October 3, 2017 Leanne Win

“Facility” ဒီစကားလုံးဟာ ကျွန်တော်တို့ မြန်မာတွေနဲ့ အလွန်အလှမ်းကွာနေ လိမ့်မယ် ထင်ပါတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင်တော့ ဒီစကားလုံးဟာ ကျွန်တော်တို့ မြန်မာတွေနဲ့ အလွန်အလှမ်းကွာနေ လိမ့်မယ် ထင်ပါတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင်တော့  ‘လိုအပ်သော အသုံးအဆောင်’ လို့ပဲ ဘာသာပြန်ရမယ်ထင်ပါတယ်။  လိုအပ်သော အသုံးအဆောင် ဆိုတာ ဥပမာ တယ်လီဖုန်း၊ ရေခဲ သေတ္တာ၊ တယ်လီဗေးရှင်း၊ ဆိုင်ကယ်၊ စသည်ဖြင့်ပေါ့။ မရှိမဖြစ် လိုအပ်တဲ့ လူ့အသုံးအဆောင် အမျိုး မျိုးကို ခေါ်ဆိုလို့ရနိုင်ပါလိမ့်မယ်။ ကျွန်တော် တွေးကြည့်တယ်။ ကျွန်တော်တို့ဆီ ကလူတွေကို ‘Facility ကိုဘာလို့ မစဉ်းစားမိကြ ပါလိမ့်။

ဆိုကြပါစို့။ ကျွန်တော်တို့နိုင်ငံ ဟာ အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းအဆမတန် ခုန်တက်တတ် တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဥပမာ၊ ကန်စွန်းရွက်တစ်စီးတစ်ရာ။ နောက် နေ့လဲကျရော ကန်စွန်းရွက်တစ်စည်း တစ်ရာ့ငါးဆယ်။ အားလုံးရဲ့စိတ်ထဲ မှာတော့ ဆိုကြပါစို့။ ကျွန်တော်တို့နိုင်ငံ ဟာ အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းအဆမတန် ခုန်တက်တတ် တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဥပမာ၊ ကန်စွန်းရွက်တစ်စီးတစ်ရာ။ နောက် နေ့လဲကျရော ကန်စွန်းရွက်တစ်စည်း တစ်ရာ့ငါးဆယ်။ အားလုံးရဲ့စိတ်ထဲ မှာတော့  “ဟာကွာ တစ်ရာကနေ တစ် ရာ့ငါးဆယ်၊ ငါးဆယ်လေး တက်သွား တာ လာပြောနေသေး”

ပြောကြလိမ့်မယ်။ ငွေအနေနဲ့ ငါးဆယ်ဆိုတာ ဘာမှ မဟုတ်ပေမယ့် ရာခိုင်နှုန်းနဲ့ တွက်ကြည့်။ ငါးဆယ် ရာခိုင်နှုန်းတိတိ တက်သွားတာဗျ။ ဘယ်နိုင်ငံမှ ဒီလိုအခြေခံ စားကုန်ကို ငါးဆယ်ရာခိုင်နှုန်းတက်လို့ မရဘူး ခင်ဗျ။ တစ်ရာကတက်မယ်ဆို၊ တစ် ရာ့တစ်၊ တစ်ရာနှစ်၊ အဆုံးစွန် တစ်ရာ့ တစ်ဆယ်ပေါ့ဗျာ။ အခု ကျွန်တော် တို့ဆီမှာ တစ်ရာကနေ တစ်ရာ့ငါး ဆယ်။ ငါးဆယ်ရာခိုင်နှုန်းတက်တာ။ တစ်ခါတလေကျ တစ်ရာကနေ နှစ် ရာ၊ တစ်ရာရာခိုင်နှုန်းအထိ တက် သွားတာလည်း ရှိတာပဲ။ ဆန်တစ်ဗူး ဒီနေ့နှစ်ရာ၊ နောက်နေ့သုံးရာ။ ကဲ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ပြော ချင်တာလာပြီ။

“ဝန်ထမ်းတွေလုံလောက်အောင် လစာတိုးပေးရပါတယ်ခင်ဗျ” ဟုတ်ပါတယ်။ ကုန်ဈေးနှုန်းတွေ ကြီး မြင့်လာတဲ့အခါ ဝန်ထမ်းတွေ လုံ လောက်ဖို့ကို မကြာခဏဆိုသလို တိုးပေးနေရပါတယ်။

အဲဒီလို တိုးပေးလိုက်လို့ ပြေ လည်သွားသလား။ ခဏပါပဲ။ ပြီးရင် ဒုံရင်း၊ ဒုံရင်း ပြန်ငတ်နေတော့တာ ပါပဲ။ ဒီလိုအခြေခံစားသောက်ကုန်နဲ့ ဝန်ထမ်းလုံးလည်ချာ လည်လိုက်ပြီဆို တော့ အပေါ်ဆုံးက ကျွန်တော်ပြော လိုတဲ့  Facilityဆိုတာ ဘယ်လိုဖြစ် လာနိုင်မလဲ။ ဆိုပါစို့။ ကျွန်တော်တို့ နိုင်ငံဟာ အကျင့်ပျက်ချစားမှုအဂတိ အလိုက်စားဆုံးနိုင်ငံအဖြစ် မှတ် တမ်းလည်း ဝင်ခဲ့ပါပြီ။ ဝန်ထမ်းတစ် ယောက်ဟာ သူ့ရဲ့အခြေခံလစာနဲ့ သူ့ မိသားစု အခြေခံစားကုန်လုံး လည် ချာလည် လိုက်နေပြီဆိုရင် သူ့ အတွက်လိုအပ်တဲ့ Facility အတွက် သူဘယ်လိုစီစဉ်မလဲ။

“ရိုးရိုးကလေးပဲ”  လာဘ်စားရ မှာပေါ့။ အများနည်းတူ၊ ကိုယ့်အိမ် မှာ တီဗီတစ်လုံးလိုချင်တယ်။ အစိုးရ ကလည်း မစီစဉ်ပေးဘူး။ လခနဲ့ လည်း မဝယ်နိုင်ဘူး။   ဘာလုပ်ရမလဲ။ လာဘ်စားရ မှာပေါ့။ နယ်မှာဟိုနားဒီနားသွားဖို့ ဆိုင်ကယ်ရှိမှဖြစ်မယ်။ တကယ်လည်း လိုအပ်တယ်။ ဘယ်သူကမှ မစီစဉ် ပေးနိုင်ဘူး။ ဆိုင်ကယ်မရှိ ရင်လည်း မဖြစ်ဘူး။ ဒီတော့ဘာလုပ်ရမလဲ ။

အနည်းဆုံး ဆိုင်ကယ်အစုတ်လေး တစ်စီးလောက် ဝယ်နိုင်ဖို့ လာဘ်စား ရမှာပဲလေ။  ကျွန်တော်လည်း   နိုင်ငံအနည်း ငယ်ရောက်ဖူးပါတယ်။ တကယ်တိုး တက်တဲ့ နိုင်ငံတွေဟာ စီးပွားရေး လုပ်ငန်းကအစ ဘာနဲ့ထိန်းထားသလဲ သိလား။ ကျွန်တော်အခုပြောနေတဲ့ Facility  နဲ့ပဲ ထိန်းထားပါတယ်။  “မင်းဘာသာမင်း မန်နေဂျာ ကြီးပဲဖြစ်ဖြစ်၊ လုပ်ငန်းရှယ်ယာရှင်ပဲ ဖြစ်ဖြစ်၊ အလုပ်ပြုတ်ပြီဆိုတာနဲ့ အလုပ်ကပေးထားတဲ့ ထိုက်သင့်တဲ့ Facility ၊ အိမ်၊ ကား၊ အသုံးအဆောင်၊ ယုတ်စွအဆုံး၊ အဝတ်အစားကအစ အကုန်ပြန်သိမ်းသွားပါတော့တယ်။ အလုပ်ပြုတ်ပြီဆိုတာနဲ့ ခွေးဖြစ်ဖို့ သေချာသွားပါပြီ။

Apple ကုမ္ပဏီကသေဆုံးသွား ပြီဖြစ်တဲ့ စတိဂျော့ခ်အကြောင်းပဲ ရှာကြည့်ပါ။ ဒီတော့ လူတွေက ဘာ ဖြစ်သလဲဆိုရင် သူတို့လုပ်နေတဲ့ အလုပ်ကိုဘယ်တော့မှ သစ္စာမဖောက် ရဲပါဘူး။ အလုပ်ကလည်း ရာထူးကြီး လာရင်ကြီးသလို၊ အိမ်၊ ကား စသည် ဖြင့် င်္ခေငူငအပ ကို ပိုပြီးပြည့်စုံအောင် ထားပေးပါတယ်။ ဒါကိုမှ သစ္စာ ဖောက်ပြီး အလုပ်ကိုအလေးမထား တာ၊ လာဘ်ငွေစားတာတို့ဆိုရင် ချက်ချင်းအလုပ်ကဖြုတ်ပစ်ပြီး သူ့ကို ပေးထားတဲ့ င်္ခေငူငအပ ချက်ချင်း ပြန် သိမ်းသွားပါတယ်။

ဒါကြောင့်သူတို့နိုင်ငံတွေမှာ ဘယ်သူမှ အလုပ်မပြုတ်ရဲပါဘူး။ ဒါ ကြောင့် မဟုတ်တာလည်း မလုပ်ရဲပါ ဘူး။ ဆိုပါစို့။ သူ့ရဲ့ဝင်ငွေနဲ့ သူ့ရဲ့ ကလေးကို ကျောင်းကောင်းကောင်း မှာ၊ ကားအကောင်းစားနဲ့ လိုက်ပို့ပြီး ကျောင်းထားနိုင်တဲ့သူတစ်ယောက် ဟာ သူ့သာအလုပ်ပြုတ်သွားရင် သူ့ သားကို အဲဒီလိုကျောင်းထားနိုင်ပါ တော့မလား။ ဝေးဝေးမသွားပါနဲ့ဦး။ အိမ်နီးချင်းနိုင်ငံက ဝန်ထမ်းတွေနဲ့ပဲ ယှဉ်ကြည့်ပါဦး။ သူတို့ဆီက ရဲဝန် ထမ်းတွေကအစ၊ စီးစရာယာဉ်၊ ဆိုင်ကယ်၊ ကား၊ အပြည့်အစုံ ပေး ထားပါတယ်။ အိမ်ခန်းသင့်တင့်ပြီး နေချင်စရာကောင်းတဲ့ အိမ်လည်း ပိုင် ဆိုင်ပါတယ်။ ကလေးကိုလည်း သူဋ္ဌေး တွေနဲ့အပြိုင် ကျောင်းကောင်း မှာ ထားပေးကြပါတယ်။

 အမေရိကန် မရိန်းတပ်သား တစ်ယောက်ရဲ့ ကတော်တစ်ယောက် တွေ့ဖူးတယ်။  “မင်းယောက်ျား ဘာလုပ်လဲ”

“ငါ့ယောကျာ်းက စစ်သားပါ။ မရိန်းတပ်သားပေါ့”ဆိုတာနဲ့ ဂုဏ်ယူတဲ့အကြည့်နဲ့ ကြည့် ပြီး ” အိုး.. မင်းယောက်ျားက သိပ်ရဲရင့်တာပဲ။ ဒို့နိုင်ငံကို ကာကွယ် နေတာပေါ့။ မင်းအတွက်တော့ ဒီလို ယောက်ျားသားရထားတာ ဂုဏ်ယူ စရာပဲဟေ့..” ဆိုပြီး စတိုးဆိုင်က ဝယ်သမျှ ဆယ်ရာခိုင်နှုန်း ဒစ်စကောင့် ချပေး ပါတယ်။ ကဲ… ကျွန်တော်တို့ ဆီမှာကရော။ ဝန်ထမ်းတစ်ယောက်ကို မေးဖူး တယ်။ ” ခင်ဗျားဝတ်ထားတဲ့ ယူနီ ဖောင်း အစိုးရကပေးတာလား” အဲဒီလူ ရှုံ့မဲ့ပြီး။

“ဘယ်ကလာ၊ ကိုယ့်ဟာကိုယ် ချုပ်ဝတ်ရတာပေါ့။ သူတို့ပေးတာ အညံ့စားတွေ”  ကိုယ်ဝတ်မယ့် ယူနီဖောင်း တောင် ကိုယ်တိုင်ချုပ်ဝတ် ရတယ်ဆို တော့ ကျန်တဲ့ င်္ခေငူငအပ ရဖို့ ဘာလုပ် ရမှာလဲ။ ကျောင်းဆရာ၊ ဆရာမတွေကို လခပေးပြီး

“ကျူရှင်မသင်နဲ့” လို့ ပြောကြပါတယ်။ ပြန်မေးပါရစေ ဦး…။ ” အိမ်ခန်းတောင် အလုံအ လောက် စီစဉ်ပေးနိုင်ပြီလား” ဆရာ၊ ဆရာမအတွက် အိမ်ငှား ခလိုပါတယ်။ ကျောင်းချိန်အမီ ရောက်နိုင်ဖို့ ဆိုက္ကားခလည်း လိုပါ သေးတယ်။ ကျောင်းသွားရင် ထမင်း ချိုင့်လည်း ထုတ်သွားရပါသေးတယ်။  အကယ်၍များ ဒီလိုအခြေခံ ဝန်ထမ်းတွေကို ‘Facility’ သာ       အပြည့်ပေးထားရင် အခုဖြစ်နေတဲ့ လာဘ်စားမှုတွေ မလျော့ကျသွားနိုင် ဘူးလား။  အိမ်မှာ တီဗီရှိတဲ့အတွက် တီဗီ အတွက် လာဘ်စားစရာ မလိုဘူး။ အစိုးရက တပ်ဆင်ပေးတဲ့ လိုင်းတွေ အများကြီးပါတဲ့ အတွက် ခွေဝယ်စရာ ပိုက်ဆံရှာစရာ မလိုဘူး။ အနီးအနား သွားဖို့ ဆိုင်ကယ်၊ကား အဆင်သင့် ရှိတာမို့ ဆိုင်ကယ်ဝယ်ဖို့ ပိုက်ဆံ ရှာစရာမလိုဘူး။ ဒီထက်ပိုပြီး ရဲဘော်လေး တစ်ယောက်ရဲ့သား၊ မူလတန်းပြ တစ်ယောက်ရဲ့သားက သူနေချင်တဲ့ ကျောင်း ရှာနေရတဲ့အတွက် ဒီရဲ ဘော်လေး၊ ဒီဆရာ၊ ဆရာမလေးတွေ ဟာ သူလုပ်နေတဲ့ အလုပ်အပေါ်မှာ သစ္စာ ဖောက်ရဲပါတော့မလား။ လာဘ် စားပြီး အလုပ်ပြုတ်ခံနိုင်ပါတော့ မလား။

ဒါဟာ ကျွန်တော်တို့ဆီမှာ တစ် ခါမှ မစဉ်းစားကြတဲ့ ဝန်ထမ်းတွေရဲ့ ‘Facility’ အကြောင်းပါ။ လွှတ်တော် ထိုင်ကြည့်နေတာလည်း  ၅ နှစ်ကျော် ပါပြီ။ ဘာလုပ်နေကြမှန်းလဲ မသိပါ ဘူး။ ဒါမျိုးအကြောင်းအရာ ဆွေးနွေး တာလည်းတစ်ခါမှ မတွေ့ရပါဘူး။ အခြေခံအကြောင်းတရားကို မရှာဘဲ ဒီ နေ့ရေကြီးရင် ရေကြီးတဲ့အကြောင်း ထိုင်ပြော။ လမ်းပျက်ရင် လမ်းပြင်တဲ့ အကြောင်းထိုင်ပြော နေတာနဲ့ပဲ ပြီး နေတာပါပဲ။ အခြေခံကျတဲ့အကြောင်း အရာတွေလည်း မကြားရပါဘူး။ ဆိုလိုချင်တာကတော့ ရိုးရှင်းပါ တယ်။ လတ်တလော ပြေလည်ရုံ လ စာတွေတိုးပေးပြီး ‘Facility’ ပြည့်စုံဖို့ မပြောနဲ့ ။ ဝန်ထမ်းတွေဟာ ကိုယ် ဝတ်ရမယ့် ယူနီဖောင်းတောင် ကိုယ် တိုင် ဝယ်ဝတ်နေရမှတော့ လာဘ် ပေးလာဘ်ယူပပျောက်ဖို့ဆိုတာ       အတော်များ ဝေးနေသေးသလား လို့ပါ။ ဝန်ထမ်းအားလုံး ‘Facility’ အပြည့်နဲ့ နေနိုင်ကြပါစေ။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*