သန်လျင်က ဘုန်းကြီးကျောင်းမှာ ကထိန်သင်္ကန်း ကပ်မယ့် ပိုပို

သန်လျင်က ဘုန်းကြီးကျောင်းမှာ ကထိန်သင်္ကန်း ကပ်မယ့် ပိုပို
October 31, 2017 Asian Fame
သန်လျင်က ဘုန်းကြီးကျောင်းမှာ ကထိန်သင်္ကန်း ကပ်မယ့် ပိုပို

အလှူရေစက် လက်နဲ့မကွာ အောင် အမြဲတမ်းအလှူအတန်းတွေ လှူဒါန်းဖြစ်နေတဲ့ အဆိုတော်မလေး ပိုပိုကို အခုနှစ် ကထိန်ရာသီမှာကော ကထိန်အလှူ လှူဒါန်းဖြစ်ဦးမလား ဆိုတာ မေးဖြစ်ခဲ့ပါတယ်။ နှစ်တိုင်း နှစ်တိုင်း တန်ဆောင်မုန်းရောက်ပြီ ဆိုရင် ဘုန်းကြီးကျောင်းတစ်ကျောင်း ကျောင်းမှာ ကထိန်ခင်းဖြစ်တဲ့ ပိုပို့ကို ဒီနှစ်အတွက် လှူဒါန်းဖြစ်မယ့် ကထိန်အလှူအကြောင်း မေးဖြစ်တဲ့ အခါအလှူရေစက် လက်နဲ့မကွာ အောင် အမြဲတမ်းအလှူအတန်းတွေ လှူဒါန်းဖြစ်နေတဲ့ အဆိုတော်မလေး ပိုပိုကို အခုနှစ် ကထိန်ရာသီမှာကော ကထိန်အလှူ လှူဒါန်းဖြစ်ဦးမလား ဆိုတာ မေးဖြစ်ခဲ့ပါတယ်။ နှစ်တိုင်း နှစ်တိုင်း တန်ဆောင်မုန်းရောက်ပြီ ဆိုရင် ဘုန်းကြီးကျောင်းတစ်ကျောင်း ကျောင်းမှာ ကထိန်ခင်းဖြစ်တဲ့ ပိုပို့ကို ဒီနှစ်အတွက် လှူဒါန်းဖြစ်မယ့် ကထိန်အလှူအကြောင်း မေးဖြစ်တဲ့ အခါ “ဒီနှစ်ကထိန်မှာ အများကြီး တော့ မလှူဖြစ်ဘူး။ ဒါပေမဲ့ လပြည့် နေ့မတိုင်ခင် ၂ရက်နေ့မှာ သန်လျင် ဘက်က ဘုန်းကြီးကျောင်းတစ် ကျောင်းမှာ ကထိန်သင်္ကန်းနဲ့တကွ လှူဖွယ်ပစ္စည်းတွေ သွားရောက်လှူ ဒါန်းဖြစ်မယ်။ ပြီးတော့ သူငယ် ချင်းတွေကလည်း လာပြီးတော့ အလှူခံလို့မို့ သူတို့နဲ့ ပေါင်းပြီးတော့ လှူဒါန်းဖြစ်တာတွေလည်းရှိပါတယ်”  လို့ပြောပါတယ်။

ဆက်လက်ပြီး ပိုပိုက ကထိန် ခင်းရတဲ့အလှူဒါနအပေါ် သူမရဲ့ အမြင်ကိုလည်း အခုလိုပြော ပါတယ်။ “ဒါက မြန်မာ့ယဉ်ကျေးမှု တစ်ခုအနေနဲ့ရော၊ နောက်ပြီးတော့ မြတ်စွာဘုရား ဟောခဲ့တဲ့အတိုင်း ဘုရားသားတော်တွေကို လှူတဲ့ အလှူပေါ့နော်။ ကထိန်အလှူဆိုတာ အရမ်းကုသိုလ်ရပါတယ်။ နောက် ပြီးတော့ ပျော်ဖို့လည်းကောင်းတယ်။ ငယ်ငယ်ကတည်းက ကထိန်ဆိုလို့ ရှိရင် ကိုယ်တတ်နိုင်တဲ့ လှူဖွယ် ဝတ္ထုလေးတွေနဲ့ပေါ့။ ပဒေသာပင် တွေ သီးပြီးတော့မှ ပိုပိုတို့ ဘုန်း ကြီးကျောင်းသွားလှူကြတယ်။ အဲဒီလိုပေါ့ ဗုဒ္ဓဘာသာဝင်မြန်မာ တစ်မျိုးသားလုံးရဲ့ ချစ်ဖို့ကောင်းတဲ့ ပွဲတော်လေးတစ်ခုပါ” လို့ဆိုပါတယ်။

ပိုပို့အနေနဲ့ ဝေါမြို့၊ တမာတ ကေကျေးရွာမှာရှိတဲ့ သူမအဘွားရဲ့ မွေးရပ်မြေလေးမှာ ဘုရားတည် နေတာလည်း ရှိတာကြောင့် အဲဒီ အကြောင်းကိုလည်း မေးဖြစ်တဲ့ အခါ ဓအဲဒါက မိုးတွင်းကြီးဖြစ်နေ တော့ ကြွေပြားခင်းတာ လုံးဝအဆင် မပြေဘူး။ မိုးတွင်းပြီးသွားမှ ခင်း လို့ရမှာဆိုတော့လေ။ အလှူရှင်တွေ လည်း လှူဒါန်းကြပါတယ်။ လှူဒါန်း မယ် လို့ လည်း ပြောထားတဲ့သူတွေ လည်းရှိတယ်။ အဲဒါကိုတော့ အားစိုက်ပြီး တော့ လုပ်မှာပေါ့နော်။ လာမယ့် ကဆုန်လပြည့်နေ့မှာတော့ အားလုံး ပြီးစီးသွားပြီး အလှူလေး လုပ်ချင်ပါတယ်။ ဘုရားထီးတော်တင် တဲ့နှစ်လည်းဖြစ်သလို အဲဒီနေ့က အဘွားမွေး နေ့လေးလည်းဖြစ်နေ တဲ့အတွက်ကြောင့်ပါ” လို့ ပိုပို က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*