မြန်မာ့ရုပ်ရှင် နောက်ခံတေးဂီတ Film Scole

မြန်မာ့ရုပ်ရှင် နောက်ခံတေးဂီတ Film Scole
November 20, 2017 Asian Fame
မြန်မာ့ရုပ်ရှင် နောက်ခံတေးဂီတ Film Scole

မြန်မာ့ရုပ်ရှင် ဇာတ်ကားများတွင် နောက်ခံတေးဂီတဖန်တီးမှု သည် အလွန်တရာမှ အရေးပါလှပေသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား ကောင်းခြင်းလက္ခဏာတွင် နောက်ခံ တေးဂီတပံ့ပိုးမှုကို အထူးအလေးထား ရသည်။ ပံ့ပိုးမှုအားနည်းပါက ရုပ်ရှင် ဇာတ်ကားလည်း အားနည်းမှု တစ်စိတ်တစ်ပိုင်းရှိလာမည်။

နောက်ခံတေးဂီတကို နိုင်ငံတကာတွင် Film Scole ဟု ခေါ်ကြ သည်။ ဇာတ်ကားတစ်ကားလုံးကို INSTRUMENT သံစုံဝိုင်းစုံ တီးကြသည်။ ဒါကို Own Creation လုပ် သည်ဟု ဆိုကြသည်။ တစ်ချို့က KB တစ်လုံးတည်းနှင့် တီးခတ်သည်။ တစ်ချို့က ဂီတာပံ့ပိုးမှုပါမည်။တစ်ချို့ Copy ကူးထည့်ကြသည်။ ယခုအခါ Library Sound ဟုခေါ်သော နိုင်ငံတကာ တီးလုံးများကို တရားဝင် ငှားရမ်းပြီး ကူးယူထည့်သွင်းကြသည်။ တစ်ချို့က မငှားရမ်းဘဲ အလွယ်တကူ ကူးယူအသုံးပြုကြသည်။

Digital ခေတ်တွင် ရုပ်ရှင် ဇာတ်ကားထုတ်လုပ်မှု များပြားလာသည်။ ယခုတလော ကြည့်ဖြစ်သော ရုပ်ရှင်ဇာတ်ကားများထဲတွင် Library Sound ဖြင့် ထည့်သွင်းမှုများပြား လာသည်။ သို့သော် Film Scole ၏ အဓိက အနှစ်သာရဖြစ်သော Sense အာရုံခံစားမှု အတတ်ပညာပိုင်းဆိုင်ရာ ပါမလာခဲ့ပေ။ အခန်းတိုင်း နောက်ခံတီးလုံးသံကြားနေရပါသည်။ အဖြတ်အတောက်ပင်မရှိပေ။

ရှေ့က ဆရာကြီးများဖြစ်သော ပညာရှင်ဦးလေးကို (ဂီတလုလင် မောင်ကိုကို)၊ စန္ဒရား တင်ဝင်းလှိုင်၊ ဆရာ အင်ဒရူးကောင်းတို့၏ Film Scole ပညာကို လေ့လာမိသလောက် ပြောရရင်၊ ဇာတ်လမ်း အနှစ်သာရ၏ အဓိကကျသော Team Sound ကို မဖြစ်မနေ ဖန်တီးကြသည်။ ရုပ်ရှင် သီချင်းသီးသန့်ပါဝင်သည့်အတွက် သီချင်း Melody ဖြင့် ဇာတ်ကို ခေါ် ကြသည်။ Melody ကို Instrument မျိုးစုံဖြင့် တီးခတ်ကြသည်။

ဇာတ်ကားထဲမှ အဓိကဇာတ်ကောင်စရိုက် Character ကို ပေါ် လွင်အောင် တီးခတ်ကြသည်။ အဝင်အထွက်၊ အဖိအပေါ့၊ အနှိမ့်အမြင့်၊ အနှေးအမြန်၊ အပွင့်အပိတ်၊ အစို့ စသည်ကိုအထူးဂရုပြု အလေးထားကြသည်။ လိုအပ်မှတီးသည်။ အရေးပါ အဓိကကျသည့် ဇာတ်ဝင်ခန်းတွင် စကားလုံးကို ဦးစားပေးရမည်ဆိုလျှင် မတီးဘဲ လွှတ်ထားပြီးမှ တစ်ဖက်လူ အရှိုက်ထိမှ ခံစားမှု ရသကိုပေါ်လွင် အောင် တီးခတ်ပေးရသည်။ ဇာတ်တို့ အထူးပံ့ပိုးပေးရာ ရောက်ပါသည်။ ထိုတီးခတ်မှု နောက်ခံတေးဂီတ Film Scole တွင် Serise ဟူသော အာရုံ ခံစားမှုအတတ်ပညာ အပြည့်အဝ ပါဝင်နေပါသည်။

ထိစဉ်က.. Film နှင့် ရိုက်ကူးခြင်းဖြစ်၍၊ ကားဆက်ပြီးချိန်တွင် ဂီတမှူး၊ နောက်ခံတေးဂီတ တီးခတ် မည့် ပညာရှင်မှာ၊ ကားဆက်ခန်း၌ Negative ဖလင်ပေါ်မှ အရုပ်များကို Steam Back မောင်းကြည့်ရင်း တီးခတ်မှုအတွက် ဖလင်ပေနံပါတ် များကို လိုက်မှတ်ရသည်။ အသံသွင်းသည့်နေ့တွင် တီးဝိုင်းအစုံနှင့် တီးနိုင်ရန် Notes များရေးရသည်။ ပြီးမှတီးဝိုင်းဆရာများကို ခွဲပေးရသည်။ Rehearsal အစမ်းတစ်ခေါက် နှစ်ခေါက်လောက်တီးပြီး No1 ဘာအရုပ်မှ No32 ထိ ဟု ဃူစေပေးပြီး သံစုံတီးခတ်ကြသည်။ ပိတ်ကားပေါ်တွင် ပေါ်လာသော နံပါတ်ကိုကြည့်တီးရသည်။ တစ်ချက်လေးလွဲသည်နှင့် အစအဆုံး တစ်ဖွဲ့လုံး ပြန်တီးရသည်။ တဖန် ဇာတ်ကား၏ ဇာတ်ရှိန် Tempo ဇာတ်ဖမ်းမှု အထွဋ်အထိပ်ရောက်မှုကိုလည်း တွက်ထားရသည်။ အရုပ်မမြင်ရဲ ၊ နံပါတ်ကြည့်တီးသည့် ခေတ်မှာပင် နောက်ခံတေးဂီတ၌ Sense အာရုံခံ စားမှု အနှစ်သာရ ပေါ်လွင်ခဲ့သည်။

ယခု… Digital ခေတ်တွင် အရုပ်ကြည့်ပြီး တီးပါလျှက် Sense နည်းပါးခြင်းကို တွေ့ရှိရသည်။ တချို့တွင် Tempo ကိုမတွေ့ရ။ ရုပ်ရှင်သီချင်းများ သီးသန့်သွင်းယူခြင်း မရှိတော့သဖြင့် Team Sound များကို မတွေ့ရှိရတော့။ တစ်ချို့က Melody တေးသွားများကို Instrument မျိုးစုံဖြင့် တီးကြသည်။ တချို့က နိုင်ငံခြား သံစဉ်များကို Copy လုပ်တီးကြသည်။ တချို့က Own Creation လုပ်ကြသည်။ ယခု Library တီးလုံးများ အသုံးပြုများလာကြသည်။ တရားဝင် အသုံးပြုနိုင်ရန်အတွက် တစ်နှစ်လျှင် မြန်မာငွေကျပ် သိန်း ၄ဝ ပေး၍ လိုင်စင်လုပ်ရသည်။ အရုပ်နှင့် ကိုက်မည်ထင်သော တီးလုံးများကို လိုသလို ထည့်သွင်းအသုံးပြုကြသည်။ သို့သော် Film Scole အနှစ်သာရ ဖြစ်သော Sense အာရုံခံစားမှု အတတ် ပညာပါမလာခဲ့သဖြင့် နောက်ခံတီး လုံးပညာရပ်ဆိုင်ရာ အားနည်းနေသည်ကို သတိပြုမိသည်။

ယခု… Digital ခေတ်တွင် နည်းပညာများကို တိုးတက်လာပြီ ဖြစ်၍ အားသာသော Soft Ware များ သုံးနေကြသော်လည်း Film Scoie ၏ပညာများ အားနည်းနေသည် သတိပြုမိသည်။ ဥပမာ KB မှ ထွက်လာသော တယောသံနှင့် တယော Violas အစစ်နှင့် ထိုးသံသည် အလွန်ကွာခြားပါသည်။ တစ်ခါတစ်ရံ Double Bass တယောကြီး အသံလိုအပ်လျှင် Fiddler တယောထိုးသူ ပညာရှင်ကို ခေါ်သင့်သည် Instument စုံလေ ကောင်းလေပင်။ သို့သော်… အနုပညာ ကြေးရရှိမှုနည်းသဖြင့် အချိန်ပေး မလုပ်ခြင်းကြောင့် Instrument အသံစုံ မတီးနိုင်ခြင်း ဖြစ်သည်။

တစ်ချို့ မြန်မာသံစစ်စစ်မတီး မဖြစ်ပါက ဆိုင်းဝိုင်းဖြင့် တီးစေလိုသည်။ KB ကိုကြီး အသုံးပြုနေ၍ မဖြစ်။ ”နေခြည်မှာ ရွှေရည်လောင်း” ဇာတ်ကားသည် ကျေးလက်လူမှု ဘဝ၊ ယဉ်ကျေးမှု၊ ပညာရေးကို ဦးတည် ရည်ရွယ်ထားသော ဇာတ်ကားဖြစ်၍ ငွေကုန်ခံကာ မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် မြန်မာသံစစ်စစ် တီးထားသည်ကို ခံစားနိုင်ခဲ့သည်။

Library အသံများသည် နိုင်ငံတကာ တီးခတ်ထားသောအသံများ ဖြစ်၍ မာသည်။ စွာသည်။ ရင်ထဲကို တည့်တည့်ထိသည်။ ၅.၁- ၇.၁ လုပ်ရာမှာ အားသာသည်။ ကိုယ်ပိုင် တီး ခတ်မှုအသံများ Mixxing လုပ်ရာတွင် အသံမာမှု အားနည်းနေသည်ကို သတိပြုမိသည်။

မည်သို့ပင်ဖြစ်စေ Digital ခေတ်တွင် အသံပိုင်းဆိုင်ရာ တိုးတက်လာပြီဖြစ်၍ နောက်ခံတေးဂီတ Film Scole တွင် Sense ဟူသော အာရုံခံစားမှု ပညာရပ်ဆိုင်ရာ IT နည်းပညာဆိုင်ရာများကို အထူးသတိပြုမိကြမည်ဆိုလျှင် ဇာတ်ကားကို တိတိကျကျပံ့ပိုးပေးရာ ရောက်ပေမည်။ Mac ရဲ့ အားသာချက်ကို အသုံးပြုသင့်သည်။ အဘယ့်ကြောင့် ဆိုသော် အသံကြည်လင်မာကျော၍ ဖြစ်သည်။ အကောင်းဆုံး၊ လိုက်ဖက်ဆုံး Soft Ware မှာ Studio One Soft Ware ဖြစ်ပါသည်။ အသံပိုင်းဆိုင်ရာ အလွန်အားသာပါသည်။

မြန်မာ့ရုပ်ရှင် တိုးတက်စေခြင်း အလို့ငှာ ကျွန်တော်လေ့လာထားသော ပညာရပ်ဆိုင်ရာကို မျှဝေလိုက်ရခြင်း ဖြစ်သည်။

ဒါရိုက်တာ မောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*