သီချင်းပုံစံတစ်မျိုးတည်း ဖန်တီးသွားမှာမဟုတ်တဲ့ Mary

သီချင်းပုံစံတစ်မျိုးတည်း ဖန်တီးသွားမှာမဟုတ်တဲ့ Mary
October 9, 2017 Leanne Win
သီချင်းပုံစံတစ်မျိုးတည်း ဖန်တီးသွားမှာမဟုတ်တဲ့ Mary

‘ဝဲ’ ဆိုတဲ့သီချင်းနဲ့ အွန်လိုင်းကတစ်ဆင့် ပရိသတ်ကြား လူ သိများလာတဲ့  အဆိုတော်မလေး မေရီက BellaBELLA”ရဲ့ အလှကုန် ပစ္စည်းတစ်ခုဖြစ်တဲ့ “Hearty Heart” ကြော်ငြာကို ပါဝင်သရုပ်ဆောင်နေပါတယ်။

“ဒီကြော်ငြာက ညီမရဲ့ပထမဆုံးကြော်ငြာပါပဲ။ ကမ်းလှမ်းလာတဲ့အချိန်မှာလည်း အားလုံးကအဆိုတော်ညီအစ်မတွေပဲဖြစ်တာကြောင့်အဆင်ပြေပါတယ်” လို့ မေရီက သူမရဲ့ပထမဆုံး ကြော်ငြာအကြောင်းပြောပါတယ်။မေရီက အောက်တိုဘာလ  ၃ ရက်နေ့က ကျားပေါက်နဲ့ အတူ တွဲဖက်ပြီး Accident ဆိုတဲ့သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းက တစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။

မဖြန့်ချိမီမှာကတည်းက ပရိသတ် စိတ်ဝင် စားမှု ရရှိထားတဲ့ ဒီစုံတွဲသီချင်းက ဖြန့်ချိပြီးချိန်မှာလည်း  ပရိသတ်ရဲ့ အားပေးမှုရရှိခဲ့တာကြောင့် ဒီသီချင်းဖန်တီးဖြစ်ပုံကို မေရီက “ကိုကျားပေါက်နဲ့က သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ ခင်သွားတယ်။ သူက သူ့ မှာ သီချင်း တစ်ပုဒ်ရှိတယ်။ ဆိုပေးမလားပေါ့။ ညီမကလည်း 3 AM သီချင်းလေး ရေးထား တာရှိတော့ 3 AM သီချင်းကိုလည်း ကိုကျားပေါက်တို့ကပဲလုပ်ပေးတယ်။ညီမတို့ နှစ်ယောက် ပေါင်းပြီးတော့တော့ ဒီ Accident သီချင်းလေးကို နှစ်ယောက်တွဲဆိုဖြစ်တယ်။ ရေးတာကကိုကျား ပေါက်ပဲ တစ်ပုဒ် လုံးရေးတာပါ။Big Bag ကပဲ Arrange လုပ်တာပါ။သီချင်း လေးက Jazz ဆန်ပြီး ချစ်စရာကောင်းတယ်။ ထွက်လာတဲ့အခါ မှာလည်းပရိသတ်က အားပေးတဲ့အတွက်ဝမ်းသာပါတယ်။အဓိက ကတော့ ကိုယ်အရမ်းလေးစားအားကျခဲ့ရတဲ့အဖွဲ့နဲ့ ပူးပေါင်း ပြီး ဆောင်ရွက်ရတဲ့အတွက်ဝမ်းသာပါတယ်” လို့  မေရီကပြောပါတယ်။

မေရီရဲ့ထွက်ရှိလာတဲ့ သီချင်းတွေကဒီဘက်ခေတ် ပြည်တွင်းမှာ နား ထောင်နေကျသီချင်းပုံစံတွေ့အနည်းငယ်ကွဲပြားနေတာတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ မေရီ အနေနဲ့ ဘယ်လိုဂီတပုံစံတွေကို ဆက်လက် ဖန်တီး သွားဦးမလဲ ဆိုတာကို “ညီမအနေနဲ့ကတော့ ညီမလုပ်နိုင်တဲ့ဘောင်ထဲ ကနေသီ ချင်း ပုံစံအမျိုးမျိုးဖန်တီးသွားဖို့ စိတ်ကူးထားပါတယ်။ သီချင်းပုံစံ တစ်မျိုးတည်း မဟုတ် ဘဲအမျိုးမျိုးဖန်တီးသွားမှာပါ။ ညီမအနေနဲ့တစ်ကိုယ်တော် စီးရီးခွေထွက်ရှိဖို့တော့ ရှိပါ တယ်။ အခုကတည်းက သီချင်းတွေ ရေးပြီးစုသွားဖို့ရှိပါတယ်။ဒါပေမဲ့ ထွက်ဖြစ်မှာ ကတော့ နောက်နှစ် လောက်မှဖြစ်ပါလိမ့်မယ်။ ဒီကြားထဲမှာတော့ ကျောင်းကလည်း ရှိသေးတော့ ကျောင်းပြီးမှပဲထွက်ဖြစ်မယ် ထင်ပါတယ်။ ကျောင်းပြီးရင်တော့ဒီမှာပဲ ပြန်အခြေချ နေဖြစ်မှာပါ။ မေရီကိုလည်း အားပေးကြတာကို ကျေးဇူးတင်ပါတယ်။ မေရီအနေနဲ့ သီချင်းတွေထွက်ဖို့ ကြာ နေသေးမှာမလို့ စိတ်ရှည်ပြီး စောင့် နေပေးပါဦး လို ပြောချင်ပါတယ်” လို့ မေရီကပြောပါတယ်။

ရဲရဲ

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*