လမ်းမခွဲရသေးတဲ့ အတ္တများ

လမ်းမခွဲရသေးတဲ့ အတ္တများ
October 2, 2017 Leanne Win
လမ်းမခွဲရသေးတဲ့ အတ္တများ

ပုဂ္ဂိုလ်စွဲမပါတဲ့ အပြုံး။ လုပ်ငန်း သဘောအရ ပြုံးတဲ့လေယာဉ်မယ် လေးရဲ့ အပြုံးလှလှလေးနဲ့ အသံချို ချိုလေးက ပေါ်လာတယ်။ ခါးပတ် ပတ်ထားဖို့နဲ့ မကြာခင် လေယာဉ် ဆင်းသက်တော့မှာကို သတိပေးနေ တယ်။ လေယာဉ်က တောင်တန်း တွေပေါ်ဝဲပြီး ပြေးလမ်းကို စရှာနေ ပြီ။  ဂ္ဂိုလ်စွဲမပါတဲ့ အပြုံး။ လုပ်ငန်း သဘောအရ ပြုံးတဲ့လေယာဉ်မယ် လေးရဲ့ အပြုံးလှလှလေးနဲ့ အသံချို ချိုလေးက ပေါ်လာတယ်။ ခါးပတ် ပတ်ထားဖို့နဲ့ မကြာခင် လေယာဉ် ဆင်းသက်တော့မှာကို သတိပေးနေ တယ်။ လေယာဉ်က တောင်တန်း တွေပေါ်ဝဲပြီး ပြေးလမ်းကို စရှာနေ ပြီ။  လေယာဉ်ရဲ့ မှန်ပြတင်းက တစ်ဆင့် ငုံ့ကြည့်လိုက်မိတယ်။ ဒီတောင်တန်းကြီးတွေပေါ့။ ကိုယ့်ဘ ဝ၊ ကိုယ့်အိမ့်ကိုယ့်ယာလိုဖြစ်ခဲ့တာ။ ရှမ်းပြည်ရဲ့ မြို့ငယ်လေးဟာ အရင် အတိုင်းပဲ။ ဒယ်အိုးပုံမြို့လေး။

တောင်တွေပတ်လည်ဝိုင်းနေတဲ့ အလယ်မှာ မြို့လေးဟာ ဖျာတစ်ချပ် ခင်းထားတာနဲ့ တူနေတယ်။ ဒီမြို့ လေးနဲ့ သူမဝေးကွာခဲ့တာ နှစ် ပေါင်း ၂ဝ ရှိသွားပြီပဲ။ ဒီမြို့လေးမှာ သူမ ဘဝအတွက်အမှတ်တရတွေ အများ ကြီးရှိခဲ့တယ်။  အခုမေ့မေ့ကိစ္စအတွက် မေမေ့ ကို အဖော်လိုက်ပေးရင်း ရောက်ရ ပြီပေါ့။ ဗြုန်းဆို မြို့လေးကို ချစ်ခင် တွယ်တာစိတ်က နှလုံးသည်းပွတ်ထဲ ကနေ ရင်ဘတ်တစ်ခုလုံးထဲအထိ ထက်ခြမ်းခွဲ ဝင်ရောက်သွားတယ်။ ဒီမြို့လေးကို သွားရတော့မယ်ဆို ကတည်းက ရှမ်းပြည်နယ်ကိုသတိရနေ ခဲ့တယ်။ တောင်တန်းတွေပေါ်က ပါးပါးသွဲ့သွဲ့မျောနေတဲ့ တိမ်တစ် အုပ်ကို လွမ်းတယ်။ အရိုးထိအောင် အေးတဲ့ ဆောင်းညတွေကို လွမ်း တယ်။ ခရစ္စမတ်ညနဲ့ မီးပုံပွဲတွေကို လွမ်းတယ်။ ချိုသာပြီး ဝဲတဲတဲ စကားသံလေးတွေနဲ့ တိုင်းရင်းသား တွေကို လွမ်းတယ်။ ဟန်ဆောင်မှု ကင်းမဲ့တဲ့ ငယ်သူငယ်ချင်းတွေကို လွမ်းတယ်။ သူမ မပြန်ဖြစ်တာ ကြာခဲ့ ပြီပဲ။ ရှမ်းပြည်ကို လွမ်းတဲ့အလွမ်း နာက အရေပြားတစ်ထောက်စာမက စူးနစ်ဝင်ရောက်သွားတယ်။ ရှမ်း ပြည်နယ်က သူမကို နယ်နှင်ဒဏ်များ ပေးလိုက်လေရော့သလားကွယ်။ ဟန်သူ ….

သူ့ကိုလည်း ဆွတ်ဆွတ်ညင်ညင် သတိရလိုက်မိ တယ်။ သူမရဲ့ ငယ်ချစ်ဟောင်းလေ။ ရင်ဘတ်ခပ်နက်နက်ထဲမှာ မြှုပ်နှံ ထားခဲ့တဲ့ သံယောဇဉ်က ရုတ်တရက် ကြီး အသက်ပြန်ရှင်လာသလို လူးလွန့်လို့။ သူမရဲ့ စိတ်နှလုံးကို ဒုက္ခပေးနေတယ်။ မြို့လေးက ကျဉ်း တာရယ်၊ ကိုယ့်အမေက မင်းရဲ့ ဆရာမဖြစ်ခဲ့တာရယ်၊ အနည်းဆုံး မင်း ကိုယ့်အမေကိုတော့ လာတွေ့ မှာပါ။ မြို့လေးမှာ မင်းရှိနေသေး ရင်ပေါ့လေ။ အတွေးတွေ အတိတ်တွေဆီ ပြန်လှည့်ပြေးသွားတယ်။ သူမက စာတွေ၊ ကဗျာတွေနဲ့ ပျော်မွေ့တယ်။ သူကတောင်တန်းတွေပေါ်က ဘိန်း ခင်းတွေကြားမှာ ပျော်မွေ့တယ်။ သူမက ဝန်ထမ်းလုပ်ဖို့ စိတ်ဝင်စား တယ်။ သူကကိုယ်ပိုင်စီးပွားရေးလုပ် ဖို့ စိတ်ဝင်စားတယ်။ သူမက ပရဟိတတွေ လုပ်ချင်တယ်။ သူက ဘယ်လိုလူကို ဘယ်လိုပေါင်း၊ ဘယ် သူဆီက ဘာတွေရနိုင်မလဲဆိုတာ တွက်ချက်နေတတ်တယ်။ သူမက ဂစ်တာတစ်လက်နဲ့ သီချင်းတွေ ဆိုတီးနေချိန်၊ သူကသေနတ်ပစ် လေ့ကျင့်နေတယ်။ သူမက ရောင်စုံ ခဲတံလေးတွေနဲ့ သဘာဝရှုခင်းလေး တွေ ဆွဲနေချိန်၊ သူကသေနတ် ပြောင်းကို ပြောင်လက်နေအောင် တိုက်ပြီး မုဆိုးလုပ်ဖို့ ပြင်ဆင်နေ တတ်တယ်။  အညိုရောင်နယ်မြေကြားမှာ မတူညီတဲ့ဘဝတွေက အဲဒီလိုတွေပါ ပဲ။ ကလေးဘဝက ဗုံးခိုကျင်းထဲမှာ မိသားစုနှစ်စု ပုန်းခိုရတိုင်း သူမက သဗ္ဗုဒ္ဓေရွတ်နေချိန်၊ သူကလက်နက် တွေကို စနစ်တကျ ပြင်ဆင်လို့။

သူ့ ရဲ့ အေးစက်စက် မျက်လုံးတွေဟာ သူ့လက်နက်တွေနဲ့ အပြိုင်အေးစက်  တည်ငြိမ်နေတတ်တယ်။ သူ့ကို စိတ် မသက်မသာကြည့်ရင်း သူနဲ့ အိမ်နီး ချင်းဖြစ်ရတာ တစ်ခုပဲကောင်းတယ် လို့ တွေးမိတယ်။  သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ နေ့လေးကိုလည်း ပြန်သတိရမိပါ သေးရဲ့။ ချောင်းဘေးနားက သစ် ငုတ်တိုကြီးပေါ်မှာ အတူထိုင်ခဲ့ကြ တာပေါ့။ ချောင်းထဲမှာ ရေကူးနေတဲ့ ကလေးတွေ၊ ဝါးဖောင်ပေါ်မှာ အဝတ်လျှော်နေတဲ့ မိန်းမတွေ၊ ငါး မျှားနေတဲ့ ယောက်ျားတွေကို ငေး မောရင်း သူကပြောတယ်။  “တစ်နေ့နေ့ ကိုယ်နဲ့မင်း လက်ထပ်ကြမယ်နော် လှိုင်” “အသေအချာအပေါ့ ဟန်သူ”

“ကိုယ်တို့ ဘာသာမတူကြဘူး။ ကိုယ့်ဘာသာထဲ မင်းကိုဝင်စေချင် တယ် လှိုင်” “ဟင့်အင်း၊ လှိုင်ဘာသာ မပြောင်းနိုင်ဘူး ဟန်သူ။ ပြီးတော့ ဟန်သူလည်း လှိုင်တို့ ဘာသာကို ပြောင်းစရာမလိုဘူးလေ။ လှိုင်တို့ တိုင်းရင်းသားတွေတောင် စည်းစည်း လုံးလုံး နဲ့  ဒီလိုပဲ နေထိုင်နေကြသေး တာပဲ နော် ဟန်သူ။ အဆင်ပြေတယ် မဟုတ် လားဟင်”

“မပြေဘူး လှိုင်” ရှေ့ရေးအတွက် တွေ့ဆုံပွဲ ဒီလောက်နဲ့ တိကနဲ ပြီးပြတ်သွား တယ်။ တိုတိုလေးပဲ။ အဆင်မပြေမှု ကလည်း တိုတိုလေးပဲ။ နောက်ပိုင်း  သူတို့သိပ်မတွေ့ဖြစ်တော့ဘူး။ သိပ် မကြာဘူး။ သူထိုင်းကိုထွက်သွား တယ်။ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်တဲ့ နည်းပညာတွေသင်ဖို့ ဆိုလားပဲ။ သူမလည်း သင်တန်း တက်ဖို့ ရန်ကုန်ကိုထွက်ခဲ့တယ်။ အဲဒါနောက်ဆုံးပဲ။ ရှမ်းပြည်ကို သူမ ပြန်မသွားဖြစ်တော့ဘူး။  ပြေးလမ်းနဲ့ လေယာဉ်ဘီးပွတ် တိုက်မှုကြောင့် သူမအတွေးစတွေ လွင့်စဉ်ကုန်တယ်။ လန့်လည်းလန့် သွားတယ်။ အပြင်မှာ နေခြည်နုနု လေးက ဖြာလို့။ သူမရင်ထဲ နွေးက နဲ ဖြစ်သွားတယ်။ လေဆိပ်ထဲမှာ မေမေ့ကို လာကြိုတဲ့သူတွေထဲ ဟန်သူပါမလားလို့ ရှာကြည့်မိသေး တယ်။ ကိုယ်မျှော်နေမှန်းမသိလို့ မင်းမလာတာလားကွယ်။ ဒါမှမဟုတ် မင်းမြို့လေးမှာ မရှိပြန်ဘူးလား။ ရုတ်တရက် ဆောင်းလေက ဝေ့ကနဲအတိုက်မှာ သူမချမ်းစိမ့်စိမ့် ဖြစ်သွားတယ်။ ရင်ထဲမှာလည်း တစ်စုံတစ်ရာကြောင့် အေးစက်စက် ဖြစ်သွားတယ်။ ဒူးလောက်အထိ ရှည်လျားတဲ့ အနွေးထည်ကြီးကို သူမ ယောင်ရမ်းပြီး ဆွဲစေ့နေမိတယ်။ ရင်ဘတ်လုံအောင် အပြည့်တပ်ထား တဲ့ ကြယ်သီးတွေက သူမလက်ထဲမှာ ပိုအေးစက်နေသလိုပဲ။  နောက်တစ်နေ့မှာတော့ ဟန်သူ့ မိဘတွေက ထမင်းစားဖိတ်တယ်။ သူကိုယ်တိုင်လာဖိတ်တာ။ သူ့ကိုမြင် မှ သူမစိတ်ထဲ အေးသွားတယ်။ သူ အရမ်းတည်ငြိမ်သွားတာပဲ။ လူကြီး တစ်ယောက်ဖြစ်သွားပြီပဲ။ လှစ်ခနဲ အပြုံးမှာ သူ့သွားတက်လေးကို ငေး မောမိသွားတယ်။

သူကချက် ချင်း တည်သွားပြီးအေးစက်စက်သံနဲ့  “မင်း ပိုလှလာတယ် လှိုင်”တဲ့။  သူမကျေနပ်စွာပြုံးတော့ သူမရဲ့ ညာဖက်ပါးပြင်က ပါးချိုင့်လေးကို သူ စူးစူးလေးကြည့်နေတယ်။  သူ့အိမ်လေးဟာ ဘာမှမပြောင်း လဲဘူး။ သူ့မိဘ၊ သူ့ညီအစ်ကိုမောင် နှမရဲ့ မေတ္တာတွေ ဘာမှမပြောင်းလဲ ဘူး။ မပြောင်းလဲတဲ့အရာတွေထဲမှာ သူအိမ်ထောင်မကျသေးတာလည်း ပါတယ်။ သူမနဲ့တူသွားလို့ ကျေနပ် သလိုလို ခံစားမှုလေးက ရင်ထဲဖြတ် ပြေးသွားတယ်။  တောင်ပေါ်မြို့လေး ကရိုးသား တဲ့မိသားစုတွေကြောင့် ကိုယ့်အိမ်၊ ကိုယ့်ယာပြန်ရောက်သွားသလိုပဲ။ နွေးထွေးသွားတယ်။ လုံခြုံတယ်။ စိတ်အေးချမ်းတယ်။ အနွေးဓာတ်ရ အောင်လို့တဲ့။ မီးဖိုဘေးမှာ ထမင်းစား ပွဲပြင်ထားတယ်။ တောင်ပေါ်ဟင်း တွေချည်းပဲ။ သူမအကြိုက်တွေပေါ့။ မိသားစုဆန်တဲ့ ထမင်းဝိုင်းလေး ဟာ ဖြူစင်လွန်းတယ်။ ပကာသန ကင်း တယ်။ ဟန်ဆောင်မှုမပါဘူး။ မေမေ ရော သူမပါ စိတ်ချမ်းသာစွာ စားခဲ့ရ တဲ့ ထမင်းဝိုင်းပါပဲ။ ထမင်းစားပြီး တော့ ဟန်သူက ပြောတယ်။

“လှိုင် ကိုယ်စိုက်ထားတဲ့ လိမ္မော်ခင်းကို လိုက်ပြမယ်နော်”တဲ့  မေမေနဲ့သူ့မိဘတွေ စကားပြော ကျန်ခဲ့တယ်။ လူကြီးတွေလည်း မတွေ့ရတာ ကြာခဲ့ပြီပဲလေ။ သူ့ကားလေးက တရိပ်ရိပ်ပြေး လို့။ ဟိုးအရင်က ဘိန်းခင်းတွေဖြစ်ခဲ့ တဲ့နေရာတွေဟာ ခုတော့ လိမ္မော် ပင်တွေ၊ ရာဘာပင်တွေ အစားထိုး ဖြစ်ကုန်ပြီ။ ဟိုးတုန်းက ဘိန်းပန်း ပွင့်လေး ခူးပန်ခဲ့တာ၊ ဘိန်းစေ့လေး တွေ စားခဲ့တာ သတိရမိပါသေး တယ်။ ဟန်သူကိုယ်တိုင် ခူးကျွေး မယ့် လိမ္မောသီးကလည်း စားကောင်း မှာပါပဲ။  သြော် ဒီတောင်တန်း၊ ဒီမြေကြီး ပေါ်မှာ သူမနဲ့အတူ ဆော့ကစားခဲ့ ဖူးတာပဲ။ တအိအိရွေ့လျားနေတဲ့ တိမ်တစ်အုပ်ကို ဖမ်းဆုပ်ခဲ့ဖူးတာပဲ။ အတူချစ်ခဲ့ဖူးတာပဲ။ သူမကျေနပ်စွာ ပြုံးမိတယ်။ သူ့ကိုလှမ်းကြည့်တော့ သူလည်းပြုံးလို့။ အပြုံးချင်းဆုံသွား တော့ နှစ်ယောက်လုံး ကမန်းကတမ်း မျက်နှာပိုး သတ်လိုက်ကြတယ်။  လှေကားထစ်စိုက်ပျိုးထားတဲ့ အပင်တွေက လှလိုက်တာ။ သစ်ပင် ချစ်တဲ့သူမအတွက်တော့ ရှမ်းပြည်က အလှဆုံးပဲလေ။ ခုဆိုမြို့လေးက အေးချမ်းတယ်။ ဆောင်းကလှတယ်။ ရန်ကုန်မှာမရနိုင်တဲ့လေကအစ ဒီမှာ ရတုန်း။ သူမစိတ်လွတ်ကိုယ်လွတ် ရှူ ပစ်လိုက်တယ်။ ပျော်လိုက်တာကွယ်။ ကလေးဘဝပြန်ရောက်သွားသလိုပါ ပဲ။ တောင်စောင်းတစ်လျှောက် ကားက ဖြည်းဖြည်းချင်း မောင်းတက် နေတယ်။ တောင်ကိုကွေ့ပတ်ဖောက် ထားတဲ့ မြေနီလမ်းလေးက ကဗျာ ဆန်လိုက်တာ။ ချစ်စရာ ကောင်း လိုက်တာ။ မနက်ဖြန်မနက် ငယ်သူငယ်ချင်းတွေနဲ့ ချိန်းထား သေးတယ်။ ရှမ်းအစားအစာတွေ စားမယ်။

ချောင်းဘေးမှာ သွားထိုင် မယ်။ ရှမ်းစကားတွေပြောမယ်။ သီချင်းဆိုမယ်။ ညကျရင် မီးပုံပွဲ လေးလုပ်ပြီး စပိုင်သောက်မယ်။ ခေါပုတ်ကင်စားမယ်။ ငါးကင်စား မယ်။ အတွေးထဲမှာတင်ပျော်လို့ “ဒီမှာ လှိုင်”

“ပြောလေ ဟန်သူ” “ကိုယ်တို့ပျောက်ဆုံးသွား တယ်။ နှစ်ပေါင်း ၂ဝ ကြာမှ ပြန် တွေ့တယ်။ ကိုယ်စီခွဲခွာသွားမှုအ တွက် မင်းရော၊ ကိုယ်ရော တစ်ခုခု ပြောသင့်တယ်လို့ မင်းမထင်ဘူး လား။ ဥပမာကွာ ကိုယ်တို့ပြတ်သွား ပြီ၊ လမ်းခွဲသွားပြီဆိုတာမျိုးပေါ့” သူမတစ်ချက်ပြုံးလိုက်တယ်။ အေးစက်စက်အပြုံးက လှနေတယ်။ စူးရှတဲ့ အကြည့်နှစ်ချက်ဆုံသွားတဲ့ ခဏ၊ ဘယ်သူမှ ဘာမှမပြောကြ ဘူး။ သူမစိတ်ထဲကနေ တိုးတိုးလေး ပြောလိုက်တယ်။  “ကိုယ် မင်းကို လမ်းခွဲဖို့ ချစ်ခဲ့ တာမဟုတ်ဘူး ဟန်သူ။ မင်း ပြော ထွက်ရက်ရင် ပြောလိုက်လေ။  ကိုယ် နားထောင်ရသေးတာပေါ့”

သူမစိတ်ထဲကစကားတွေကို သူကောင်းကောင်းနားလည်နေသလို ပဲ။ သူစိတ်ထဲကနေ တိုးတိုးလေး ပြန် ပြောလိုက်တယ်။

“စိတ်ချ၊ မင်းကြားချင်တဲ့စကား ကိုယ်ဘယ်တော့မှ မပြောဘူး လှိုင်။ ဒီအတိုင်း အသည်းကွဲခံလိုက်မယ်။ ကြိတ်မှိတ်ပြီး ခံသွားလိုက်မယ် လှိုင်”  အေးစက်စက်ရှမ်းပြည်နယ် ဆောင်းဟာ သူတို့နှစ်ယောက်ရဲ့ အေးစက်တဲ့ အတ္တ၊ မေတ္တာတွေကြောင့် ပိုအေးခဲ သွားသလိုပဲ။ တစ်ဦးရဲ့ မျက်ဝန်းထဲ မှာတော့ မာနတွေက တလက်လက် ထလို့။ အဲဒီအတွင်းပိုင်း မှာတော့ချစ်ခြင်းမေတ္တာကို အတင်း တိမ်ချန်ထားခဲ့၊ သံယောဇဉ်မျက်ရည် ကြည်တွေနဲ့။ နောက်မျက်ဝန်းတစ်စုံထဲ မှာတော့မာန်မာနတွေက တံလျှပ် ရောင်ထလို့။ အဲဒီအတွင်းပိုင်းမှာတော့ နောင်တမဟုတ်တဲ့ နှမြောတသမှုက ကပ်ငြိလို့။ သူတို့နှစ်ယောက်ဟာ ဖြစ်သလို နီးစပ်ခဲ့တာမဟုတ်ဘူး။ ဖြစ်သလို ချစ်ခဲ့ကြတာမဟုတ်ဘူး။ ကလေးဘဝကတည်းက သူငယ်ချင်း သံယောဇဉ်က စလာတာလေ။ ဒါကြောင့်ဖြစ်သလို လမ်းခွဲစကားကို   ပြောမထွက်ကြဘူး။  လိမ္မောခင်းတွေကြည့်ပြီး ပြန် လာတော့ လမ်းမှာကျွဲတစ်အုပ်လမ်း ကူးလို့ စောင့်နေရသေးတယ်။ ကျွဲ တွေက သူတို့နှစ်ယောက်ကို မကြည့် ဘူး။ စကားမပြောကြဘူး။ အဲဒီလိုပဲ။

သူတို့နှစ်ယောက် ဘာစကားမှ ထပ် မပြောဖြစ်ကြတော့ဘူး။ တစ်ယောက် ကိုတစ်ယောက်လည်း မကြည့်ဖြစ်ကြ တော့ဘူး။  တည်းခိုတဲ့အိမ်ပြန်ရောက် တော့ ညအမှောင်က ခပ်ပါးပါးစ ခြုံနေပြီ။ အအေးဓာတ်ကလည်း စိမ့် ဝင်နေပြီ။ အထီးကျန်အေးစက်မှုက ဆောင်းကို ပိုအေးစက်သွားစေသလို ပဲ။ စောစောအိပ်တတ်တဲ့ မြို့လေးက လည်း အိပ်ချင်မူးတူးနဲ့ လဲလျောင်း ချင်နေပြီ။ ရုတ်တရက် သူမလည်း ပင်ပန်းကြီးစွာ ခံစားလိုက်ရသလို ဖြစ်ပြီး လဲလျောင်းချင်နေမိပြီ။   မနက်ကျရင် နှင်းပွင့်တွေကို ထကြည့်ရဦးမယ်လေ။ သူငယ်ချင်း တွေနဲ့လည်း တွေ့ရဦးမယ်။ ကိုယ်မင်း ကို သတိရနေမိတယ် ဟန်သူ။ သူမရန်ကုန်ပြန်ရောက်ပြီး ၄ နှစ်အကြာမှာ ဟန်သူသတင်းကြား လိုက်ရတယ်။ ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးသွားတယ်တဲ့။ သူမ နှလုံး သားက ရေစင်အောင်အညှစ်ခံလိုက် ရတဲ့ အဝတ်အစားတစ်ခုလို ကြေမွ သွားတာတော့ အမှန်ပဲ။ ကိုယ် စိတ် မကောင်းပါဘူး ဟန်သူ။ ရှိုက်သံ တစ်ချက်မှ မထွက်ဘဲ သူမပါးပေါ်ကို မျက်ရည်ပေါက်ကြီးတွေက လိမ့်ဆင်း ကျလာတယ်။  သေဆုံးချိန်အထိ သူ့ဆီက လမ်းခွဲစကားမကြားခဲ့ရသလို၊ သူမဆီ ကလည်း သူမကြားသွားခဲ့ဘူး။

သူတို့ နှစ်ယောက်ဟာ ရည်းစားမဟုတ် တော့ဘဲ၊ လမ်းမခွဲရသေးတဲ့ ချစ်သူ တွေပဲ။ သူရော၊ သူမကို မသေခင် သတိရသွားမလား။ မျည်ရည်ကျ သွားမလား။ ဗြုန်းဆို သူမပင်ပန်း နွမ်းနယ်သွားတယ်။ အတ္တ၊ မာနတွေ က နောက်ဆုံးတော့ ဘာမှအသုံးမ ဝင်ခဲ့ပါဘူးဆိုတာကိုတော့ သူမသိ လိုက်ရတယ်။ သူလည်းသိသွားပါ လိမ့်မယ်။  အဲဒီမြို့လေးကို သူမဘယ်တော့ မှ ပြန်မသွားဖြစ်တော့ဘူး။ လိမ္မော် ခင်းတွေကိုလည်း ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး။

 နန်းခင်သန္တာဦး (တောင်ကြီး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*