အောက်တိုဘာ ၂၉ရက်နေ့၊ လှည်းတန်းစင်တာမှာ ကျင်းပမယ့် နီနီခင်ဇော် ရဲ့ New Album Releasing Party

အောက်တိုဘာ ၂၉ရက်နေ့၊ လှည်းတန်းစင်တာမှာ ကျင်းပမယ့် နီနီခင်ဇော် ရဲ့ New Album Releasing Party
October 23, 2017 Leanne Win
အောက်တိုဘာ ၂၉ရက်နေ့၊ လှည်းတန်းစင်တာမှာ ကျင်းပမယ့် နီနီခင်ဇော် ရဲ့ New Album Releasing Party

နီနီခင်ဇော်က သူမရဲ့ တတိယ တစ်ကိုယ်တော်အခွေကို ‘ခင့်ရဲ့တ တိယအသဲနှလုံး’လို့တင်စားထားပြီး အခွေနာမည်ကိုတော့’U’လို့ နာမည်ပေးထားပါတယ်။ တတိယ တစ်ကိုယ်တော်အခွေနဲ့ပတ်သက်လို့ New Album Releasing Party ကို အောက်တိုဘာ ၂၉ရက်၊ ညနေ ၃နာရီကစတင်ပြီး လှည်းတန်း စင်တာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခွေမထွက်ခင် တုန်းက ကိုယ်တိုင်ရေးသီချင်းတွေ ဖြစ်တဲ့ ‘မူး’ နဲ့ ‘မိုး’သီချင်း ၂ပုဒ်ကို အွန်လိုင်း ကနေဖြန့်ခဲ့တဲ့ နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော် အခွေမှာ သူမကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလည်းပါဝင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ကိုယ် တိုင်သီချင်းရေးဖို့အတွက်ဆို Instrument တစ်ခုခုတီးတတ်ဖို့လိုမယ်ထင်တယ် လို့ဆိုတော့……………….

“Instrument နဲ့ ပတ်သက်လို့ကတော့ Piano ကို နီနီ လေ့လာတယ်။ Piano နဲ့ ပတ်သက်လို့ကတော့ basic လောက် နီနီ တီးတတ်တယ်။ပြီးတော့ သီချင်းရေးတဲ့ဟာက Instrumentတွတီးတတ်မှရယ် မဟုတ်ဘူး။ နီနီတို့ နှစ်တွေများစွာ သီချင်းဆိုလာတဲ့အခါကျတော့ Melody လေးတွေ၊ Tunes လေး တွေ နားထဲမှာ စွဲပြီးတော့ တစ်ခါ တလေကျရင် ကိုယ့်ဘာသာကိုယ် အမှတ်တမဲ့နဲ့ ညည်းဖြစ်လိုက်တဲ့ သံစဉ်လေးတွေက ကောင်းနေတတ် တာတွေရှိပါတယ်။ ဒါမျိုးလေး တွေ ဆိုရင် ဆက်ပြီးတော့ ရေးဖြစ်ပါတယ်”  လို့ နီနီခင်ဇော်ကပြောပြပါတယ်။ နီနီခင်ဇော်ရဲ့ ‘U’  တေးစီးရီးမှာ သူမတို့ Red Generation ကနေ ရွေးချယ်ထားတဲ့ အဆိုတော်သစ် Annie လည်းပါဝင်မှာပါ။ နီနီခင် ဇော်က သူမရဲ့ ပရိသတ်တွေကို လည်း အမြဲတမ်း အသစ်အသစ် တွေရအောင်လို့ အချိန် တိုင်းကြိုးစားနေပါတယ်။ ကိုယ့်ကိုယ်လည်း အမြဲ တမ်းပြောင်းလဲ အောင် နေထိုင်တယ်။ ဒါတွေကို နားလည်ပြီးတော့ နီနီ့ကို ချစ်ပေးတဲ့ ပရိသတ် တွေကိုအများကြီး ကျေး ဇူးတင်ပါတယ်” လို့ အမှတ်တရစကား ပြော ခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*