ရန်ကုန်စီဂျေ ၏ စွန့်စားခန်းများ – ၅

ရန်ကုန်စီဂျေ ၏ စွန့်စားခန်းများ – ၅
November 6, 2017 Asian Fame
ရန်ကုန်စီဂျေ ၏ စွန့်စားခန်းများ – ၅

“ကိုယ့်ထမင်းကိုယ်စားပြီး ကြီး တော်နွားကျောင်းရသည်” နှင့် တူလှ စွာသော Citizen Journalist ခေါ် လွတ်လပ်သော အရပ်သား သတင်း သမားဘဝတွင် “စီဂျေ” သည် ရောင့်ရဲတင်းတိမ်စွာ ကျေနပ်ကြည်နူး လျက်ရှိ၏။ FB မှာ သူတင်လိုက်သော  သတင်းထူး သတင်း ဆန်းကလေးများ က ပြည်သူကို အသိအမြင်တိုး စေ. ..၊ ဘဝအမောပြေစေ….သည် ဟုဆိုလျင်တော့ စီဂျေအတွက် အတိုင်းထက်အလွန်၊ တံခွန်နှင့် ကုက္ကားဆိုဘိ သကဲ့သို့ ဖရဏာပီတိ ဂွမ်းဆီထိ လေတော့၏။”ကိုယ့်ထမင်းကိုယ်စားပြီး ကြီး တော်နွားကျောင်းရသည်” နှင့် တူလှ စွာသော Citizen Journalist ခေါ် လွတ်လပ်သော အရပ်သား သတင်း သမားဘဝတွင် “စီဂျေ” သည် ရောင့်ရဲတင်းတိမ်စွာ ကျေနပ်ကြည်နူး လျက်ရှိ၏။ FB မှာ သူတင်လိုက်သော  သတင်းထူး သတင်း ဆန်းကလေးများ က ပြည်သူကို အသိအမြင်တိုး စေ. ..၊ ဘဝအမောပြေစေ….သည် ဟုဆိုလျင်တော့ စီဂျေအတွက် အတိုင်းထက်အလွန်၊ တံခွန်နှင့် ကုက္ကားဆိုဘိ သကဲ့သို့ ဖရဏာပီတိ ဂွမ်းဆီထိ လေတော့၏။ “ဗမာဂျက်စီဂျိမ်းတွေ ပေါ်လာ ပြီနော်…။ထူးလည်းထူးတဲ့ မြူး လည်းမြူးတဲ့ သတင်းထူး သတင်းမြူး ဂျာနယ်တွေရမယ်ဗျို့”
လမ်းပေါ်မှ လက်ပွေ့ ဂျာနယ် ရောင်းသမား၏ အော်ဟစ် ကြော်ငြာ သံကြောင့် ကွန်ပျူတာ အင်တာနက် မှာ အာရုံစိုက်နေသော စီဂျေသည် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ “ဗမာဂျက်စီဂျိမ်းတွေ ဆိုပါ ကလား။ ကျက်သရေမရှိလိုက်တဲ့ သ တင်း။ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း တွေ ဖွံ့ဖြိုးဖို့အားယူရုံရှိသေး မ ကောင်းဆိုးဝါးက ပမာမခန့်နဲ့ နှောင့် ယှက်လာပြီ” ဟု စီဂျေက ရေရွတ် ညည်းညူလိုက်သည်။ Jesse James  ဆိုသဟာက ၁၉ ရာစုတုန်းက အမေရိကန်မှာ မကောင်းသတင်း နဲ့ နာမည်ကျော်ခဲ့ တဲ့ ဘဏ်ဓားပြ၊ မီးရထားဓားပြ။ ရဲ တွေဖမ်းမမိခဲ့တဲ့ ဝရမ်းပြေး။ နောက် ဆုံးတော့ ဆုငွေလိုချင်တဲ့ တပည့် လက်သားက ပစ်သတ်လို့ “ဂိမ်း” သွားရော။

ဂျက်စီဂျိမ်း ဆိုသဟာကလည်း မြန်မာရာဇဝင်ထဲက အင်းဝခေတ်မှာ ပေါ်ခဲ့ကျော်ခဲ့သော သူခိုးကြီး ငတက် ပျားနည်းတူ နလပြိန်းတုံးများက ဝိုင်း ပြီး “ဘန်းတင်၊ ဇန်းတင်” ကြရာက လူထုသူရဲကောင်း  Folk- hero လိုလို ဘာလိုလိုနှင့် မှတ်တမ်းဝင်သွားရခြင်း ဖြစ်သည်။ အာရပ်လူမျိုးတွေက သူခိုး အာမက်ဆိုသူကို ပုံပြင်ထဲမှာ ဂုဏ် တင်ပေးသလိုပ”

ခုတလော ဖြစ်ပွားခဲ့သော ဘဏ် အသေးစားနှင့် “မန်းနီး ချိန်ဂျာ” အချို့မှ လုယက်ခိုးယူမှုများ ကို စီဂျေသည် ပြန်လှန်လေ့လာ ကြည့်သည်။ အဖြေက “ငွေကို ငမ်းငမ်းတက် နေကြသော ဝိသမ လောဘ ငမိုက်သားတို့၏ ဒုစရိုက် မှု…။ “ဘဏ်ကိုဓားပြတိုက်။ ဖောက်ထွင်း ခိုးယူကြပုံကို ပြောင် မြောက်စွာ ရိုက်ကူးပုံဖော်ပေးကြ သည့် နိုင်ငံခြားရုပ်ရှင်၊ ဗီဒီယိုတွေ ကလည်း တစ်ပုံကြီး။ ပြီးတော့.. သည်ခေတ်မှာ  လိုင်စင်မဲ့သေနတ် တွေ ပေါလာလိုက်ပုံကလည်း… ကြောက်ခမန်းလိလိ။ ဘဏ်လုံခြုံရေး ဝန်ထမ်းတွေကို ဘာကြောင့်ပြောင်း တိုသေနတ်တွေ ပေးမကိုင်သေးတာ ပါလိမ့်…။ နံပါတ်တုတ်လေး ခါးချိတ်ထားရုံနဲ့တော့ ဓားပြက ဘယ်ဖြုံမှာလဲ။ CCTV ဆို သဟာက လည်း မှတ်တမ်းတင်ရုံပဲ။ ရဲကိုခေါ်တဲ့ အရေးပေါ် အချက်ပေး ခလုတ်ကို လည်း ဓားပြက မကြောက်ပေါင်။ လောဘ နတ်ဆိုးပူးနေတဲ့ သတ္တဝါဆို တော့ … ထောင်မကြောက်၊ ကြိုးစင်မကြောက် မဟုတ်လား။ မျက်ကန်းတစ္ဆေမကြောက်ဆို သလိုပ…။ “ဘဏ်တွေမှာ လုံခြုံရေး အဆင့်မြှင့်ဖို့ လိုပြီ။ အရေးတကြီး လိုအပ်နေပြီ” ဟု စီဂျေက အိမ်ထဲ မှာ ဆန္ဒထုတ်ဖော် လိုက်သည်။  “ဟေ့ကောင်။ မင်းဘာကြောင် နေတာလဲ။ ဘဏ်တွေမှာ လုံခြုံရေး တိုးမြှင့်ပေးပါလို့ မင်းက အော်စရာ လား။ ဘဏ်မျာ မင်းကဘယ်နှစ်ပြား အပ်ထားနိုင်လိုတုန်း။ မနက်ထမင်း ညထမင်းတောင် မိဘက ကျွေးထား လို့ စားနေရတဲ့ကောင်ကများ” ဟု စီဂျေ၏ဖခင်ကြီးက သဟောက် သဟာနှင့် ဆုံးမသတိပေးသည်။ စီဂျေက ဗုဒ္ဓဘာသာဝင် သားလိမ္မာပီပီ ကျေးဇူးရှင် ဖခင်ကြီးကို ဆင် ခြေမတက်ပါ။ သူက ဘဏ်တွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ FB ကနေ ဆရာကြီးလုပ်၊ သြဝါဒပေး အကြံပြု လိုက်သည်။ “ကိုယ့်ထက်လည်း ကိုယ်ထက် သိလို့ ဘဏ်လုပ်ငန်းလုပ်စား နေတာ ကွ။ သွေးရှိရင် ငါ့ဘဏ်ကို ဓားပြလာ တိုက်ကြည့်စမ်းပါ” ဟု Comment  တစ်ခုက ဆိုပေရာ။ စီဂျေသည် စုတ် တသပ်သပ်နှင့် “စေတနာက ဝေဒနာ ဖြစ်ပါရော့လား” ဟု ညည်းမိလေ သည်။

သို့တိုင်အောင် စီဂျေသည် ဇွဲ ကြီးသူပီပီ ဘဏ်များ၊ မန်းနီးချိန်ဂျာ များအတွက် လုံခြုံရေးကို မြင့်တင်ရန် ဘယ်သူမျှ မတွေးသည့် လုံခြုံရေး နည်းပညာများကို လျှောက်တွေး ကြည့်နေမိသည်။ လုံခြုံရေးဆိုတာ ပိုတယ်လို့ မရှိဘူး။ လိုတာပဲ ရှိတယ်။ ကမ္ဘာမှာ အလုံခြုံဆုံးဆိုတဲ့ Fort Knox  ရွှေချောင်း ဘဏ်တိုက်ကြီး ကိုတောင် မျက်နှာကြီး လူဆိုး Goldfinger က ဝင်ဖောက်ခဲ့သေးတာ မဟုတ်လား။ (အို…ဒုက္ခပါပဲ)  အဲဒါက ဝတ္ထုထဲမှာဖြစ်တာ။  ဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့ ဂျိမ်းဘွန်း ရုပ်ရှင်ထဲမှာ ဖြစ်တာ။ အပြင်မှာတော့ ဓားပြ တိုက်ဖို့ မပြောနဲ့…။ Fox Knox အနားကို ယင်ကောင်တောင် ဖြတ်ပျံ လို့မှ မရတာ။

စီဂျေသည် စာနယ်ဇင်းများမှာ တရားဝင် သတင်းရေးခွင့်ရသူ မဟုတ်သော်လည်း လက်ရှိခေတ်တွင် Investigative Reportage (ခေါ်) တိကျမှန်ကန်အောင် စုံစမ်းလေ့ လာ၍ သတင်း ရေးသားနည်းကို လေးစားမြတ်နိုးသည်။ ထို့ကြောင့် ဘဏ်များက လုံခြုံရေး တိုးမြှင့်ရန် လိုအပ်ချက်များကို သူစူးစမ်းသည်။ တစ်နေ့သော်… ပုဂ္ဂလိကဘဏ် တစ်ခု၏ တံခါးဝမှာ စင်္ကြံလျှောက် နေသည့် လုံခြုံရေး ဝန်ထမ်း တစ်ဦး အနီးသို့ သူချဉ်းကပ်သွားသည်။ လုံခြုံရေး ဝန်ထမ်းမှာ အသက် ၅ဝ ခန့် ခွေးဘီလူး မျက်နှာနှင့် ဖြစ်သည်။ မီးခိုးရောင် ဝတ်စုံ၊ ဘွတ်ဖိနပ်၊ ခန့်ညားသော ကက်ဦးထုပ်၊ ချပ် ဝတ်တန်ဆာ၊ ဒွါဒရာတွေနှင့် ဖြစ်ပြီး ခါးပတ်မှာ နံပါတ်တုတ်ကလေးချိတ် ထားသည်။ “ဆရာကြီးတို့ လုံခြုံရေးတွေ ဘာကြောင့် သေနတ်မကိုင်ကြပါသလဲ ခင်ဗျာ”ဟု စီဂျေက ခါးကလေးရို့၍ မေးသည်။ “ဘာကွ” “အော်။ ဆရာကြီးတို့ Security အော်ဖစ်ဆာတွေဘာကြောင့် သေ နတ်မဆောင်ကြသလဲဆိုတာ သိချင် လို့ပါ”ဟု စီဂျေက ပိုမိုသိမ်မွေ့ နှိမ့်ချ သောလေသံဖြင့် ဖြေသည်။ ” အော၊ မင်းက ငါ့မှာ သေနတ် မရှိလို့ အထင်သေးတာလား။ ငါက ကရာတေးပညာမှာ ခါးပတ်နက် ရထားခဲ့တဲ့ ကရာတေးဆရာကွ။ မယုံရင် မင်းစမ်းကြည့်လိုက်    လေ.. .” ခွေးဘီလူးမျက်နှာနှင့် လုံခြုံရေး ဝန်ထမ်းကြီးက ရှေ့သို့ တိုးလာရာ၊ စီဂျေသည် ကြောက်အားလန့်အား နောက်ဆုတ်သည်။

“အဟီး…အဟီး ဆောရီးပါ ဆရာကြီး။ ဆောရီးပါ”
စီဂျေသည် နောက်ဆုတ် နောက်ဆုတ်နှင့် လစ်ပြေးရန် ခြေ လှမ်းပြင်နေသည်။ “သေနတ်က သွေးထွက်သေး တယ်။  သွေးမထွက်ဘဲ သေတဲ့နည်း မင်းကိုငါပြမယ်… လာခဲ့ကောင် ကလေး” “ယုံပါတယ်ခင်ဗျာ။ ယုံပါ တယ်။… ကျွန်တော့်ကို သွားခွင့်ပြု ပေးပါဆရာကြီးခင်ဗျာ” ဟု လက် အုပ်ကလေးချီ၍ တောင်းပန်ရင်း စီဂျေသည် အောင်မြင်စွာ ဆုတ်ခွာခဲ့ ရလေသည်။
ဘဏ်များလုံခြုံရေးနှင့် ပတ် သက်၍ သူ၏ အမြင်များကို ထုတ် ဖော်ရန် စီဂျေသည် လုံ့လဝီရိယ စိုက် ထုတ်ဆဲပေတည်း။ ရန်ကုန်မြို့တော်ရှိ မြောက်များစွာသော ဘဏ်တို့မှ CCTV ကင်မရာများတွင် သူ၏ မရေမတွက်နိုင်သော ပုံရိပ်များပါ ရှိ နေကြသည်ကို သူ အမှတ်တမဲ့ ဖြစ် နေသည်။
သို့ဖြင့်… တစ်နေ့တွင် ပုဂ္ဂလိ က ဘဏ်တစ်ခုအနီးသို့ အရောက်မှာ၊ ဗလကောင်းကောင်း အရပ်ဝတ် ရဲနှစ်ဦးက သူ့ကိုညှပ်၍ ချုပ်ကိုင် ဖမ်းဆီးလိုက် လေသည်။ ” ဟေ့ ။ ခင်ဗျားတို့ ဘာလုပ် တာလဲ။ ကျုပ်က ပြည်သူ့အကျိုးပြု စီဂျေဗျ။ စီဂျေ…” ဟု သူကအော် သည်။ “စီဂျေတွေ…ပီအေတွေ နား မလည်ဘူး။ မင်းကို ဘဏ်ဓားပြ တိုက်ရန် ကြံစည်မှုနဲ့ မသင်္ကာလို့ ဖမ်းလိုက်ပြီ…”
စီဂျေသည် သံလက်ကောက်၏ အထိအတွေ့ အရသာကို မြည်းစမ်းဖူး သွားလေပြီတကား။  ။

ကြူးနှစ်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*