်အသိုင်းအဝိုင်းကို ကျော်ထူး ဒီလိုရေးထားတယ်၊ နင့်ကို ဒီလိုဆုံးမတယ်ဆိုပြီး အဲဒါမျိုးလေးတွေ မိဘဆရာသမားတွေက ဒီစာကြောင်းလေးတွေနဲ့ အသုံးချလို့ရပါတယ်”လို့ ဦးကျော်ထူးက ပြောပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*