ဒီဝါကျွတ်မှာ ထူးခြားလေမလား နေတိုး

ဒီဝါကျွတ်မှာ ထူးခြားလေမလား နေတိုး
October 17, 2017 Leanne Win
ဒီဝါကျွတ်မှာ ထူးခြားလေမလား နေတိုး

နေတိုးကို ထူးခြားတဲ့အပြင်အ ဆင်၊ ကာရိုက်တာအသွင်သစ် တစ်မျိုးနဲ့ ထပ်မံမြင်တွေ့ရမှာက တော့ တာတေကြီး ရုပ်ရှင်ဇာတ်ကား မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထား တာဖြစ်ပြီး နေတိုးနဲ့အတူ ရွှေသမီးက အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။ မိန်းမလိုဝတ်စားဆင်ယင်ပြီး သရုပ်ဆောင်နည်းတဲ့နေတိုးအတွက် ဒီဇာတ်ကားမှာ သက်လတ် ပိုင်းအမျိုး သမီးတစ်ဦးရဲ့ အပြင် အဆင်နဲ့ မြင်တွေ့ရမှာပါ။ နေတိုးက  နေတိုးကို ထူးခြားတဲ့အပြင်အ ဆင်၊ ကာရိုက်တာအသွင်သစ် တစ်မျိုးနဲ့ ထပ်မံမြင်တွေ့ရမှာက တော့ တာတေကြီး ရုပ်ရှင်ဇာတ်ကား မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထား တာဖြစ်ပြီး နေတိုးနဲ့အတူ ရွှေသမီးက အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။ မိန်းမလိုဝတ်စားဆင်ယင်ပြီး သရုပ်ဆောင်နည်းတဲ့နေတိုးအတွက် ဒီဇာတ်ကားမှာ သက်လတ် ပိုင်းအမျိုး သမီးတစ်ဦးရဲ့ အပြင် အဆင်နဲ့ မြင်တွေ့ရမှာပါ။

နေတိုးက  “တာတေကြီးက Horror စစ်စစ်ပါ။ သရဲပုံစံကိုမှ ကာရိုက်တာပါတဲ့ Horror ပုံစံမျိုးပေါ့။ အဲဒီဇာတ် ကားလေးက ဒီနှစ်ထဲမှာ တင်ဖြစ်မ လားတော့မသိဘူး။ ဒီဇာတ်ကားက ကျွန်တော့်အတွက် ထူးခြားမှုတွေ ရှိခဲ့တယ်။ အခက်အခဲ တွေလည်းရှိတယ်။ ကျွန်တော်ကမိန်းမလိုဝတ်ပြီး သရုပ်ဆောင်တာနည်း တယ်။ သရုပ်ဆောင် ဖြစ်တဲ့ ဇာတ်ကားတွေကို လည်း အထိရောက်ဆုံးနဲ့ အပြီပြင်ဆုံးဖြစ်ချင်တယ်။ အဲဒါကြောင့်လည်း ဇာတ်လမ်းရွေးချယ်မှုမှာ အကြိမ်ကြိမ်ရွေးချယ်ခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်လည်းကျေနပ်တယ်။ ပရိသတ်တွေလည်း ကျေနပ်မယ်လို့  ယုံကြည်တယ်။ ဇာတ်လမ်းကို ပြောပြဖို့တော့ နည်းနည်းခက်တယ်။ ဒါကြောင့် ရုပ်ရှင်ဆန်တဲ့ Presentation ဖြစ်တဲ့အတွက် ပရိသတ်တွေ ကြည့်တဲ့အခါမှာ  Horror Drama ခံစားမှုမျိုး ရရှိမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” လို့ ပြောပြပါတယ်။

လတ်တလောမှာတော့ နေတိုးက ဒါရိုက်တာစတီးလ် (ဒွေး မေတ္တာ) ရိုက်ကူးတဲ့ ‘ဖွားဖက်တော်’ ဇာတ်ကားမှာ ထွန်းထွန်း၊ ရွှေသမီး၊ ပိုင်ဖြိုးသုတို့နဲ့အတူ ပါဝင်သရုပ် ဆောင်ထားပြီး နေတိုးပါဝင်ထားတဲ့ ‘ အောင်စေ၊ ပိုင်စေ’ ရုပ်ရှင်ဇာတ်ကား ကလည်း ရုံတင်ပြသလျက်ရှိတဲ့အ ပြင် ပရိသတ်တွေရဲ့ အားပေးမှုရရှိ နေပါတယ်။ နေတိုးကိုယ်တိုင်က လည်း ဒီဇာတ်ကား ရိုက်ကူးချိန်မှာ ဟိုအရင် အနုပညာလောကထဲ စဝင် ချိန်ရိုက်ကူးခဲ့တဲ့ အက်ရှင်ဇာတ်ကားတွေကို အမှတ်ရစေခဲ့တယ် လို့ဆိုပါတယ်။

သရုပ်ဆောင်အလုပ်ကို တစ်ဖက်ကလုပ်ကိုင်ရင်း တစ်ဖက် ကလည်း ကိုယ်ပိုင်စတူဒီယို တည်ဆောက်မှုက တော့ ၆ဝ ရာခိုင်နှုန်းပြီးစီးနေပြီး ဒီနှစ်ထဲမှာ အပြီးသတ်နိုင်အောင် ကြိုးစားနေ တယ်လို့လည်း နေတိုးက ပြောပြပါတယ်။  ဝါကျွတ်အချိန်မှာ ပရိသတ်တွေ သိချင်နေကြတဲ့ နေတိုးရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဒီဝါကျွတ်မှာ ထူးခြားမှုရှိမလားလို့ မေးမြန်းတော့ “အခြေအနေကတော့ ထွေထွေ ထူးထူးမရှိပါဘူး။ ထူးခြားမှုတစ်စုံ တစ်ခုအတွက် ပရိသတ်ကို ဖွင့်ဟဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒီအလုပ် တွေနဲ့ပဲ လောလောဆယ် ဖြတ်သန်း  ဖြစ်နေဦးမှာပါ” လို့ နေတိုးက ပြောပြ ပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*