ရန်ကုန် စီဂျေ၏ စွန့်စားခန်းများ – (၁)

ရန်ကုန် စီဂျေ၏ စွန့်စားခန်းများ – (၁)
October 10, 2017 Leanne Win
ရန်ကုန် စီဂျေ၏ စွန့်စားခန်းများ – (၁)

 

ကျွန်တော့်ကို “စီဂျေ” လို့ ခေါ်ပါ။ “စီဂျေ” ဆိုသဟာက Citizen Journalist ဆိုတဲ့ အင်္ဂလိပ် ဝေါဟာ ရ အတိုကောက် CJ ဖြစ်ပါတယ်။ မြန်မာလိုတော့ အရပ်သား အလွတ် သတင်းထောက်လို့ ခေါ်ရမှာပေါ့။ ကျွန်တော့်လို စီဂျေတွေ ဒီကနေ့ ခေတ် မြန်မာနိုင်ငံမှာ ရာထောင်ချီပြီး ရှိနေကြပါတယ်။ မိဘပြည်သူများ (အဲ…ယောင်လို့) မိတ်ဆွေများ အမှတ်တမဲ့ ဖြစ်နေကြလို့ပါ။FB ဆိုတာ ကျွန်တော်တို့ စီဂျေတွေရဲ့ အပိုင်စား နယ်မြေအင်ပိုင်ယာကြီး ဖြစ်ပါတယ်။ သို့သော်… FB ပိုင် ရှင် “မတ်ဇူကာဘတ်” ဆိုတဲ့ ငနဲ က အမေရိကားမှာ သူ့ဘာသာသူနေပြီး ကျွန်တော်တို့ကို ဂရုမစိုက်ပါဘူး။ သူက အသားယူတတ်ရင်တော့ ကမ္ဘာ တစ်ဝှမ်းလုံးက စီဂျေတွေကို ” ဒီလူတွေ အားလုံး ကျုပ်ရဲ့ ဒူးမနာ သားသမီး ချည်းပဲ” လို့ ကြွားချင်ကြွားမှာပေါ့လေ။

ဘယ်လိုမဆို… အဲဒီငနဲကို တော့ ကျွန်တော်တို့ စီဂျေတွေက ကျေးဇူးအကြီးကြီး တင်သဗျာ။ သူက ကျွန်တော်တို့ ကစားကြဖို့ မိုးလုံလေ လုံ အားကစားရုံ သစ်ကြီးတည် ဆောက်ပေးခဲ့သလိုပါပဲ။ လူမျိုးမ ရွေး၊ ဘာသာမရွေး ၊ ပါတီမရွေး၊ လူတန်းစားမရွေး ကစားနိုင်တဲ့ ကစားကွင်းကြီး ဆိုပါတော့ဗျာ။ ဥပမာ တစ်ခုပြမယ်ဗျာ။ FB ကို ဝေး လံသီခေါင်တဲ့ မြန်မာ့ကျေးလက် လယ်ကွင်းထဲက လယ်သူမလေး တစ်ယောက်ကလည်း ပိုက်ဆံများ များစားစား မကုန်ဘဲ သုံးနိုင်တယ်။ (ကစားနိုင်တယ်။) ဆိုခင်တာက အ ညတရ လယ်သူမလေးဟာ မြန်မာ တစ်နိုင်ငံလုံးကို သူပြောချင်တာတွေ လှမ်းပြောနိုင်တယ်ပေါ့ဗျာ။

“လယ်ကွင်းထဲက လယ်သူမက ဘာများ ထူးထူးခြားခြား ပြောစရာ ရှိမှာတုန်း” လိုတော့ ဘုမတောနဲ့ မိတ်ဆွေ။ သူ့မှာလည်း ပြောစရာရှိ တယ်။ (ကျွန်မကို ခုနတုန်းကပဲ လယ်တဲမှာ မြွေကိုက်ပါတယ်။ ဒါ ပေမဲ့ အဆိပ်မရှိတဲ့ မြွေပတုံ့ (မြွေ ပတုတ်) ပါ ဟီးဟီး) ဆိုပြီး သူက စာနဲ့ပြောမယ်။ ပြီးရင် သက်သေ သာဓကအဖြစ် လည်ပင်းကနေ ဖမ်း ကိုင်ထားတဲ့ ကြောင်ကြောင်ကျား ကျား တုပ်တုပ်တိုတို မြွေပတုံ့ကြီးကို တောင် ဓာတ်ပုံရိုက်ပြီး ပြပေးလိုက် ပါဦးမယ်။ ဒီခေတ်ကြီးထဲမှာ ကျွန်တော် တို့ ခပ်ပေါ့ပေါ့နေလို့ထိုင်လို့တော့ မရတော့ဘူးဗျ။ လူတိုင်းမှာ မိုဘိုင်း ဖုန်းတွေ ရှိနေကြတယ်။ မိုဘိုင်းဖုန်း တိုင်းက ကင်မရာတွေ။ ပြီးတော့ မိုဘိုင်းက အင်တာနက်နဲ့ ချိတ်ဆက် ထားတာ။ ပေပင်ကုန်းရွာက ကြီး တော် ဒေါ်ပုမ လမ်းသွားရင်း ချော် လဲတဲ့အကြောင်းက မိနစ်ပိုင်းအတွင်း အင်တာနက်ကို တက်သွားနိုင်တယ်။ ကာယကံရှင် ဒေါ်ပုမတောင် သိခွင့် ရလိုက်မှာ မဟုတ်ဘူး။

ခဏနေ တော့မှ ဒေါ်ပုမဆီကို ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သူ့သားတော်မောင် ငမျိုးကဖုန်း လှမ်းဆက်တယ်။အလုပ်လုပ်နေတဲ့ သူ့သားတော်မောင် ငမျိုးကဖုန်း လှမ်းဆက်တယ်။ “အမေ… ချော်လဲတာပွန်းပဲ့ ရုံပဲလား။ အရိုးတွေ ဘာတွေများ ကျိုး အက်သွားသေးလား”တဲ့။ ဒေါ်ပုမက ဖုန်းထဲကနေ ပြန်အော်တယ်။နိုး…နိုး ဘာမှမဖြစ်ဘူးသား။ အိုကေ အောရိုက်။ အိုကေ အော ရိုက်” တဲ့။ ကဲ…ကြည့်စမ်း။ မြန်မာပြည် ကြီး ဘယ့်ကလောက် တိုးတက်နေပြီ လဲ။ ဘဂဝါ ဟိုက်စကူးထွက် ဒေါ်ပု မတောင် ဘိုလိုမှုတ်နေပြီ။ (ကိုင်း) လိုရင်း အကြောင်း အရာဆီ သွားကြရအောင်ဗျာ။ ကျွန် တော်စီဂျေတွေကို ပြန်ကြားရေး ဝန် ကြီးဌာနကကော မည်သည့် မီဒီယာ အဖွဲ့အစည်း၊ မည်သည့် စာနယ်ဇင်း လုပ်ငန်းတွေကမှ တာဝန်မယူ။ တာ ဝန်မခံပါဘူး။ လွတ်လပ်သော အရပ် သား သတင်းထောက် စီဂျေပီပီကိုယ့် ဘာသာကိုယ် တာဝန်ယူရတယ်။ကိုယ့်ဘာသာကိုယ် တာဝန်ခံရတယ်။  အဓိက အချက်ကတော့ စီဂျေတစ် ယောက်ဟာ မိမိရဲ့ သိက္ခာ၊ သမာဓိနဲ့ ဣန္ဒြသမ္ပတ္တိကို မိမိဘာသာ ထိန်း သိမ်းစောင့်ရှောက်ထားဖို့ပါပဲ။ ဒါမှ သာ… အများလေးစားရတဲ့ Good  စီဂျေဖြစ်မယ်။ လွတ်လပ်တယ်ကွာ။ လုပ်ချင်ရာ လျှောက်လုပ်မယ်ဆိုပြီး ထင်ရာမြင်ရာတွေရေး။Hate Speech တွေ၊ ဖရုဿဝါစတွေ၊ မမှန်မကန် လုပ်ကြံသတင်းတွေချည်း ရေးမယ်ဆိုရင် ဈေးအိမ်သာ နံရံ မှာလက် ကမြင်းတဲ့ အောက်တန်းစား သတ္တဝါ အဆင့်ရောက်အောင် ကိုယ့် ဟာကိုယ် ဆွဲချသလို သွားတော့ မှာပေါ့။စီဂျေဖြစ်မယ်။ လွတ်လပ်တယ်ကွာ။

လုပ်ချင်ရာ လျှောက်လုပ်မယ်ဆိုပြီး ထင်ရာမြင်ရာတွေရေး။ကျွန်တော်တို့ စီဂျေတွေဆိုတာ တစ်ခါတလေကျတော့ ” ကိုယ့်ထ မင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်း” နေကြရတာ။ ဖြစ်ရပ်မှန် သတင်းတစ်ပုဒ်ကို စေတနာ အရင်းခံ ပြီး ကိုယ်ရေးတတ်သလို ရေးတင် လိုက်တဲ့အခါ… စာနယ်ဇင်းတိုက် တစ်တိုက်က အဲဒီသတင်းကို ခပ် တည်တည် ယူသုံးပြီး စီဂျေကိုငွေ တစ်ပြားမှ ပေးထားတာမဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့က ပရိုဖက်ရှင်နယ် ကြေးစား မဟုတ်ပါ ဘူး။ စီဂျေဆိုတဲ့အတိုင်း တာဝန်သိတဲ့  အရပ်သားတစ်ယောက်အနေနဲ့ သိ သင့်တဲ့ (တစ်စုံတစ်ရာ ကောင်းကျိုး ပေါက်ဖွားစေတဲ့) သတင်းကို တင် ပေးတာပါ။ ကျွန်တော်တို့ဟာ “သတင်းခေတ်” ရဲ့ ပရဟိတဝါဒီ တွေပါ။ လေလုံးထွားတာ မဟုတ်ဘူး နော်။ ဒီခေတ်က “သ တင်းခေတ်” The Age of Information မဟုတ် လား။ ပိုက်ဆံ တစ်ပြားမှမရလည်း သတင်းသမား ဖြစ်ရတာ ဂုဏ်ယူပါ တယ်ဗျာ။ သတင်းဆာလောင်နေကြ တဲ့ ကမ္ဘာ့ပြည်သူအားလုံးကို သတင်း ကျွေးမွေးခွင့်ရတဲ့အတွက်. ..

ကုသိုလ်တွေလည်း တစ်ထမ်းကြီး ရပါတယ်။ ဒီကနေ့ကတော့ စီဂျေ တစ် ယောက်အနေနဲ့ အများပြည်သူ အ ကျိုးကို ထမ်းဆောင်ဖို့ ကျွန်တော် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်က မြို့နယ်တစ်ခုထဲကို ရောက်နေပါပြီ။ စည်ပင်သာယာဈေးကြီး တစ်ဈေး အနီးကို ကျွန်တော် ချဉ်းကပ်လာနေ ပါပြီ။ အခုလို မနက် ၈ နာရီလောက် မှာ ကြက်ပျံမကျ လွှတ်စည်တဲ့ ဈေး ကြီးပါ။

တွေးနေကြ၊ ဖြစ်နေကြအတိုင်း ပါပဲ။ ဈေးရဲ့ မျက်နှာစာ ဈေးရဲ့ အုတ်စည်းရိုးနဲ့ ကပ်လျက်မှာ ယာဉ် မျိုးစုံ သွားလာကြတဲ့ ပေ ၆ဝ လောက်ကျယ်မယ့် ကတ္တရာခင်းကား လမ်းမကြီးရှိတယ်။ ပြဿနာကတော့ ကျူးကျော် ခေါင်းရွက်ဗျက်ထိုး ဈေး သည်တွေပါပဲ။ သူတို့ဟာ ဈေးပိုင် နက် အပြင်ဘက်က စင်္ကြ့ပေါ်မှာ ကော ကားလမ်းမပေါ်မှာကော ရဲရဲ တင်းတင်း ရောင်းနေကြတာ။ လမ်း သားရဲ့ သုံးပုံတစ်ပုံလောက်ဟာ ဈေး သည်တွေရဲ့ ကျူးကျော်သိမ်းပိုက် ခြင်းကို ခံထားရတယ်။

ကျွန်တော်က ဖုန်းကင်မရာကို ဖွင့်ပြီး င်္သခကျ ယူတုန်းအချိန်မှာပဲ အသံတစ်သံ ထွက်လာတယ်။ကျွန်တော်က ဖုန်းကင်မရာကို ဖွင့်ပြီး Focus ယူတုန်းအချိန်မှာပဲ အသံတစ်သံ ထွက်လာတယ်။ “ဟိုမအေပေး သတင်းထောက် ငါတို့ကို ဓာတ်ပုံရိုက်နေပြီး။ ဂျာနယ် ထဲ ဓာတ်ပုံပါလာတာနဲ့ ရဲကလာပြီး ငါတို့ကို နှင်ထုတ်တော့မှာ…

“ကျွန်တော် အန္တရာယ်နံ့ကို ရှုမိပါပြီ။ “ဟိတ် သတင်းထောက်စုတ် ထွက်သွားစမ်း” ဆိုတဲ့ အသံနဲ့အတူ သစ်သားခုံဖိနပ် အမြီးကို တစ်ဘက် ကျွန်တော့်ညာနားရွက်တွေဘေးက ဝီခနဲ ဖြတ်သွားပါတယ်။ စီဂျေ တို့တတ်အပ်တဲ့ ပညာ ထဲမှာ အပြေးလျင်ခြင်းလည်း ပါဝင် ပါတယ်။ ကျွန်တော် သွန်နေပြီ။ တ ကယ့်မာရသွန်ပါ။ “ဝှီး” ဘုရားဘုရား။ အုတ်ခဲကျိုး တစ်လုံး ကျွန်တော့် ခေါင်းပေါ်က ရှပ် ပြီး ပြေးသွားသဗျို့။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*