ကြည့်လို့မ၀နိုင်တဲ့ စာအုပ်ကြီး

ကြည့်လို့မ၀နိုင်တဲ့ စာအုပ်ကြီး
October 26, 2017 Leanne Win
ကြည့်လို့မ၀နိုင်တဲ့ စာအုပ်ကြီး

“ဆရာလည်း သမိုင်းစာတွေ ရေးတာပဲ စာရေးဆရာပေါ့။ နယ် တွေက ဘုန်းကြီးကျောင်းဟောင်း ကြီးတွေမှာ ပေပုရပိုက်တွေ အများရှိ သေးတယ်။ တချို့ဘုရားစေတီဟောင်း တွေမှာ နံရံပန်းချီတွေ၊ ပန်းပုတွေ အများကြီးရှိတယ်” လို့ ပြောတော့ ဆရာလည်း မနေနိုင်တော့ဘူး။ ကျွန်တော်တို့က ဆရာ့ကို ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ တဇယ်၊ မုံရွာ၊ ခင်မွန်၊ ကူရွာ(မြင်းခြံ) စတဲ့ နေရာတွေကို ခေါ်သွားပါတယ်။ ‘ဆင်ယင်ထုံး ဖွဲ့မှု+ကျမ်းနဲ့ ပထမဆုံး စာပေ ဗိမာန် ဆုရခဲ့ဖူးပါတဲ့ သုတေသီ ပန်းချီဆရာ ရွှေကိုင်းသားခေါ် ဆရာတော် ဦးသောဘိတလည်း ပါတယ်။ တစ်ခါ တစ်ရံ ပန်းချီဦးအေးမြင့်လည်း လိုက် ပါတတ်ပါတယ်။ ရန်ကုန်က ကိုနန်း ဝေ၏ သူနဲ့ကျောင်းနေဘက် သူငယ် ချင်း ဒေါက်တာသန်းထွန်းဆီ အလည်လာရင်း ကျွန်တော်တို့နဲ့ သုတေသနခရီး လိုက်ဖူးပါတယ်။ ရွှေကိုင်းသား ဆရာတော်က မောင် ထွန်းကြိုင် အမည်နဲ့ လူထုဦးလှငယ် စဉ်က ထုတ်ခဲ့တဲ့ကြီးပွားရေးမဂ္ဂဇင်း မှာ ကာတွန်းတွေလည်း ရေးဆွဲခဲ့ဖူးပါ တယ်။

ဆရာ့တို့ အချင်းချင်း ပုံ တွေဖလှယ်ကြပါတယ်။ နဂါးပုံ၊ ဂဠုန် ပုံ၊ ခြင်္သေ့ပုံ၊ လူပုံစသဖြင့် မျိုးတူစုခွဲ ကြတယ်။ ခေတ်ကာလတွေ စီစဉ် နေရာချထားကြပါတယ်။ ချောင်းထဲက ငါးလေးတွေ ကြီးတော့ မြစ်ထဲရောက်၊ မြစ်ထဲက ငါးကြီးတွေကလည်း ပင်လယ်ထဲ ရောက်သလိုပါပဲ။ စာပေသမားတွေ၊ ပန်းချီသမားတွေက နယ်ကနေ မြို့တော်ရန်ကုန်ကို စုန်ဆင်း ဝင် ရောက်ပြီး စားကျက်ရှာကြပါတယ်။ ဒီလိုနဲ့ပန်းချီဆရာလေးတွေ ဝင်းဖေ တို့ ပေါ်ဦးသက်တို့ရော၊ ကိုအေးမြင် တို့ရော ရန်ကုန်ရောက် ကုန်ကြသလို မောင်သာနိုး၊ မောင်တင်ရွှေ၊ မောင် မိုးသူ၊ တင်မိုး၊ မောင်စွမ်းရည်စတဲ့ စာပေသမားတွေရော ကျူရှင်ဆရာ တွေပါမကျန် ရန်ကုန်ကို စုန်ဆင်းစု ဝေးမိကြပါတယ်။ ကိုအေးမြင့် ရန်ကုန်ရောက် လာတော့ မန္တလေးသားများက လေး လေးထွန်းဝေလို့ခေါ်တဲ့ ရုပ်ရှင် မင်းသားထွန်းဝေက ကုန်သည် လမ်း ပေါ်ရှိ သူရဲ့ရန်ကင်းရုံးခန်းကို မန္တလေးသားတွေရဲ့ စုရပ်လုပ်ပေး ထားတယ်။ အားရင်လာစုကြ၊ ကျားထိုးကြ၊ ငြင်းကြခုန်ကြပေါ့။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ စာပေသမားတွေ အစုံလာကြတယ်။ ပုံမှန် ရုံးထိုင်သူက ကိုအေးမြင့်ပါ။ တောင်လေးလုံးဆရာ တော်ကတော့ အိပ်ခန်းကိုပါယူပြီး ကျောင်းထိုင်တော်မူတယ်။ကျွန်တော် ရန်ကင်း ရုပ်ရှင်ရုံးခန်းကို ရောက် တိုင်း ထိုင်ပြီးစကားပြောခွင့်ရတာက ကိုအေးမြင့်တစ်ယောက်ပဲ ရှိပါတယ်။ သူနဲ့ပန်းချီအကြောင်း ပြောကြတယ်။ သူ့စာအုပ်ကို ဘယ်လို စီစဉ်၊ ဘယ်လို ပုံနှိပ်ထုတ်ဝေရ ကောင်းမလဲဆိုတာ တစ်ခါတစ်ရံ ဆွေးနွေးဖြစ်ကြပါ တယ်။ ဗမာပြည်မှာ ဒါမျိုးထုတ်မယ့် သူကမရှိဘူး။ ပုံတွေချည်းဆိုတော့ ဘလောက်ဖိုးကလည်း ကုန်လိုက်မယ့် အမျိုး။ ဒီကာလမှာ ဂျပန်နိုင်ငံ၊ တိုယို တာဖောင်ဒေးရှင်းက စာအုပ်ထုတ် ဝေရေးကိုယ်စားလှယ်၊ အိဝါမိုတိုဆို တဲ့ ဂျပန်အစ်မကြီးတယောက်ရောက် လာပါတယ်။ သူက မြန်မာဝတ္ထု တွေပဲ ထုတ်ဝေဖို့ လာတာပါ။ ဝတ္ထု ရွေးချယ် အကြံပေးအဖွဲ့မှာ ဝတ္ထု ရေးဆရာကြီး မောင်သာရ၊ ဝတ္ထု ရေးဆရာမ မိုးမိုး (အင်းလျား)တို့ ပါတယ်။ စာပေ ဝေဖန်ရေးဆရာတစ်ယောက်လည်း ပါရမယ်ဆိုလို့ မောင်စွမ်းရည်လည်း ပါလာရပါတယ်။ အိဝါမိုတိုက မောင် စွမ်းရည်ကို ခင်မင်အားကိုးတယ်။ မောင်စွမ်းရည်ကလည်း အပို အလုပ် တွေလုပ်တတ်တယ်။ အနုပညာရှင် တွေရဲ့စုရပ်တစ်ခုကို လိုက်ပို့မယ် ဆိုပြီး ဒေါ်အိဝါမိုတိုကို ရန်ကင်း ရုပ်ရှင်ရုံးခေါ်သွားပြီး တွေ့ရာလူ နဲ့မိတ်ဆက်ပေးရာမှာ ထိုင်စရာစားပွဲ ကုလားထိုင်က ကိုအေးမြင့်နေရာပဲ ရှိတော့ ကိုအေးမြင့်ရဲ့ စားပွဲမှာ ထိုင် ကြပါတယ်။ ကိုယ်မလုပ်တတ်ပေမယ့် သူများ လုပ်ထားတဲ့အလုပ်နဲ့ ကြွား ဝါချင်လို့ ဦးအေးမြင့်ရဲ့မြန်မာကနုတ်ပန်း ချီစုဆောင်းထားတဲ့ စာမူကြမ်းကြီးကို ကိုအေးမြင့်ဆီကတောင်းပြီး ဒေါ်အိ ဝါမိုတိုကို ပြလိုက်မိပါတယ်။ ဒေါ် အိဝါမိုတိုက သမိုင်းတန်ဖိုး၊ အနု ပညာတန်ဖိုး သိရှိနားလည်သူ ပညာ ရှိ တစ်ဦးသူဆိုတော့ ကနုတ်စာအုပ် ကြီးကြည့်ပြီး အလွန်အံ့သြသွားတယ်။ စာအုပ်ထုတ်ဝေသူ မရှိလို့ မထုတ်နိုင် သေးဘူး။

တိုယိုတာဖောင်ဒေးရှင်းက လည်း ဝတ္ထု ပဲထုတ်ချင်တာဆိုတော့ ဒေါ်အိဝါမိုတိုကို ထုတ်ဝေဖို့ပြတာ  မဟုတ်ပါဘူးလို့လည်း စကားခံလိုက် မိပါတယ်။ ဒါပေမဲ့ ဒေါ်အိဝါမိုတိုက သူ ထုတ်ချင်တယ် ခွင့်ပြုပါ။ ပုံတစ် ပုံစီ အောက်က စာလေးတွေကို မောင်စွမ်းရည်ပဲ အင်္ဂလိပ်ဘာသာ ပြန်ပေးပါ။ အမှာစာလည်း မောင် စွမ်းရည်ပဲ ရေးပါလို့ ချက်ချင်း တောင်းဆိုတော့ ဒီအလုပ်နှစ်ခုလုံး ကျွန်တော်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်လို့ ကျွန်တော့်ထက်သင့်တော် သူတွေကို ကျွန်တော်အပ်နှံပေးပါမယ်။ အင်္ဂလိပ်ဘာသာပြန်ပေးဖို့ မောင် သာနိုးကို မေတ္တာရပ်ခံပေးပါမယ်။ အမှာစာအတွက် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကို မေတ္တာရပ်ခံ ပေးပါမယ်လို့ တာဝန်ခံလိုက်ပါ တယ်။ ဒေါက်တာသန်းထွန်း အမေရိကားရောက်နေလို့ အဆင် မပြေဘူး။ ဒါနဲ့ ကျွန်တော့်ဆရာ ကထိကဦးမောင်မောင်တင် (မန်း တက္ကသိုလ်မြန်မာစာကထိက ဦး မောင်မောင်တင်)ကို အကြံပေးပေ မယ့်လည်း အဆင်မပြေတာနဲ့ ဒေါ် အိဝါမိုတိုက ဂျပန်က မြန်မာသမိုင်း ပါမောက္ခ အိုနိုတိုး ရုကိုရေးခိုင်းပြီး စာအုပ်တည်းဖြတ် ထုတ်ဝေဖို့ကို ထိုင်းနိုင်ငံ၊ တမန် ဆက်တက္ကသိုလ်က သမိုင်းပါမောက္ခတစ်ဦးက လုပ်ပေးပါ တယ်။ ဒီလိုနဲ့ ၁၉၉၃ ခုနှစ်ကပဲ ဒီစာအုပ်ကို(Burmese Design through Drawings) ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒီလိုစာအုပ်မျိုး ထိုင်းမှာ ထုတ်ဖူးပုံမရပါဘူး။

တခြား အရှေ့ တောင်အာရှနိုင်ငံတွေမှာ လည်း ထုတ်ခဲ့ဖူးပုံမရလို့ ပညာရှင် သုတေသီတွေကြားမှာ စိတ်ဝင်စားမှု ခံရတယ်လို့ သိရပါတယ်။ ဝတ္ထု ရေးဆရာမောင်သာရက တော့ တိုယိုတာဖောင်ဒေးရှင်း က ဝတ္ထု ထုတ်ဖို့လာတာ မင်းလုပ်တာနဲ့ ငါတို့ထုတ်ခွင့်ရမယ့် ဝတ္ထု တစ်အုပ် လျော့သွားတာပေါ့လို့ ကျွန်တော့်ကို သြဘာပေးခဲ့ပါတယ်။ သူက သမိုင်း တို့ဘာတို့ကို လုံးဝစိတ်မဝင်စားပါ။ သူက မျက်မှောက်ခေတ် လူမှုရေး ဘဝကို သရုပ်ဖော်တဲ့ ဘဝသရုပ်ဖော် စာရေး ဆရာဆိုပြီး လက်မထောင် နေတဲ့ကာလဆိုတော့ မန္တလေးမှာ ကျင်းပ တဲ့ အထက်ဗမာနိုင်ငံစာရေး ဆရာအသင်း စာဆိုတော်နေ့စာတမ်း ဖတ်ပွဲတစ်ခုမှာ ဒေါက်တာသန်း ထွန်းကို ‘သမိုင်းမသင်ရတော့ ဘာ ဖြစ်မှာလဲ’ လို့ ပရိသတ်ထဲက ထမေး ခဲ့ဖူးပါတယ်။ ခုအခါ လူသိ များနေတဲ့ ‘လူ’အ ဖြစ်သွားမှာပေါ့’ ဆိုတဲ့ စကားက မောင်သာရကို ဖြေခဲ့တဲ့ စကားပါ။ မောင်သာရက ကို အေးမြင့်ရဲ့ ကနုတ် သမိုင်းစာအုပ်ကြီး ထုတ်ဝေတာကို သဘောမတူခဲ့ပါ။ ဒီစာအုပ်ထွက်လာတော့ အင်းဝ စာအုပ်တိုက်က (ထင်ပါရဲ့)။ ဗမာ ပြည်မှာပဲ တစ်ကြိမ်ထပ်မံပုံနှိပ် ထုတ်ဝေခဲ့ပါသေးတယ်။ ခု နောက် ဆုံးအကြိမ်ဟာ တတိယလား၊ စတုတ္ထ အကြိမ်လား မသိပါ။ ခုနှစ်လည်း ဖော်ပြမထားပါ။ မူပိုင်ကလည်း ပန်းချီဆရာ့အမည်မဟုတ်။

ထုတ်ဝေ သူကပဲ မူပိုင်လုပ်ထားပါတယ်။ ပန်းချီဆရာကတော့ ထုတ် ဝေခွင့်ကို အပြီးရောင်းစားခဲ့မှာ မဟုတ်ပါ။ နောင်အခါ ဦးအေးမြင့်ရဲ့ သား၊ မြေးများက ပြန်လည်ထုတ်ဝေ ချင်ရင် အမွေခံခွင့် ရှိတော့မယ့်ပုံ မဟုတ်ပါ။ ကျွန်တော် ၂ဝ၁၅ခုနှစ်၊ နိုဝင် ဘာထဲမှာ ဗမာပြည်ကို ခေတ္တပြန် တော့ ဦးအေးမြင့်က သူ့အဖို့ လက်ခံ မှုအဖြစ် သိမ်းဆည်းထားတဲ့ သူ့စာ အုပ်ကို ကျွန်တော့်အတွက် လက် ဆောင်ပေးလိုက်ရှာပါတယ်။ ကျွန်တော်ကလည်း သူရဲ့လက်ခံမှု မှန်း မသိတာဘဲ ယူခဲ့မိလို့ နောင်မှ အားနာနေရပါတယ်။ ခုအခါ ထုတ် ဝေတော့ မူလစာအုပ်အမည် မဟုတ် တော့ဘဲ (Ancient Myanmar Design) ဖြစ်လာပါတယ်။ ကျမ်းပြု သူအမည်ကလည်း (Than Tun and U Aye Myint) ဆိုပြီး နှစ်ဦးဖြစ် လာပါတယ်။ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ အမည်ရှေ့က ပါလာပါတယ်။ ဒေါက်တာသန်း ထွန်းက မြန်မာ့ကျောက်ထွင်းပန်းချီ သမိုင်းတစ်ပုဒ်ပဲပါရှိပါတယ်။ စာအုပ် တစ်အုပ်လုံး စာမျက်နှာ ၃၇ဝ ရှိပြီး ဒေါက်တာသန်းထွန်းက စာမျက်နှာ ၃၇ မျက်နှာပဲ ပါရှိတယ်။ တကယ် တော့ မူရင်းကျမ်းပြုသူက ဦးအေးမြင့် ပဲဖြစ်ပါတယ်။ ဆရာက တည်းဖြတ် ပေး ကောင်းပေးမှာဖြစ်ပေမယ့် ပူးတွဲ ကျမ်းပြုသူ မဟုတ်ပါ။ ဒီစာအုပ်ကို ဆရာကွယ်လွန်ပြီးမှ ရိုက်ဟန်တူပါ တယ်။ ကျမ်းပြီးရက်စွဲ၊ ထုတ်ဝေရက် စွဲများ လုံးဝမပါရှိတဲ့အတွက် သမိုင်း ကျမ်း အင်္ဂါချို့တဲ့သလို ဖြစ်သွားခဲ့ပါ တယ်။ ကျေးဇူးတင်စကားမှာတောင် အောက် ကရေးသူနှင့် ရက်စွဲမပါရှိပါ။ ဆရာက လမ်းညွှန်ပေးတာကတော့ ဦးအေးမြင့်အဖို့ တန်းဖိုးရှိမှာ အမှန် ပါ။ ဦးအေးမြင့်အဖို့ စာပေပညာရှင် လည်း မဟုတ်။ သမိုင်းပညာရှင်လည်း မဟုတ်လို့ လမ်းညွှန်မှုကို ဆရာ့ဆီ ကရခဲ့တာလည်း ကံထူးတာပါပဲ။

ဒါ ကြောင့်လည်း ကျေးဇူးသိတတ် အားနာတတ်တဲ့ ဦးအေးမြင့်က ဆရာ့ကိုပူးတွဲ ကျမ်းပြုသူအဖြစ် သူ့ ရှေ့ကတင်ခဲ့တာဖြစ်ပုံရပါတယ်။ ဒီကျမ်းကြီးမှာ အင်္ဂလိပ်ဘာသာ နဲ့ပြုစုထားပြီး အခန်းခုနစ်ခန်း ခွဲ ခြားပြုစုထားတာတွေ့ရပါတယ်။ ဒေါက်တာသန်းထွန်းပြုစုတဲ့ ‘ ရှေးဦး မြန်မာ ကျောက်ထွင်းပန်းချီသမိုင်း’ ၃၇ မျက်နှာကို ရှေ့ပိုင်းက သီးခြား ဖော်ပြထားပါတယ်။ ဦးအေးမြင့်က တသီးတခြားခုနစ်ခန်းခွဲပြီး ရေးသား ထားတာပါ။(၁) အိုးခြမ်းပဲ့တွေပေါ်က ဒီဇိုင်းများ(၂) မြန်မာ့ကနုတ်ပန်း ဒီဇိုင်းများ(၃) တိရစ္ဆာန်နှင့်ငှက် ဒီဇိုင်းများ(၄) ဘုရား၊ ကျောင်း၊ ဇရပ် ဒီဇိုင်းများ(၅) ဆင်ယင်ထုံးဖွဲ့မှု ဒီဇိုင်းများ(၆) အဝတ်အထည်အဆင် ဒီဇိုင်းများ(၇)မြန်မာအသုံးအဆောင်နှင့်အထွေ ထွေ ဒီဇိုင်းများ အဲသလို အခန်းကဏ္ဍတွေခွဲပြီး အခေါ်အဝေါ်၊ ဝေါဟာရ၊ နေရာ ဌာန၊ ခေတ်၊ ခုနှစ်သက္ကရာဇ်များကို လည်း သုတေသနပြုလို့ ရတတ်သမျှ ဖော်ပြထားပါတယ်။ ဖူးစကက်၊ လျှောက်လွှာစာရွက် (၃၄ စမ ဌ ၄၃ စမ) အရွယ်၊ စာမျက်နှာ ၃၇ဝ တိတိရှိပါတယ်။ ဒီစာအုပ်ကြီးကို လေ့လာဖတ်ရှုမိသူများဟာ အရုပ် တွေချည်း မြင်ဖူးတယ်ရှိအောင် ပဲဖြစ်ဖြစ်၊ ပန်းချီပန်းပု မြန်မာ့ ပန်းဆယ်မျိုး အနုပညာများကိုလေ့ လာတဲ့အနေနဲ့ပဲဖြစ်ဖြစ် သမိုင်း ဗဟုသုတလေ့လာရေးအနေနဲ့ပဲ ဖြစ်ဖြစ်၊ ရှုထောင့်အမျိုးမျိုက လေ့ လာဖတ်ရှုလို့ရပါတယ်။ မြန်မာမှုကို အထူးလေ့လာသူမျိုးအဖို့တော့ မရှိမ ဖြစ် လက်စွဲပြုရမယ့် စာအုပ်မျိုး ဖြစ် ပါတယ်။ အရုပ်အသီးသီးဟာ ဘယ်လိုနေရာမှာ ဘယ်ခေတ်က ဘာ အဓိပ္ပာယ်နဲ့သုံးခဲ့ကြသလဲ။ အရုပ် အမျိုးမျိုးဟာ တစ်ခေတ်ပြီးတစ် ခေတ် အဆင့်ဆင့်ဘယ်လို ပြောင်းသွား သလဲ စသဖြင့် လေ့လာနိုင်ကြပါတယ်။ တကယ်တော့ မြန်မာလူမျိုးတို့ရဲ့သမိုင်းအစကတည်းက ရေးဆွဲလာ ကြတဲ့ ထုထွင်းလာကြတဲ့ အရုပ်တွေ ရှိလာခဲ့ကြပါတယ်။ မြန်မာတွေက နဂါး၊ ဂဠုန်၊ ခြင်္သေ့၊ ဒေါင်း၊ ငုံးစတဲ့ သတ္တဝါတွေကအစ အလှတန်ဆာ ဆင် ပန်းခွက်ကလေးတွေအဖြစ် ရေးဆွဲလာခဲ့ကြတာကို ပန်းကနုတ် လို့ခေါ်ခဲ့ကြပါတယ်။

‘ဒီဇိုင်း’ ဆိုတဲ့ စကားလုံးကြီးနဲ့ ကနုတ်နဲ့ တွဲရာ တောင် ရင့်သီးနေတယ် လို့ခံစား ရပါတယ်။ ဗမာစကားလုံးမှာ ‘အဆင်’ ဆိုတာရှိပါတယ်။ ‘လုံချည် အဆင်လေးက လှလိုက်တာ’ ဆိုရင် လုံချည်ဒီဇိုင်းကိုပြောတာပါပဲ။ ဆရာ တော် ရွှေကိုင်းသားက ‘ဆင်ယင် ထုံးဖွဲ့မှု’ဆိုတဲ့ စကားလုံးကို သုံးခဲ့ပါ သေးတယ်။ အတိတ်စာပေတွေကို လေ့လာပြီး ဒီဇိုင်းကို ဘာသာပြန်ဖို့ စဉ်းစားသင့်ကြမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ ကနုတ် ပညာခေါ် ပန်းပညာတစ်မျိုးဟာ ရှေးကျပြီး သီးခြားရပ်တည်လာခဲ့ တာဖြစ်ပါတယ်။ အိုးခွက်၊ ပန်းကန်၊ ရေမှုတ်၊ ရေအိုး၊ လှည်း၊ ရက်ကန်း၊ အိမ်၊ ကျောင်း၊ ဇရပ်တို့မှာ ကနုတ် အဆင်တွေ နဲ့ချည်းမွမ်းမံခဲ့ကြပါ တယ်။ ရှေးမြန်မာအနုပညာရပ် အနေနဲ့ ကြီးကျယ်တဲ့အခန်းကဏ္ဍမှာရှိခဲ့တာကို သမိုင်းရှုထောင့်အမျိုး မျိုးက လေ့လာစရာတွေကျန်နေပါ သေးတယ်။ တက္ကသိုလ်က သမိုင်း၊ မြန်မာစာ၊ ဗိသုကာစတဲ့ ဘွဲ့ယူကျမ်း ပြုကျောင်းသားများ၊ ပညာရှင်များ ဆက်လက်လေ့လာကြစေချင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ပန်းချီဆရာကြီး၊ မြန်မာမှုသုတေသီ ဦးအေးမြင့်ဟာ ဒီလိုပန်းပညာ၊ ကနုတ်ပညာနယ်မြေ မှာဖြင့် မြန်မာ့ ရှေးဦးရှေ့ဆောင်သုတေသီကြီးတစ်ဦး အဖြစ် အလေး အနက် အသိအမှတ်ပြုပြီး ဂါရဝပြု ထိုက်ကြပေတယ်လို့ ရှင်းရှင်းလင်း ထင်မြင်မိပါကြောင်း အစီရင်ခံလိုက် ရပါတယ်ခင်ဗျား။ တက္ကသိုလ်ကြီး များက ပါရဂူဘွဲ့ယူကျမ်းတစ်ဆူလို စာအုပ်ကြီးတစ်အုပ်ကို ပြုစုခဲ့ပြီမို့ ‘ဦးအေးမြင့်ရဲ့မိတ်ဆွေပါ ၊ ကျွန်တော် တို့ မန္တလေးကပါ’ လို့ ပြောတာကိုပဲ မြိန်ယှက်လှပါပြီ။ ကနုတ်နှင့် ဂုဏ် တက်ကြပါစေသတည်း။

မြန်မာ့ရိုးရာ ပန်းချီဒီဇိုင်း သုတေသီ ဦးအေးမြင့်သို့

မောင်စွမ်းရည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*