၂ဝ၁၈ နှစ်ဦးပိုင်းမှာ ရုံတင်ပြသတော့မယ့် အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကြီးအပေါ် ရင်ခုန်နေတဲ့ ဒါရိုက်တာ အောင်မြတ်

၂ဝ၁၈ နှစ်ဦးပိုင်းမှာ ရုံတင်ပြသတော့မယ့် အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကြီးအပေါ် ရင်ခုန်နေတဲ့ ဒါရိုက်တာ အောင်မြတ်
November 14, 2017 Asian Fame
၂ဝ၁၈ နှစ်ဦးပိုင်းမှာ ရုံတင်ပြသတော့မယ့် အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကြီးအပေါ် ရင်ခုန်နေတဲ့ ဒါရိုက်တာ အောင်မြတ်

၂ဝ၁၇ ခုနှစ်ထဲမှာ ရိုက်ကူးရေး အနေနဲ့ Commerial  ပိုင်းကို ဦးစားပေးရိုက်ကူးဖြစ်နေတာက ၂ဝ၁၈ ခုနှစ်ထဲမှာ ဖန်တီးမယ့် အနုပညာ သစ်တွေ အတွက် အတွေ့အကြုံရဖို့ အတွက်ပါလို့ လူငယ် ဒါရိုက်တာ အောင်မြတ်က ပြောပါတယ်။ ၂ဝ၁၈ နှစ်ဦးပိုင်းမှာ ရုံတင်ပြသမယ့် “အနမ်းဝိုင်” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ အောင်မြတ်က၂ဝ၁၇ ခုနှစ်ထဲမှာ ရိုက်ကူးရေး အနေနဲ့ Commerial  ပိုင်းကို ဦးစားပေးရိုက်ကူးဖြစ်နေတာက ၂ဝ၁၈ ခုနှစ်ထဲမှာ ဖန်တီးမယ့် အနုပညာ သစ်တွေအတွက် အတွေ့အကြုံရဖို့ အတွက်ပါလို့ လူငယ် ဒါရိုက်တာ အောင်မြတ်က ပြောပါတယ်။

၂ဝ၁၈ နှစ်ဦးပိုင်းမှာ ရုံတင်ပြသမယ့် “အနမ်းဝိုင်” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ အောင်မြတ်က “၂ဝ၁၈ခုနှစ်ကတော့ ကျွန်တော့်အတွက် ပိုပြီးတော့ အလုပ်လည်းများမယ်။ အချိန်ကလည်း ပိုပြီးတော့ လိုအပ်နေမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ကုန်၊ ဒါမှမဟုတ် နောက်နှစ် ဆန်းလောက်မှာ ဆရာမပုညခင်ရဲ့ “အနမ်းဝိုင်” ဝတ္ထုကို ရိုက်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးက ရုံတင်တော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်ရင်လည်း အရမ်း ခုန်နေပါတယ်။ ၃နှစ်လောက် ကိုယ်ကြိုးစားထားတဲ့အရာတွေကို ပရိသတ်တွေ ဆီကိုချပြခွင့်ရတော့မယ့် အချိန်ဆိုတော့ ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်တဲ့အတွက် ပျော်လည်း ပျော်နေပါတယ်။ ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်မလဲပေါ့နော်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်နောက်ထပ် ရုပ်ရှင် ကားတွေရိုက်ကူးဖို့အတွက်ကိုလည်း ၂ဝ၁၈ ခုနှစ်ထဲမှာ စပြီးတော့မှ ကမ်းလှမ်းထား တဲ့ ဏမသိကခအငသည တွေရှိတယ်။ ရိုက်ကူးဖို့အတွက်ကိုလည်း ဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေစပြီးတော့ စုနေတယ်” လို့ပြောပါတယ်။

၂ဝ၁၈ခုနှစ်ထဲမှာ အစွမ်းကုန် ကြိုးစားမှုတွေနဲ့ ရုပ်ရှင်ဇာတ်ကား တွေဖန်တီးတော့မယ့် အောင်မြတ် တစ်ယောက် ဒီဘက်နောက် ပိုင်းမှာ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေအပေါ်ကို အခုလို ရှုမြင်သုံးသပ် လို့နေပါတယ်။ “နောက်ပိုင်းမှာ ရုံတင်ပြသတဲ့ဇာတ်ကားတွေဆိုလို့ရှိရင် လည်း အရမ်းလည်းပိုပြီးတော့ လူသိသာလာတယ်ဗျ။ တအားလည်းကောင်းလာတယ်။ လူတွေကလည်း ရုပ်ရှင် တွေမှာပိုပြီးတော့ စိတ်ဝင်စားလာတဲ့အတွက် ထုတ်လုပ် ရေးတွေကလည်း ပိုများလာသလိုမျိုး ထွက်လာတဲ့ ဇာတ်ကားတွေကလည်း တော်တော်လေးကို အရင်က ထက် ပိုကောင်းလာတယ်။ အဆင့်အတန်းပိုမြင့်လာတာကို လည်းတွေ့ရပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်လုပ် တဲ့အနုပညာအတွက် အနုပညာပိုင်းမှာရော၊ Market  ပိုင်းမှာရော ပိုပြီးတော့မှ ထိုးဖောက်နိုင်ဖို့အတွက်ကို ပိုပြီး တော့ စဉ်းစားဖြစ်လာပါတယ်။ ကြိုးစားဖို့အတွက်လိုအပ်တယ်ဆိုတာကိုလည်း သိလာပါတယ်” လို့ပြောပြခဲ့ ပါတယ်။
မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*