အကယ်ဒမီ မှန်းထားတဲ့ ‘ဇာတိမြေ ‘ရုပ်ရှင်ဇာတ်ကားကြီး ဖေဖေါ်ဝါရီလတွင် ရုံတင်မည်

အကယ်ဒမီ မှန်းထားတဲ့ ‘ဇာတိမြေ ‘ရုပ်ရှင်ဇာတ်ကားကြီး ဖေဖေါ်ဝါရီလတွင် ရုံတင်မည်
November 14, 2017 Asian Fame
အကယ်ဒမီ မှန်းထားတဲ့ ‘ဇာတိမြေ ‘ရုပ်ရှင်ဇာတ်ကားကြီး ဖေဖေါ်ဝါရီလတွင် ရုံတင်မည်

မြန်မာနဲ့ ဂျပန်နိုင်ငံတို့မှာ ရိုက် ကူးထားတဲ့ ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ် ကားကို ဖေဖေါ်ဝါရီ လထဲမှာရုံတင် ပြသသွားတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါ ရိုက်တာကြည်ဖြူသျှင်က ရိုက်ကူး ထားပြီး ရန်အောင်၊ အောင်ရဲ လင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့ အဓိက ပါဝင်သရုပ်ဆောင် ထားကြ ပါတယ်။ နှစ်နိုင်ငံပေါင်းပြီး ရိုက်ကူး ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ရှုခင်းတွေနဲ့ မြန်မာနိုင် ငံရဲ့ ရှုခင်းတွေ ကိုမြင်တွေ့ရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

”ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး တော့ အများကြီး မျှော်လင့်ထား ပါတယ်။ မျှော်လင့်ထားတယ် ဆိုတာ က အနုပညာအရပေါ့။ ဇာတိမြေ ကကျတော့ အစ်မတို့အတွက် မ မျှော်လင့်ထားသော အိမ်မက်ကြီး တစ်ခုပဲ။ ဒါကြောင့် အနုပညာအရ လည်း ပရိသတ်တွေ ကြိုက်ကြဖို့ မျှော်လင့်တယ်။ အကယ်ဒမီလည်း မျှော်လင့်တယ်။  ဇာတ်ကားအတွက် လည်းမျှော်လင့်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေ အတွက်လည်း မျှော်လင့်တယ်။ ဒါရိုက်တာ အတွက် လည်း မျှော်လင့်တယ်။ ပြီးတော့ နောက်တစ်ခုက မြန်မာဇာတ်ကား တစ်ကား ဂျပန်နိုင်ငံမှာ ပြသခွင့်ရမယ်။ ရုပ်ရှင် ပွဲတော်တွေမှာလည်း သူတို့ လိုက်ပြီးလို့ ပြသမယ်လို့ ပြောတယ်။ ကိုယ့် မြန်မာဇာတ်ကားတစ်ကား အနေနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော် တွေမှာ ပြသခွင့်ရမယ်ဆိုရင် အနု ပညာအရ အများကြီးအကျိုးရှိပါ တယ်”လို့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်တိုင်း ပြည်ကိုချစ်ဖို့၊ ကိုယ့်တိုင်းပြည်မဟုတ် ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်တိုင်း ပြည်ကိုချစ်ဖို့၊ ကိုယ့်တိုင်းပြည်မဟုတ်သော်လည်း ကိုယ်နေထိုင်လျက်ရှိတဲ့ တိုင်းပြည်က ကိုယ့်ရဲ့ ကျေးဇူးရှင် တိုင်းပြည်ဖြစ်တဲ့အတွက် ဒီတိုင်းပြည် ရဲ့ကျေးဇူးကိုလည်း နားလည်းရမယ် ဆိုတာကို ပြသမယ့်ဇာတ်ကားတစ် ကားပဲ ဖြစ်ပါတယ်။

”တစ်ချို့နိုင်ငံ တော်တော်များ များဆိုရင် မြန်မာဆိုရင် သိပ်မသိဘူး။ ဒီဇာတ်ကား ကြည့်ခြင်းအား ဖြင့်သူ တို့ မြန်မာတွေကို မြင်ရမယ်။ မြန်မာ လူမျိုးတွေရဲ့စိတ်ဓါတ်၊ မြန်မာလူမျိုး တွေရဲ့ ခံယူချက် အဲဒါတွေကို မြင် တွေ့ရပါမယ်။ ဒါတွေက အစ်မတို့ အတွက် တန်းဖိုးဖြတ်လို့ မရလောက် အောင် အကျိုးရှိပါတယ်”လို့ သူက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးထပ်မံ ပြောပြပါတယ်။

ဒီဇာတ်ကားမှာ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေက မြန်မာလူမျိုး တွေ ဖြစ်ပေမယ့် ကျန်တဲ့ရိုက်ကူးရေး အဖွဲ့တွေကတော့ ဂျပန်လူမျိုးတွေ ပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေနဲ့ လုပ်ကိုင် ရတာဖြစ်တဲ့အတွက် အချိန် တိကျမှုကိုလည်း အလေးထားခဲ့ ကြသလို သူတို့ရဲ့ ကောင်းတဲ့စနစ်တွေ ကိုလည်း ရရှိခဲ့တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ထပ်လောင်းပြောပြခဲ့ ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*