အိုကြီးအိုမ ဘူတာရုံ

အိုကြီးအိုမ ဘူတာရုံ
October 20, 2017 Asian Fame
အိုကြီးအိုမ ဘူတာရုံ

နေခင်းကြီး အိပ်နေကြလားဗျ။ ပြတင်းပေါက်တွေပိတ် လို့”

“မအိပ်ပါဘူး ကိုဘိုထုံ ရာ။ အေးတာနဲ့ ပိတ်ပြီး အထဲမှာ တီဗီကလာတဲ့ ဇာတ်ကားကြည့်နေကြ တာ။ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဇာတ် ကား ကောင်းသဗျာ။ လွမ်းအောင် ရယ်တတ်သူတဲ့”

ကိုညိုဦးလွင်တို့၊ မတင်အေး တို့မလည်း ဟိုးဆောက်လုပ်ရေးဝင်း ကြီးထဲ နေကြတုန်းကတော့ သူတို့နေ တဲ့အခန်း ဧည့်သည်၊ စောင်သည် မရောက်လို့၊ နေ့ခင်းဘက်တစ်ရေး တမော အိပ်နိုင်ကြတာပေါ့။ ပင်စင် ရထားတာဆိုတော့ ကိုညိုဦးလွင်က ခြောက်ဆယ်ကျော်၊ မတင်အေးက ငယ်ပုံရပေမယ့် သူတို့မိန်းမသားတွေ ဆိုတာကလည်း ရောဂါကများတော့ အိုစာတာပဲ။ နေ့လယ်နေ့ခင်း နား ချင်ကြမပေါ့။

ဒီဆေးရုံဝင်းထဲ ပြောင်းလာကြ တော့ သူ့သားအလတ် “ညိုမင်းလွင်” ရတဲ့အခန်း လင်မယားတစ်တွေ လိုက် နေကြတာ။ ညိုမင်းလွင်က ဆေးရုံထဲ မှာ ဥယျာဉ်မှူးလေ။ သူ့အလုပ်က ဥယျာဉ်မှူးလို့သာဆိုတာ လူကဖင် ပေါ့။ စိတ်ရင်းကလည်း ကောင်းတော့ ဆရာဝန်မတွေကစလို့ ချင်ခင်အား ကိုးကြတာကလား။

“ဒီဆေးရုံဝင်းထဲ ရောက်မှပဲ ခင်ဗျားတို့အခန်းမလည်း ဧည့်သည် မပြတ်ဘူးနဲ့တူပါရဲ့ဗျာ”

“မတင်အေးရွာကဟာတွေ လည်း လာလိုက်၊ ကိုညိုဦးလွင် မိတ် ဆွေတွေ လာလိုက်နဲ့ဆိုတော့ လူကြီး ပီပီ ကျောခင်းချိန်မှ ရကြရဲ့လားဗျာ”

မဟုတ်လဲ၊ ဆေးရုံတက်ရင်း လူ နာမေးရင်းက လာလိုက်ကြတဲ့ ဧည့် သည်တွေ။ အခန်းထဲရောက်တော့ အရှေ့ဘက်နံရံမှာ ကပ်ထားတဲ့ တီဗီ အပြားလေးထဲကက အဖြူအမည်း ကားလောနေတယ်။ ကိုဘိုထုံက တစ် ဝက်တစ်ပျက်ကြည့်ရပေမယ့် ကိုညို ဦးလွင်က ဇာတ်ကျောရိုးကို ချုပ် ပြောပါတယ်။ လွမ်းအောင်ရယ်တတ် သူဆိုတဲ့ ဇာတ်ကားက အချစ်ဇာတ် ကားဆိုပေမယ့် ဘဝတွေအများကြီး ပါပါတယ်။

ကောင်လေးနဲ့ ကောင်မလေးတို့ ချစ်ကြတယ်။ နှစ်ယောက်စလုံးဟာ ဘဝတူ ဆင်းရဲသားတွေ။ ဒါပေမဲ့ ချစ်တာတော့ အတော့်ကိုချစ်ကြတာ ပါ။ ထုံးစံအတိုင်း တစ်နေ့မှာတော့ ကောင်မလေးကို သူဋ္ဌေးသားက လာ တောင်းတော့ အဖြေမပေးခင် ကောင်လေးဆီ ပြေးလာတယ်။ ကဲ ဘယ်လိုလုပ်ကြမလဲပေါ့။

“ငါလည်း အဲဒါကိုပဲ စဉ်းစား နေတာ။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြ ရင်၊ နင်ပဲစဉ်းစားကြည့်”

“ငါသိချင်တာက နင်င့ါကို ချစ်၊ မချစ်ပဲ သိချင်တာပါ”

“ရော ခက်ကပြီပဲ။ ငါစိုးရိမ် တာက နင့်ဘဝနစ်မွန်းမှာကိုပါဟာ”

ခက်တာကောင်လေးက ဂီတ သမား။ သူ့မှာ ပိုင်ဆိုင်တာဆိုလို့ ဒီ ဂီတာလေး တစ်လက်တည်းရှိတယ်။ ဒါတောင်အပိုင် မဟုတ်ဘူး။ တူရိယာ ပစ္စည်းဆိုင်က အဟောင်းလေးကို ပွဲ ရှိရင် ငှားသုံး။ ပွဲပြီးတော့ပြန်အပ်။ သူတို့တီးဝိုင်းမှာက ကောင်လေးက ခေါက်စာ။ ဂီတာတီးတယ်။ သီချင်း ဆိုပါတယ်။ ပြောရရင် ကောင်လေး အလုပ်က ဆောက်ဖြစ်မှ ကျောင်း ဒကာပါ။ မရေရာလိုက်ပုံများမတော့။

တူရိယာပစ္စည်းတွေရောင်းတဲ့ ဆိုင်ကလူက ကောင်လေးကို ခင်မင် ရင်းနှီးစွဲရှိတော့ နောက်ပြီး ဂီတအ ပေါ် မြတ်နိုးခင်တွယ်ရင်း ဇွဲရှိမှန်း သိတော့ ဂစ်တာကို ငှားလိုက် ပြန် လာပေးလိုက်လုပ်နေမည့်အစား အပိုင်ဝယ်လိုက်ပါလား။ အြေ<ွကးနဲ့ ရောင်းပေးပါ့မယ်လို့ ပြောပါတယ်။ ဒီတော့ ကောင်လေးက

“နိမ့်ကျတဲ့ကိုယ့်ဘဝထဲ ချစ်သူ က လာရဲတယ်ထားပါဦး။ တမင် ဆွဲမနစ်ရက်လို့၊ နှမလက်လျော့လိုက် ရတာပါ မိန်းကလေးရယ်”

ဂီတာဆိုင်ရှေ့ကြီးမှာ ကောင် လေးရဲ့ စကားကြားတော့ ဆိုင်ပိုင်ရှင် လည်း ဘာလဲဟဆိုပြီး အံ့သြနေတော့ တာပေါ့။

“ညိုမင်းလွင် ရှိလားဟေ့။ ဆရာမ ကို တစ်ခုလောက် ကူညီပါဦး”

“ဟုတ်ကဲ့ဆရာမ။ ကျွန်တော် ဘာလုပ်ပေးရမလဲ”

နှလုံးရောဂါဌာနက ဒေါက်တာ ဖြူဖြူက ခေါ်တာပါ။ ဝယ်ရမည့် ဆေးစာရင်းရယ်၊ နောက်ပြီး တစ် သောင်းတန်ငါးရွက်ရယ် ပေးပြီးတော့ ဆေးဝယ်ခိုင်းပါတယ်။ တချို့ဆေး တွေက ဆေးရုံမှာရှိပေမယ့် တော်တော် များများဆေးတွေက ဒီဆေးရုံမှာ မရှိ လို့ အပြင်ဆေးခန်းက ဝယ်ရတာပါ။ ဆေး ဝယ်လာပြီးတော့ ဆေးတွေရယ်၊ ဘောက်ချာရယ်၊ ပိုငွေတွေရယ်၊ ဆရာဝန်မဆီ အပ်ပြီးမှ ကျွန်တော် အခန်းကို ခဏပြန်ဦးမယ် ဆရာမလို့ ပြောပြီး ညိုမင်းလွင် ပြန်လာခဲ့ပါတယ်။

မနက်က ၁ဝ နာရီလောက်က ပေါ့။ အိုပီတီမှာ ဆေးရုံစာအုပ်လုပ် ပြီးမှ ဒီနှလုံးဌာနကို အဖိုးကြီးတစ် ယောက် ဝင်လာတာ ညိုမင်းလွင် မလှမ်းမကမ်းမှာ အလုပ်လုပ်နေရင်း က မြင်လိုက်တယ်။

“အဖိုးနာမည်က ဦးထွန်းတင် နော်။ အသက်ကရော”

“၇၈နှစ်ပါ”

“ဘယ်မှာနေတာလဲ။ ရောဂါက ဘာဖြစ်တာလဲ ပြောပါဦး”

“မြို့သစ်၊ ရပ်ကွက်ကြီး ၈ မှာ နေတာပါ။ ညည အိပ်မပျော်တာ ကြာပြီ။ အဲဒါ”

“နေတော့ရော ဘယ်သူနဲ့နေ တာလဲ အဖိုးက”

“ကျုပ်တစ်ယောက်တည်းပဲနေတာ”

“ဟင် အဖိုးမှာ သားသမီးတွေ၊ မြေးတွေ တစ်ယောက်မှ မရှိဘူးလား”

“ရှိပါ့ဗျာ။ ထွန်းကားခဲ့ပါ့။ လေး ယောက်တောင်။ ခုတော့ကျုပ်အရင် သေကုန်ကြပေါ့”

မယ်မြနဲ့ ဦးထွန်းတင်တို့မှာ သားသမီးလေးယောက် ထွန်းကားခဲ့ ပါတယ်။ ဦးထွန်းတင်တို့က ဒီအရပ် ဇာတိသားတွေ မဟုတ်ကြပါဘူး။ ဟိုး အညာကျေးလက်ကပါ။ ဒီလိုပဲ ရေ ကြည်ရာ မြက်နုရာ ရှာရင်းက ဒီ တောင်ပေါ်မြို့ကို ရောက်၊ ကျန်းမာ ရေးဌာန အလုပ်ဝင်လုပ်တာ။ ခုတော့ စည်ပင်ပေါ့နော်။ လုပ်သက် ၄ဝ။ ရတဲ့ပင်စင်က နှစ်သောင်းပါ။ တစ်လ တစ်ခါ ထုတ်ပါတယ်။

ဦးထွန်းတင်ရဲ့သားအကြီးက မြမောင်တဲ့။ အသက်က ၃ဝလောက် ပေါ့။ မိုင်းရှူးမှာ ကျောက်တွေသယ်က တော့ ကျုပ်တော့ အဖေ့စည်ပင်အ လုပ်ကြီး မလုပ်ချင်ပေါင်ဗျာ။ မိုင်းရှူး သွား ကျောက်တူးချေမယ်။ သူဋ္ဌေး ဖြစ်မှ ကားစီးပြန်လာခဲ့မယ် အဖေတို့ အမေတို့ရေ ဆိုပြီး ပြောသွားတာ ဗျာ။ ဆရာမရယ် ပြဇာတ်တွေထဲက အတိုင်းပါပဲ။

“ဒါနဲ့အဖိုးသားက ကျောက် အောင်လာတာပေါ့”

“အောင်ပေါင်ဗျာ”

တစ်နေ့ ဦးထွန်းတင်တို့ နေ နေကြတဲ့ စည်ပင်တန်းလျားရှေ့၊ အကောင်းစား ကားအနက်ကြီးတစ်စီး ဆိုက်လာတယ်။ ကလေးတွေပြောတာ ကတော့ ဦးထွန်းတင်နာမည် မေးနေကြ လို့လို့ ပြောတာပဲ။ ဗြုန်းဆို မိုင်းရှူး သွားတဲ့ သားကြီး၊ သူပြောသလို ကျောက် အောင်လာပြီလား ထင်တာပေါ့။ မြ မောင်ဆိုရင် သူ့အဖေတို့ နေတဲ့နေရာ မေးနေစရာမလိုပါဘူး။ ထူးတယ်လို့ အိမ်ကလူတွေ မှတ်နေတုန်း ကားပေါ် က ဆင်းလာကြတာက ဘောင်းဘီဝတ် လူဖြူတွေ နှစ်ယောက်ပါ။

“မိုင်းရှူးရတနာမြေ အောင် တော်မူ ကျောက်မျက်ကုမ္ပဏီကပါ။ ကိုမြမောင် ကျောက်တွင်းပိပြီး ဆုံးလို့ ဂရုဏာကြေး လာပေးတာပါ။ ဦးလေး လက်ခံပေးပါ။”

လာတဲ့လူတွေဆီက ရုတ်တရက် အဲဒီလိုလည်း ကြားလိုက်ရော၊ စည် ပင်လိုင်းခန်းက မိန်းမတွေရဲ့ စီခနဲ ငိုသံတွေ ကြားလိုက်ရပါတယ်။ ဒေါ်မြ ရော၊ သားသမီးတွေရော၊ အိမ်နီးနား ချင်းတွေပါ ငိုကြတာ။ ကျုပ်သား မြ မောင်အိမ်ကသွားတုန်းက အကောင်း။ ခုပြန်လာတော့ အလောင်း။ ကုမ္ပဏီ က ဂရုဏာကြေး သူတို့ထုံးစံ သုံးသိန်း နဲ့ တစ်ပတ်ရယ်၊ မြမောင်ရဲ့ အဝတ် အစား အသုံးအဆောင် တချို့ရယ် ယူလာပေးပါတယ်။ ကျောက်တွင်းပိ ပြီးမှ ဆုံးတာ ဆိုတော့ သယ်လို့ မရတာ နဲ့ ဟိုမှာတင်ပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်လိုက်ပါပြီ။ ခုလာတာ အကြောင်းကြားတာ ပါခင်ဗျားတဲ့။

ကလေးတွေပြောပါတယ်။ အရမ်းတိုးတက်ချင်ကြတာ။ ဒီစည် ပင်အလုပ်ကိုလည်း နိမ့်ကျတယ်ချည်း ထင်နေကြတာ။ ဦးထွန်းတင်တော့ သူ့တစ်သက် ဒီစည်ပင်အလုပ်ပဲ လုပ် လာတာပါဗျာ။ ဒေါ်မြကဈေးရောင်း။ စနေ၊ တနင်္ဂနွေအလုပ်ပိတ်ရက် ဘေး မှာဘောက်လုပ်။ ဒီလိုနဲ့ ကိုထွန်းတင် တို့တစ်တွေ မြို့စွန်ရပ်ကွက်မှာ အိမ်ခြံ မြေ ကျဉ်းကျဉ်းလေးနဲ့ နေနိုင်ခဲ့တာ ရော… ဟင်။

“ကျန်တဲ့ဟာတွေကရော သား တွေပဲလား အဘိုးရဲ့။ ပြောပါဦး။ သမီးကရော မပါဘူးလား”

ဒေါက်တာဖြူဖြူက အဘိုးကို သနား၊ လူနာကလည်းပါတာမို့ ရောဂါကို စမ်းသပ် ကုသပေးရင်းက အဘိုးဦးထွန်းတင်ရဲ့အကြောင်းတွေ ဆက်မေးနေမိပါတယ်။

သားသမီးလေးယောက် ထဲမှာ ဒုတိယနဲ့ တတိယက သမီးတွေ ဆရာမ ရဲ့။ ဒုတိယသမီးကြီးက “တင်တင်” တဲ့။ သူ့ရဲ့အိမ်ထောင်ဘက် က “လှရွှေ” တဲ့။ သူတို့ချင်း ရုံးသူရုံး သားသားချင်း ရကြတာ။ တစ်ရုံးတည်း သားချင်း ဆိုတော့ ဆရာမရယ် သူဋ္ဌေးမဖြစ်ပေ မယ့် သူတို့အတွက် မိုးမခေါင်ဘူးပေါ့။ သူတို့မှာ တစ်ခါ သားသမီးတွေပွား စီလာကြတော့ ဦးထွန်းတင် ဆိုတာ မြေးတွေတောင်မှ ချီပွေ့ခဲ့ရပါသေး သကော။ ကံပေါ့ဆရာမရယ်။ သက် ဆိုးမရှည်ကြပုံများ မတော့ သူတို့မိသားစု တွေ ကားငှားပြီး ရှမ်းပြည်နယ်တောင် ပိုင်းဘက် ဘုရားဖူးအသွား ကံတူအကျိုး ပေးတွေမို့ပေါ့။ ကားချောက်ထဲကျ သွားခဲ့တာပါတဲ့။ လူတွေအကုန်သေ တော့ ခမည်းခမက်တွေပါ ပါကုန် ရောလား။

“ဖြစ်ရလေ အဘိုးရယ်။ စိတ်မ ကောင်းစရာကြီးပါလား”

ဒေါက်တာဖြူဖြူက ဦးထွန်းတင် ကို သေချာ စမ်းသပ်ပေးပါတယ်။ ကြီး မားတဲ့ရောဂါ လက္ခဏာတွေ မတွေ့ ပါဘူး။ အခုလို အသက်အရွယ်မှာ အထီးကျန်တဲ့ ဝေဒနာကြောင့်ပဲ အိပ် မရတာနေမှာပါ။ နှလုံးရောဂါဌာနက တခြားဌာနတွေနဲ့စာရင် လူနာအလာ ကျဲတာမို့ ဦးထွန်းတင်နဲ့ စကားစ မြည်တွေ ပြောနေမိပါတယ်။

ဒုတိယကလည်း သမီးပဲ။ “ဋ္ဌေး ဋ္ဌေး”တဲ့။ သူကတော့ ဝန်ထမ်း မလုပ်ဘူး။ အိမ်ထောင်ကျ တော့ အဝေးပြေး ကုန်တင်ကား မောင်းတဲ့ လူနဲ့ အိမ်ထောင်ကျတယ်။ သူ ယောက်ျားရတော့ ဋ္ဌေးဋ္ဌေးက အပြင် မှာ တိုက်ခန် ငှားနေပါတယ်။ မိဘ တွေဆီတော့ ရံဖန်ရံခါ လာလည်ပါရဲ့။ သူတို့ မှာ သားလေးတစ်ယောက် မွေးလာပြီးမှ ဋ္ဌေးဋ္ဌေးက တပိန်ပိန်နဲ့ မမာဘူး။ နောက်တော့ ဆုံးတော့ တာပါပဲ။ အရပ်ထဲက ပြောကြတာ တော့ ဋ္ဌေးဋ္ဌေးရဲ့ ရောဂါက ခုကာလ ဖြစ်တဲ့ “အေအိုင် ဒီအက်စ်”ရောဂါ ဆိုး။ အနေရိုးတဲ့ သမီးလေးမှာမှ ဒီရောဂါကဖြစ်လာရသလားပေါ့။နောက် မကြာပါဘူး။ သူတို့သားလေးဆုံးတယ်။

“ကိုယ်ကဘယ်လောက်ကောင်း ကောင်း၊ အိမ်ထောင်ဘက်က ရှုပ်ပွေ ၍ ဒါမျိုးက ကူးတတ်တာပဲဟာ”

တကယ်တော့ ဋ္ဌေးဋ္ဌေး ယောက်ျား အဝေးပြေးကားသမားက လူရှုပ်လူ ပွေဆိုတော့ ရောဂါကူးတာ နေမှာ။ မကြာပါဘူး။ အဲဒီကား သမားလည်း သေပါရောလား။ ဦးထွန်းတင်ပြော ပြအပြီးမှာ အပြင် ကနေ လူရိပ်လူခြေ မြင်ရတယ်။ အသံလည်းကြားရတယ်။ နောက်ထပ် ဆရာမနဲ့ ပြကြမယ့် လူနာတွေ ထင်ပါရဲ့။ ဦးထွန်းတင်က ထပြီး ပြန် ဟန်ပြင်တယ်။ ဆရာမက ဦးထွန်းတင်အတွက် သောက်ဆေး တွေ ပေးတယ်။ ဆေးဖိုးဘယ်လောက် ကျပါသလဲလို့၊ တစ်ထောင်တန်သုံး ရွက် ထုတ်လာတော့ ဒေါက်တာဖြူဖြူ၊ ဦးထွန်းတင်ကို မိဘချင်းကိုယ်ချင်းစာ မိတာနဲ့ ပေးစရာမလိုဘူးအဘိုး။ ဒီ ဆေးကုန်ရင် ပြန်လာခဲ့ဦးနော်လို့ မှာ ရတယ်။ ဆေးဖိုးက လေးသောင်းကျော် ကျော်လောက်ကျတာမပြောရက်ပါဘူး။

“ပြန်ခါနီးမေးရဦးမယ်။ အဘိုး မှာ သားသမီးလေးယောက်ဆိုတော့ ကျန်တဲ့တစ်ယောက်ကရော”

“အငယ်ဆုံးယောက်ျားလေးက ဆေးစွဲပြီး လမ်းနံဘေး အမှိုက်ပုံမှာ ဆုံးမှန်းမသိဆုံးတာ”

သူ့မိန်းမကြီး ဒေါ်မြင့်ရှိတုန်းက တော့ လင်ကိုယ်မယားကျန်တာပေါ့။ တစ်ခါမယ်မြင့်မှာ သားအိမ်က ဘာဖြစ် လာတော့ ဆေးကုရပြန်ရော။ ဆေးကု တာမှ နှစ်ယောက်ထဲကျန်တော့ တစ် ယောက်ယောက်မှာ ပျက်စီးရရင် အထီး ကျန်ရပြီဆိုပြီး စိုးရိမ်စိတ်နဲ့ကို ကုတာ ပါ။ ပထမအခုနေကြတဲ့ ခြံနဲ့ဝန်းကို ပေါင်းပြီးကုတယ်။ မသက်သာတော့၊ အပြီးရောင်းပြီးမှ ကုတာပါ။ ငွေတွေ လည်းကုန်ရောအပြင်က ဦးထွန်းတင် ကို အပြီးအပိုင်ထားသွားခဲ့တော့ သူ ကြောက်ပါတယ် ဆိုတဲ့ အထီးကျန် ဘဝ ရောက်ရတာပါပဲ။

“အဖေရာ အဲဒီအဘိုးကြီးရောဂါ ဒေါက်တာဖြူဖြူက စမ်းသပ်ကြည့် တော့ ဘာမှရောဂါမရှိဘူးလို့လဲ ပြော သေး၊ ဘာလို့ အိပ်မပျော်ရတာလဲဗျာ”

“လူလေးရော သိလား။ အဲဒါ အထီးကျန်ရောဂါကွ။ လူအိုလူကြီး တွေဖြစ်လည်း မလွဲမသွေ ကြုံရတတ် တာရယ်”

ဒီနေ့ဆေးခန်းက ပြန်လာတဲ့ ညိုမင်းလွင်က သူ့အဖေကို ညိုဦးလွင် ကို ပြောပြနေတာပါ။ မြို့သစ်ရပ်ကွက် ကြီး ၈ ရပ်ကွက်ထဲက တန်းလျားမှာ အခန်းငှားနေတာတဲ့။ ဦးထွန်းတင်က တစ်ယောက်တည်းပါ။ သူတစ်လတစ် လရတဲ့ ပင်စင်က နှစ်သောင်းနဲ့၊ အိမ် လခရော၊ စားတာရော လောက်ပါ့မ လားဆိုတော့ ဦးထွန်းတင်က ရှိရင် စားတယ်။ မရှိရင်လည်း မစားပဲ နေလိုက်တာလို့ ပြောပါတယ်။

“အဘိုးရယ်၊ ဘယ်လိုမှ သဘော မထားပါနဲ့၊ ကျွန်တော်တို့မလည်း အဲဒီ အခန်းငှားခလေးရတာနဲ့ စားနေရ တာမို့၊ ဒီလိုလုပ်ပါ။ အဘိုးနောက်ခန်း ပြောင်းနေပေးပါ”

တစ်နေ့အိမ်ရှင်က ဦးထွန်းတင် ကို ပြောသတဲ့။ အဘိုးအကြောင်း လည်း သိနေတော့ အခန်းခရယ်လို့ လည်း မပေးပါနဲ့။ အဘိုးတစ်သက် နေသာနေပါဆိုတော့ ဦးထွန်းတင်မှာ မောင်မင်းကြီးသားများ ကျန်းမာချမ်း သာကြပါစေ။ လှူနိုင်တန်းနိုင်ကြပါ စေဗျာလို့ ဆုတောင်းပေးရသေးသတဲ့။

“တီဗီကလာတဲ့ လွမ်းအောင် ရယ်၊ တတ်သူဆိုတဲ့ဇာတ်ကားလေးက အတော်ကောင်းသဗျ။ ဒါရိုက်တာက မောင်ဝဏ္ဏလေး”

ကိုဘိုထုံတို့ ဂန္ဓဝင်ဆည်းဆာ ရောက်တော့ ညိုဦးလွင်က ဆက်ပြော ပါတယ်။ မောင်ဝဏ္ဏဆုံးတော့ အသက် မှ ဘာရှိဦးမှာလဲ။ ၅၉ နှစ် ဆိုလား။ ဆရာ့မှာက အသည်းရောင် အသား ဝါ ဘီပိုးရှိတယ်။ ဆေးခန်းက ဆေးဖိုး ကျပ်သိန်း၂ဝလောက်ကုန်မှာ။ ဆရာ ဆိုရင် ၁ဝသိန်းလောက်နဲ့ ကုပေးပါ မယ်ဆိုတာကို မကုဖြစ်တာလို့ ကိုညို ဦးလွင်က သူ့ အသိကို မျှဝေပါတယ်။ ဒီတော့ မောင်ဝဏ္ဏဆေးမကုရင်တော့ ဗျာဆိုတော့ ဆေးမကုန်တော့ စိုးရိမ် ရတယ်။ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ အသက်ဆက်ရှင်နိုင်မည်လို့ ဆရာဝန် က ပြောဆိုပဲ။ မောင်ဝဏ္ဏပြောပါ တယ်။ မိသားစုအရေးကိုပဲ ငဲ့ကွက် လိုက်သလား။ ကိုဘိုထုံတော့ သူ့ဇာတ် ကား သူရိုက်တဲ့ လွမ်းအောင်ရယ်တတ် သူဇာတ်ကားထဲက ဂီတသမား လူငယ် လေးတောင်မှ သတိရနေ လိုက်မိပါ သေးတယ်။

မောင်သင်းထုံ (ကျောက်မဲ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*