The Big Sick အချစ်ဟာ ဘာအရောင်လဲ

The Big Sick အချစ်ဟာ ဘာအရောင်လဲ
October 3, 2017 Leanne Win
The Big Sick အချစ်ဟာ ဘာအရောင်လဲ

ဒီဇာတ်ကားက ၂ဝ၁၇ ခုနှစ်ရဲ့ ဇူလိုင်လကုန်ပိုင်းလောက်က နိုင်ငံ တကာရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားသစ်တစ်ကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဟောလိဝုဒ်က ရိုက်ကူးထုတ်လုပ် လိုက်တဲ့ ဇာတ်ကားပါ။

‘ဂေါ်ဒန်’ ဆိုတဲ့ ပုဂ္ဂိုလ်က ရေးတဲ့ဇာတ်ညွှန်းကို ဒါရိုက်တာ မိုက်ကယ်ရှိုးဝေါလ်တာ(Michael Showalter) ရိုက်ကူးခဲ့တာဖြစ်ပါ တယ်။ ဒီဇာတ်တစ်ခုလုံးနဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်နေရာမှာ မင်းသား Kumail Nanjianiနဲ့ မင်း သမီး Zor Kazan တို့က ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ ရုပ်ရှင်ဇာတ် ကားရဲ့ ကြာမြင့်ချိန်က ၂ နာရီ ၁၄ မိနစ်ကြာမြင့်ပါတယ်။ ရုံတင်ပြသချိန် တစ်လအတွင်းမှာပဲ အမေရိကန် ဒေါ်လာ ၅သန်း ကုန်ကျတဲ့ ဒီဇာတ် ကားဟာ အမေရိကန်ဒေါ်လာ သန်း ၅ဝ ကျော် ပြန်လည်ရရှိနေပြီလို့ ဆိုပါတယ်။

ဇာတ်လမ်းအမျိုးအစားက မေတ္တာရေးရာကို အဓိကဦးတည်ထား ပေမယ့် လူတိုင်းအသက်အရွယ် မရွေး ကြည့်ရှုခံစားအပန်းဖြေနိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လား တော့ မသိဘူး။ အချစ်ဟာသဇာတ် မြူးပုံစံ ခပ်သွက်သွက် ရိုက်ကူးထား ပါတယ်။

ဒီဇာတ်ကားတစ်ခုလုံးရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ‘မာကူ လီ’ ဆိုတဲ့ လူငယ်တစ်ယောက်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ပါကစ္စတန် နိုင်ငံသားတစ်ယောက်ပါ။ သူဟာ ‘ဟာသ’ ပညာရှင်တစ်ယောက် လည်း ဖြစ်ပါတယ်။ တစ်နေ့မှာ ပရိသတ်တစ်ယောက်ဖြစ်တဲ့ အမ်လီ ဆိုတဲ့ အမေရိကန်တက္ကသိုလ် ကျောင်းသူလေး တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်။

ကူမာလီက အမေရိကန်ပြည် ထောင်စုကြီးအတွင်းက ချီကာဂိုမြို့ ကြီးမှာ အူဘာတက္ကစီကို မောင်းတဲ့ အလုပ်လုပ်ကိုင်ရပါတယ်။ အဲဒီ အလုပ်လုပ်ရင်း တစ်ဖက်မှာလည်း ဝါသနာပါတဲ့ ဟာသပညာရှင် အနေနဲ့ လှုပ်ရှားရပ်တည်ရပါတယ်။ ကူမာလီက အမေရိကန်ပြည် ထောင်စုကြီးအတွင်းက ချီကာဂိုမြို့ ကြီးမှာ အူဘာတက္ကစီကို မောင်းတဲ့ အလုပ်လုပ်ကိုင်ရပါတယ်။ အဲဒီ အလုပ်လုပ်ရင်း တစ်ဖက်မှာလည်း ဝါသနာပါတဲ့ ဟာသပညာရှင် အနေနဲ့ လှုပ်ရှားရပ်တည်ရပါတယ်။  ကူမာလီရဲ့ မိဘများက သူ့ကို ပါကစ္စတန်မူဆလင်တွေရဲ့ ထုံးစံအ တိုင်း အိမ်ထောင်ချပေးဖို့ မိမိတို့နဲ့ မျိုးနွယ်တူထဲက မိန်းကလေးနဲ့ စေ့စပ်ပေးဖို့ ကြိုးပမ်းနေကြပါ တယ်။ ဒါကို ကူမာလီကသိတော့ ဒီ အကြောင်းကိစ္စကို ငြင်းပယ်ခဲ့ပါ တယ်။

စတွေ့တဲ့နေ့ကတည်းက ကိုယ့် အကြောင်းကိုယ်သိကြလို့ ကူမာလီ ရော၊ အမ်လီပါ နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် နောက်ထပ်မတွေ့ကြဖို့ သဘောတူခဲ့ ကြပေမယ့်လည်း မကြာခင်အတွင်း မှာပဲ နှစ်ယောက်သားချစ်သူတွေ ဖြစ်သွားကြတယ်။ နှစ်ယောက်သား သံယောဇဉ်ခိုင်မြဲလာတာနဲ့အမျှ မိမိ တို့ရဲ့ အချစ်ရေးကိစ္စကို မိမိရဲ့ ပါကစ္စ တန်မိဘနှစ်ပါး သိသွားမှာကို စိုးရိမ် တဲ့စိတ်တွေ ကူမာလီရဲ့ရင်ထဲမှာ တစ်စတစ်စ ကြီးထွားလာခဲ့တယ်။

ဒီအချစ်ဇာတ်လမ်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ ညီဖြစ်သူက အကြံပေး နေပေမယ့် ဘယ်သူမှမသိအောင် နှစ်ယောက်သား ခိုးတွေ့၊ ခိုးချစ် နေကြတယ်။  တစ်နေ့တော့ အမ်လီမှာ အပြင်းအထန်ဖျားပြီး သတိမေ့သွား တဲ့အတွက် ဆေးရုံတင်လိုက်မိတာက နေစပြီး မိဘတွေနဲ့ သူတို့ကြားမှာ သံသယမကင်းတဲ့ အဖုအထစ်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

တစ်နေ့တော့ အမ်လီမှာ အပြင်းအထန်ဖျားပြီး သတိမေ့သွား တဲ့အတွက် ဆေးရုံတင်လိုက်မိတာက နေစပြီး မိဘတွေနဲ့ သူတို့ကြားမှာ သံသယမကင်းတဲ့ အဖုအထစ်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

ဝင်းကိုမောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*