နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်မယ့် ဥက္ကာမင်းမောင်

နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်မယ့် ဥက္ကာမင်းမောင်
November 17, 2017 Asian Fame
နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်မယ့် ဥက္ကာမင်းမောင်

သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သူ့ရဲ့ ၁၈ အယ်လ်ဘမ် အခွေထွက်ရှိတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သူ့ပရိသတ်များ နဲ့တွေ့ဆုံပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီပွဲကို သူ့ရဲ့ နေအိမ် ခြံထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲနေ့မှာတော့ ပရိသတ်များကို သူကိုယ်တိုင် အစား စာဟင်းလျာ များကို ချက်ပြုတ်ကျွေးမွေးမှာဖြစ်ပြီး ပွဲနေ့မှာတော့ ပရိ သတ်များကို သူကိုယ်တိုင် အစားစာဟင်းလျာများကို ချက်ပြုတ်ကျွေးမွေး သွားမှာ ဖြစ်သလို သီချင်းဆိုခြင်း ဂိမ်းကစားခြင်းများကိုလည်း ပျော်ရွှင် စွာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဥက္ကာမင်းမောင်က…    “ကျွန်တော် အဲဒီအခွေကို မနှစ်က ရန်ကုန်မြို့ထဲပဲ ကျွန်တော် ပရိုမိုး ရှင်းလုပ်ဖြစ်ခဲ့တယ်။ တခြားနယ်တွေ မြို့တွေကို သွားမယ်ဆိုပြီး မသွား ဖြစ်ခဲ့ ဘူး။ တခြား အလုပ်ကလေးတွေ ရှိနေတာနဲ့ နယ်တွေ မဆင်းဖြစ်ခဲ့ တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ပြီးတော့ လည်း မြန်မာနိုင်ငံ မှာနေတဲ့ အချိန်ကလည်း နည်းတဲ့ အတွက် မလုပ်ဖြစ်လိုက်ဘူး။ အခုတော့ ၁၈ အယ်လ် ဘမ် တစ်နှစ်ပြည့် အတွက် ကျွန်တော့်ရဲ့ ခြံထဲမှာပဲ ပရိသတ်တွေ ဖိတ်ပြီး ကျွန်တော်ကိုယ်တိုင် ဟင်း ချက်ကျွေးပါ့မယ်။ မနှစ်ကလိုပဲ ပေါ့ နော်။ မနှစ် တုန်းကတော့ Special 18 Group 1 2 3 ၁၈ ယောက် ဂရုတွေထဲကပဲ လူတွေကိုရွေးပြီး ဖိတ် ခဲ့တယ်။ ဒီနှစ်တော့ ကျွန်တော့် ဖေ့ဘုတ်စ်ထဲက ပရိသတ်တွေ ကိုလည်း ကျွန်တော်ထပ်မံ ဖိတ် ကြားမှာပါ။ ဒါက ဒုတိယ အကြိမ်ပေါ့နော်။ ဖြစ်နိုင်ရင်တော့ အစဉ်အလာလေး တစ်ခုအ နေနဲ့ လုပ်သွားချင်တယ်။ နှစ်တိုင်းပေါ့နော်” လို့ ပြောပါတယ်။

၁၈ အယ်လ်ဘမ် အခွေ ထွက်ရှိတာ တစ်နှစ်ပြည့်သွားပေမယ့်  VCD  အဖြစ် ထွက်ရှိလာဖို့တော့ အချိန် အနည်းငယ် ကြာ မြင့်နေဦးမယ်လို့ ဥက္ကာမင်းမောင် က ပြောပြ ခဲ့ပါတယ်။ “VCD ကတော့ ဖြည်းဖြည်းချင်း ရိုက်သွားပါမယ်။ အခွေတော့ ကြား ဦးမယ်။ အားလုံးတော့ မရိုက်ဘူး။ ၇ပုဒ်၊ ၈ ပုဒ် လောက် တော့ ရိုက်မယ် လို့ ထင်တယ်။ အသစ်နဲ့ အ ဟောင်းရော ထုတ်ဖို့စဉ်း စားနေတယ်။ အခု လောလော ဆယ်တော့ VCD က ရိုက်ကို မရိုက် ရသေးတာ။ ရိုက်ဖြစ်တဲ့ အခါကျရင် ဒီအခွေထဲမှာ ပရိသတ်တွေပါပါမယ်။ အိမ်မှာ ပရိသတ်တွေနဲ့ ဟင်း ချက်ကျွေးတာလေးတွေကို ကျွန် တော်ရိုက်ကူးထားတာ လေးတွေ ရှိ တယ်။ အမှတ်တရ အနေနဲ့ အဲဒါ လေးတွေ ပါပါမယ်” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*