အကြီးအကဲ

အကြီးအကဲ
October 24, 2017 Leanne Win
အကြီးအကဲ

(၁)ဒီ ပြဿနာ၏အစက မိုးမြင့် မင်း နှုတ်ဖွာခြင်းကြောင့်ဖြစ်တာ။ မဟုတ် ဘူး။ ငါကိုယ်၌က သံယောဇဉ်ကြီး၊ မိမိဝင်ထွက် စားသောက်နေသည့် မိသားတစ်စု ဒုက္ခရောက်မည့်အရေး၊ အစိုးရိမ်လွန် အကြောင့်ကြသည်းခဲ့ လို့။ မိုးမြင့်သည် ခေါင်းကို လက်နှစ် ဖက်ဖြင့် စုံကုတ်သည်။ ပြီးမှ မြက် ခင်းပေါ် စိတ်ပျက်လက်ပျက် ထိုင်ချ လိုက်၏။ သူက တက်ကြွ နုပျိုသော ဘွဲ့ရ လူငယ်တစ်ဦး။ သို့သော် မည် သည့် လုပ်ငန်းမဆို အခြေခံကပဲ တတ် ကျွမ်းနားလည်ချင်သည်။ သို့ ဖြစ်၍ အောက်ခြေဝန်ထမ်း တစ် နေရာရဖို့ မတန်မရာအလုပ်သင် ဘဝဖြင့် စတင်ခဲ့သည် မဟုတ်လား။ ယခုသူ့စိတ်ဖိစီးလျက် ဝမ်းနည်းခံပြင်း နေရ၏။ အမှန်က ဤခံစားမှု၏ မြစ် ဖျား ခံရာသည် ဒေါ်ကြေးမုံဝင်း။ သူမသည် မိုးမြင့်တို့ လုပ်ငန်းဆိုဒ်၏ အကြီးအမှူး၊ ဦးမြင့်သိန်း၏ကတော် ဖြစ်သည်။

“မောင်လေး တံတားတစ်စင်း၊ လမ်းတစ်လမ်း၊ လုပ်ငန်းကြီးတစ်ခု ပြီးတော့မယ်ဆိုရင် ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ရေးကြီးခွင်ကျယ် တိုင်ချင်တောချင် တောင်တက်ချင်နဲ့ စကားများချင်ကြတာ။ အလုပ်ထဲမှာ ဘာတွေထူးလဲ။ မောင်လေးတို့ အချင်းချင်းကြားမှာ ဘယ်လိုအရေး၊ အကြောင်းတွေ ရှိနေလည်း မူမမှန် တဲ့သူ၊ ဟောင်ဖွာဟောင်ဖွာ နှုတ် မစောင့်စည်းတဲ့သူရှိရင် အစ်မကို လက်တို့ ပြောပြနော်”  ဒေါ်ကြေးမုံဝင်း ထိုသို့ကျောမ လုံဘဲ စိုးရိမ်စကားဆိုမှ မိုးမြင့် ဖျတ် ခနဲ သတိရသည်။ ဟိုအကြောင်းပြ၊ သည်အကြောင်းပြနှင့်တို့လုပ် အားခ၊ လစာများကနေ ပေါ်ပေါ်တင်တင် ဖြတ်ယူထားတယ်။ ဝယ်ခြမ်းပေးတဲ့ ပစ္စည်းတွေလည်း မတန်တဆ ဈေး တင်တယ်တဲ့။ ကတ္တရာ၊ အုတ်သဲ ကျောက်၊ သစ်ခွဲခြမ်းနှင့် သံချောင်း တွေကိစ္စလည်း ပါဝင်သည်။ စိုးငြိမ်း ၏ နှုတ်ထွက်စကား။ မိုးမြင့်က အထက်အရာရှိ၏ ယာယီတဲနန်းသို့ အသွားအလာရှိသူမို့ ပေါက်ကြားမည် ကို စိုးရွံ့ ၍လား။ လူကြီးနား ရောက် ဖို့သက်သက် ရည်ရွယ်လေသလား။ သူ့ရှေ့၌ မပြော။ သူကြားအောင် မဆို။ ဟိုနားဒီနားမှ တစ်ဆင့်ပြန် ရခဲ့သောသတင်း။

ထိုစကားများ၏ အဓိပ္ပာယ်ကို သူကောင်းကောင်း နားမလည်ခဲ့။ ဘာတွေလဲဗျာ၊ ရှင်း ရှင်းပြောပြစမ်းပါဟုလည်း မိုးမြင့် မမေးရဲ။ မေးလျှင်လည်း မင်းမသိပါ ဘူးကွာဟု အော်ငေါက် လွှတ်လိမ့် မည်။ စိုးငြိမ်းက ဤဌာနမှာ အလုပ် ကြပ်။ ဌာနမှူးပြီးလျှင် အတော် အသင့် အရေးပါသူ။ လုပ် သက်ရင့် ဝန်ထမ်း။ မိုးမြင့်ကတော့ စီမံရေးရုံး တွင် လုပ်ငန်းချိန်ပြင်ပ၊ မနက်နှင့်ည နေခင်း ပတ်ဝန်းကျင် သာယာလှပ ရေး၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် စု ပေါင်းစားသောက် ချိန်များ၌ စိုးငြိမ်း နှင့်သာမဟုတ်၊ ဘယ်လုပ်သားနှင့်မျှ သူရောရော နှောနှောရှိမနေခဲ့။ စကားလက်ဆုံမကျခဲ့။ အကြီးအမှူး ဆီ၌သာရှိနေတတ်သည်။ ဦးမြင့်သိန်း ၏ ဝေယျာဝိစ္စများ၊ ကတော်ကြီး လက်တို့ လက်တောင်း အကူအညီရဖို့ ခေါ်ထားသည်ပဲ။ အလုပ်စဝင်သည့် ညနေကတည်းက၊ အလုပ်ကြပ်ဦးစိုး ငြိမ်းက သူတို့ထဲမှ ဆယ်တန်းအောင် သည့် သူများကို ခေါ်ထုတ်သည်။ သူ မထွက်။ အမည်နှင့် ပညာအရည် အချင်း တိုက်ဆိုင်စစ်ဆေးတော့ ကျန်ခဲ့သည့်သူ့ကို မင်းကဘာဖြစ်လို့ ထွက်မလာတာလဲဟု ထိုလူကြီးက       အော်ငေါက်၏။ ထိုအခါ သူသည်​ “ထွက်ခိုင်းတာ ဆယ်တန်း အောင်၊ ကျွန်တော်က ဘွဲ့ရ”ဟု ဖြေခဲ့ သည်။ ထိုအဖြေက သူ့ကို မျက် မုန်း ကျိုးသော အလုပ်ကြပ်တစ်ဦး အား မွေးဖွားပေးလိုက်သည်။ မိုးမြင့် ဘာ ပြောပြော၊ ဘာလုပ်လုပ် ဦးစိုးငြိမ်းက မကြည်လင်တော့။ ထိုနေ့ကလည်း မိုးမြင့်ရေ မင်းရထားတဲ့ဘွဲ့ ဟိုးက ယူကလစ်ပင်ဆီ ဂျွန်းထိုးပြီး သွား အပ်ပေတော့ဟု ကျီစယ်​စ​နောက်​     သ​ယောင်​ဖြင့်​ အပြစ်ပေးခံခဲ့ရသည်။ ပြီးတော့ ပြောသေးသည်။ မင်းရောက် ရှိလာသည့် နေရာ၊ မင်းလုပ်ရမည့် တာဝန်က ပညာတတ်ဘွဲ့ ရဖို့မလိုဘူး တဲ့။ ဘယ်လောက် အသည်းနာ၊ ခံ ပြင်းဖို့ ကောင်းလိုက်လဲ။

ထိုအချိန်က မလုပ်ဘူးကွာဟု ငြင်းဆန်ဖို့ စဉ်းစား မိသေးသည်။ သို့သော် အဖေ့မျက် နှာကို ချက်ချင်း ပြေးမြင်မိသည်။ မင်း ဘယ်အလုပ်မှ လက်ကြောမတင်း၊ ရေရှည်ဒဏ်ခံနိုင်မှာ မဟုတ်ဘူး၊ အလကားကောင်ဟူသော အဖေ့ကြို တင် ဟောကိန်း။ ထိုအခါ မျက်ရည် မကျအောင်ထိန်းသိမ်းရင်း မကောင်း သည့် မာနကို ခေါင်းခါဖယ် ထုတ်ခဲ့ သည်။ အိုလောကမှာသည် ထက် ဆိုးညစ်သည့် ခက်ခဲရင့်သီးမှုတွေ ရှိဦးမှာပဲ။ ထိုညနေမှ စ၍ ဦးမြင့် သိန်းအနီး စေလွှတ်တာဝန်ပေးခဲ့ သည်။ လူကြီးနားနေသည့်သူ အစစ အပိုးကျိုး၊ သည်းခံအလိုက်သိပါတဲ့။ ခဏ ခဏ မှာတမ်းခြွေသည်။ အောက်ကိုဖိ၊ အထက်ကို ပါးပါး နပ် နပ်ရှိတာ။ တော်တော်အမြင် ကပ်ဖို့ ကောင်းတဲ့ဖိနပ်လို လူစားမျိုး။

မိန်းမ ကြီး ကျနေတာပဲ ပစိပစပ်နဲ့။ မိုးမြင့် ကြည့်မရ။ လူတစ်ရာကျော်ကို ဦးစီး ရသော အလုပ်ကြပ်ဆိုပြီး စိုးငြိမ်း ဆိုသည့်လူက ဘဝင်က ခပ်မြင့်မြင့်။ သူနှင့် ထိုအမျိုးသားကြီးကြားတွင် ခိုက်ရန်ဒေါသ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူး သည်။ တစ်ခါက လုပ်ရိုးလုပ်စဉ် ဌာန မှူးထံသွားသည်။ သစ်ပင်ပန်းမန် မြေဆွ၊ ရေလောင်းပြီး၍ မိုးမြင့် ပြန် ဖို့ပြင်တော့ ဌာနမှူး၏ကလေး များ ကျောင်းမှပြန်ရောက်လာချိန်။ ရှစ် တန်းကျောင်းသူလေးကို စာပြ​ပေးဖို့ သူ့အားအကူအညီ​တောင်းထား​သေး သည်​မဟုတ်​လား။ အရင်​ကဆို ထိုက​လေးက ကျောင်းမှဆင်း၊ ကျူရှင်တက် ၍ ပြီးမှပြန်လာခဲ့သူမို့ လူကြီးများ ကွယ်လျှင် ဦးမိုးသမီး အရမ်းပင်ပန်း လာလို့နော်။ စာသင်ဟန်ပဲဆောင် နေ။ ဦးဘာလုပ်ချင်လဲ။ နေသာသလို နေ၊ စာမသင်ရရင် ပြီးရောဆိုပြီး တောင်းတောင်းပန်ပန် ပြောနေကျ။ ဘာစားချင်လဲ သမီးစီစဉ် ပေးမယ်ဟု မျက်နှာချို သွေးရသည်က အမော။ ဒီဘက်ခေတ် ကလေးဖြစ်၊ စာသင်ရ သည်ကလည်း သနားစရာ။ ထိုညနေ ကမှ သူ့ကိုသင်္ချာတွေ ထူးထူးခြားခြား ရှင်းပြခိုင်းသည်။ ကလေးကို စာသင်​နေရင်း သူ့ဝမ်းက ဟာသလိုလို။ ည စာအစားပျက်မည် စိုး၍ ဌာနမှူး၏ဇနီး ချပေးမည့် လက်ဖက်ရည်နှင့် မုန့်ကိုပင် နေပါစေဟု ငြင်းခဲ့သည်။ သိပ်တော့ မဆာသေး။ မိုးမြင့် လုပ် ငန်းခွင်သို့ လမ်းလျှောက် ပြန်လာ တော့ ဟတ်ဟတ်ထိုးနေပြီ။ နေ့လယ် ကလည်း တာဝန်တစ်ခုဖြင့် အချိန် လင့်သွားသောကြောင့် မစားဖြစ်ခဲ့ ဘဲကိုး။ ကိစ္စမရှိ၊ နေ့လယ်စာတစ်နပ် လွတ်သွားတော့ ဘာအရေးလဲ။

သို့ သော် ယခုထမင်းစားဆောင်၌ ထမင်းမကျန်တော့။ ပို၍ကံဆိုးသည် မှာ ချက်ပြုတ်ရေး တာဝန်ခံက ဆန် ထုတ်ပေးမည့်သူကို ရှာနေတုန်းတဲ့။ သူဘယ်လိုမျှ တောင့်မခံနိုင်။ စိတ် မရှည်နိုင်တော့။ သူတို့အနီးပတ်ဝန်း ကျင်၌လည်း မည်သို့သော စား သောက်ဆိုင်မျှမရှိ။ နောက်ဆုံးတော့ ရင်းနှီးအကျွမ်းဝင်ဆုံးနေရာကိုသာ ပြေးရတော့သည်။ ဌာနမှူးနှင့် ဇနီး သည် ဒေါ်ကြေးမုံဝင်းကို မတွေ့ရပြန် ပါ။ တပည့်မကို အကူအညီတောင်း ဝမ်းဖြည့်ရတော့သည်။ ဆာဆာဖြင့် သမီးငယ်ချပေးသမျှ စားခဲ့သည်မှာ ဟင်းအမျိုးအမည်ကိုပင် မမှတ်မိ။ ထိုအချိန်ထိ သူ့၌ပြဿနာတစ်စုံ တစ်ရာမျှ မရှိသေး။ ဆေးလိပ်ကလေး ဖွာရင်း တောင်တောင်အီအီ စဉ်းစား ရင်း ထိုအိမ်မှ ဒုတိယအကြိမ် လမ်း လျှောက်ပြန်လာခဲ့သည်။ ထိုအချိန် တွင် မျက်နှာချင်းဆိုင်မှ လာသော ကိုစိုးငြိမ်းကို သူစ၍မြင်သည်။ ရှောင် လွှဲသွားမည် စိတ်ကူးဆဲ “မိုးမြင့်ဘယ်လျှောက်သွားနေ တာလဲ၊ ထမင်းစားဖို့ ငါလိုက်ရှာနေတာ” “စားပြီးပြီ” “ဘာကွ” သူမှားသွားသည်။ စားရေး သောက်ရေး၌ လုံးလုံးလျားလျား တာဝန်ရှိသော သူ့ကို အမှန်အတိုင်း မပြောသင့်။ သူ့အသံက အနည်းငယ် ခက်ထန်လျက်၊ မျက်နှာက သိသိသာ သာ မာကျောနေသည်။ ဒေါသတကြီး ချက်ချင်း သူ့ရှေ့ရောက်လာလျက် ရွယ်လိုက်သည့်ကိုစိုးငြိမ်းလက်ကို သူ ပုတ်ထုတ်ပစ်သည်။ မင်းကများ ငါ့ကို ဟု ပြောနေရင်း အသံက တိမ်ဝင် သွား၏။ လူကလည်း အံ့သြလောက် စွာ ငြိမ်ကျသွားသည်။ သို့သော် သူ့ကို စားတော့ဝါးတော့မလို စိမ်း စိမ်းကြီး ကြည့်သည်။ မိုးမြင့် ဤကဲ့သို့ ဌာနမှူးအိမ်၌ ထမင်းစားခဲ့ခြင်းသည် စားသောက်ရေး အဆင်မပြေဘူး။ လုပ်ငန်းကြပ် တာဝန်မဲ့နေသည့် အကြောင်း တစ်ဖက်လှည့်တိုင် ကြား ရာ၊ သတင်းပို့ရာရောက်သည်ဟု ကို စိုးငြိမ်း တွေးလိုက်တာ။ ကြက်ခေါင်း ဆိတ်မခံ၊ စာတတ်ပေတတ် ဥာဉ်ဖြင့် ပညာပြတာဟု သူ့ကို စွပ်စွဲ၊ စက်ဆုပ် မည်မလွဲ။

“မင်းကွာ မိုးမြင့်၊ ငါ့ကို အရှက် ခွဲရက်တယ်။ လူကြီးက အထင်သေး အမြင်သေးဖြစ်အောင်လုပ်တယ်။ အဲဒီအတွက် စိတ်ဆိုးလို့၊ နာလို့ မကျေနပ်လို့ အခုဒီစကားပြောတာ မဟုတ်ဘူး။ မင်း စွဲစွဲမြဲမြဲ မှတ်ထား၊ ယုံကြည်နားလည်ထား။ တို့တွေ အချင်းချင်း နားလည်မှုမရှိတာ။ ဖေးမကူညီ မစောင့်ရှောက်နိုင်ကြဘဲ စိတ်ဝမ်းကွဲ တွန်းတိုက်ငြိုငြင်နေ ကြတာကို ငါဝမ်းနည်းတာ။ ခံပြင်း ထိခိုက်တာ။ ဒီအကြောင်း ဦးမြင့် သိန်းသာသိရင် စိတ်ကသိကအောက် ဖြစ်၊ ငါတို့အပေါ်လည်း အယုံအကြည် ကင်းမဲ့၊ အပြစ်ဆိုလို့ ဆုံးမှာ မဟုတ် ဘူး။ မင်း သိရဲ့လား”  ကြည့်စမ်းပါဦး။ ထမင်းလေး တစ်နပ်သွားစားမိပါတယ်။ ပြော လိုက်တဲ့ စကားကြီးစကားကျယ်တွေ။ အတန်းပညာက ဘုန်းကြီးကျောင်း ထွက်မို့သာ။ ဘွဲ့ဒီဂရီများရထားရင် ဘယ်လောက်ထိ လေကျောရှည်၊ ကမ္မဝါဖတ်မလဲ မသိဘူး။ သူကျယ် လောက်စွာတောက်ခေါက် ပစ်လိုက် ချင်သည်။ အချက်​ကျကျနှုတ်​တုံ့ပြန်​လိုက်​ချင်​သည်​။ ကိုယ့်ထက် အသက် အရွယ်၊ လုပ်သက်အတွေ့ အကြုံကြီး လို့သာ။ ပြီးတော့ ကိုယ့်မှာ သင်ထား တဲ့ပညာတွေ၊ ရှေ့ဆက်တက်လမ်း တွေနဲ့ စိုးငြိမ်းဆိုတဲ့လူကို ကျော်ခွ တက်နင်းသွားနိုင်မှာမို့သာ။ ဟင်း။ “ဟုတ်တယ် အစ်မကြီးကြေးမုံ၊ အခုတလော အလုပ်ထဲမှာ တိုးတိုး တိုးတိုးနဲ့ ဌာနမှူးကို မကျေမနပ် ပြောတဲ့အသံတွေ ကြားကြားနေရ တယ်။ လုပ်ခလခ အပြည့်အဝ မရ ဘူးဆိုလား၊ အဖြတ်​အ​တောက်​​တွေ များတယ်​ဆိုလား။ အချိန်ပိုတွေလည်း မတန်တဆ ခိုင်းတယ်လို့”

ဘုရားပေးပေး၊ ကျမ်းပေးပေးပါ။ ထိုစကားက ဌာနမှူးနှင့် မိသားစု အတွက် လောကွတ်ချော်သည် မဟုတ်။ မျက်နှာလို မျက်နှာရလုပ် ပြောသည့် စကားမဟုတ်။ ထို့ထက် ပို၍သေချာ သည်မှာ ကိုစိုးငြိမ်းအပေါ် မကျေ မနပ်ဖြစ် ချောက်ချလိုသောရည်ရွယ် ချက်မဟုတ်။ ဟုတ်တိုင်းမှန်ရာ သူ့ သစ္စာ။ တောင်းလာသည့် ဒေါ်ကြေးမုံ ဝင်း၏ အကူအညီကို ဖြည့်ဆည်းခြင်း သာ။ သည်ထက် မည့်သည့်အကျိုးမျှ မျှော်​ကိုးလိုစိတ်မရှိ။ဘုရားပေးပေး၊ ကျမ်းပေးပေးပါ။ ထိုစကားက ဌာနမှူးနှင့် မိသားစု အတွက် လောကွတ်ချော်သည် မဟုတ်။ မျက်နှာလို မျက်နှာရလုပ် ပြောသည့် စကားမဟုတ်။ ထို့ထက် ပို၍သေချာ သည်မှာ ကိုစိုးငြိမ်းအပေါ် မကျေ မနပ်ဖြစ် ချောက်ချလိုသောရည်ရွယ် ချက်မဟုတ်။ ဟုတ်တိုင်းမှန်ရာ သူ့ သစ္စာ။ တောင်းလာသည့် ဒေါ်ကြေးမုံ ဝင်း၏ အကူအညီကို ဖြည့်ဆည်းခြင်း သာ။ သည်ထက် မည့်သည့်အကျိုးမျှ မျှော်​ကိုးလိုစိတ်မရှိ။ “အေး​အေး ​ကျေးဇူးတင်​ပါ တယ်၊ ငါ့​မောင်​ရယ်​။ အခုလို ကြိုကြို တင်​တင်​ သိခွင့်​ရ​တော့ မင်းရဲ့ဆရာ စီမံသင့်​တာစီမံ၊ ​ဆောင်​ရွက်​သင့်​တာ ​ဆောင်​ရွက်​နိုင်​တာ​ပေါ့” မြင်​ခဲ့ရ​သော ​ဒေါ်​ကြေးမုံဝင်း ၏ ​ကျေးဇူးတင်​စကား အပြုံးသည်​ သူ့အား ဝတ်​မှုန်​ကူးပျော်ရွှင်​​စေ​သော်​လည်း ကြာရှည်​မခံ။ ယနေ့နေ့လယ် ထမင်းစားခါနီး၊ အလုပ်ခွင်၌ အလုပ်သမားများ လူ စစ်စုရုံးကြသည်။ တစ်ယောက် မျက် နှာ တစ်ယောက်ကြည့်လျက် သို့လော သို့လော ဖြစ်နေကြ၏။ သူ့လုပ်သက် တစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်ကိစ္စ။ ထိုအချိန်ထိ သူ နှင့် တိုက်ရိုက်ပတ်သက်လိမ့်မည် ဟုလည်း မတွေးမိ။ ပူပူလောင် လောင်နေရာလွတ်၌ တန်းစီကြရ သည်။ လူစုံပြီဆိုမှ ဌာနမှူးက မိုးမြင့် ရှေ့ထွက်ခဲ့စမ်းတဲ့။

ပြီးတော့ “မင်း ပညာတတ်တယ်၊ ဘွဲ့ ရတယ်ဆိုတာ ဘာအသုံးကျလဲ။ ငါနဲ့ အနီးကပ်နေ ပြီး စာရင်းအင်းစာအုပ်တွေ ဒီလောက် ကိုင်တွယ်ရင်းနှီးနေတာ။ လုပ်ခလစာ တွေ ဘယ်သူ့ကို ဘယ်လောက်ထုတ် ပေးတယ်။ ဖြတ်တောက်ငွေ၊ ဈေး ဝယ်မှတ်တမ်း၊ အချိန်ပိုကြေးနဲ့ ဆု ကြေး မင်းသိချင်ရင် အချိန်မရွေး ယူ ကြည့်၊ တိုက်ဆိုင်စစ်ဆေးလို့ ရနေရဲ့ သားနဲ့ မရှင်းမလင်းတာ ရှိရင်လည်း ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မေးလို့မြန်းလို့ ရရဲ့သားနဲ့ အခုတော့ တောင်ပြော မြောက်ပြောကြားလို့ ကောင်းသေးရဲ့လား။ အသံတွေ ထွက်၊ ချေးဦးနှောက်နဲ့ ငါလုပ်လိုက် ရ သေတော့မယ်”  သူ ဘာသံမျှ သဲသဲကွဲကွဲ မကြား နိုင်တော့။ ရှက်ရွံ့မွန်ထူလျက် ခေါင်း ကြီးငုံ့ကာ ရင်ခုန်သံကမမှန်။ ပူပြင်း သောနေရောင်အောက်၌ ဆောက် တည်ရာမဲ့ဒေါသနှင့် ​ဒေါ်​ကြေးမုံ  ဝင်းအား သူပြောမိမှားလေခြင်း နောင်တတို့ ရောပြွန်းကာ လူက အငွေ့ပျံပျောက်ဆုံး သွားချင်ပြီ။ နှုတ်ဖွာသူ၊ စကားသယ်ပို့သူဟု တွေး ထင်ကြတော့မည်။ နိဂုံးချုပ် အမှာစ ကားပြောပြီး ဌာနမှူးလည်း ထွက် သွားရော မိန်းမကျနေတာပဲ၊ အလ ကားကောင် ဒီကောင်ကြောင့် နေပူ ပူမှာ မတ်တတ်ရပ် အဆူအပြော ခံရတာတဲ့။ တစ်ယောက်တစ်မျိုး မရိုး နိုင်အောင် ပြစ်တင်ရှုတ်ချသံများက သူ့နားနှင့်မဆန့်။ တခြားအလုပ်ကြပ် များက ထိုးမည်တကဲကဲ။

မိုးမြင့်မှာ ပုန်းခိုစရာ၊ ကာကွယ်ပေးမည်သူ အနီးမှာတစ်ဦးမှ မရှိ။ စိတ်ပျက် သိမ်ငယ်လျက် လောကကို အရမ်းခံ ပြင်းနာကြည်းသွားသည်။ မဟုတ် သေးပါဘူး။ ငါ့အဖြစ်က ဘာကြောင့် ဒီလောက်ဆိုးရသလဲ။ တွေးရင်း တွေးရင်း ဝမ်းနည်းဆို့နင့်လာလျက် ဒေါသတွေ တဖွာဖွာပေါ်လာသည်။ သူဘယ်အချိန်ကမှ မျှော်လင့်မထား ခဲ့ဖူး သောစိတ်ဒုက္ခ။ သူ့စကားကို ဘာ​တွေ ဘယ်​လိုအဓိပ္ပာယ်​​ကောက်​ လွဲမှားသွားပါလိမ့်​။ အမြန်​ဆုံးရင်​      ဖွင့်​ပစ်​လိုက်​ချင်​သည်​။ ဌာနမှူးအိမ် သို့ သွားရမည့် အချိန်က ည​နေ။ ထိုအချိန်​ကို စောင့်ရသည်မှာ သူ့ဘဝ ၏ အရှည်ဆုံးကာလ။ ရောက်နိုင်ခဲ လိုက်တာ။ ဒေါ်ကြေးမုံဝင်းကို တွေ့ ချင်သည်။ ဤသောကဆင်းရဲကို မခံ စားနိုင်တော့။ လူပုံအလယ်မှာ အပြောခံခဲ့ ရတာ။ သူမဌာနမှူးကို ဘယ်လိုများ ပြောခဲ့လို့လဲ။ အကျိုးအကြောင်း မေးမြန်း၍ ရဲရင့်ပြတ်သားစွာရှင်း ပြရမည်။ ငယ်သားတစ်ယောက်၏ ခေါင်းငုံ့ခံရသည့်အဖြစ်က ဆိုးရွား ပြင်းထန်လှပါကလား။( ၂ ) သူ အံကို တင်းတင်းကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် ရင်း မျက်ရည်တို့သည် အလိုလိုကျ လာသည်။ တွေ့ရသော ဒေါ်ကြေးမုံ ဝင်းက ဘာမှမသိသူကဲ့သို့ ရှိသည်။ အားလုံးက ပုံမှန်ပါပဲ။ သမီးကလေး လည်း ရှိမနေသေး။ သူတစ်ဦးတည်း သာ လှုပ်ခတ်နေသည်။

သို့သော် ဌာနမှူး ဦးမြင့်သိန်းက ပြုံးကြည့်ရင်း  “မိုးမြင့် မင်းဒီစိတ်မျိုးနဲ့ ခံစား လွယ်နေရင်တော့ ငါ့လိုအရာရှိကြီး တစ်ယောက် မဖြစ်ဘူး။ ဖြစ်ပြီးသမျှတွေ ခေါင်းထဲက ထုတ် ပစ်လိုက်၊ ကြေကွဲဝမ်းနည်းမနေနဲ့။ ဒါအလုပ်​သ​ဘော။ ငါ့အလုပ်သမား ဝန်ထမ်းထဲမှာ မင်းလို ပညာတတ်ဘွဲ့ ရ လက်ချိုး ရေလို့ရတယ်။ မင်းကို ရွေးချယ်ပစ်မှတ်ထားပြီး တိုက်ခိုက် လိုက်တာနဲ့ ကျန်တဲ့သူတွေ ပါးစပ် ပိတ် ငြိမ်ကျသွားတာပဲ။ ဒါ အမြန်ဆုံး ပွဲသိမ်းနည်း။ ဘာမဟုတ်တဲ့ နှုတ် သရမ်းမှုကြောင့် တစ်စတစ်စကြီး ထွား၊ မဖြစ်သင့်တာတွေဖြစ်နဲ့၊ အဘက်ဘက်က ဂုဏ်သိက္ခာတွေ မစွန်းထင်း မထိခိုက်ဖို့လေ”  ဘုရားဘုရား၊ အဘက်ဘက်က ဂုဏ်သိက္ခာတွေ မစွန်းထင်းမထိခိုက် ဖို့တဲ့။ အရိုးစွဲ အကျင့်ပျက်မှုကို ပါးနပ်စွာ ပြောင်ဖုံးကွယ်လိုက်တယ် လို့ ဝန်မခံပါ့လား။ သို့သော် ဌာနမှူး ၏စကားကိုတော့ ခေါင်းခါမိလေ သလား၊ ခေါင်းညိတ်မိလေသလား မဝေခွဲသာ။ ထိုအချိန်တွင် သူ့ပခုံး နှစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လှုပ်ယမ်း လိုက်သည့်လက်။ နှစ်သိမ့်ချော့မြူနေ သည်ဟု ခံစားမိသည်။

     မိုးကျော်စိုး(မကွေး)  

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*