ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတာ မရှိခဲ့ပါဘူးရွှေထူး

ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတာ မရှိခဲ့ပါဘူးရွှေထူး
November 6, 2017 Asian Fame
ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတာ မရှိခဲ့ပါဘူးရွှေထူး

အဆိုတော် တစ်ဦးအဖြစ် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ ရွှေထူးကတော့ အခုနောက်ပိုင်း သရုပ်ဆောင်တစ်ဦး အဖြစ် ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးလာတာကိုလည်းတွေ့ ရပါတယ်။ သူကတော့ နိုဝင်ဘာလ ၁ရက်နေ့က Novotel  Hotel  မှာ 7 Sense ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ အတူရုပ်ရှင် ဇာတ် ကားများရိုက်ကူးရန်း ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဆိုတော် တစ်ဦးအနေနဲ့ သရုပ်ဆောင်အဖြစ် ရုပ်ရှင်ရိုက် ကူးရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော် သီချင်းတွေ လုပ်တဲ့ အခါမှာလည် ဒီ 7 Sense ရုပ်ရှင်ထုပ်လုပ်ရေးက ကူညီပေးထားတာတွေ အများကြီး ရှိပါတယ်။ အလုပ်တွေလည်း အတူတွဲလုပ်နေကျ ဖြစ်တယ်။ ရှေ့မှာလည်း ဒီထုတ်လုပ်ရေးနဲ့ “ပက်ပက်စက်စက်ညို့” ရုပ်ရှင် တစ်ကား ရိုက်ထားပါတယ်။ ပြောရရင် ကျွန်တော် ရုပ်ရှင်ဘက်ကို ကူးတာတော့ မဟုတ်ပါ ဘူး။ အဓိက လုပ်ဖြစ် တာ ကတော့ အမေ လုပ်စေချင်လို့ လုပ်ဖြစ်တာပါ။ အမေက သ ရုပ်ဆောင် လုပ်စေချင်တယ်။ နောက်ပြီး ကျွန်တော်ရဲ့ အသိုင်း အဝိုင်း၊ ကျွန်တော် ရဲ့သူငယ်ချင်းတွေကအစ အားပေး ကြတယ်။ လူဆိုတာက တစ်ဖြည်း ဖြည်း အသက်ကြီးလာကြတာ ပဲလေ။ ကျွန်တော် အ သက်အရွယ် လေးရှိတုန်း လုပ်ဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အနုပညာ လောဘ ကြီးတာပါ။ ကျွန်တော် အနုပညာနဲ့ ပတ် သတ်ပြီး လုပ်ချင်တာကို အကုန် လုပ်သွားချင်တဲ့ အ တွက် ခုလို စာချုပ်ချုပ်ဆို ဖြစ်ခဲ့တာပါ။ ဒီ ၂ နှစ်အတွင်း မှာ 7 Sense ရုပ်ရှင်ထုတ် လုပ်ရေးနဲ့ အတူ ရုပ်ရှင် ၈ကား ရိုက်ကူးသွားမှာပါ။ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းကိုလည်း သူတို့ ရိုက်ပေးမယ် သူတို့ ကြိုက် တဲ့ ဇာတ်လမ်းကိုလည်း ကျွန်တော် ရိုက်မယ်။ ကာရိုက်တဲ့ အပိုင်းကတာ့ ကျွန်တော် ဗီလိန် လုပ်ရတာ ကြိုက်တယ်။ အသဲအခွဲ ခံရတာ တို့ အသဲကွဲပြီး ကျန်ခဲ့တာတို့ အဲ့လိုကာရိုက်တာတွေ လုပ်ရတာကို ကြိုက်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

အရင်က ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတာ မရှိခဲ့ပါဘူးလို့ ဆိုလာတဲ့ အဆို တော် ရွှေထူးက . . .  “ကျွန်တော်က ကိုယ်ကိုကိုယ် ရုပ်ရှင် သရုပ် ဆောင် တစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားတာ မရှိခဲ့ ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အရင်ကတည်း က ဆိုးတယ်။ လူဆိုးတစ်ယောက် အနေအထားနဲ့ သီချင်း တွေလုပ်တယ်။ သီချင်းတွေကို ပရိသတ်အားပေးမှုနဲ့ အဆို တော် ရွှေထူးဆိုတာ ဖြစ်လာတာကိုတောင် တော်တော်လေး ဝမ်းသာလှပါပြီ။ အရမ်းလည်း ပျော်လှပါပြီ။ ဒီလို ဖြစ်လာ တာကလည်း ကျွန်တော်ရဲ့ ကံကြောင်း၊ အားလုံးပိုင်းပြီး ပံ့ပို့မှု တွေကြောင်း၊ နောက်ပြီး ပရိသတ် အား ပေးမှုတွေကြောင်း အဲ့ဒီအနေအထား ကို ရောက်လာတာပါ။ ပြီးတော့ အခုရုပ်ရှင်ရိုက်ကူးဖို့ အခွင့် အလမ်းတွေ ရလာတယ်။ အဲ့ဒီလို့ အခွင့်အရေးတွေ ရလာတာကလည်း ကျွန်တော် အားလုံး အပေါ်မေတ္တာ ထားတာကြောင့် စေတနာ အကျိုးပေး တယ်လို့ထင်ပါတယ်။ အခု ရုပ်ရုင် ရိုက်တဲ့အခါမှာလည်း လို အပ်ချက်တွေရှိမယ်။ အဲ့ဒါကြောင့် ပရိ သတ်တွေ အနေနဲ့လည် ကျွန်တော်ကို ဝေဖန်ပေးကြပါ။ ထောက်ပြပေးကြပါ”လို ပြောပါတယ်။   ဆက်လက်ပြီး အမေကြောင့် သရုပ်ဆောင်လုပ်ဖြစ်ခဲ့တဲ့ သူ့ကို မိဘ အပေါ် လိမ္မာတတ်တဲ့ သားတစ်ယောက် လား လို့မေးမြန်းခဲ့ရာ . . .

ကျွန်တော်က မိဘအပေါ် ဆိုးခဲ့ဖူးပါ တယ်။ အဖေကတော့ နိုင်ငံခြားမှာနေပါ တယ်။ အမေကတော့ ကျွန်တော်နဲ့ အနီးကပ် ဆုံးရှိပြီး ကျွန်တော်ရဲ့ဒဏ်ကို အရမ်းခံခဲ့ ရတယ်။ ကျွန်တော်က နေတက်ရေတက်မှာ မွေးတဲ့ စနေသား စိတ်ကြီးတယ်။ အမေက ကျွန်တော်ကြောင့် မျက်ရည်နဲ့ မျက်ခွက်လည်း ခဏခဏကြုံခဲ့ရတယ်။ အသက်ကြီးလာတဲ့ အခါကျတော့ ကျွန်တော် အဲ့ဒီလိုတွေ အဖြစ်ချင် တော့ဘူး။ ကျွန်တော်ရဲ့ အသိုင်းအဝိုင်း ပရိသတ် တွေကြောင့် ကျွန်တော် အာလုံးကို ပြင်ဆင်လာ တာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*