Acid အဖွဲ့ရဲ့ သီချင်းသစ်တွေ ဘယ်တော့ နားဆင်ရမလဲ

Acid အဖွဲ့ရဲ့ သီချင်းသစ်တွေ ဘယ်တော့ နားဆင်ရမလဲ
October 31, 2017 Leanne Win
Acid အဖွဲ့ရဲ့ သီချင်းသစ်တွေ ဘယ်တော့ နားဆင်ရမလဲ

Acid အဖွဲ့က အခုလတ်တလော မှာတော့ သီချင်းတွေ အသံသွင်းဖြစ် နေတယ်လို့သိရပြီး ဒီလိုသီချင်း တွေသွင်း ဖြစ်နေတာကလည်း သူတို့ ရဲ့ ဝါသနာကြောင့်ပါလို့ အနဂ္ဂက ပြောပါတယ်။Acid အဖွဲ့က အခုလတ်တလော မှာတော့ သီချင်းတွေ အသံသွင်းဖြစ် နေတယ်လို့သိရပြီး ဒီလိုသီချင်း တွေသွင်း ဖြစ်နေတာကလည်း သူတို့ ရဲ့ ဝါသနာကြောင့်ပါလို့ အနဂ္ဂက ပြောပါတယ်။ ” ဇေယျာသော်ကော၊ ရန်ရန် ချန်းကော၊ ကျွန်တော်ရောမနေနိုင် ဘူး။ သီချင်းတွေလည်း တီးလုံးတွေ လည်း သူများတွေဆီကနေလိုက်ပြီး တော့ စုဖြစ်တယ်။ သီချင်းတွေလည်း ရေးလည်းရေးဖြစ်ကြတယ်။ အဲဒါ ကတော့ ဒီနှစ်ထဲမှာတော့ အလုပ်ဖြစ်ကြဆုံးပဲ။ ပြီးတော့ Acid အနေနဲ့လည်း  ပွဲတွေလည်း တော် တော်များများ ဆိုဖြစ်တယ်။ လွန်ခဲ့တဲ့ ၄၊ ၅နှစ်မှာတုန်းကတော့ ကျွန်တော် တို့ ဆိုခဲ့တာက နိုင်ငံရေးပွဲတွေမှာ ပဲများတယ်။ ပရဟိတပွဲတွေကို ဆို ဖြစ်တာများတယ်။ အခုဒီဘက်နှစ်မှာ တော့ လက်မှတ်ရောင်းတဲ့ပွဲတွေ၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ပွဲတွေမှာ Acid အနေနဲ့ ဆိုဖြစ်တာ ပိုများ တယ်။ Acid အနေနဲ့ ပြန်တွေ့ကြ တယ်။ သီချင်းတွေပြန် လုပ်ဖြစ်ကြ တယ်။ သီချင်းတွေက ထုတ်ဖို့တော့ အစီစဉ်တော့မရှိဘူး။ သီချင်းတွေ ကပြီးလည်း တစ်ပုဒ်က တစ်ပိုဒ်ပြီး လိုက် နှစ်ပိုဒ်ပြီးလိုက်နဲ့ပဲ၊ တစ်ပုဒ်က တစ်ဝက်ပြီးလိုက်နဲ့ဆိုတော့ အဲဒီလို အနေအထားတော့ရှိတယ်” လို့ လက်ရှိအချိန်မှာ ဗခငိအနေနဲ့ လုပ် ဖြစ်နေတာတွေကို အနဂ္ဂက ပြောပြ ပါတယ်။

Acid အနေနဲ့ အရင်တုန်းက ရေးခဲ့တဲ့ သီချင်းပုံစံတွေနဲ့ အခုလက် ရှိရေးဖြစ်နေတဲ့ သီချင်းပုံတွေက လည်း ပြောင်းလဲမှုတွေရှိသွားပြီလို့ လည်း သိရပါတယ်။  “ကျွန်တော်တို့စရေးတဲ့အချိန်ဆိုရင်  ကျွန်တော်တို့က၁၇နှစ်ပဲရှိ သေးတာလေ။ ပါးစပ်ကရွတ်နေတာ ကို စာလုံးတွေထည့်ပြီး ရေးတာပေါ့။ ကျွန်တော့်ရဲ့ IQ တွေက သိပ်ပြီး တော့ မလည်ပတ်သေးဘူး။ အခုကြ တာ့ အသက်ကြီးလာတာကော ကြောင့် ဟိုဟာက လုပ်သင့်တယ်၊ ဒီ ဟာကလုပ်သင့်တယ်၊ ဟိုဟာက ရေး သင့်တယ်၊ ဒီဟာက မရေးသင့်ဘူး အဲဒီလိုမျိုးတွေဆိုတော့ ဗခငိ အနေ နဲ့တော့ ကျွန်တော်တို့ ထုတ်ဖြစ်တဲ့ အချိန်ကျမှပဲ ကျွန်တော်တို့ ထုတ် ဖြစ်တဲ့သီချင်းတွေကိုပဲ ကြည့်လိုက် ပါ အခုအချိန်ကအကြောင်းဆိုရင် တော့ ကျွန်တော်တို့ ရေးနေတာက အရင်က ဗခငိအနေနဲ့တော့ လုံးဝ သက်သက်ကြီး အသစ်ထပ် ပြင် သွား ပါပြီ”လို့ Acid ရဲ့ လက် ရှိသီချင်းရေး သားဖြစ်နေတဲ့ ပုံစံနဲ့ ပတ်သက်လို့ အနဂ္ဂကပြောပါတယ်။ Acid အနေနဲ့တော့ ဘယ်ပွဲကို တော့ မဆိုဘူး၊ ဘယ်သူစီစဉ်တဲ့ပွဲ ဆိုရင် မဆိုဘူးဆိုတာမျိုးတော့ မရှိ ပေမယ့် Acidသီချင်းတွေကိုသေချာလေးသိနိုင်မယ့် ပွဲမျိုးဖြစ်မယ်ဆို ရင်တော့ သူတို့အနေနဲ့ ဆိုဖို့ ပို စဉ်းစား ဖြစ်ပါတယ်လို့ သိရပါတယ်။ “ပွဲတွေ ကိုဒီနှစ်ထဲမှာခပ်စိပ် စိပ်လေးဆိုဖြစ်ကြတယ်။ ဆိုဖြစ်ကြတဲ့ အချိန်မှာ အားတစ်ခုလျော့သွားတာ တော့ အမှန်ပဲ။ အားတစ်ခုက ဟိန်း ဇော်ပဲ။ သူ့ရဲ့အသံအား သီချင်းရေး အားပေါ့နော်။ ကျွန်တော်တို့က မတူတဲ့အားတစ်ခုစီနဲ့ စစုခဲ့ကြတာ လေ။ ဒါကြောင့်တချို့နေရာလေး တွေမှာလိုနေတဲ့ အားကတော့ ဟိန်း ဇော်ရဲ့အားပါပဲ” လို့ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*