ပရိသတ်လက်ခံမယ့် ဇာတ်ကားမျိုးဆိုရင် ဗီလိန်ပဲဖြစ်နေပါစေ အကောင်းဆုံး ကြိုးစားသွားမယ် ခင်ဝင့်ဝါ

ပရိသတ်လက်ခံမယ့် ဇာတ်ကားမျိုးဆိုရင် ဗီလိန်ပဲဖြစ်နေပါစေ အကောင်းဆုံး ကြိုးစားသွားမယ် ခင်ဝင့်ဝါ
November 6, 2017 Asian Fame
ပရိသတ်လက်ခံမယ့် ဇာတ်ကားမျိုးဆိုရင် ဗီလိန်ပဲဖြစ်နေပါစေ အကောင်းဆုံး ကြိုးစားသွားမယ် ခင်ဝင့်ဝါ

ပရိသတ်တွေ အနေနဲ့ ချစ်စရာကောင်းတဲ့ ပုံစံတွေပဲ မြင်တွေ့နေရတာ များတဲ့အတွက် နောက်ပိုင်းမှာ ပရိသတ်အမြင်နဲ့ ကွဲထွက်မယ့် ကာရိုက်တာပုံစံတွေကိုလည်း ရိုက်ကူးချင်မိတယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။ပရိသတ်တွေ အနေနဲ့ ချစ်စရာကောင်းတဲ့ ပုံစံတွေပဲ မြင်တွေ့နေရတာ များတဲ့အတွက် နောက်ပိုင်းမှာ ပရိသတ်အမြင်နဲ့ ကွဲထွက်မယ့် ကာရိုက်တာပုံစံတွေကိုလည်း ရိုက်ကူးချင်မိတယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

 “ရိုက်ကြည့်ချင်ပါတယ်။ ကြိုးစားပြီးတော့လည်း အကောင်းဆုံး သရုပ်ဆောင်သွားမှာ ပေါ့နော်။ ကိုယ့်ကို ကမ်းလှမ်းလာမယ်ဆိုရင် လုပ်ချင်တာပေါ့။ ပရိသတ်တွေက အမြဲမြင်နေတာက ခင်ဝင့်ဝါကို မြင်လိုက်ရင် ချစ်စရာလေး ချစ်ဖို့ကောင်းတဲ့ ကောင်မလေး။ အဲဒီလိုပဲ မြင်နေရတာဆိုတော့ ပုံစံတစ်မျိုးပြောင်းပြီး ကွဲထွက် သွားမယ့် ကာရိုက်တာ ဆိုရင်တော့ အကောင်းဆုံး ကြိုးစားပြီးတော့ ရိုက် ချင်ပါတယ်။ ဗီလိန်ဆိုတိုင်းလည်း  ပရိသတ် လက်မခံတာမဟုတ်ပါဘူး။ တချို့ ဗီလိန်တွေ ဆိုရင် ပရိသတ်တွေ တအားမုန်းသွားတယ်။ သူသရုပ် ဆောင် ကောင်းလို့မုန်းတာ။ သူ့ကာရိုက်တာ မပျောက်ဘူး။ သူ ဗန့်လုပ်ရ တယ် ဆိုပေမယ့်လည်း လူတစ်ယောက်ကို နာကျင်အောင် လုပ်တယ်ဆိုတာ သူ့မှာလည်း စိတ်တစ်ခုရှိလို့ နာကျင်အောင် လုပ်တာလေ။ ညီမကို ကမ်း လှမ်းလာမယ်ဆိုရင်လည်း ပရိသတ်လက်ခံမယ် ညီမလည်း လုပ်ကွက်ရှိမယ် ညီမလည်း လက်ခံလို့ရမယ့် ဇာတ်ကားဆိုရင် ဗီလိန်ပဲဖြစ်ဖြစ် ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ” လို့ပြောပါတယ်။  ခင်ဝင့်ဝါက လတ်တလောမှာ “လူမိုက်သံချောင်း ကံကောင်းသည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရန်အောင်၊ လူမင်း၊ နေတိုး၊ နန်းခင်ဇေယျာ တို့ နဲ့အတူ အောင်ပန်းမှာသွားရောက်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ် ကားကတော့ ၁၉၄၂ခုနှစ်ကို အခြေခံရိုက် ကူးထားတာဖြစ်ပြီး ဒရာမာနဲ့ ဟာသ ဇာတ်လမ်းဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာတော့ ပရိသတ် တွေ အရင်တုန်းက မမြင်ဖူးတဲ့ ပုံစံမျိုးနဲ့ သရုပ်ဆောင် ခဲ့ရ ကြောင်းကို ခင်ဝင့်ဝါက “ဒါရိုက်တာက သူလိုချင် တဲ့ ဆံပင်ပုံစံ၊ ဒီဇိုင်းတွေ ပြောတယ်။ ညီမက အသားဖြူတော့ အသားမဖြူ စေချင် ဘူး။ အသားညို ချပါ။ ဆံပင်ကို လည်း ဆံရစ်ဝိုင်း ပုံစံအတိုင်း လုပ် ခိုင်းတယ်။ အ ဝတ်အစားကို လည်း မှိုင်းပါ ဆိုတော့ ဒါ ရိုက်တာ ခိုင်း တဲ့အတိုင်း လုပ် ထားတာပါ။ ပရိ သတ်တွေ တစ်ခါမှမမြင် ဖူးတဲ့ ဒီဇိုင်းလေးတွေ မြင် ရမှာပါ။ အနုပညာ မောင် နှမတွေ စုစုစည်းစည်းနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက် ကူးရတာ အမှတ် တရပါပဲ။ အခက် အခဲတွေလည်း အ များကြီးပဲ။ သွား ရိုက်တဲ့ လိုကေးရှင်းက လည်း အဝေးကြီးပဲ။ မိုးကလည်း ရွာတယ်။ ချောက်ကမ်းပါးတွေ ထဲမှာ ရိုက်ကူးရတာ ဆိုတော့ တစ်နေ့ တစ် ဆင်းန်၊ တစ်ခါတလေကျရင် တစ်ဆင်းန် ကို လေးရက်လောက် ရိုက်ကူးရတယ်”လို့ ပြောပါတယ်။

ခင်ဝင့်ဝါက နောက်ထပ် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ၊ ဇာတ် လမ်းတွဲတွေနဲ့ ကြော်ငြာတွေ ရိုက် ကူးသွားဖို့ လက်ခံထားတယ်လို့ လည်း သိရပါတယ်။

ခိုင်ဝေလွင်၊

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*