တရုတ် ပြည်မှာ မယ်ကမ္ဘာပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် အိကျော့ခိုင်

တရုတ် ပြည်မှာ မယ်ကမ္ဘာပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် အိကျော့ခိုင်
October 24, 2017 Leanne Win
တရုတ် ပြည်မှာ မယ်ကမ္ဘာပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် အိကျော့ခိုင်

Miss Myanmar World 2017  Winner ဆုရှင် အလှမယ် အိကျော့ခိုင် က 67 th Miss World 2017 ပြိုင်ပွဲ ကြီးကို နိုဝင်ဘာလ ၁၈ ရက်နေ့ကျရင်  တရုတ်နိုင်ငံ Sanya မြို့မှာ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အလှမယ်အိကျော့ခိုင်ဟာ ပြိုင်ပွဲ မဝင်ခင် တင်မိုးလွင်၊ Mr.Brain Jeremiah တို့နဲ့အတူ Cat-WalK Traning rsm;? Personality Training , Make up Training များ လေ့လာသင်ယူနေတာ ဖြစ်ပြီး ပြိုင်ပွဲဝင်ဖို့အတွက် စိတ်လှုပ် ရှားနေတာ ဖြစ်ကြောင်းကိုတော့ “ညီမ အရမ်းစိတ်လှုပ်ရှားနေ ပါတယ်။ ဒါပေမဲ့ ညီမအကောင်း ဆုံး ကြိုးစားသွားမှာပါ။ Personal Knowledge မှာ Traning နဲ့ English Training ကို  ဘန်ကောက်မှာ သွားရောက်သင်ယူမှာပါ။

Talent အ ပိုင်းကို တော့ ပလွေမှုတ်ခြင်းနဲ့ ဝင်ရောက်ယှဉ် ပြိုင်မှာဖြစ်ပြီးDance of the World ပြိုင်ပွဲအတွက် ဦးရွှေရိုးနဲ့ဒေါ်မိုးအကကို လည်း သင်ယူခဲ့ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။Miss World 2017 ပြိုင်ပွဲမှ Titleဆုများကတော့Miss World Beauty With A PurPose, Miss World Fashion-Top Model, Miss World Top Fitness / Spots, Miss World Head To Head Challenge, Miss World Talent, Miss World Dances Of The World တို့အပြင် Winner 1st Runner Up , 2nd Runner Up ဆုတို့ဖြစ်ပြီး အလှမယ် အိကျော့ခိုင်က အောက်တိုဘာလ ၂ဝ ရက်နေ့က တရုတ်ပြည်ကို ထွက်ခွာသွား ပြီဖြစ်ကြောင်းသိရပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*