ကျောင်းပျော်ကြီး ကျွန်တော်(၅)

ကျောင်းပျော်ကြီး ကျွန်တော်(၅)
October 9, 2017 Leanne Win
ကျောင်းပျော်ကြီး ကျွန်တော်(၅)

၎ကြိမ်တက်ခဲ့ရသော စတုတ္ထတန်း၎ကြိမ်တက်ခဲ့ရသော စတုတ္ထတန်း

ကျွန်တော့်ပညာရေးခရီးတွင် စတုတ္ထတန်းကို ၄ကြိမ်တက်ခဲ့ရ သည့်အဖြစ်ကတော့ မမေ့နိုင်စရာ ဖြစ်ပါသည်။ ရွာမှာနေစဉ်က စတုတÄ တန်းတက်နေစဉ် စာမေးပွဲမဖြေရ သေးမီ ရွာပျက်သွားသည့်အတွက် အထစ်အငေါ့ဖြစ်ပြီး အထက်အညာ အင်ကန်ရွာ မူလတန်းကျောင်းမှာ စတုတ္ထတန်း ထပ်တက်ရသည်။ စာ မေးပွဲအောင်သော်လည်း ရဲဘော်ဖြူ ခေတ်မှာအောင်လက်မှတ်မရသဖြင့် ရန်ကုန်ပြန်ရောက်တော့ စစ်ရဲ တပ် ရင်း ၂၊ တပ်တွင်းကျောင်းမှာ စတုတ္ထ တန်းနေရပြန်သည်။ အောင်လက် မှတ်ရသော်လည်း သူများဖျောက်ပစ် သဖြင့် ကန်တော်ကြီး မြူနီစီပယ် ကျောင်းမှာ စတုတ္ထ တန်းထပ်နေပြီးမှ ကျွတ်ကျွတ်လွတ်လွတ် အောင်ပါ တော့သည်။ ၁၉၄၈- ၄၉ ပညာ သင်နှစ်က တက်ခဲ့သော စတုတ္ထတန်း သည် ၁၉၅၃-၅၄ ပညာသင်နှစ်ကျမှ အောင်သဖြင့် စတုတ္ထတန်းမှာ ၆ နှစ်ကြာသွားသည်။ ကျွန်တော့်ပညာ ရေး ခရီးမှာ ၆နှစ်ပုပ်သွားသည်ဟု ဆိုရပါလိမ့်မည်။

ဗဟန်းအစိုးရအလယ်တန်းကျောင်းဗဟန်းအစိုးရအလယ်တန်းကျောင်း

၁၉၅၃-၅၄ ပညာသင်နှစ်မှာ ကျွန်တော်စတုတ္ထတန်းအောင်တော့ ၁၉၅၄-၅၅ ပညာသင်နှစ်မှာ ဗဟန်း အစိုးရအလယ်တန်းကျောင်းသို့ ရောက်သည်။ ပဉ္စမတန်းမှ သတ္တမ တန်းအထိ ထိုကျောင်းမှာ ၃နှစ် တက်ရသည်။  ဗဟန်းအစိုးရအလယ်တန်း ကျောင်းမှာ ထိုစဉ်ကကျောင်းအ ဆောက်အအုံ အပိုင်မရှိသေးပါ။ ‘ဦးရွှေတင်ကျောင်း’ဟု လူသိများ သော မူလတန်းကျောင်းနှင့် အချိန် ခွဲပြီး ကျောင်းတက်ရသည်။ မူလတန်း ကျောင်းက မနက်ပိုင်း၊ အလယ်တန်း ကျောင်းက ညနေပိုင်းဟု ခွဲထား သည်။ ယခုဗဟန်းဈေးထိပ်မှ ဗဟန်း ၃ လမ်းဘက်သို့သွားသည့် လမ်းဘေး မှာ ရှိသည်။ (ထိုစဉ်ကတော့ မြေ လမ်းကလေးသာဖြစ်သည်။ ယခု လမ်းက ကွန်ကရစ်လမ်းဖြစ်နေပါပြီ။) ဗဟန်းအစိုးရအလယ်တန်းကျောင်း ၏ ကျောင်းအုပ်ဆရာမကြီးနာမည် မှာ ဒေါ်ပုလေးဖြစ်သည့်အတွက် ကျောင်းကိုဒေါ်ပုလေးကျောင်းဟု ခေါ်ကြပါသည်။ နောက်နှစ် ၁၉၅၅- ၅၆ ပညာသင်နှစ်မှာ ဗဟန်းအစိုးရ အထက်တန်းကျောင်း(ယခုဓမ္မစေတီ လမ်းရှိ ဗဟန်းအထက၁) အဆောက် အအုံသစ်ဆောက်လုပ် ပြီးစီးသည့်အ တွက် ကျောင်းပြောင်းသွားသောအခါ ကျောင်းဟောင်းအဆောက် အအုံဖြစ် သော ရွှေဂုံတိုင်ထောင့်က ၃ထပ်အ ဆောက် အအုံကြီးမှာ ဗဟန်းအစိုးရ အလယ်တန်းကျောင်းဖြစ်လာပါသည်။

ကျွန်တော်ပဉ္စမတန်းမှာတုန်း က အလယ်တန်းကျောင်းမှာ မူလ တန်းကျောင်းနှင့် အချိန်ခွဲတက်ရ သောကျောင်းဖြစ်၍ ၁၂ နာရီမှ ကျောင်းစတက်ရသည်။ ညနေ ၅ နာရီအထိ တက်ရသည်။ ကျောင်းမှာ မြေစိုက်အဆောက်အအုံကလေးဖြစ် သည်။ ပဉ္စမတန်းမှ သတ္တမတန်း အထိ တစ်တန်းလျှင် တန်းခွဲ၂ခုစီ ရှိသည်မို့ အားလုံးတန်းခွဲ ၆ခုသာ ရှိသည်။ တစ်ကျောင်းလုံး ကျောင်း သားအရေအတွက်က ၃ဝဝပင် မပြည့်ပါ။ ဆရာ၊ ဆရာမများက နိုင် နိုင်နင်းနင်း သင်ကြားပေးပါသည်။ ထိုစဉ်က စနစ်အရ အင်္ဂလိပ်စာကို ပဉ္စမတန်းမှာမှစသင်သည်။ ကျွန် တော်မှာ အစ်ကိုသင်ပေးသော အင်္ဂလိပ်စာနှင့် ဆရာကြီး ဦးတင် သင်ပေးသော အင်္ဂလိပ်စာအခြေခံ များရှိပြီးဖြစ်၍ စာကောင်းကောင်း လိုက်နိုင်ပါသည်။သင်္ချာလည်း အခက် အခဲမရှိပါ။ဘာသာရပ်အားလုံးအဆင် ပြေပါသည်။ စာလည်းလိုက်နိုင်ပါသည်။

ကျွန်တော်တို့ ကျောင်း၏ ထူးခြားချက်တစ်ခုမှာ ကျောင်းသား များ ဘက်စုံဖွံ့ဖြိုးရန် ဆရာ၊ ဆရာမ များကိုယ်တိုင် ကြီးကြပ်အားပေး ဆောင်ရွက်ခြင်းဖြစ်သည်။ ကိုယ်ကာ ယ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးတို့အတွက် ဘောလုံးအသင်းများ၊ ဖွဲ့ပေးသကဲ့သို့ ဥာဏဗလ ဖွံ့ဖြိုးရေးအတွက် စကား ရည်လုပွဲများ ကျင်းပပေးသည်။ စာပေပြိုင်ပွဲများလည်း ကျင်းပပေး သည်။ ထိုအချိန်က ကျောင်းသား သမဂ္ဂများ ကျောင်းအသီးသီးတွင် ဖွဲ့ကြရာ ကျွန်တော်တို့ကျောင်းမှာ လည်း ကျောင်းသားသမဂ္ဂရှိသည်။ ကိုအေးရွှေဆိုသော သတ္တမတန်း ကျောင်းသားကြီးက သမဂ္ဂဥက္ကဋ္ဌဖြစ် သည်။ ကျောင်းသားသမဂ္ဂက ကြီး မှူး၍ လက်ရေးစာစောင်ထုတ် သည်။ ကျောင်းသား၊ ကျောင်းသူများ ၏ ဝတÄု၊ ကဗျာ၊ ဆောင်းပါး၊  စာ ညွှန်း စသည့်စာမူများကို အယ်ဒီတာ အဖွဲ့က ရွေးချယ်ပြီး စာရွက်အလွတ် များမှာ လက်ရေးလှလှနှင့် ပြန်ကူး သည်။ ပန်းချီဆွဲတတ်သူများက သရုပ်ဖော် ပန်းချီပုံများဆွဲသည်။ မျက်နှာဖုံးတွင်လည်း လှလှပပ ပန်း ချီဆွဲသည်။ ထို့နောက်စာရွက်များကို ချုပ်လိုက်သောအခါ ထုတ်ဝေသည့် စောင်ရေ တစ်စောင်တည်းရှိသော ကလေး စာစောင်ကလေးလှလှပပ ထွက် လာပါသည်။ ထိုစာစောင် ကလေးကို စာမူပါသူများက အလှည့် ကျ ငှားဖတ်သည်။ ကိုယ့်စာမူအရွေးခံ ရသူများက ဝမ်းသာကြည်နူးကြသည်။

ဝမ်းသာသူများတွင် ကျွန်တော်လည်း ပါသည်။ ရိုးသားသော ကျောင်းသား ကလေးတစ်ယောက်အကြောင်းကို ‘ကျောင်းတော်သား ‘ခေါင်းစဉ်ဖြင့် ဝတ္ထု တိုတစ်ပုဒ် ရေးပို့လိုက်ရာ လက် ရေးစာစောင်မှာ ရွေးချယ်ခံရသည့် အတွက် ဝမ်းသာရခြင်းဖြစ်သည်။ ထိုနှစ်မှာ ကျွန်တော်တို့ ပဉ္စမတန်း (က) သမဂ္ဂကိုယ်စားလှယ်အဖြစ် ကျွန်တော့်ကိုရွေးချယ်ကြသည့် အတွက် အတွေ့အကြုံရပါသည်။

ထူးခြားသော ပြိုင်ပွဲတစ်ခုကို လည်း သတိရပါသည်။ ‘ဥာဏ်စမ်း သရုပ်ဖော်ပုံပြင်ပြိုင်ပွဲ’ဟု ခေါင်းစဉ် တပ်ပြီး ပြိုင်ပွဲဝင်သူများကို လွတ် လွတ်လပ်လပ် စိတ်ကူးနိုင်ရန် ဝတ္ထု ဇာတ်လမ်းကလေးတစ်ပုဒ်၏ အစ ပိုင်းကို ပေးထားသည်။ စိတ်ကူးရ သလို ဝတ္ထုကိုဆက်ရေးရန် ဖြစ်သည်။ ပြိုင်ပွဲကို ဆရာများက ကြီးကြပ်၍ အကဲဖြတ်ပေးသည်။ ဝတ္ထု အရေး တော်သူကို ဆုပေးသည်။   စကားရည်လုပွဲအတွက် ဝင် ပြောမည့်သူများကို ဆရာ၊ ဆရာမ များကိုယ်တိုင် အချက်အလက် ရှာပေးသည်။ ပြောပုံပြောနည်းကို ညွှန်ပြပေးသည်။ စကားရည်လုပွဲ ကျင်းပမည့်နေ့ဆိုလျှင် အတန်းများ ကို နေ့တစ်ဝက်သာယူပြီး စကား ရည်လုပွဲမှာ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် သဘာပတိအဖြစ် ဆောင် ရွက်၍၊ ဆရာ၊ ဆရာမများက အကဲ ဖြတ်ပေးသည်။ ပရိသတ်က လက် ခုပ်သံ၊ ရယ်သံများဖြင့် တက်တက် ကြွ ကြွ အားပေးသည်။

အနုပညာလှုပ်ရှားမှုများကို တာ ဝန်ကြီးကြပ်ပေးသူမှာ ဆရာဦးငြိမ်း မောင် ဖြစ်သည်။ ကျောင်းမှာပွဲ လုပ်လျှင် ဆရာကဇာတ်ဆရာအဖြစ် အသွင်ပြောင်းသွားသည်။ ကျောင်း သူများကို ယိမ်းတိုက်ပေးသည်။ အငြိမ့်စီစဉ်ပေးသည်။ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်းထွက်လျှင် ဆရာကိုယ် တိုင် အိုးစည်တီးပေးသည်။ ‘အိုးစည် တီးတဲ့ တို့ဆရာ၊ နောင်နှစ်ခါ စွံပါစေ သား’ဆိုသော သံချပ်ကိုရေးပေးပြီး ကျောင်းသားများ သံချပ်ထိုးလျှင် ပြုံး စေ့စေ့လုပ်နေတတ်သည်။ ဆရာ ကိုယ်တိုင် မြန်မာဂစ်တာတီး၍ သီချင်းဆိုသည်ကိုလည်း ကြားဖူး သည်။ ‘သပြေ ပန်းကလေးနဲ့ ရေ ဖျန်းပေးလို့ အေး ချမ်းသာယာအစဉ်၊ ဗဟန်းအစိုးရ အလယ်တန်းကျောင်း က တောင်းဆု ပဏ္ဏာဆင်’ဆိုသော ယိမ်းသီချင်းကို ဆရာကိုယ်တိုင် ရေးစပ်ပေးသည်။ နောင်နှစ်တွေမှာ ကျွန်တော်တို့ ကျောင်းသားတွေစုပြီး စာကူးစက်ဖြင့် ရိုက်နှိပ်သော စာ စောင်ကလေးထုတ်ရာ ဆရာက စာမူ များလည်း တည်းဖြတ်ပေးပြီး ကိုယ် တိုင်လည်း ဆောင်းပါး ရေးပေးသည်။ ကင်းထောက် (စထောက်) အဖွဲ့မှာ လည်း ဆရာက ခေါင်း ဆောင်သည်။ ကျွန်တော်သတ္တမတန်းရောက် သည့်နှစ်မှာတော့ ဆရာက စကား ရည်လုပွဲအသင်း ၄ သင်းဖွဲ့ ပေးပြီး စုံတောလယ်ကျဘမ်း အသင်း၊ စိန္တ ကျော်သူအသင်း၊ ဦးပေါ်ဦးအသင်း၊ ဇဝနအသင်းဟု နာမည်တွေပေး သည်။ ၂ပတ် တစ်ကြိမ် စကားရည် လုပွဲလုပ်ပေးပြီး အမှတ်ပေးစနစ်ဖြင့် ပတ်လည်ပြိုင်ခိုင်းသည်။ နှစ်ကုန် သောအခါ အမှတ်အများဆုံးရသော အသင်းကို ကျောင်းဆုပေးပွဲမှာ ဆုချီးမြှင့်သည်။

 ဆရာမကြီးနှင့်တကွ ဆရာများ လေ့ကျင့်ပေးသည့် ကျေးဇူးကြောင့် ကျွန်တော်တို့မှာ ထိုအရွယ်ကတည်း ကပင် ‘လူကြီးဆန်’ နေကြပါပြီ။ အ ခမ်းအနားများတွင် သဘာပတိလုပ် ရမလား။ အခမ်းအနားမှူး လုပ်ရမ လား။ အစည်းအဝေးမှာ ပါဝင်ဆွေး နွေးရမလား။ ပုံစံတကျ ပြောတတ် ဆိုတတ်နေပါပြီ။ ပြေးလွှားဆော့ ကစားချိန်တွင် မင်းနှင့်ငါနှင့် ပြော သောသူငယ်ချင်းချင်း အစည်းအဝေး ထဲ ရောက်လာသောအခါ ‘ခင်ဗျား၊ ကျွန်တော်’ သုံး၍ လေးလေးစားစား ပြောတတ်နေပါပြီ။  ကျွန်တော်ပဉ္စမတန်းမှာ အမှတ် အများဆုံးရသည့်အတွက် ဆရာမ ကြီးက ကျွန်တော့်ကိုမှတ်မိသွား သည်။ ဆဋ္ဌမတန်းရောက်တော့ ‘စ တိုင်ပင်’ (ထောက်ပံ့ကြေး)လျှောက် သည်ကို ဆရာမကြီးက ထောက်ခံ ပေးသည့်အတွက် ကျွန်တော်စတိုင် ပင်ရပါသည်။ စတိုင်ပင်က တစ်လ ၇ကျပ်ပါ။ ထိုအချိန်ကထိုငွေ ပမာဏ သည် မနည်းလှပါ။ သုံးလေး လ ပေါင်းပြီး စတိုင်ပင်ထုတ်ရသည့် ငွေ တစ်လ သုံးဆယ်ရသည်။

ထိုငွေဖြင့် စာအုပ်များ လုံလုံလောက် လောက် ဝယ်နိုင်သည်။ သတ္တမတန်း ရောက် တော့ ဆရာမကြီးက ကျွန်တော့်ကို စကောလားရှစ် (ပညာသင်ဆု)စာ  မေးပွဲ ဖြေဆိုဖို့ စာရင်းသွင်း သည်။ ၁၉၇၅ ခုနှစ်မှာ ‘သတ္တမတန်းနှင့် အလယ်တန်း ပညာသင်ဆုပေးပွဲ’ကို ကျွန်တော်ဖြေရသည်။ အစိုးရစာမေး ပွဲဖြစ်သည်။ ပညာသင်ဆုစာ မေးပွဲ ဖြေသူများက ရိုးရိုးကျောင်းသားများ ထက် မေးခွန်းတစ်ပုဒ် ဘာသာ တိုင်းမှာ ပိုဖြေရသည်။ ထို မေးခွန်းကို သတ်မှတ်ထားသည်။ ကျွန်တော့်ခုံနံ ပတ်က အေအေ ၁၇၁ ပါ။ ထိုနှစ် ရန်ကုန်ခရိုင်တွင် အမှတ် အများဆုံး ဖြင့် ကျွန်တော်စကောလားရှစ် (ပညာသင်ဆု)ရပါသည်။ မေးပွဲ ဖြေဆိုဖို့ စာရင်းသွင်း သည်။  ကျွန်တော်ပဉ္စမတန်းအောင် တော့ ရှေ့မှာဖော်ပြခဲ့သော ရွှေဂုံ တိုင်လမ်းထောင့်က အဆောက်အ အုံမှာ ကျွန်တော်တို့ကျောင်း ပြောင်း တက်ရသည်။

သုံးထပ်အဆောက်အအုံ ကြီးမှာ အပေါ်ထပ်၂ထပ်မှာ ပညာ ရေးဌာနက အရာရှိများ နေထိုင်ကြ သည်။ အောက်ထပ်မှာ ကျောင်းအုပ် ဆရာမကြီးရုံးခန်း၊ ဆရာ၊ ဆရာမ များနားနေခန်းနှင့် သတ္တမတန်း အခန်း ၂ ခန်းထားသည်။ ကျန်အခန်း များအတွက် စာသင်ခန်းများ သီးခြား ဆောက်ထားသည်။ ဆရာဦးငြိမ်း မောင်က ကျွန်တော်တို့ကို ဥကမျခ့သသူ ခေါင်းစဉ်ဖြင့် အက်ဆေး ရေးပုံသင်သောအခါ ဝါကျတစ်ခု ပါသည်။ Our school is like a great castle (ကျွန်ုပ်တို့ကျောင်း သည် ရဲတိုက်ကြီးနှင့်တူသည်)ဟူ သော ဝါကျဖြစ်သည်။ ကျောင်းကြီး က အမှန်ပင်ခံ့ညားပါသည်။ (ယခု ထိုအဆောက်အအုံကြီးမရှိတော့ပါ။ ရွှေဂုံတိုင်လမ်းပေါ်က လျှောက်ကြည့် လျှင် ယခင်က ကျောင်းကြီးခေါင် မိုးကို မြင်ရသည်။ ယခုကျောင်းကြီး မရှိတော့ဘဲ တယ်လီဖုန်းတာဝါတိုင် ကိုသာ မြင်ရပါတော့သည်။)

ကျွန်တော်က ဆဋ္ဌမတန်းတွင် ကျောင်းသားသမဂ္ဂမှာ စာကြည့်တိုက် မှူးဖြစ်လာသည်။ ကျောင်းသားများ ထံမှ လစဉ်ကြေးတစ်လ ၂၅ပြား၊ ပြား ၅ဝကောက်ခံပြီး၊ ရသောငွေဖြင့် လစဉ်မဂ္ဂဇင်းများ၊ ဝတ္ထု များ၊ သုတ ဆိုင်ရာ စာအုပ်များဝယ်ပါသည်။ စာအုပ်ဝယ်ရန် ငွေ ၅ဝလောက် ကိုင်ပြီး မြို့ထဲက စာအုပ်ဆိုင်တွေမှာ လိုက်ဝယ်ရသည်မှာ ပျော်စရာ ကောင်းပါသည်။ ကျွန်တော်သတ္တမ တန်းရောက်သည့် ၁၉၅၆- ၅၇ ပညာ သင်နှစ်မှာ ကျောင်းသားသမဂ္ဂများ မရှိတော့ဘဲ ‘ကျောင်းကောင်စီ’ ဖြစ် လာပါသည်။

ကျွန်တော်က ကျောင်း ကောင်စီ၏ စာဖတ်အသင်း အတွင်း ရေးမှူးအဖြစ် ဆောင်ရွက်ရပါသည်။ စာကြည့်တိုက်မှူး ၂ နှစ်လုပ်ရသည့် အတွက် စာအုပ်တော်တော်များများ ဖတ်လိုက်ရသည်။ နေ့လယ်မုန့်စား ဆင်းချိန်တွေမှာ စာကြည့်တိုက်ဖွင့်ပြီး စာအုပ်ငှားသည်။ စာကြည့်တိုက် အသင်းဝင်များ စာအုပ်ငှားဖတ်ကြ သည်။ စာကြည့်တိုက်အသင်းဝင် ကတ်ပြားများ စနစ်တကျ ပုံနှိပ်ပြီး ဆောင်ရွက်ကြပါသည်။ ကျွန်တော်က ဆဋ္ဌမတန်းတွင် ကျောင်းသားသမဂ္ဂမှာ စာကြည့်တိုက် မှူးဖြစ်လာသည်။ ကျောင်းသားများ ထံမှ လစဉ်ကြေးတစ်လ ၂၅ပြား၊ ပြား ၅ဝကောက်ခံပြီး၊ ရသောငွေဖြင့် လစဉ်မဂ္ဂဇင်းများ၊ ဝတ္ထုများ၊ သုတ ဆိုင်ရာ စာအုပ်များဝယ်ပါသည်။

စာအုပ်ဝယ်ရန် ငွေ ၅ဝလောက် ကိုင်ပြီး မြို့ထဲက စာအုပ်ဆိုင်တွေမှာ လိုက်ဝယ်ရသည်မှာ ပျော်စရာ ကောင်းပါသည်။ ကျွန်တော်သတ္တမ တန်းရောက်သည့် ၁၉၅၆- ၅၇ ပညာ သင်နှစ်မှာ ကျောင်းသားသမဂ္ဂများ မရှိတော့ဘဲ ‘ ကျောင်းကောင်စီ’ ဖြစ် လာပါသည်။ ကျွန်တော်တို့ ဆရာ၊ ဆရာမ များက အားကြိုးမန်တက် သင်ကြား ပေးကြသည်။ ဆင်းရဲချမ်းသာမရွေး တန်းတူဆက်ဆံသည်။ စာတော်သူကို ဂရုစိုက်သည်။ စာညံ့သူကို စာလိုက် နိုင်အောင် လမ်းပြပေးသည်။ ထို အချိန်က ‘ကျူရှင်’လုံးဝမရှိပါ။  ကျွန်တော်တို့ဆရာ ဦးငြိမ်း မောင်အကြောင်း ပြောစရာရှိပါ သေးသည်။ ကျောင်းမှာ အနုပညာ ကိစ္စများကို တာဝန်ယူ ကြီးကြပ်ပေး သော ဆရာသည် ကျွန်တော် သတ္တမ တန်းအောင်သည့်နှစ်တွင် မြန်မာ့ အသံသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရပါသည်။ ဆရာ့ဝါသနာအရ မြန်မာ့အသံမှာ ဆရာဆောင်ရွက် ချင်သည့် အလုပ်များကို ဆောင်ရွက် နိုင်ခဲ့သည်ဟု ထင်ပါသည်။ မကြာမီ ဂီတစာဆို ‘သူ’ ဟူသော ဆရာ့နာမည် ထင်ရှားလာပါသည်။

ထိုအချိန်က တက္ကသိုလ်သိန်းတိုးသီဆိုသော ‘ကျွန် တော် မောင်ချမ်းသာ’တို့၊ ‘ပြုံးပဒေ သာ’တို့ သီချင်းများ လူကြိုက်များ ပါသည်။ ဆရာ့လက်ရာများဖြစ်သည့် ‘ကလေး များအတွက် ဆေးတစ်ခွက်’ သီချင်းတွင် ကလေးများကို မခြောက် လှန့် ကြရန် သတိပေးတိုက်တွန်းထား ပါသည်။ ဆရာက မြန်မာ့အသံမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ရ သည်။ အသံလွှင့်ချက်များ၊ ဇာတ် လမ်းများ ဆရာ့အသံကို မကြာခဏ ကြားရပါသည်။ ဆရာကွယ်လွန်ရှာ သည်မှာ အတန်ကြာပါပြီ။ ၁၉၅၇ ခုနှစ်၊ ဇွန်လမှာ ကျွန်တော်အဋ္ဌမတန်း ကျောင်းသားအဖြစ် ဗဟန်းအစိုးရ အထက်တန်းကျောင်းသို့ ပြောင်းရပါ သည်။

 မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*